အင်း တန်ခူးပြီးတော့ ကဆုန်လကိုရောက်ပြန်ပေါ့... အဲဒီကဆုန်လမှာပဲ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေအ တွက်အထွဋ်အမြတ်ထားစရာ ကဆုန်ညောင်ရေသွန်းပွဲကြီးပါလာပြန်တာပေါ့ဗျာ.. ကဆုန်လက ပူသကိုးဗျ.. တန်ခူးရေကုန် ကဆုန်ရေခန်းလို့ စာဆိုရှိခဲ့ပေသပေါ့။ ကဆုန်ညောင်ရေသွန်းပွဲဆိုတာက ဘာသာရေးပွဲတော် တစ်ခုဖြစ်ပါတယ်.။ ကဆုန်ညောင်ရေသွန်းပွဲမှာဆိုရင် ဗုဒ္ဓပွင့်ထွန်းတော်မူရာ ညောင်ဗုဒ္ဓဟေပင်ကို ညောင်ရေ သွန်းလောင်းပူဇော်ကြပြန်သပေါ့...။ သွန်းလောင်းပူဇော်တဲ့အခါမှာ ရေလေးတွေထည့်ပြီးညောင်ပင်ကိုလောင်း တဲ့ရေအိုးလေးတွေကိုတော့ ညောင်ရေအိုးတဲ့ဗျ..။ ကိုကိုးအိမ်တို့ မြန်မာအခေါ်အဝေါ်ပေါ့လေ..။
တကယ်တော့ ကဆုန်လဆိုတာ ဗုဒ္ဓရှင်ပင်လောင်းလျာ သိဒ္ဓတ္ထမင်းသားလေး ဖွားမြင်တော်မူရာ နေ့ထူးနေ့ မြတ်ဖြစ်ပါတယ်..သုံးလူ့ရှင်ပင် ကျွန့်ထိပ်တင်အဖြစ် သစ္စာလေးပါးမြတ်တရားကိုသိမြင်တော်မူတဲ့ ဘုရားရှင် အဖြစ်ရောက်တာလည်း ကဆုန်လပြည့်နေ့ပါပဲ။ လေးဆယ့်ငါးဝါပတ်လုံးမရပ်မနားအများအကျိုးဆောင်ခဲ့ပြီး ပရိနိဗ္ဗာန ပြုခဲ့တာလည်း ကဆုန်လပြည့်နေ့ပါပဲ။ ကျွန်တော်တို့ငယ်ငယ်ကဆိုခဲ့ဖူးတဲ့ ကဆုန်လပြည့် ပူးမင်းနေ့ဝယ် ချမ်းမြေ့စုံစီ လုမ္မနီတွင် မဟီလှိုက်ဆူဖွားတော်မူသည် နတ်လူအောင်မြို့ကိန်းပါကိုဆိုတာမျိုး အစရှိသဖြင့် အဌကထာဆရာများရေးသားခဲ့ပါတယ်..။ အဲဒီတော့ လူအတော်များများက ကဆုန်လပြည့် ဗုဒ္ဓနေ့ဆိုပြီး ဆိုစမှတ်ပြုခဲ့ကြပါရော..။
ကိုကိုးအိမ်တို့နေထိုင်ရာ မန်းတလေးရွှေမြို့တော်ကြီးမှာလည်း ကဆုန်လပြည့်နေ့ကိုရောက်ပြီဆိုရင်ဖြင့် ၆၉လမ်းပေါ်မှာရှိတဲ့ ဗောဓိကုန်းဘုရား၊ မန်းတလေးတက္ကသီလာအနီးမှာရှိတဲ့ (အတိအကျပြောရရင် ဘလော့ဂါ ဆရာမကြီး ရွှေစင်ဦး တို့နေထိုင်ရာအိမ်အနီးပေါ့လေ..) ဗောဓိပင်ဘုရားတို့ဆိုတာ တိုးမပေါက်အောင်စည်တာ ကိုးခင်ဗျ..ဒီတော့ ကိုကိုးအိမ်ကလည်း ဘုရားတွေကိုဝေးဝေးလံလံသွားနေရမှာ ဆိုတော့ (အမှန်က နီးလွန်းလို့ပြောတာပါ ..နီးလိုက်တာမှ အိမ်ကထွက်လိုက်တာနဲ့ ရောက်ကော..အဟီး) ပဲခူးဆားသိက္ခာတက်အောင် မဖြစ်မနေသွားရောက်ဖူးမျှော်ခဲ့ပါတယ်.. ဗောဓိကုန်းဘုရားက ငုဝါပင်ဆိုရင်လည်း အပင်လုံးညွှတ်နေအောင် ၀ါထိန်နေလိုက်တာ ကိုကိုးအိမ်တောင် မယုံသင်္ကာနဲ့ ပန်းတွေချိတ်ထားတာလားလို့ မေးမိရအောင်ပါပဲ.. အော် ဘုရားတန်ခိုးပေကိုး..
ကဲကိုကိုးကတော့ ကဆုန်လပြည့်ကိုဖြတ်သန်းပုံလေးရေးပြပြီးပါပြီ.. ဘော်ဒါတို့လည်းကဆုန်လပြည့်နေ့ကို ဘယ်လိုဖြတ်သန်းခဲ့ကြတယ်ဆိုတာ ပြောသွားခဲ့ကြပါဦးနော်...
လေးစားလျှက်
စာရေးသူ...ကိုကိုးအိမ် (၁၃၇၂ ကဆုန်လပြည့်နေ့ည ၉နာရီ)
4 ယောက်ကစာမူခပေးသွားပါတယ်:
ညနေကျမှ ကဆုန်လပြည့်နေ့မှန်း မှတ်မိတော့တယ်... အလုပ်ရှုပ်နေတာနဲ့ မေ့သွားတာ... ဒါနဲ့ လင်မယား နှစ်ယောက် အိမ်ကဘုရားကို ရောင်တော်ဖွင့်ကြ ရေသပ္ပာယ်ကြပါတယ်..ဆောဆောကြိုသိရင် အိမ်ကဘုရားကို မနက်ရုံးမသွားခင် ကြိုလုပ်သွားလို့ရတာပေါ့ ။ ဒါဆို ညနေကျတော့ ဘုန်းကြီးကျောင်းသွား ဝတ်လေးဘာလေးတက်... ဒီက ဘုန်းကြီးကျောင်း အကြီးကြီးမှာတော့ ညောင်ပင်အကြီးကြီးရှိတယ်.. တခြားကျောင်းတွေတော့ သတိမထားမိဘူး...ခုတော့ အိမ်မှာပဲ ဘုရားကို သောက်တော်ရေယ ပန်း ဆီမီး လှူပြီးတော့ သီတဂူဆရာတော်ဘုရားကြီးရဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့ဆိုတဲ့ တရားကို သေချာနာတယ်... တရားပြီးမှ ရန်ကုန်က ပို့လိုက်တဲ့ ငါးသလောက်ပေါင်းနဲ့ သရက်ချဉ်သုတ်စားလိုက်တာ မနက် ၇ နာရီမှ တရေးနိုးရောပဲ... ဒါက မနေ့က ကဆုန်လပြည့်နေ့ကို ဖြတ်သန်းပုံလေး... ရန်ကုန်မှာတော့ ကဆုန်လပြည့်နေ့တိုင်း ညနေဆို ဘုရားမှာ ညောင်ရေသွားသွန်းဖြစ်တယ်...
တစ်ခါရောက်ဖူးတယ်၊ ဗောဓိကုန်းဘုရား ညောင်ရေသွန်းပွဲက တော်တော်စည်ပါတယ်၊
အင်း ကဆုန်လပြည့်နေ့ဆိုတာ ရောက်တဲ့နေ့မှာဘဲ သိလိုက်ရတော့တယ်
ဘုရားတရားနဲ့ ဝေးနေတာကြာသွားပြီမို့
ဒီပိုစ့်လေးလာဖတ်ပြီး ဘုရားတရား ပြန်သတိရသွားပြီ
ရွှေတိဂုံစေတီနဲ့ မဟာမြတ်မုနိကို သတိရလိုက်တာ....
ကျန်းမာပါစေမင်္ဂလာပါ ကိုကိုးအိမ်-ရေ
ဗောဓိကုန်းဘုရားအဝင်ဝမှာ ခရေပင်အဋ္ဌကီးဋ္ဌကီးအခုရှိသေး
လားသိချင်သေးတယ်ဗျ-ကျနော် မုံရွာသားပေမဲ့မန်းတလေးမြို့ တော်ဋ္ဌကီးမှာပထမနှစ်အထိ
တက်ခဲ့ဘူးပါတယ်ဗျာ-(မန်းတလေးသားဖြစ်ချင်လို့ ပြော
တာမဟုတ်ပါဘူး) တကယ်ပြောခဲ့တာပါ။
Post a Comment