ကိုးတစ်ယောက် ဘလော့ဂါဘော်ဒါကြီးတွေကို တစ်ခါမှ ဟင်းချက်မကျွေးဖူးသေးပါဘူး။ ဒီတစ်ခါတော့ စိတ်ကူးပေါက်တာနဲ့ ရုံးခန်းမှာချက်စားဖြစ်တဲ့ ဟင်းလေးတွေကို သတိတရ တင်ပေးလိုက်ဖြစ်ပါတယ်။ ဒီနေ့က ရုံးအားတဲ့ရက်ဆိုတော့ ပျင်းပျင်းရှိတာနဲ့ ရေခဲသေတ္တာထဲ ရှိတဲ့ ပစ္စည်းလေးတွေနဲ့ ဟင်းတွေဖြစ်အောင်စီမံလိုက် ပါတယ်။ ဟင်းတွေက ကောင်းမကောင်းတော့ မသိဘူး။ ချက်ပြီးကာစ ဟင်းတွေကိုကြည့်ပြီး သွားရည်တွေကျလာ ပါတယ်။ အဟဲ.. ဒါပေမယ့် သိတဲ့အတိုင်း တစ်ယောက်တည်းစားရမှာပျင်းတော့ ငှားထားတဲ့ ကင်မရာလေးနဲ့ ဓာတ်ပုံလေးတွေရိုက် ထားလိုက် ပြီးအခုလို အားလုံးလည်းစားရအောင် ပြန်တင်ပေးလိုက်တာပါ။ ဟင်းတွေကတော့ စုံလို့နော်... ကိုးကိုယ်တိုင် အားပါးတရ ချက်ပြုတ်ထားတာ ဖြစ်တဲ့အတွက် အားလုံးလည်း အားပါးတရ အားပေးလိုက်ကြရအောင်နော်။
ကိုးတို့ရုံးခန်းမှာက ရုံးဖွင့်၇က်ဆို အရမ်းအလုပ်ရှုပ်ပါတယ်။ အဲတော့ စနေ၊တနင်္ဂနွေမှာတောင် တစ်ခါတစ်လေ မနားရပါဘူး။ လာမယ့်အပတ်လုပ်ရမယ့်အလုပ်တွေကို ရုံးပိတ်ရက်တွေမှာ ကြိုလုပ်ထားရပါတယ်.. အဲတော့ ဟင်းကောင်းကောင်းလည်း မစားဖြစ်.. ဖြစ်သလိုနဲ့ ပြီးပြီးသွားတာများပါတယ်။ အဲတော့ ဟင်းကောင်းကောင်း လေးတွေဆို အရမ်းတောင့်တပါတယ်။ အညာဟင်းလေးတွေကို အရမ်းမက်မောပါတယ်။ ဆရာမရွှေစင်ဦး တင်တင်ထားတဲ့ အညာစာဟင်းလေးတွေကိုဆို အရမ်းကြိုက်ပါတယ်။ ဒါပေမယ့် အညာစာဟင်း ကျတော့လည်း ကိုးက မချက်တတ်တော့ ချက်တတ်တာလေးတွေကိုပဲ ချက်စားဖြစ်တော့ ဒါလေးတွေကိုပဲ မချက်တတ်ချက်တတ် နဲ့ ချက်ပြီး လှအောင်ပြင်ထားတာပါ.. နောက်ပြီး ကိုးက ဟင်းတွေထမင်းတွေဆို လှနေမှ စားချင်တာ..ဟဟ (မိန်းမယူရင်တော့ ဘယ်လိုမိန်းမရမယ်မသိ).. ဒါပေမယ့် ဒီဟင်းလေးတွေကိုတော့ စားနိုင်သလောက်စားသွား နော်... ကြုံရင်တော့ ဘော်ဒါတွေကို ထမင်းဖိတ်ကျွေးဦးမယ်....
ထမင်းကိုလည်း အရသာရှိအောင် ကြော်ထားတယ် ..
ကြက်ပေါင်းခေါက်ဆွဲဟင်းချိုလည်းပါတယ်...
ကြက်သားခေါက်ဆွဲစွပ်ပြုတ်လည်းပါတယ်...
ကြက်သားသီးစုံသုပ်လည်းပါတယ်..
အချိုတည်းစရာက နာနတ်သီးပါတယ်... သံပုရာရည်ပါတယ်နော်....
အားရပါးရစားလိုက်ပါဦး.... ရုံးပိတ်ရက်မို့ချက်ကျွေးတာနော်.............

သီးစုံနဲ့သုပ်ထားတဲ့ ကြက်သားသီးစုံသုပ်

နာနတ်သီးနဲ့ သကြားနဲ့စိမ်ထားတဲ့ နာနတ်သီးသကြားစိမ်

ဒါက သံပုရာရည်သောက်ဖို့ အားရပါးရညှစ်နေချိန်

နောက်ဆုံးတော့ ဒါလေးပဲသောက်လိုက်တာပေါ့။ ဘယ်လိုလည်း စားလို့ကောင်းကြလား.. စားလို့ကောင်းတယ်ဆိုရင်တော့ လည်လည်ပဲလာပြီး စားသောက် မသွားနဲနော်.. ကွန်မန့်လေးလည်း ပေးသွားဦး... စားသောက်ထားတယ်.. ကွန်မန့်ငတ်နေတယ်... အဟဲ.. ကောင်းရင်လည်းကောင်းကြောင်းလေး.. မကောင်းရင်လည်း မကောင်းကြောင်းလေးပေါ့....
စာရေးသူ.... ကိုကိုးအိမ်(မန္တလေး)
စာရေးသူ.... ကိုကိုးအိမ်(မန္တလေး)
14 ယောက်ကစာမူခပေးသွားပါတယ်:
အရင်ဆုံးစားပြီး အရင်ဆုံးမန့်သွားပါတယ်
ကိုကိုးအိမ် ရေ
ရုံးခန်းကို လာလည်ချင်ပြီ ချစ်ချစ်ကြီး ကြဖိတ်ပြီး ဒို့ကြ ဖိတ်ဘူးနော် အလုပ်မအပ်ခင် လာစားချင်တယ်
တကယ်ချက်တတ်တယ် ထမင်းကြော်လေး ကလည်း စားကောင်းတယ် အသုတ်လေး ကလည်း ကောင်းစ်
ခင်မင်စွာဖြင့်
ရွှေစင်ဦး
Fried Rice is most attractive!
ထမင်းကြော်ကို အတင်းကလော်တုပ်ကာ အားရပါးရလွေးသွားပါတယ် သံပုရာရည်ချဉ်ချဉ်လေးတစ်ခွက်လောက် သောက်မှ အအီပြေမယ်
ခင်မင်စွာဖြင့်
seesein
အလုပ်သွားခါနီး ဝင်စားသွားပြီဗျို့....
ဘူ့လက်လေးလဲ လှတယ်ကော...:)
မစားရတာ ကြာတော့ ငတ်နေတာပါပဲ.. ဆွဲပြီ။
ဆရာသမားရဲ့ လက်ရာကို မြည်းချင်တာ တအားဘဲ လက်ခလေးက ဆော်လက်နဲ့တောင်မှားတယ် လှတယ် နော် လက်မော်ဒယ်လုပ်ပါလား ၊ ဟင်းချက်တတ်တယ် ပေါ့ ၊ ပြိုင်ချက်မယ် မန္တလေးရောက်ရင် ဟင်း
Is it a kind of advertisement?Cos thidingyut is approaching n u show ur cooking skill.:)..............Gyidaw
Is it a kind of advertisement?Thidingyut is coming n u show ur cooking skill.:)...Gyidaw
မိုးကုတ်သားလေးက ချက်တတ်သားနော် စုံစုံလင်လင်ပါလား စေတနာနဲ့ကျွေးတာကြောင့် ပိုစားကောင်းတယ် ကျေးဇူးတင်ပါတယ်ရှင်။
ကိုးနော် ... စားစရာတွေချည်း လျှောက်တင်မနေနဲ့
ကြာရင် ခင်ညား ဘလော့ ပုရွက်ဆိတ်တက်မယ်.. ဟီးဟီး
ဟင်းချက်လည်း ဖြစ်တယ်နော်
သာမန် မိန်းခလေးတစ်ယောက်ရဲ့ လက်ရာထက်တောင် သာသေးတယ်
ဟင်းတွေကလဲ အရောင်ကိုစုံနေတာဘဲ။
အားလုံး စားချင်စဖွယ်ပါဘဲ။ တော်လိုက်တာ
ထမင်းကြော်လေးက စားချင်စရာဗျာ....။တောက်တောက်
ကျသွားပါ၏....။
အစ်မစာဟာ ဖြစ်ရပ်မှန် ဟုတ်မဟုတ်မေးသွားတဲ့ ကိုကိုးအိမ်အတွက် အဖြေလာပေးတာပါ။
ရှေးဆရာများသုံးသပ်ချက်အတိုင်း ရေးသားချက်အတိုင်းပြောရရင် စာတစ်ပုဒ်ဟာ အစစ်ချည်း အတုချည်းပဲ ရောစပ်လို့ မရပါဘူးတဲ့။
လာလည်ရင်း ဟင်းချက်နည်းတွေလည်း လေ့လာသွား စာတွေလည်း ဖတ်သွားပါတယ်း)
Post a Comment