ကြွေလွင့်သွားသောလူချွန်လူကောင်း

|


ကိုကိုးအိမ်ဒီတစ်ခါ ၀မ်းနည်းစွာနဲ့ရေးလို တာကတော့ အနုပညာလောကမှ ကြွေလွင့်သွားပြီဖြစ်တဲ့ ဘဘဦးသုမောင်အကြောင်းပဲဖြစ်ပါတယ်..
16*5*2010 နေ့က ရေဒီယိုကနေ ဘဘဦးသုမောင် ကြွေလွင့်သွားတဲ့အကြောင်းကို ကြားလိုက်ရတဲ့အချိန်မှာ လူက မြောက်ကနဲ တစ်ချက်ဖြစ်သွားပါတယ်..။ ဦးသုမောင်ဆိုတာ ကိုကိုးအိမ်ရဲ့ ဘ၀ငယ်စဉ်ကတည်းက စိတ်ထဲမှာ စွဲစွဲထင်ထင်ကြိုက်ခဲ့ရတဲ့ အနုပညာရှင်တစ်ဦးပါ..။ ဦးသုမောင်ရဲ့ဖေဖေ ဦးသာဓုကို လေးစားရင်းစွဲဖြင့် လည်းဦးသုမောင်ကို အားပေးခဲ့တာပါ..။အဲလိုအားပေးရင်း နဲ့လည်း ဦးသုမောင်ကို အရမ်းကြိုက်ခဲ့တာပါ.. ရုပ်ရှင် မှာဆိုလည်း မင်းသား၊ ရေဒီယိုတွေ၊ သီချင်းခွေတွေမှာဆိုလည်း တေးသံရှင်၊ စာပေလောကမှာလည်း စာရေးဆရာ အစရှိသဖြင့် အနုပညာနယ်ပယ်မှာ တော်တော်ပေါက်မြောက်ခဲ့တဲ့ ပါရမီရှင်လို့ဆိုရမှာပါ။ ကိုကိုးအိမ် ငယ်ငယ်က ဦးသုမောင်သီချင်းတွေကို စွဲစွဲမြဲမြဲ နားထောင်ဖြစ်ခဲ့တာပါ။..။

ဦးသုမောင်ဆိုခဲ့တဲ့ ချစ်မိုးကြီးတို့ ပပ၀င်း တို့ဆိုတာ ငယ်စဉ်ဘ၀က ကျွန်တော်အကြိုက်ဆုံးသီချင်းများဖြစ်ခဲ့ တာပေါ့.. အင်း ဟိုနေ့ကလည်း အဲဒီသီချင်းကို Mandalay Fm က ဦးသန်းမြတ်စိုးရဲ့ အစီအစဉ်မှာ ဦးသုမောင်ရဲ့ သီချင်းတွေကို ဦးသန်းမြတ်စိုးမှ လွမ်းဆွတ်စွာ လွှင့်ပြပေးသွားပါတယ်။..။ ကျွန်တော်လည်း အဲဒီအချိန်ကျမှ ဦးသုမောင်ရဲ့ တန်ဖိုးကို ပိုပြိးသတိပြုခဲ့မိတာပါ..။ နောက်ပြီးစာရေးရာမှာလည်း တော်တော်ထူးချွန်တဲ့ စာရေးဆရာကြီးပါ။..။ အဖေကို တစ်ထပ်တည်းခြေရာနင်းနိုင်တဲ့ သားတစ်ယောက်ကိုလည်း မွေးထုတ်ပေးနိင်ခဲ့ပါတယ်..။ အင်း လူချွန်လူကောင်းသီချင်းကို ရည်ရွယ်ချက်ပြည့်ပြည့်နဲ့သီဆိုခဲ့တဲ့ လူချွန်လူကောင်းတစ်ယောက်တော့ ကမ္ဘာမြေပေါ်ကနေထွက်သွားပြန် ပြီပေါ့.။ ဒီလမ်းကို ကျွန်တော်တို့လည်း တစ်ချိန်မှာလိုက်ရမှာပဲလေ..။ နောက်ပြီး ဦးသုမောင်ရဲ့ နေ၀င်ခါနီးအချိန်မှာ Mandalay FM ရေဒီယိုမှာ အော်..ဒါနဲ့စကားမစပ်ဆိုတဲ့ အစီအစဉ်လေးကို နားထောင်ပြီး ဦးသုမောင်ရဲ့ အနုပညာကိုချစ်မြတ်နိုးပုံ ..အမုန်းခံပြီး အမှန်တရားကို ရဲရဲဝံ့ဝံ့ ပြောဆိုခဲ့တာတွေကို ပြန်ပြောင်း သတိရမိပါရဲ့.နောက်ပြီး ဦးသုမောင်ရေးခဲ့တဲ့ ကျေးဇူးပဲဒေါက်တာခင်မြလွင် တို့ မျိုးရိုးထဲမှဆိုးပေကြီးများ တို့
အ၀ါးမ၀သောတို့ဆိုတာ အ၇မ်းကောင်းတဲ့ ဦးသုမောင်ရဲ့လက်ရာတွေပေါ့ဗျာ...
အော် လွမ်းရပါပေ့ဦးသုမောင်..
ဦးသုမောင်ကောင်းရာသုဂတိလားပါစေ လို့ဆုတောင်းပေးရုံပဲရှိတော့တာပေါ့ဗျာ.

 တေးရေး မြို့မငြိမ်းရေး ပြီး ဦးအံ့ကြီးသီချင်းကို ဦးသုမောင်ပြန်ဆိုခဲ့တဲ့ လူချွန်လူကောင်းသီချင်းကို ဘော်ဒါတို့ အလွမ်းပြေ ရေးသားဖော်ပြလိုက်ပါတယ်။ 

ရှုမဆုံးတော့သည်.......
စိမ်းလဲ့လဲ့ နှစ်စဉ်.. လယ်ကွင်းတွေက တမျှော်တခေါ် စိုပြေလွင်...
ရိတ်သိမ်းချိန် ဆိုပြန်လျှင်...ဝင်းမှည့်ရွှေစင်အိသို့ပင်....
စပါးနှံတွေနဲ့ အသီးတွေ သန်မြန်အောင်.. မြင်......။
မနက်ခင်း စိတ်ရွှင်... လန်း..ကြစေ ဆွဲငင်....ဥသြသံနွဲ့ နာပျော်.. ကြည်ကြည်လင်...
လုပ်ငန်းခွင် ကိုယ်စီဝင်.... စက်ရုံပြည်နယ် အရပ်ရပ်တွင်....
ကျည်း.. ရေ... တစ်ခွင်က... ရောင်းဝယ် စုန်ဆန်..သာစည်ပင်....။
လူချွန်လူကောင်းများတို့... ပေါင်းစုအားတွင်...
ကျွန်တော့်မိတ်ဆွေတွေကို... ကြည်ညိုစွာ.. မြင်... လိုက်ချင်....
ဗမာ့သားကောင်းများကို... အဆိုအတီးမှုနဲ့ပင်... ရို.. သေ.. ခင်မင်...
အား.. တက်... အလေးပြုလျှက်ပဲ... အ... စဉ်.........။

ရှုမဆုံးတော့သည်.......
စိမ်းလဲ့လဲ့ နှစ်စဉ်.. လယ်ကွင်းတွေက တမျှော်တခေါ် စိုပြေလွင်...
ရိတ်သိမ်းချိန် ဆိုပြန်လျှင်...ဝင်းမှည့်ရွှေစင်အိသို့ပင်....
စပါးနှံတွေနဲ့ အသီးတွေ သန်မြန်အောင်.. မြင်......။
မနက်ခင်း စိတ်ရွှင်... လန်း..ကြစေ ဆွဲငင်....ဥသြသံနွဲ့ နာပျော်.. ကြည်ကြည်လင်...
လုပ်ငန်းခွင် ကိုယ်စီဝင်.... စက်ရုံပြည်နယ် အရပ်ရပ်တွင်....
ကျည်း.. ရေ... တစ်ခွင်က... ရောင်းဝယ် စုန်ဆန်..သာစည်ပင်....။
လူချွန်လူကောင်းများတို့... ပေါင်းစုအားတွင်...
ကျွန်တော်တို့မိတ်ဆွေတွေကို... ကြည်ညိုစွာ.. မြင်... လိုက်ချင်....
ဗမာ့သားကောင်းများကို... အဆိုအတီးမှုနဲ့ပင်... ရို.. သေ.. ခင်မင်...
အား.. တက်... အလေးပြုလျှက်ပဲ... အ... စဉ်.........။


ကစားခုန်စား စွမ်းအားဘက်တွင်.... စံချိန်ရင်ဘောင် တန်းလိုက်လျက်ပင်.....
ခေတ်မှီမှီ ကမ္ဘာကြီး ကြည့်မြင်... သန်မြန်ယောက်ျားဘသားလျှင်...
လျှပ်စစ်အား အသုံးများတဲ့အပြင်... တွင်တွင်ကျယ်ကျယ် ထက်အောက်မြေတခွင်...
သစ်ပင်တွေ.. မြေတွင်း ဓာတ်တွေ.... ဖော်ယူနိုင်စွမ်း တတ်ကျွမ်းကျင်...၊
ကမ္ဘာမြေ ပထဝီဝင်.... ကမ္ဘာ့သမိုင်း.. ရာဇဝင်........ သုံး.. သပ် လေ့လာ.. သင်.....
အကြံဥာဏ် ဝေဖန်.. မျှော်လို့.. မြင်...... ငါတို့ပြည်ထောင်စုတွင်....
ကမ္ဘာ့ရေကြောင်း.. သင်္ဘော မောင်းနှင်.....၊ ရေပြင် ရေပြင် နှံ့စပ်စုံလင်...
တို့ လူချွန်လူကောင်း တစ်စုတွင်... ပါဝင် တစ်ယောက်ဆို တစ်အား..ပင်.....။

ဆရာဝန် ပညာတွေကိုသင်....ခေတ်ရော ရှေးမှီ သမားကျော်များပင်...
လူထုကို ကိုယ်နဲ့ထပ်တူ..ချစ်ခင်.. ရင်ဝယ်... ထား......
ညွှန်ကြား... ညွှန်ကြား...... သန်ထွားကျန်းမာ ကြံ့ခိုင်အားအင်........
ခလေးလေးတွေ ပညာရရှိဖို့တော့... အဖမည် ပုံတွင်.... အာစရိတွေပင်....
ခလေးလေးတွေ ပညာရရှိဖို့တော့... အဖမည် ပုံတွင်.... အာစရိတွေပင်....
လူချွန်လူကောင်းလေးတွေဖြစ်အောင်... မြေတောင်.. မြှောက်ကာ မြင့်တင်...

ကစားခုန်စား စွမ်းအားဘက်တွင်.... စံချိန်ရင်ဘောင် တန်းလိုက်လျက်ပင်.....
ခေတ်မှီမှီ ကမ္ဘာကြီး ကြည့်မြင်... သန်မြန်ယောက်ျားဘသားလျှင်...
လျှပ်စစ်အား အသုံးများတဲ့အပြင်... တွင်တွင်ကျယ်ကျယ် ထက်အောက်မြေတခွင်...
သစ်ပင်တွေ.. မြေတွင်း ဓာတ်တွေ.... ဖော်ယူနိုင်စွမ်း တတ်ကျွမ်းကျင်...၊
ကမ္ဘာမြေ ပထဝီဝင်.... ကမ္ဘာ့သမိုင်း.. ရာဇဝင်........ သုံး.. သပ် လေ့လာ.. သင်.....
အကြံဥာဏ် ဝေဖန်.. မျှော်လို့.. မြင်...... ငါတို့ပြည်ထောင်စုတွင်....
ကမ္ဘာ့ရေကြောင်း.. သင်္ဘော မောင်းနှင်.....၊ ရေပြင် ရေပြင် နှံ့စပ်စုံလင်...
တို့ လူချွန်လူကောင်း တစ်စုတွင်... ပါဝင် တစ်ယောက်ဆို တစ်အား..... ပင်........။

လွမ်းဆွတ်ခြင်းများစွာဖြင့် ဦးသုမောင်ရဲ့ သီချင်းလေးတွေကိုနားထောင်ပြီး ရေးခဲ့တဲ့ပို့စ်လေးပါ။
ကော်နက်ရှင်ကြောင့် ဦးသုမောင်ရဲ့ သီချင်းလေးတွေကို တင်မပေးနိုင်တာကိုတော့ နားလည်ပေးနိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်ခင်ဗျာ...

စာရေးသူ...ကိုကိုးအိမ်(၂၃.၅.၂၀၁၀) တနင်္ဂနွေနေ့ နေ့လည် တစ်နာရီ
ပုံ..google မှ

4 ယောက်ကစာမူခပေးသွားပါတယ်:

မဗေဒါ (၈၈) said...

မောင်ကိုးအိမ်..

စွယ်စုံ လူတော် မို့ နှမြောပါတယ်..။ ဒါပေမယ့်လည်း တားမရတဲ့ ဓမ္မတာမလား..။ အသက်ကလည်း သိပ်မငယ်ပေတော့တာမို့ နှမြောသော်လည်း သွားနှင့်တော့လို့ နုတ်ဆက်ရမယ်ပေါ့..။

မဗေဒါ (၈၈)

kiki said...

နေမယ်ဆိုလည်း နေလို့ ရပါသေးတယ် ဦးသုမောင်ရေ .. ဘဘဂျီးတယောက်ဆို ၈၀ နားနီးနေတာတောင် အပြုံးမပျက် နေနိုင်သေးတာပဲ..
အပူရက်တွေမှာ အနေခက်လာတော့ ၊ ဦးသုမောင် တယောက် ဝဋ်ကျွတ်သွားတယ် လို့ပဲ သဘောထားရတော့ မှာ ပေါ့ ...

ကောင်းတာလုပ်ခဲ့သူတွေ အားလုံး ကောင်းရာဘုံဘဝမှာ ရောက်ရှိကြမှာ မို့  ..မသေခင် ကောင်းတာပဲ လုပ်ကြပါစို့  .ကိုကိုး ရေ ..

what is good things said...

ဦးသုမောင်ရဲ့ရိုးသားခြင်းကိုမြတ်နိုးသလို၊ ဦးသုမောင် စာပေတွေကိုလည်း ကြိုက်ခဲ့ပါတယ်။ ဒါ့ပြင် Mandalay FM ရေဒီယိုမှာ အော်..ဒါနဲ့စကားမစပ်ဆိုတဲ့ အစီအစဉ်လေး ကို အမြဲစောင့်မျှော်နားထောင်ရင်း ဗဟုသုတရယူရပါတယ်။
ခုတော့ အဲဒီအစီအစဉ်လေးကို နားထောင်ခွင့်မရှိတော့ဘူး ပေါ့။
ဦးသုမောင် ကောင်းရာဘုံဘ၀ရောက်ပါစေလို့ ဆန္ဒပြုရင်း...

thaingarra said...

လူတော်တွေ အသေများတယ် ...

ကိုတိုးအိမ်ရေ ...

ဒီနှစ်ပိုင်း ... ပြောပါတယ် ...

လူ့ပြည်လူ့ရွာက လူတော်တွေ နဲ့

မအပ်စပ်တော့ဘူး ထင်ပါရဲ့ ...

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB