ဒီဇင်ဘာလ (၃၁)ရက် ၂၀၀၉ခုနှစ် သတင်းစာကထုတ်ပြန်ထားသော သတင်းဖြစ်ပါတယ်။
ကြိုးဖုန်း၊ မိုဘိုင်းဖုန်းများအားလုံး၏ ဖုန်းခေါ်ဆိုခနှုန်းထားများကို တပြေးညီတိုးမြှင့် ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ တစ်မိနစ်လျင် ငွေကျပ် ၅၀ သို့ပြောင်းလဲပါမယ်။
မြန်မာနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ဖုန်း ခေါ် ဆိုခဈေးနှုန်းများ ပြောင်းလဲသတ်မှတ် မည်ဖြစ်ကြောင်း ဆက်သွယ်ရေး စာ တိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှသိရှိ ရပါတယ်။
လက်ရှိ ကြိုးဖုန်းဖြင့် မြို့တွင်း ဖုန်းခေါ်ဆိုခတစ်မိနစ်လျင် ၁၅ ကျပ်၊ နယ်ဝေးခေါ်ဆိုခ ၂၅ကျပ်၊ မိုဘိုင်း ဖုန်းများဖြင့် မြို့တွင်း တစ်မိနစ်ခေါ် ဆိုခ ၂၅ ကျပ်၊ နယ်ဝေးခေါ်ဆိုခ ၃၅ ကျပ်ကောက်ခံနေရာမှ ၂၀၁၀ ပြည့် နှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ ကြိုးဖုန်း၊ မိုဘိုင်းဖုန်းများအားလုံး အတွက်ခေါ်ဆိုမှုများ (မြို့တွင်း၊ နယ် ဝေးမရွေး)အား တစ်မိနစ်လျင် ၅၀ ကျပ်သို့ပြောင်းလဲသွားမည်ဖြစ်ပါသည်။
ကိုကိုးအိမ်
0 ယောက်ကစာမူခပေးသွားပါတယ်:
Post a Comment