နေဘယ်နှစ်စင်းထွက်နေပါလိမ့်

|

ကိုကိုးအိမ်တို့အခုနေတဲ့ မန်းတလေးမှာများပူလိုက်တာဗျာ။ အသက်ကိုတောင်တည်းတည်းလေးရှူနေရတယ်ဗျ။ ဒီကြားထဲ အဆောင်ကလည်း ရေမတက်တော့ ရေကပြတ်။ ရောက်လိုက်တဲ့ဒုက္ခ။ နင်လားဟဲ့ဒုက္ခဆိုပြီးတော့တောင် ပုဆိန်နဲ့ကောက်ထုချင် စိတ်ပေါက်မိသကိုး။ ဘာတဲ့ ဘယ်နှစ်နှစ်အတွင်းအမြင့်ဆုံးအပူချိန်ကို စံချိန်ချိုးတယ်ဆိုလား။ ဒါတော့ဘယ်တရားမလည်း ဒါကိုကိုးအိမ် တို့ကို သက်သက်မဲ့ချိုးတာ ။ ဒါနဲ့ ဘယ်ရမလည်း မန္တလေးတစ်မြို့လုံးမှာရှိတဲ့ သူငယ်ချင်းတွေအိမ်ကို လိုက်ပြီး ရေကပ်ချိုးရတာပေါ့။ အဟဲ..သူငယ်ချင်းပြောလိုက်တဲ့စကားကလည်း အားရှိစရာ။ ငါတို့တောင် ရေပြတ်နေလို့ ရေမချိုးရတာ နှစ်ရက်ရှိပြီတဲ့.. အဟဲ ဒါနဲ့ ကိုကိုးလည်း တပ်လန်ခဲ့ရကောဆိုပါတော့.။ ကြားလိုက်ရတဲ့သတင်းတွေကလည်း အားရစရာဗျာ။
ဟိုနားလေးမှာ အပူလှိုင်းဖြတ်လို့သေပြန်ပြီ။ ဟော...ဒီနားမှာ အပူလှိုင်းဖြတ်လို့သေပြန်ပြီ.။ ကိုကိုးတို့လည်း ဘယ်နေ့ ဦးကျော်သူ နဲ့တွေ့ရမလည်းလို့ စဉ်းစားနေရတဲ့အခြေအနေရောက်ပြီကော။ အပူလှိုင်းကလည်း ဖြတ်ဖြတ်နိုင်လွန်းဗျာ။ သုံးလေးရက်လောက်ရှိပြီ ဖြတ်နေတာ ။ ဟောမနက်ဖြန်လည်း အပူလှိုင်းကြီး ဖြတ်ဦးမတဲ့ဗျာ။ တွေးပြီးတော့တောင် ကြက်သီးထ မိသေးတော့။ အခုတလော မန်းတလေးမှာ ပူလွန်းလို့သေတဲ့လူတွေ နည်းပါရိုးလားဗျာ။ အမှည့်တ၀င်းဝင်း အကင်း တဖြုတ်ဖြုတ် တောင်မဟုတ်တော့ဘူးဗျို့။ အမှည့် တဖြုတ်ဖြုတ် အကင်းတဖြုတ်ဖြုတ်ဖြစ်နေပြီဗျို့။


ဟိုတစ်ရက်ကလည်း မီးပွိုင့်တစ်ခုမှာ မီးစိမ်းတာကို ကားမထွက်လို့ ယာဉ်ထိန်းရဲတစ်ယောက်ကမသင်္ကာလို့ သွားကြည့်တော့ ကားထဲမှာ ထိုင်လျှက်ကြီး သေလို့တဲ့ဗျာ... ဒါတင်ပဲလားဆိုတော့လည်း မဟုတ်ရ.. ဆိုက်ကားသမားတစ်ယောက် ဆိုက်ကား နင်းရာကအပြန် ပူလွန်းလို့ အရိပ်ထဲအ၀င် ထိုင်ကာရှိသေး သေပါပကော.။ ကောင်းကြသေးလားဗျာ..။ ကြားရတာနားဝ မသက်သာရှိလှချည်ကလား။ နောက်ထပ်လည်း ရှိသေးကော...။ အပြင်ကယောင်္ကျားက ပြန်အလာ မိန်းမဘေးကခုံကို ၀င်ထိုင်ကာရှိသေး ထိုင်လျှက်ကြီး သေပါလေရာဗျာ..။ ဒါတင်လည်း မဟုတ်သေး..။ မြောက်ပြင်ဘက်မှာလည်း ကောင်လေး တစ်ယောက်ပူလွန်းလို့ဆိုပြီး ရေချိုးကန်နားက အုတ်သမံတလင်းပေါ် ဖျာခင်းအိပ်တာ ဆန့်ဆန့်ကြီး သေပြန်ပြီလေ.။ အင်း..
ကိုယ်လည်း ရေးသာနေရတာ ကြောက်ရသေး.. ဘယ်နေ့များ ကိုယ့်သတင်း အွန်လိုင်းပေါ်ရောက်လာမလည်းပေါ့.။ အင်းလေ
မဟုတ်တာလုပ်လို့ မဟပ်တာဖြစ်ကြတာပေါ့နော့.။ ကိုကိုးအိမ်တို့လို သူတော်ကောင်းတွေ (အဟဲ..ကြုံတုန်း ကြော်ငြာထားတာ) အတွက်ကတော့ ဘာမှဖြစ်လောက်ပါဘူးလေ.(အထင်ပြောပါတယ်)အဟီး။ အင်း မိုးကခေါင် ရေကရှား သေပါလေကောဗျား.. ဒီလောက် မိုးခေါင်ကျော်စွာနတ်မင်းကို နေ့စဉ်ရက်ဆက် ပူဇော်ပသနေတာလည်း မိုးကမရွာနိုင် ..လွန်ကလည်း ဆွဲလို့မပြီးနိုင်တော့..ဆွဲတိုင်းလည်း မိုးကလည်းမရွာ ...အမလေး မိုးခေါင်ကျော်စွာရဲ့ နေနိုင်လှချည်လားတော့ (ရပ်ကွက်ထဲက မိန်းမကြီးရဲ့အော်ငြီးသံ).။ လွန်ဆွဲပွဲဆိုမှသတိရတယ် နောက်ရက်မှ ကိုကိုးတို့ မွေးဌာနီကလွန်ဆွဲပွဲလေး အကြောင်းရေးပါဦးမယ်... ဒါနဲ့ သတင်းဆိုးတွေပဲပြောလာတာ သတင်းကောင်းလေးလည်း ပြောရဦး မယ်ဗျ ဒီလ ၂၀ ရက်နေ့ကျော်ရင် စစ်ကိုင်းနဲ့ မန်းတလေးကို မုန်တိုင်းတစ်ခုရှိတယ်လို့ ခိုင်လုံတဲ့သတင်းရပ်ကွက် တစ်ခုကနေ သိုးသိုးသန့်သန့်ကြားထားတယ်ဗျ။ သတင်းကောင်းလို့ပြောရမှာပေါ့နော့.။ ကျွန်တော်ကြားဖူးတာတော့ နယုန်မိုးသေ မြက်သားမွေး တဲ့ အခုတိုင်းတော့ မြက်ကသားလည်းမမွေးနိုင် မြေးလည်းမချီရဖြစ်နေတယ်ဗျို့.. ရွာလိုက်စမ်းပါတော့ မိုးမင်းကြီး ရယ်လို့ ဆုတောင်းနေရုံကလွဲလို့ ဘယ်တတ်နိုင်တော့မလည်းလေ..နော့..။ သားတို့မှမတတ်နိုင်ကိုးနော်.။ သားတို့တတ်နိုင်တာကတော့ အပူပိုင်းဒေသရှိလူသားအားလုံးအသက် အန္တရယ်ကင်းဝေးကြပါစေပေါ့... တစ်သက်လုံးကလည်း ဆုတောင်းတာပဲ တတ်ခဲ့တာကိုးနော်.. အဲပြောရင်းသီချင်းလေးတစ်ပုဒ်ကိုသွားသတိရတယ်ဗျ.. ဆုတောင်းတိုင်းသာ. ပြည့်စေချင်ပါသည်။ ဆိုတဲ့ သီချင်းလေးလေ အဟဲ.ဆက်မရတော့ဘူးဗျ သားကိုဆိုပြပါဦး.. အင်းကိုကိုးလည်း စိတ်ထဲရှိရာလျှောက်ရေးနေမိတာကို.. အပူများသက်သာမလားဆိုပြီးတော့ပေါ့.. နေကတစ်စင်းမှ ကပါတော့လားမသိအောင်ကို ထင်ရတာဗျို့.. ကိုကိုးတို့ငယ်ငယ်တုန်းကလည်း ဒီလောက်မပူခဲ့ပါဘူးပေါ့.. ပိုဆိုးတာက ကိုကိုးတို့လို အအေးပိုင်းကလာတဲ့ သူတွေဆို ဘယ်ပြေးပြီး အဖေခေါ်ရမှန်းကိုမသိတော့ ပါဘူးဗျာ.. ဒါတောင် မန်းတလေးကတော်သေးဆိုပဲ. မုံရွာမှာဆို ဆိုင်ကယ်ကိုစီးရခက်နေတယ်လို့ပြောတယ်ဗျ.. ပူလွန်းလို့ ဆီတွေတောင် ပွက်ဆိုပဲ.. ကြောက်စရာကောင်းသားနော်.. ဒါကြောင့်လည်း မဗေဒါက နော်ဝေးကနှင်းတွေအကြောင်းပြောရင် သွားချင်လွန်းတာ ရွစိထိုးလို့ဗျ.. အင်း သွားဖို့လည်း ခက်သားနော်... တော်ပါပြီ ဆက်ပြောတော့ပါဘူးလေ အဟီး.. ဒါပဲနော် တာ့တာ..
အော် မေ့လို့ သားတို့မွေးဌာနီက လွန်ဆွဲပွဲလေးအကြောင်းကို နောက်နေ့ဆက်ရေးမယ်နော်.. ဒါပါဗြဲ


စာရေးသူ...ကိုကိုးအိမ်(၁၄.၅.၂၀၁၀) အလွန်တရာပူပြင်းချိန်

4 ယောက်ကစာမူခပေးသွားပါတယ်:

မဗေဒါ said...

အမယ်လေး မောင်ကိုးအိမ်..

စိတ်မချမ်းမြေ့ချင်း များစွာနဲ့ မန့်ခဲ့ပါတယ်..။

အဲလောက်တောင် ဖြစ်ရပါသလား..။ မဗေဒါတို့ ငယ်ငယ်တုန်းကလို ရပ်ကွက်ထဲမှာ မင်းအာဏာပိုင်များက သတိပေးတာတို့ ဘာတို့ လုပ်ခဲ့သလိုပဲ အမှတ်ရှိတယ်.. အဲလို သတိပေး ကြေငြာချက်တွေ ဘာတွေ မလုပ်ဘူးလား..။ စိတ်မကောင်းဘူး..အင်း အေးတော့လည်း အေးလို့ ပူတော့လည်း သေလို့..။ ဆုတ်ကပ် တဲ့ .. သတိထားပါ..။ အင်း မသေသင့်တဲ့သူ သေ .. သေသင့်တဲ့သူ လည်း မကြာဘူးထင်တယ်..။ တော်ပါပြီ.. စိတ်မကောင်းဘူး..။ အင်မတန် စိတ်မကောင်း ဖြစ်နေတယ်.. ဘာမှလဲ မလုပ်တက် အင်းးး..။

မဗေဒါ

Flower said...

အင်း ကိုယ်ချင်းစာမိပါတယ်..
ကိုယ်တွေမန်းလေးမှာ နေခဲ့ချိန်တွေတောင် ခုလောက် မပူပေမဲ့
သိပ်ပူတယ်လို့ ခံစားခဲ့ရတာ..
ခုချိန်ဆို ဘယ်လောက်များ ပူနေပါလိမ့်လို့ တွေးမိပါတယ်..
အညာနွေက ပူမိရင်ကြောက်ဖို့ကောင်းတယ်
မိုးမြန်မြန်ရွာပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်..

SHWE ZIN U said...

ကိုကိုးအိမ်ရေ

အပူဒဏ်ကို ခံစားရသူခြင်း အတူတူ ဘဲနော် လျှောက်လည် မနေနဲ့အုန်း

air con ဖွင့်ပြီး internet သုံး ပြီးရင် ရေချိုးရင် လည်း ရေချိုးကန်ထဲမှာ ခပ်ကြာကြာလေး စိမ်ချိုး

ဘာလို့ ဟိုအိမ်ဒီအိမ်လိုက်ချိုးနေတာလည်း

အဟဲ
စတာနော်

ရွှေစင်

ကိုကိုးအိမ် said...

နောက်ထပ်တောင် ဒေါက်တာ အောင်မြင့်(ကလေးအထူးကု) မန်းတလေးက ဒေါက်တာခင်မောင်ဝင်း ဆုံးပြီလို့ ကြားတယ် 14*5*2010 တုန်းကလို့ပြောတယ်

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB