
ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာအမည်ခံ မိုးပြာဂိုဏ်းချုပ်ဦးဥာဏအား ၂၀၁၀ မတ်လ ၁၁ ရက်နေ့က သာသနာညစ် နွမ်းစေမှူ့ဥပဒေပုဒ်မ ၂၉၄ နှင့် ၂၉၅(က)အရပုသိမ်ကြီးမြို့နယ်တရားရုံးမှ ထောင်ဒဏ်နှစ်နှစ် စီသီးခြားစီ လေးနှစ်ကျခံစေရန် အမိန့်ချမှတ် ခဲ့ကြောင်း တင်ပြခဲ့ပြီးဖြစ်ပါသည်။
ယခုအခါ ခရိုင်သာသနာရေးဝန်ကြီးမှ ၀ိနည်း၊ ဓမ္မကံဥပဒေပုဒ်မ ၁၀ အရ ပုသိမ်ကြီးမြို့နယ်တရားရုံးတွင် မတ်လအလယ်ပိုင်းလောက်မှစ၍ တရားစွဲဆိုကာ နေ့စဉ်စစ်ဆေးလျှက်ရှိပါသည်။ ထို့ပြင် သံဃာ့အဖွဲ့အ စည်းဆိုင်ရာဥပဒေ ၁၂/၁၃ ဖြင့်လည်းထပ်ပေါင်းတရားစွဲဆိုထားလျှက်ရှိပါသည်။
ဦးဥာဏ၏အယူဝါဒမှာ ဗုဒ္ဓဘာသာအမည်ခံ၍ ဘုရားအားလည်း ဘုရားတုဘုရားယောင်ဟုစွပ်စွဲထားခြင်း၊ ထေရ၀ါဒဗုဒ္ဓဘာသာများသည် အယူအစွဲကြီးလွန်း၍ မိစ္ဆာဒိဋ္ဌိများဖြစ်သည်ဟူ၍စွပ်စွဲထားခြင်း၊ သံဃာ့ဝိနိစ္ဆယ အားလည်း မမှန်မကန်ဆုံးဖြတ်သည်ဟုပြောဆိုထားခြင်းအပြင် ဘုရား၏တရားတော်များအားကိုယ်လိုရာဆွဲ တွေး၍ မဟုတ်မမှန် ပြောဆိုခြင်းတို့ကြောင့် သံဃာ့အဖွဲ့အစည်းဆိုင်ရာဥပဒေဖြင့်တရားစွဲဆိုထားခြင်းဖြစ်ပါ သည်။ထို့ပြင် တည်ဆဲဥပဒေ ၆/၉၀ တွင်လည်း ဗုဒ္ဓဘာသာအားလုံးအတွက်ထုတ်ပြန်ထားခြင်းဖြစ်ပါလျှက် ထေရ၀ါဒအတွက်သာသက်ဆိုင်ပြီး မဟာယာနနှင့်လုံးဝသက်ဆိုင်ခြင်းမရှိကြောင်းကိုလည်း အယူမှားဖြင့် ပြောဆိုထားချက်များရှိပါသည်။ထို့ပြင် ၁၉၈၉ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာဝင်များအတွက် ထေရ်ကြီးဝါကြီးဆရာတော်သံဃာတော်များပါဝင်လျှက် စာပေကျမ်းဂန်တတ်ကျွမ်းသည့်ဆရာတော်များပါဝင် လျှက် ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီးတွင်လည်း ဦးဥာဏ၏ ပစ္စုပ္ပာန်ကမ္မ၀ါဒအား အဆိုတင်သွင်းရာ သံဃာ့မဟာနာယကမှ အဓမ္မ၀ါဒအဖြစ်သတ်မှတ်၍ ပါရာဇိကကျသည်ဟု ဆုံးဖြတ်၍ ရဟန်းအဖြစ်မှထုတ် ပါယ်ခဲ့ပါသည်။ ထို့ပြင် ထေရ၀ါဒဗုဒ္ဓဘာသာတို့အားလည်း ပရမတ္တသစ္စာ၊ သမုတ္တိသစ္စာများဖြစ်သော ဘုရား မဟောာသောတရားများကိုဆုပ်ကိုင်နေကြပါသည်ဟုလည်းစွပ်စွဲထားပါသည်။ ထိုစဉ်က အမိန့်ချမှတ်ခဲ့ခြင်း မှာလည်း တရားမသိဘဲ တရားသိသူဟန်ဆောင်၍ စတုတ္ထပါရာဇိကဖြင့် ဆုံးဖြတ်ကာ ရဟန်းအဖြစ်မှ ထုတ် ပါယ်ခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့် တည်ဆဲဥပဒေကို ဖောက်ဖျက်ကာ ဘုရားဟောတရားများကိုလည်း မှားပါ သည်၊ မြန်မာနိုင်ငံတွင် သာသနာ့ဥသျှောင်ဖြစ်သော သံဃာ့နာယကအဖွဲ့၏ တရားစီရင်ရေးမဏ္ဏိုင်များကို လည်း တိမ်းစောင်းအောင်ပြုလုပ်သောကြောင့် ၀ိနည်းဓမ္မကံပုဒ်မ ၁၀၊ သံဃာ့အဖွဲ့အစည်းဆိုင်ရာဥပဒေ ၁၂/၁၃ တို့ဖြင့်တရားစွဲဆိုလျှက် စစ်ဆေးလျှက်ရှိပါကြောင်း သိရှိရပါသည်။ ထို့ပြင် န၀တမှထုတ်ပြန်သည့် တည်ဆဲဥပဒေ ၂၀/၉၀ အားလည်းချိုးဖောက်ထားကြောင်း ကြားသိရပါသည်ခင်ဗျား.....
စာရေးသူ...ကိုကိုးအိမ်( ၃.၄.၂၀၁၀)

2 ယောက်ကစာမူခပေးသွားပါတယ်:
ကိုကိုးအိမ်ရေ နဲတောင်နဲနေသလားလို့။
ကိုတိုးအိမ်ရေ
ရောက်လာဖတ်ရှုတယ်ခင်ဗျာ။
Post a Comment