ကဲ...ဘော်ဒါကြိးတို့ရေ ဒီတစ်ခါတော့ ကိုကိုးအိမ်ရဲ့ အချစ်ဆုံးကိုကိုကြီးဖြစ်တဲ့ အကိုကြီး နေဇော်လင်း ရဲ့ ကဗျာ လေးတစ်ပုဒ်ကို ပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်ခင်ဗျာ။ အခုဆိုရင်တော့အကိုကြီးကညီတွေနဲ့ခွဲပြီး မလေးမြေ မှာပျော်နေသူတစ်ယောက်ဖြစ်ပါတယ်။ ကိုကြီးကိုသတိရသောအားဖြင့် ကိုကြီးရေးခဲ့သူငယ်ချင်းများသို့ ဆိုတဲ့ ကဗျာလေးကို အလွမ်းပြေ မျှဝေလိုက်ပါတယ်ခင်ဗျာ။...။
အရမ်းဝေးကွာပြီး
တွေ့ဆုံနိုင်ဖို့
ခက်ခဲ့တဲ့ကြားကနေ
ငါတို့ဆုံဖြစ်ကြတယ်။
တွေ့ရဆုံရ
ခဏလေးမှာ
တစ်ယောက်ကိုတစ်ယောက်
ခင်မင်မှု
နားလည်မှု
ယုံကြည်မှုတွေ
များစွာနဲ့
ဘဝကိုဖြတ်သန်းခဲ့တယ်။
တွေ့ဆုံနိုင်ဖို့
ခက်ခဲ့တဲ့ကြားကနေ
ငါတို့ဆုံဖြစ်ကြတယ်။
တွေ့ရဆုံရ
ခဏလေးမှာ
တစ်ယောက်ကိုတစ်ယောက်
ခင်မင်မှု
နားလည်မှု
ယုံကြည်မှုတွေ
များစွာနဲ့
ဘဝကိုဖြတ်သန်းခဲ့တယ်။
လိုအပ်တာလေးတွေ
ကူညီမျှဝေရင်း
အဖြူရောင် သံယောဇဉ်လေးနဲ့
ငါတို့ရိုးသားစွာ ခင်မင်ခဲ့ကြတယ်။
ရခဲ့လှတဲ့ လူ့ဘဝလေးမှာ
တစ်ယောက်အပေါ်တစ်ယောက်
ကူညီပေးနေကြမယ်ဆိုရင်
လောကကြီးဟာ အမြဲလှပနေမယ်လို့
ငါ ယုံကြည်ပါတယ် သူငယ်ချင်း
မင်းရော ငါရော
ငါတို့တတ်နိုင်သလောက်
ကူညီရင်း တွဲလက်များအတူတူနဲ့
ထာဝရ ဆက်ခင်ကြရအောင်
သူငယ်ချင်းရေ ..........
ကူညီမျှဝေရင်း
အဖြူရောင် သံယောဇဉ်လေးနဲ့
ငါတို့ရိုးသားစွာ ခင်မင်ခဲ့ကြတယ်။
ရခဲ့လှတဲ့ လူ့ဘဝလေးမှာ
တစ်ယောက်အပေါ်တစ်ယောက်
ကူညီပေးနေကြမယ်ဆိုရင်
လောကကြီးဟာ အမြဲလှပနေမယ်လို့
ငါ ယုံကြည်ပါတယ် သူငယ်ချင်း
မင်းရော ငါရော
ငါတို့တတ်နိုင်သလောက်
ကူညီရင်း တွဲလက်များအတူတူနဲ့
ထာဝရ ဆက်ခင်ကြရအောင်
သူငယ်ချင်းရေ ..........
နေဇော်လင်း
ငါတို့ရန်ဖြစ်ခဲ့ကြ ငါတို့ပြန်ချစ်ခဲ့ကြ ဘ၀ရထားသွားနေလည်း သူငယ်ချင်းတွေကအစဉ်အမြဲ...
2 ယောက်ကစာမူခပေးသွားပါတယ်:
သူငယ်ချင်းတွေ ကြားထဲက မေတ္တာကိုပြေးမြင်မိတယ်
ငယ်ငယ်တုန်းက သူငယ်ချင်းတွေကိုသွား သတိရတယ်
ဖြစ်နိုင်ရင် တစ်ချီတစ်မောင်းလောက်တော့ သူငယ်ချင်းတွေ နဲ့ ပျော်လိုက်ချင်သေးတယ်
ဖတ်သွားပါတယ်၊
သူငယ်ချင်းတွေကို သတိရမိပါတယ်၊
Post a Comment