အဟား....ကိုကိုးတို့နိင်ငံရဲ့မဟာသင်္ကြန်ပွဲကြီးတောင်စတော့မယ်နော်....ဒီသင်္ကြန်ကြီးမှာ စော်လေးတွေနဲ့ကဲ တဲ့သူကကဲ၊ ကားတွေနဲ့လည်တဲ့သူကလည်၊ ဆိုင်ကယ်တွေနဲ့ပတ်ဖို့ကြံတဲ့သူကကြံ၊ မဏ္ဍပ်မှာကဲမယ့်လူတွေ ကလည်း စာရင်းတွေပေး၊ မဒီလှလှလေးတွေဆိုလည်း ဘယ်နေ့မှာ ဘယ်ဘဲဘဲကို အပိုင်ကြံမယ်ဆိုပြီး ဘယ်ဆိုင်မှာ ဘယ် Brand တွေရောက်ပြီဆိုပြီး လက်တို့တဲ့သူကတို့နဲ့ ကိုကိုးမှာသာ သင်္ကြန်ဆိုတာဘာမှန်း မသိရအောင် ကိုကိုးအိမ်ကသင်္ကြန်ဆိုတာကို ပြည်ဖုံးကားချထားခဲ့တာ ခုဆိုအသက် ၂၀ တောင်ပြည့်ခဲ့ပေါ့။
အင်းနော် အနှစ်၂၀ ဆိုတာကြီးကလည်းနည်းတာမဟုတ်။ တွေးကြည့်ရင်တောင် အချိန်တွေနှမြောမိသေး။ ဒါနဲ့ပဲ ကဲ...ဒီနှစ်တော့ လူပျိုဖြစ်ပြီ (အဟဲ စော်လေးနဲ့ကဲမယ်ဆိုပြီးတော့..ဂလု..တွေးရင်းတောင် တံတွေးမြိုမိသေး) ငါ တော့ဒီနှစ်တော့ မန္တလေးမဟာသင်္ကြန်ကိုအပြတ်ကဲမယ်ဆိုပြီး အားခဲထားလိုက်ပဟဲ့ဆိုကာမှ.. ကံကံနှယ် ဆိုးလိုက်ပုံ မုံရွာဆိုတဲ့ ရွာကြီးတစ်ရွာကိုသွားဖို့က အကြောင်းပေါ်လာပါလေကောခင်ညာ.. အင်းလေ..ဆံထုံး တော်ကြီးတမာသီး အဲ..ဟုတ်ပေါင်(ယောင်လို့) ကျွန်တော်ကလေ မန္တလေးသင်္ကြန်ကိုငယ်ငယ်လေးတည်း ကစိတ်ကူးယဉ်ခဲ့တာခင်ဗျ..
စိတ်ကူးထဲမှာတော့ စတော့ကင်အနက်လေးကို အပေါ်ကစကတ်တိုတိုအကွက်လေးဝတ်ပြီး နောက်ဆုံးပေါ် အကျီင်္နဲ့ ခြေသလုံးသေးသေးမန္တလာသူလေးတစ်ယောက်လောက်ဆိုင်ကယ်ပေါ်တင်ပြီး ကျုံးကိုပတ်လိုက်မဟဲ့ ပေါ့။ စိတ်ကူးတွေက..ဒီလို ဒီလိုလေ..ခုတော့လေ ဦးမာဃ ထန်းညက်မင်းရဲ့ညွှန်ကြားချက်နဲ့ မုံရွာကိုတွားရ တော့မယ်.. ကျွန်တော်လေ သင်္ကြန်ကိုဘယ်လောက်ပိုးထလည်းဆိုရင် ကျွန်တော်ငယ်ငယ်က (အင်းကျွန်တော်ငယ်ငယ်ကဆိုတာ ဆယ်နှစ်သားလောက်ကပေါ့လေ) လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကပေါ့ ကျွန်တော့်အိမ်က အရမ်းစည်းကမ်းကြီးတာဗျ၊ သင်္ကြန်ဆို အိမ်ထဲမှာထောင်ချထားလိုက်တော့တာ အဲဒီတော့ ကျွန်တော့်စိတ်ထဲမှာ ငါကြီးရင်တော့ မန်းတလေးသင်္ကြန်ကိုကဲမယ်ဆိုပြိးစိတ်ကူးယဉ်ပြီး လူကအိမ်ထဲမှာပဲနေ ရတာဆိုတော့ ညကြီးမိုးချုပ်မှာ အိမ်ထဲကခိုးထွက်ပြီး သူငယ်ချင်းတစ်ယောက်(နေ့လည်ပိုင်းကတည်းက ဘ၀တူသူငယ်ချင်းတစ်ယောက်ကိုတိုင်ပင်ထားတာပါ) နဲ့အပြင်ခိုးထွက်ပြီး အဒေါ်တစ်ယောက်အိမ်သွားနေ ပြီးတော့ အိမ်ကလွှတ်လိုက်တယ်လို့လိမ်ရတာပေါ့လေ။ အောင်မလေးခင်ဗျာ..ကံများကောင်းချင်တော့ အတက်နေ့ကျမှအိမ်ကအဒေါ်အိမ်ကိုလိုက်ရှာတာတွေ့သွားရောပေါ့..အဟဲ ဘာပြောကောင်းမလည်းဗျာ.. ပန်းတောင်းစိန်လင်းဗျောအတိုင်းကို ဗျောခေါက်တော့တာပဲဗျို့.(အဘိုးအမွေဗျောခေါက်နည်းလေးနဲ့ပေါ့).. ကိုကိုးအိမ်ရဲ့ သင်္ကြန်အမှတ်တရလေးက အဲလို အဲလို.. ကဲခုတော့ လောကကြီးကတရားသေးလားဗျာ.. မန်းတလေးသင်္ကြန်ကိုလည်ချင်ပါတယ်ဆို မနက်ဖြန်ဆို မုံရွာကိုသွားရတော့မယ်.. အော်ဒါနဲ့ မုံရွာကဘလော့ ဂါတွေရှိရင်အကြောင်းကြားသွားနော်.. အဟဲ အိမ်ပေါ်တက်ထမင်းစားမလို့..အဟီး မောင်းချရဘူးနော်..
နောက်တာနော်..ဂယ်မှတ်နဲ့..တော်ကြာမောင်းထုတ်လိမ့်မယ်...ဒါပဲ..ဘာကြီးမှန်းလည်းသိဘူး
အဟဲ ဒီစာလေးကစိတ်ထဲရှိတာရေးလိုက်တာပါ..ဖတ်လိုက်လို့ပျော်သွားရင်လည်းဝမ်းသာပါ၏.. အလကား အချိန်ကုန်သွားတယ်ဆိုရင်လည်း တောင်းပန်ပါ၏ခင်ဗျာ.. စာအရေးအသားကတစ်မျိုးဖြစ်ချင်ဖြစ်နိုင်စ ကောင်းပါ၏။ ခွင့်လွှတ်နားလည်ပေးကြသူများကိုလည်းကျေးဇူးတင်ပါ၏။
စာရေးသူ...ကိုကိုးအိမ်(၁၀.၄.၂၀၁၀) စနေနေ့

5 ယောက်ကစာမူခပေးသွားပါတယ်:
ကိုကိုးအိမ်ရယ်..
ငယ်ငယ်တုန်းကလိုပဲ မုံရွာကနေ ပြန်ခိုးတက်လာပေါ့..။
မန္တလေးမှာ ခြေသလုံးလှလှလေးနဲ့ လည်လည်သွားရအောင်..။ သင်္ကြန်မှာပျော်ရွင်နိုင်ပါစေ..။
မဗေဒါ
မန္တလေး သင်္ကြန်ဆိုတာ အခုတော့ ဘာမှ မကောင်းတော့ပါဘူး ဝမ်းမနဲ နဲ့ ကိုးကိုးအိမ်
ခင်တဲ့
ရွှေစင်
မုံရွာရောက်ရင် ဒေါနခြံရောက်အောင်သွားဗျ။ ကောင်မလေးတွေ ချောတယ်။ သလ္လာဘက်တော့မသွားနဲ့ ချောင်းရိုက်လိမ့်မယ်။ ကျောက်က္ကာဘက်သွားရင် ဆိုင်ကယ်နဲ့ ၀ိုင်းတိုက်လိမ့်မယ်။ တိုင်းဘက်မှာသွားကဲရင်တော့ စစ်သားအစုခံရလိမ့်မယ်။ ဒါဗြဲ။
ကြားရတာ ၀မ်းသာစရာ အဲ..လေ မှားလို့ ၀မ်းနည်းစရာ စိတ်လျော့ကောင်လေး အသက် ၂၀ ပြည့်ပြီ ခြေသလုံးဖြူဖြူလေးတွေထားခဲ့တော့
(ငါတော့ ကဲလိုက်ဦးမယ် ဟီး )
ကဲ လို့ ကောင်းနေပလား ကိုကိုးကျွန်းရေ .. အဲ့ ကိုကိုးအိမ်ရေ ...
သင်္ကြန်နာတော့ မဖြစ်စေနဲ့အုံး ..
အန္တရာယ်တွေ ကြည့်ရှောင် ပေါ့ ..
ကြုံတုံး ရေလောင်းသွားတယ် .. မန်းလေး ကျုံး ရေ နဲ့ .. လာလေရော့ .. ဗွမ်းးးး
ခင်တဲ့
မကိ
Post a Comment