အရှေ့တောင်အာရှဆိုတာ အာရှတိုက်မှာရှိတဲ့ အရှေ့တောင်ပိုင်းက နိုင်ငံတွေကို စုပေါင်းခေါ်ဆိုကြတာ ဖြစ်ပါတယ်။ ကိုကိုးအိမ်တို့နေထိုင်တဲ့ မြန်မာနိုင်ငံဆိုတာလည်း အရှေ့တောင်အာရှနိုင်ငံတွေထဲကအပါအ၀င် နိုင်ငံတစ်ခုဖြစ်ပါတယ်။ အရှေ့တောင်အာရှဆိုတဲ့ထဲမှာ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ မလေးရှား၊ တီမောလက်စ်တ် (Timor-leste) ဆိုတဲ့ နိုင်ငံတွေပဲဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ဆိုရမယ် ဆိုရင် အိန္ဒိယတိုက်ငယ်နှင့် တရုတ်နိုင်ငံတို့ကြားတွင်တည်ရှိ၍ အင်ဒိုချိုင်းနားကျွန်းဆွယ် ဟုခေါ်ဆိုအပ်သော ကျွန်းဆွယ်ပေါ်ရှိ နိုင်ငံများနှင့် ယင်းတို့၏ ကမ်းလွန်ပင်လယ်ပြင်တွင်ရှိသော ကျွန်းစုနိုင်ငံများကို တစ်စုတစ်စည်းတည်းခေါ်ဆိုသော စကားရပ်တစ်ခုဖြစ်ပါသည်။ ထို့ကြောင့် အချို့နိုင်ငံများသည် အာရှတိုက် ကုန်းမကြီးပေါ်တွင်ရှိ၍ ကျန်နိုင်ငံတွေကတော့ ပင်လယ်သမုဒ္ဒရာများတွင် ရှိသော ကျွန်းနိုင်ငံများဖြစ်သည်။ ထို့ကြောင့် အရှေကတောင်အာရှကို ကုန်းပိုင်းအရှေ့တောင်အာရှနှင့် ကျွန်းပိုင်းအရှေ့တောင်အာရှ ဟူ၍ ခွဲခြားခေါ်ဆိုခဲ့ကြပါသည်။ မြန်မာ၊ ထိုင်း၊ လာအို ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ကို ကုန်းပိုင်းအရှေ့တောင် အာရှနိုင်ငံများဟုခေါ်ဆိုခဲ့ကြပြီး တခြားနိုင်ငံတွေကိုတော့ ကျွန်းပိုင်းအရှေ့တောင်အာရှနိုင်ငံများဟုခေါ်ဆိုခဲ့ ကြပါသည်။ မလေးရှား အနောက်ပိုင်းမှာ အာရှတိုက်ကုန်းမကြီးပေါ်တွင်ရှိသော်လည်း မြောက်ဘက်တွင် ကျဉ်းမြောင်းသော ကုန်းမြေဖြင့်သာ အာရှတိုက်နှင့်ဆက်စပ်၍ ကျန်သုံးဖက်သုံးတန်မှာ ရေများဝန်းရံနေ သည်။ ထို့ပြင် မလေးရှားအရှေ့ပိုင်းရှိ ဆာဗားနှင့် ဆာရာဝတ်ပြည်နယ်တို့မှာ ဘော်နီယိုကျွန်းပေါ်တွင် တည်ရှိသဖြင့် မလေးရှားနိုင်ငံကို ကျွန်းပိုင်းမှာ ပါဝင်စေခဲ့ပါသည်။
အရှေ့တောင်အာရှဟူသော ဝေါဟာရသည် ဒုတိယကမ္ဘာစစ်အတွင်းမှစ၍ပေါ်ပေါက်လာခဲ့ပါသည်။ ယခင်ကတော့ ဤဒေသကို သီးသန့်ခေါ်ဝေါ်သော နာမည်မရှိခဲ့ပါ. ဥရောပကို ဗဟိုပြု၍ မှည့်ခေါ်ခဲ့ကြသော အရှေ့ဖျားဒေသ(တရုတ်၊ဂျပန်၊ကိုရီးယား) နှင့်ဆက်စပ်၍ ၄င်းတို့၏တောင်ဘက်တွင်ရှိသော ယခုအရှေ့ တောင်အာရှနိုင်ငံများကို အရှေ့ဖျားအပူပိုင်းဒေသဟု ခေါ်ခဲ့ကြကြောင်းမှတ်သားခဲ့ရပါတယ်.။ ဥရောပကနေ ကြည့်မယ်ဆိုရင် အိန္ဒိယတိုက်ရဲ့အလွန်မှာရှိသဖြင့် အိန္ဒိယအလွန်ဒေသဟုလည်း ခေါ်တတ်ကြပါသည်။ တရုတ်နှင့် ဂျပန်တို့ကတော့ အဲဒီဒေသကို နန်ယန် နဲ့ နန်ယိုး လို့အသီးသီးခေါ်ဝေါ်ကြပါသည်။ ထိုအမည်တွေ ရဲ့အဓိပါယ်ကတော့ တောင်ဘက်ပိုင်းဒေသများ လို့ အဓိပါယ်ရပါတယ်။
ဒုတိယကမ္ဘာစစ်မဖြစ်ခင်က ဤဒေသမှာ သီးခြားကိုယ်ပိုင်အမည် မရှိခဲ့တာကတော့ ကမ္ဘာ့နိုင်ငံရေး၊ စစ်ရေး စတာတွေမှာ သိပ်အရေးမပါဟု အနောက်တိုင်းသားများက ထင်မြင်ခဲ့ကြသောကြောင့်ဖြစ်နိင်ပါသည်။ အဲဒီလိုဖြစ်ရတာကတော့ အချက်အလက်တွေထုတ်ပြရမယ်ဆိုရင်....
(၁) ဒီဒေသမှာပါဝင်တဲံ နိုင်ငံတွေက အင်ဒိုနီးရှားမှအမ နိုင်ငံငယ်တွေဖြစ်နေခြင်းကြောင့်၊
(၂) နိုင်ငံရေးအရ အမျိုးမျိုးကွဲပြားနေခြင်း(ထိုင်းနိုင်ငံတစ်ခုတည်းသာ လွတ်လပ်သောနိုင်ငံဖြစ်၍ အခြားနိုင်ငံတွေက ကိုလိုနီနိုင်ငံဖြစ်နေခြင်း၊ မြန်မာ၊ ဘရူနိုင်း၊ စင်ကာပူ၊ မလေးရှားတို့သည် ဗြိတိသျှလက်အောက်၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့သည် ပြင်သစ်လက်အောက်၊ ဖိလစ်ပိုင်သည် စပိန်လက်အောက်၊ အမေရိကန်လက်အောက်တို့တွင် ကျရောက်နေခဲ့၍)
(၃)ထိုသို့ လက်အောက်ခံ ကိုလိုနီနိုင်ငံများဖြစ်၍ကမ္ဘာ့နိုင်ငံရေးတွင် သြဇာမရှိခြင်း၊
(၄) ကိုလိုနီနိုင်ငံများဖြစ်၍ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဆက်သွယ်မှု့ နည်းပါးခြင်း။
ဒုတိယကမ္ဘာစစ်အတွင်းကတော့ ဒီဒေသတစ်ခုလုံးသည် ဂျပန်လက်အောက်ကျရောက်ခဲ့၍ နိုင်ငံအသီးသီးမှာရှိတဲ့ အမျိုးသား နိုင်ငံရေးစိတ်ဓာတ်တွေ နိုးကြွားတက်ကြွလာကာ ကိုလိုနီဘ၀မှလွတ်မြောက်စေရန်ကြိုးစားပမ်းစား အားထုတ်ခဲ့ကြပါတယ်။ တစ်ပြိုင်နက်တည်းလိုလိုပဲ အနောက်နိုင်ငံကြီးများကလည်း ဒီနိုင်ငံတွေရဲ့ ကြိုးစားအားထုတ်မှူ့၊ နိုးကြားတက်ကြွမှူ့ကို အသိအမှတ်ပြုခဲ့ကြရပါတယ်။ မဟာမိတ်တွေကလည်း ဒီဒေသမှာရှိတဲ့ ဂျပန်တွေကို စစ်ဘက်ဆိုင်ရာ တပ်မဟာချုပ် ဟူသော အဖွဲ့ကိုဖွဲ့စည်းပြီး ကူညီတိုက်ထုတ်ခဲ့ကြတော့ပါတယ်.။ အဲဒီအဖွဲ့ရဲ့ ဌာနချုပ်ကို သီဟိုဠ်(သီရိလင်္ကာ) နိုင်ငံ ကိုလံဘိုမြို့မှာ အခြေစိုက်ခဲ့ကြပါတယ်။ အဲဒီအချိန်ကစပြီး အရှေ့တောင်အာရှ (सौठेअस्त एशिया) ဆိုတဲ့ စကားရပ် ပေါ်ထွန်းလာခဲ့တော့သည်။
နောက်တစ်ပိုင်းဆက်လက်ရေးသားပါဦးမည်။
9 ယောက်ကစာမူခပေးသွားပါတယ်:
ကောင်းလိုက်တဲ့ ဗဟုသုတလေးပဲဗျာ။
ကိုယ့်ဖာသာကိုယ်သာ နေသာ နေတယ်. . .
မသိ။ အခုမှပဲ သိရတော့တယ်။
မောင်ကိုးအိမ်..
အမ မနေ့က မောင်ကိုးအိမ်လာရေးတာ တွေ့ပေမဲ့ သူများအိမ်မှာမို့ စာမပြန်ဖြစ်ဘူး.. အမ မီး စလောင်ကတည်းက ဒီဘက် သတင်းတွေက တင်လို့ သိတယ်.. အဲလောက်ကြာတာတော့ မသိလိုက်ဘူး.. တော်တော်လေး စိတ်မကောင်းဘူး..။
နောက်တခုက အခုရေးထားတဲ့ ပို့စ်ပါ.. အမ သိသလောက်တော့ အီစ် တီမောက အဖွဲ့ဝင် အဖြစ် မသတ်မှတ်သေးဘူး..။ ဒီနိုင်ငံတွေကြားမှာကလည်း အားပြိုင်မှုတွေ ရှိတယ်.. နောက် သူက လွတ်လပ်ပြီးတာလည်း မကြာသေးဘူးမလား.. ငယ်တယ် ဆင်းရဲတယ်.. အစရှိသဖြင့်ပေါ့နော်..။
နောက်ဆုံးတခုကတော့ အရှေ့တောင် အာရှ အဖွဲ့ဝင် နိုင်ငံက အခုထိကို (၁၀) နိုင်ငံပါ..။
ဘရူနိုင်း ( )..အင်ဒိုနီးရှား.. ဖိလစ်ပီး.. စကာင်္ပူ. .. ပါ ပါသေးတယ်..။ အားလုံး အခုချိန်ထိ (၁၀) နိုင်ငံပါပဲ..။
မဗေဒါ (၈၈)
အရှေ့တောင်အာရှကို အလည်လာပါတယ်
မေ့သွားတဲ့စာတွေ ပြန်နွေးသွားတယ်
အတော်ဘဲ စာမေးပွဲဖြေရမှာနဲ့း)
ကျေးဇူး
အပိုင်း ၂ ကိုမျှော်နေတယ်နော် ကိုကိုး ရေ..
ကိုးကိုးအိမ်ရေ
အရှေ့အလယ်ပိုင်း ပြသာနာ ရှင်းနေရတာနဲ့ အရောက်နောက်ကြသွားတယ်
ခင်တဲ့
ရွှေစင်ဦး
ဟုတ်ကဲ့ မဗေဒါရေ ကျေးဇူးပါ
လာလည်သွားကြတဲ့ ဘော်ဒါတွေကိုလည်း ကျေးဇူးပါခင်ဗျာ
ကိုကိုးအိမ်
ကျေးဇူးပါ ... ကိုကိုးအိမ် ...
မေးရဦးမယ် ... စကားမစပ် ဆိုပါတော့ ...
ကိုကိုးအိမ် ဆိုတာက ဘာအဓိပ္ပာယ်များလဲ ခင်ဗျ
ကိုကိုးဆိုတာ ကျွန်တော်က ကိုကိုးကျွန်းကို အရမ်းချစ်လို့ပါ.....
နောက်ပြီး အိမ်ဆိုတာကတော့ နွေးထွေးခြင်း၊ လုံခြုံခြင်း၊ ငြိမ်းချမ်းခြင်း၊ အေးမြခြင်း၊ ပျော်ရွှင်ခြင်း ဆိုတဲ့ မဆုံးနိုင်တဲ့ ခံစားမှူ့တွေကိုပေးစွမ်းနိုင်ပါတယ်.. ဒါကြောင့်နှစ်ခုပေါင်းပြီး ကိုကိုးအိမ်ရဲ့ ကလောင်နာမည်ကို ကိုကိုးအိမ်ရဲ့ရင်တွင်းကနေ မွေးဖွားခဲ့လိုက်တာပါ ကိုသိင်္ဂါရရေ
နောက်ပြီး နာမည်တူတွေပြဿနာတက်တက်နေကြတော့ နာမည်တူပြဿနာလည်း ကြောက်တာပါတာပေါ့လေ
ကိုကိုးအိမ်တော့ နာမည်တူချိလောက်တော့ဘူးထင်ပါတယ်
အဟဲ နာမည်တူမရှိအောင်လည်း ဆန်းဆန်းလေးပေးလိုက်တာပါပါတယ် ဒါကိုမှတူနေပြီဆိုရင်တော့ သေချာလိုက်ပေးတာလို့ပဲ ယူဆဖို့ရှိပါတော့တယ်ခင်ဗျာ
စာဖတ်သူအားလုံးကိုလေးစားလျှက်
ကိုကိုးအိမ်
Post a Comment