ဘော်ဒါကြီးတို့ခင်ဗျာ ခုတလော ကိုကိုးအိမ်ကောင်လေးခမျာမှာ စာမေးပွဲတွေတစ်သီတစ်တန်းကြီးရှိနေလို့ ပို့စ်တင်ကျဲနေပါသည်ကို နာလည်ပေးနိုင်လိမ့်မည်ဟုမျှော်လင့်ပါကြောင်း.. အခုလည်းခဏလေးအားတုန်းမှာ ၀ါသနာကိုမဖြတ်နိုင်လှစွာ ဘလော့ထဲကိုဝင်ရောက်ဖြစ်ခဲ့ပြန်ပါပြီ.. မင်္ဂလာပါ ဘော်ဒါကြီးတို့ရေး......
ကိုကိုးလည်းစိမ်းပြာရေညှိအကြောင်းမရေးဖြစ်တာကြာခဲ့ပေါ့..ခုတစ်ခါတော့ စိမ်းပြာရေညှိရဲ့ ဆီးချိုရောဂါအပေါ် အကျိုးသက်ရောက်ပုံလေးအကြောင်းရေးဖို့စဉ်းစားထားပါတယ်.. အဟဲ စိမ်းပြာ ကြော်ငြာကောင်းလို့ ကိုကိုးအိမ်က တွင်းတောင်သားတော့မဟုတ်ဘူးပေါ့ဗျာ..အဟဲ ဒါပေမယ့် သိသလောက်လေးပြန်မျှဝေရတာပေါ့.. ကဲ ...ဆီးချိုရောဂါကို စိမ်းပြာဘယ်လိုကုမယ်ဆိုတာစပြီဗျို့..

ဆီးချိုရောဂါသည်တို့သည် အစားအသောက်အများအပြားကို ရှောင်ရှားရသဖြင့် ခန္ဒာကိုယ်မှ မဖြစ်မနေလို အပ်သော အာဟာရအမျိုးမျိုးချို့တဲ့မှူ့များ အလွယ်တကူဖြစ်တတ်လာကြသည်။ သို့သော် သဘာဝအစိမ်းရောင် ကျန်းမာရေးအထူးကောင်းစေသောပစ္စည်း စိမ်းပြာရေညှိတွင် ကြွယ်ဝပြီး ဘက်စုံညီညွတ်မှတသော အာဟာရများစွာ ပါဝင်နေသောကြောင့် ဆီးချိုရောဂါသည်များအတွက် ဘက်စုံမျှတသည့် အာဟာရကို လျှင်မြန်စွာဖြည့်စွမ်းပေးနိုင်သည်။

တချိန်တည်းတွင် ဆီးချိုရောဂါသည်များအတွက် ကောင်းမွန်သော ကုသမှူ့ အထောက်အကူပြု လုပ်ဆောင် ချက်လည်းရှိသေးသည်။ ၄င်းမှာ စိမ်းပြာရေညှိတွင် ပေါ်လီသကြားပါဝင်ခြင်းသည် ခန္ဒာကိုယ်ထဲရှိ လွတ်လပ် သောဂျင်းမှ အင်ဆူလင် ဘီတာဆဲလ် ထိခိုက်ပျက်စီးမှူ့ကို လျော့နည်း၊ တားမြစ်နိုင်သည်။ အင်ဆူလင် ဘီတာဆဲလ် ပြန်ကောင်းလာအောင် ပြုပြင်ခြင်းနှင့် ထပ်ပွားခြင်းကို အားပေးသည်။ အင်ဆူလင် မလောက်ငှခြင်းကို ပြုပြင်ပေးခြင်း၊ အဆီဓာတ် ဓာတ်တိုးလွန်း၍ အဆီမက်တာဘိုလစ်ဇမ်ရှုပ်ထွေးမှူ့ကို ပြင်ဆင်ပေးခြင်းပြုလုပ်နိုင်သည်။ ၄င်းအပြင် စိမ်းပြာရေညှိသည် အင်ဆူလင် ဘီတာဆဲလ်၏အကြောင်းရင်း မျာ စိမ်းပြာရေညှိကို စားသောက်ခြင်းကြောင့် ရောဂါခုခံအား တိုးလာခြင်းဖြစ်ကြောင်းသိရှိရသည်။
၁၄၉၂ ခုနှစ်တွင် စွန့်စားရှာဖွေသူ ကိုလံဘတ်စ်သည် မက္ကဆီကိုနိုင်ငံတွင် စိမ်းပြာရေညှိကို တွေ့ရှိခဲ့ပြီး ယင်း၏ဆန်းကြယ်သော အာနိသင်ထူးကိုလည်း လေ့လာတွေ့ရှိခဲ့သည်။ သို့သော် ထိုအချိန်တွင် ၄င်းတို့သည် နယ်မြေသစ်အတွက် အရူးအမူးပျော်မြူးခြင်းတွင် နစ်မွန်းနေခဲ့ကြ၍ ထိုသို့ကြီးမားသော တွေ့ရှိ မှူ့ကို မေ့လျော့သွားခဲ့ကြသည်။
၁၉၄၀ ပြည့်နှစ်အရောက်တွင် စိမ်းပြာရေညှိအား ဥရောပ စွန့်စားရှာဖွေသူအုပ်စုမှ အာဖရိကအလယ်ပိုင်းကျသော ဟူကန်ဘေးတွင် တွေ့ရှိခဲ့ပြီးသည့် နောက်ပိုင်းတွင် တစ်ကမ္ဘာလုံးသို့ အစိမ်းရောင် ထူးဆန်းဖြစ်စဉ်အနေဖြင့် အရှိန်အဟုတ်ပြင်းစွာ လှိုင်းထစေခဲ့သည်။
၁၉၆၀ ပြည့်နှစ်တွင် စပိန်မှ စွန့်စားခရီးထွက်သော အုပ်စာတစ်စုသည် ဆာဟာရသဲကန္တာရသို့ ခရီးဆန့်ခဲ့ကြပြီး စိမ်းပြာရေဂာင်ရေညှိတစ်မျိုးကို ရယူခဲ့သည်။ ဇီဝ၊ ရုက္ခဗေဒပညာရှင်များမှ အသိအမှတ်ပြုချက်အရ ၄င်းတွင် ကိန်းအောင်းပါဝင်နေသော တန်ဖိုးကို တွေ့လာခဲ့ကြတော့သည်။ ထို့နောက် သိပံပညာရှင်တို့ အသေးစိတ် ဆန်းစစ်သုတေသနပြုလုပ်ကြရာ စိမ်းပြာရေညှိသည် မျက်မှောက် သိရှိထားသော အစားအစာများအနက် အာဟာရပါဝင်မှူ့နှုန်း အပြည့်စုံဆုံးနှင့် အမှတဆုံးအစာအဖြစ်သတ်မှတ်ခဲကြသည်။
၁၉၇၃ ခုနှစ်အရောက်တွင် စိမ်းပြာရေညှိအား အစဥိတစိုက်လေ့လာခဲ့သော ပြင်သစ်သိပံပညာရှင် ပါမောက္ခလီမင်သည် နိုင်သငံတကာအာဟာရဆိုင်ရာဆွေးနွေးပွဲ၌ တစ်ကမ္ဘာလုံးသို့သူ၏ရှာဖွေတွေ့ရှိချက် ကို ထုတ်ဖော်ပြောကြားခဲ့သည်မှာ စိမ်းပြာရေညှိသည် လူသားတို့ ယခုအထိတွေ့ရှိထားသော သဘာဝပရိုတိန်းသန့်သန့်ပါ အဟားအစာများ၏ အကောင်းဆုံးပင်ရင်းဖြစ်သည်ဟု မိန့်ဆိုခဲ့သည်။
ကမ္ဘာပေါ်တွင် ရေညှိအမျိုးပေါင်း ၂၅၀၀၀ မျှများပြားသည်။ ယင်းတို့အနက် စိမ်းပြာရေညှိမျိုးသည် ကမ္ဘာ ပေါ်တွင် အစောဆုံးသက်ရှိတစ်မျိုးဖြစ်သည်။ စိမ်းပြာရေညှိသည် ရေထဲတွင်ရှင်သန်သော သေးငယ်သည့် ရေညှိပင်ဖြစ်သည်။ အရောင်မှာ စိမ်းပြာရောင်ဖြစ်ပြီး အဏုကြည့်မှန်ပြောင်းအောက်တွင် ကြောင်လိမ်ပတ်ပုံ ရှိ၍ spirulina ဟုခေါ်တွင်ခြင်းဖြစ်ပါသည်။ စိမ်းပြာရေညှိ၏ အဓိကကျသောဆောင်ရွက်ချက်မှာ လူ့ခန္ဒာကိုယ်တွင် ကုန်ဆုံးသွားသော အာဟာရဓာတ်ကို ပြန်လည် ဖြည့်ဆည်းပေးခြင်း၊ ဇီဝစွမ်းဆောင်မှူ့ ညီညွတ်မျှတအောင် ချိန်ညှိပေးခြင်း၊ လူ့ခန္ဒာကိုယ်၏ မက်တာဘိုလစ်ဇမ်ကို အထောက်အကူပေးခြင်း၊ ကိုယ်ခံအားကို ကောင်းမွန်စေခြင်းဖြင့် ရောဂါခုခံရန်နှင့် ရောဂါအရင်းအမြစ်ပါ ပျောက်ကင်းအောင်ကုသရန် အထူးကောင်းမွန်သည်။ ထို့ကြောင့် ကျား၊မ လူကြီးလူငယ်မရွေး စားသုံးရန် အထူးသင့်လျှော်သည်။
ကျန်းမာခြင်းသည် လူသားတို့၏ နံပါတ်တစ်အရေးကြီးဆုံးဖြစ်သည်။ ကျန်းမာစေရန်အတွက် ဆေးဝါးကိုသာ မှီဝဲရမည်မဟုတ်ဘဲ သိပံနည်းကျသော အာဟာရဓာတ်လည်းလိုအပ်ပါသည်။ စိမ်းပြာရေညှိသည် လူတိုင်းအတါက် အစာလည်းဖြစ်၊ ဆေးလည်းဖြစ်သော အကောင်းဆုံးသဘာဝ အစိမ်းရောင် ကျန်းမာရေး အစားအစာဖြစ်သည်။ ထို့ကြောင့်လည်း ကုလသမဂ္ဂ စားနပ်ရိက္ခာ စိုက်ပျိုးရေးအဖွဲ့အစည်း (FAO) မှ အသိအမှတ်ပြုထားသည်မှာ စိမ်းပြာရေညှိသည် ၂၁ ရာစုလူသားတို့အတွက် အကောင်းဆုံး သဘာဝ ကျန်းမာရေးအစာ တစ်ခုဖြစ်ပါကြောင်း တင်ပါလိုက်ရပါသည်ခင်ဗျား............။
စိမ်းပြာရေညှိစိုက်ခင်းတွေကိုပါပုံနှင့်တကွတင်ပေးလိုက်ပါသည်ခင်ဗျား... စိမ်းပြာရေညှိတွေကို စနစ်တကျ သေချာကျနစွာစိုက်ပျိုးထားပုံပါ............

စိမ်းပြာရေညှိစိုက်ခင်းတွေကိုပါပုံနှင့်တကွတင်ပေးလိုက်ပါသည်ခင်ဗျား... စိမ်းပြာရေညှိတွေကို စနစ်တကျ သေချာကျနစွာစိုက်ပျိုးထားပုံပါ............

စာရေးသူ..ကိုကိုးအိမ်(၅.၅.၂၀၁၀)

2 ယောက်ကစာမူခပေးသွားပါတယ်:
ကိုးကိုးအိမ်
စိမ်းပြာရေညှိ အကြောင်းတွေ တော်တော် သိသွားတယ်
ကျေးဇူးနော်
ဒို့ကတော့ တွင်းပိုး တော့ကြိုက်တယ်
ရွှေစင်
ဆရာမရေ တွင်းပိုးက လ္ဘက်နဲ့စားရင်အရမ်း အရသာရှိတယ်ဗျ..အရမ်းကောင်း..
အဟဲ တွင်းပိုးဘယ်လောက်ကောင်းကြောင်းကြုံ မှရေးဦးမယ်ဗျို့
Post a Comment