ကဲ...သူများတွေတော့လည်း ပျော်စရာသင်္ကြန်အတွေ့အကြုံတွေကိုပြောပြကုန်ကြတာတွေ့နေရတော့ ကိုကိုးလည်း ၂၀၁၀မုံရွာသင်္ကြန်ကို အားရ၀မ်းသာပြောပြရတော့တာပေါ့ခင်ဗျာ။
ကိုဇော်သိင်္ခ ကလည်း မန်းတလေးသင်္ကြန်အကြောင်းအားရပါးရပြောပြ။ သက်တန့်ချို ကလည်း ရန်ကုန်သင်္ကြန်ကိုရှယ်ကဲဆိုတော့ ကိုကိုးလည်း မုံရွာသင်္ကြန်အကြောင်းကြွားရတော့တာပေါ့.. အဟဲ
ကိုကိုးတို့ကတော့ ဘယ်လောက်တက်ကြွပြီးတော့ ကြွတက်နေလည်းဆိုတော့ သင်္ကြန်က 13ရက်နေ့ကျမှာကို 12 ရက်နေ့ကတည်းက (မဟာနွယ်) မန်းတလေး၊မုံရွာ အမြန်ယဉ်စီးပြီးတော့ကို သွားတော့သကိုးဗျ။ ကဲဒီလိုနဲ့ သင်္ကြန်အကြိုနေ့ရောက်ကောဆိုပါတော့ဗျာ..
ကိုဇော်သိင်္ခ ကလည်း မန်းတလေးသင်္ကြန်အကြောင်းအားရပါးရပြောပြ။ သက်တန့်ချို ကလည်း ရန်ကုန်သင်္ကြန်ကိုရှယ်ကဲဆိုတော့ ကိုကိုးလည်း မုံရွာသင်္ကြန်အကြောင်းကြွားရတော့တာပေါ့.. အဟဲ
ကိုကိုးတို့ကတော့ ဘယ်လောက်တက်ကြွပြီးတော့ ကြွတက်နေလည်းဆိုတော့ သင်္ကြန်က 13ရက်နေ့ကျမှာကို 12 ရက်နေ့ကတည်းက (မဟာနွယ်) မန်းတလေး၊မုံရွာ အမြန်ယဉ်စီးပြီးတော့ကို သွားတော့သကိုးဗျ။ ကဲဒီလိုနဲ့ သင်္ကြန်အကြိုနေ့ရောက်ကောဆိုပါတော့ဗျာ..
သင်္ကြန်အကြိုနေ့
ကဲဒီနေ့တော့ အားရပါးရကိုလည်လိုက်မဟဲ့လို့အားခဲ့လိုက်ကာ ကောင်းကောင်းမွန်မွန်ဝတ်စားပြီးသွားဖို့ တာစူနေတော့တာပေါ့ဗျာ... အဲ..အဲဒီမှာစတွေ့တာပါပဲဗျာ..ကိုကိုးရဲကအဒေါ်တစ်ယောက်က တရားစခန်းဖွင့် ထားတာ ဒီအကြိုနေ့လေးတော့ လာပြီးစခန်းဝင်ပါဦးဆိုပြီးလာခေါ်လို့ ဟောဒီကကောင်ခမျာမှာလေ... အရှေ့ကိုလျှောက်ပါလို့ အနောက်ကိုမျှော်ပြီး အကြိုတရားစခန်းဝင်လိုက်ရပါလေကောခင်ဗျာ... အင်း တရားစခန်းရောက်တော့လည်း အဟီး စခန်းကကျွေးတာတွေနင်းကန်စားပြီး တရားထိုင်တာလေ တရားဟော နေတုန်းတော့အကောင်း ထိုင်တရားလည်းရောက်ပီဆိုကော တစ်နာရီလုံးလုံး ဘုရားကိုထိုင်ထိုင် ဦးချတော့တာပါပဲ( အဟဲ အိပ်ငိုက်တယ်လို့မပြောနဲ့နော် သူများမြင်ရင်အထင်ကြိးအောင်...အဟီး) စိတ်က လေ ဘယ်လိုမှကိုထိန်းလို့မရတော့ ညနေစာလွတ် ဘုရားကိုရိုသေလိုက်ပါလေရော... ဒီလိုနဲ့
သင်္ကြန်အကျနေ့
အကျနေ့ရောက်ကောဆိုပါတော့ အဟဲ ဘလော့ဂါမောင်မိုး အညွန်းအတိုင်း ဒေါနခြံကို ရောက်ကောဆိုပါတော့ဗျာ။ ဒေါနခြံနားက ရေစဉ်ကြီးတ၀ိုက်ကကောင်မလေးတွေချောချက်တော့ဗျာ ကိုကိုမောရမဲ့ကိန်းဆိုက်ပါလေကော။ ဒီလိုနဲ့မောင်ကြီးမပြန်နိုင်ဖြစ်ကာ အကျနေ့မှာတော့ရေစဉ်ကြီးမှာပဲ လမ်းဆုံးကောခင်ဗျ။ အဲညကျတော့မှ မဏ္ဍပ်တွေလိုက်လျှောက်ကြည့်တော့တာကိုခင်ဗျ။ ဗိုလ်ချုပ်လမ်းပေါ် က ဗဟိုမဏ္ဍပ်က အတော်စည်သကိုး။ ကောင်မလေးတွေချောချက်ကတော့ဗျာ ကလိုက်ကြတာကလည်း နတ်သမီးလေးတွေလိုပဲ(ဟွန်း..သီချင်းဆိုတဲ့ကောင်ကြီးကတော့ ကျုပ်တို့မှာကြည့်လို့ကိုမရပေါင်ဗျာ) အဟဲ နောက်တော့ ရေခဲတောင်မှာ အအေးသောက်မယ်ဆိုသွားတော့ ကိုကိုရေခဲတောင်ဆိုင်ကပိတ်ထားပါ လေကောခင်ဗျာ။ ဒါနဲ့ ကျွန်တော်တို့မှာ ကြံရည်နဲ့ပဲညားခဲ့ကောခင်ဗျာ။ ဒီလိုနဲ့.........
သင်္ကြန်အကြတ်နေ့
ဒီနေ့တော့ပျော်စရာကောင်းတယ်ဆိုရမလားဘဲ။ တစ်မြို့လုံးကို ကားငှားပြီးပတ်တော့တာပဲဗျို့ ..အိုးလှလိုက်တဲ့ အနောက်မြောက်တိုင်းမြို့တော်သူလေးတွေ.. အညာမြေက ထွေးမြ ကိုတောင်မေ့ချင်ချင်.. အဟီး...ကျွန်တော်တို့မှာ နာရီစင်ကြီးရှေ့က Golden Arrow မဏ္ဍပ်ရှေ့မှာ ကဲတော့တာပေါ့ဗျာ... အဟဲ သီချင်းလေးကတော့ ပရိတ်သတ်ကြီးများသိကြတဲ့အတိုင်း အေသင်ချိုဆွေ ရဲ့ တင်းတယ်ပေါ့ဗျာ။ ဒီလိုနဲ့ အဲဒီ နေ့က တစ်မြို့လုံးပတ်ရုံတင်မက ချင်းတွင်းမြစ်ဘေးသွားပြီး ရှူ့ခင်းတွေတ၀ကြီးကြည့်ပြီး ဆုတောင်းပြည့်ဘုရားဘက်ကနေ ပတ်လာခဲ့ရောပေါ့ခင်ဗျာ ...အဲ ညပိုင်းကျတော့လည်း မဏ္ဍပ်တွေသွားကြည့်သေးခင်ဗျာ.. မုံရွာမှာလည်း မန်းတလေးလို ငှက်ကြီးတွေခေါင်းတပ်ထားတဲ့ သင်္ကြန်ကားတွေလည်း အပေါသားဗျ.. နွေကြိုငှက်တို့ မုံရွာရွှေမြေတို့ဆိုတာတော့ နာမည်ကြီးတွေပေါ့ဗျာ။ မဏ္ဍပ်တွေမှာလိုက်ပြိုင်ပြီး မြို့ပတ်တာကလည်း ကြည့်လို့ကောင်းလိုက်ပုံတော့ ပြော..ပြောချင်ပေါင်ဗျာ...ဒီလို နဲ့..............
အတက်နေ့
အတက်နေ့ရောက်ကောဆိုပါတော့...အင်းဒီနေ့တော့ မုံရွာမြို့တွင်းကဘုရားတွေကုန်အောင်ဖူးလိုက်မဟဲလို့ အားခဲကာ မနက်မိုးလင်းတာနဲ့ဘုရားဖူးဖို့တာစူတာပေါ...သင်္ကြန်မိုးကလည်းဒီနေ့မှကောင်လိုက်ချက်...တ၀ုန်း ၀ုန်းကိုနေလို့ဗျို့.။ဒါနဲ့ အဲဒီနေ့က မုံရွာ ရွှေစည်းခုံ၊ ဆုတောင်းပြည့် စတဲ့ ဘုရားတွေနဲ့တကွတခြားဘုရာတွေ လည်းအစုံဖူးဖြစ်ခဲ့တာပေါ့ဗျာ...ကုသိုလ်နည်းနည်းလေးပြုဖြစ်ပုံလေးပါ (အဟီး)... ဒီလိုနဲ့ညပိုင်းကျတော့ ဆုပေးပွဲတွေလိုက်ကြည့်ဖြစ်တယ်ဗျ...အင်းသင်္ကြန်နောက်ဆုံးနေ့လေးဆိုတော့လည်း နှမြောမိသေးဗျာ.... ဒီလိုနဲ့..................
နှစ်ဆန်းတစ်ရက်နေ့
နှစ်ဆန်းတစ်ရက်နေ့ရောက်ပြန်ကော....ဒါနဲ့ အ၀တ်သစ်လေးဝတ်ပြီး အင်း....ဒီနေ့တော့ မုံရွာပတ်ပတ်လည် က တန်ခိုးကြီးဘုရားစုံဖူးလိုက်မဟဲလို့အားခဲပြီး ကိုကိုးမိသားစုတွေနဲ့ ကားတစ်စီးငှားပြီးမိုးညှင်းသံဗုဒ္ဒေဘုရားကိုသွားဖူးကြပါလေရော..အိုးဘုရားတိုင်းပြည်ကြီးတစ်ခုကို ရောက်သွားသလိုပါပဲဗျာ..
ဒီလိုနဲ့မိုးညျင်းဆရာတော်ကြိးကို သတိတရနဲ့စိုးစန္ဒာထွန်းရဲ့ သံဗုဒ္ဒေသီချင်းကိုတောင် ညည်းဖြစ်လိုက်မိသေး. ဒီလိုနဲ့ ဗောဓိတစ်ထောင်ဘက်ကို ဘုရားဖူးဆက်လက်ချီတက်ခဲ့ပါလေရောဗျ...အိုး........ဗောဓိတစ်ထောင်မှာ လည်း ရွှေသာလျောင်း အောင်စင်္ကြာစေတီအပြင် ကမ္ဘာ့အံ့ဘွယ် လေးကျွန်းစင်္ကြာရပ်တော်မူဘုရားကြီးကို ဖူးလိုက်ရတော့ စိတ်ထဲမှာ အရာရာပြီးပြည့်စုံသွားသလိုခံစားလိုက်ရပါတယ်ဗျာ...အော် ဘုရားတန်ခိုးပေကိုး။ စိတ်ထဲမှာ ငြိမ်းချမ်းလိုက်ပုံများတော့ဗျာ... ဘုရားကြီးက ဥာဏ်တော် ပေ ၄၂၄ပေ အမြင့်ရှိပြီး အထပ် ၃၃ထပ် ပါတယ်ဗျ... တစ်ထပ်စီ တစ်ထပ်စီမှာ ၃၁ဘုံရဲ့ တစ်ထပ်ချင်းစီကို ပြထားတာများ ငရဲဘုံတွေကြည့်ပြီး ကိုကိုးအိမ်ခမျာ ကြက်သီးတောင်ထမိသေး... ရှေ့နေတွေ အတွက်ပြထားတဲ့ငရဲအထပ်များတော့လေ ငါးမျှား ချိတ်ကြီးတွေပါးစပ်မှာချိတ်ပြီး(အမလေးပြောရင်းတောင်ကြက်သီးထတယ်ဗျ) ငရဲသားတွေလုပ်နေလိုက်တာ များ ရှေ့နေလုပ်ချင်စိတ်တောင်ပျောက်တယ်ဗျ... ဗုဒ္ဒဘာသာတိုင်း အဲဒီ လေးကျွန်းစင်္ကြာရပ်တော်မူဘုရား ကြီးကိုသွားဖူးသင့်တယ်ဗျ။...။ ဒီလိုနဲ့ ကျောက္ကာရွှေဂူနီ၊ ရွှေဂူဖြူဘုရားကြီးကိုရောက်ခဲ့ပါကောဗျာ.။ အိုး..ရွှေဂူနီ ဘုရားကြိးများတော့ဗျာ ရွှေတွေချထားလိုက်ကြတာ ရွှေတွေအိပြီး ရွှေတုံးကြိးကိုဖြစ်လို့ဗျာ.. ကိုကိုးအိမ်တို့ တောင် ရွှေသင်္ကန်းဝင်ကပ်ခဲ့သေး(ဘုရားသမိုင်းခွေတွေလည်းပူဇော်ခဲ့ပါရဲ့) ဒါနဲ့ ရွှေဂူဖြူကိုဆက်သွားရောဆို ပါတော့ဗျာ။...။ ရွှေဂူဖြူ၊ရွှေဂူနီကို ဗောဓိတစ်ထောင်ကနေ့သွားတဲ့ ဖြတ်လမ်းကလည်း ဆိုးလိုက်တာမပြော မပြောပါနဲ့အေး ဆိုတဲ့ သီချင်းထဲကအတိုင်းပြောရမလိုပင်။ သမိုင်းဝင်ဘုရားတွေကိုလိုက်ဖူးလိုက်ပြီး ဘုရားရိပ် တရားရိပ်မှာခိုလှုံလိုက်ရတော့ စိတ်ထဲလုံခြုံသွားသလိုပဲဗျာ...ဒီလိုနဲ့ ၂၀၁၀နှစ်ဆန်းတစ်ရက်နေ့ကို ဘုရားရိပ်မှာခိုလှုံခဲ့ပြီး နှစ်ဆန်းနှစ်ရက်နေ့မှာ ရွှေမန်းဌာနေမောင်တို့မြေကို သန်မြန်သူ အမြန်ယာဉ်စီးပြီး ပြည်တော်ဝင်ခဲ့ပါကြောင်း ပျော်စရာသင်္ကြန်ရက်များကို ပြန်လည်ဖောက်သည်ချလိုက်ရပါသည်ခင်ဗျား။....။
စာရေးသူ...ကိုကိုးအိမ်

5 ယောက်ကစာမူခပေးသွားပါတယ်:
တော်သေးတာပေါ့။ မောင်ကြီးမပြန်နိုင်ဆိုတဲ့စကားကြားလိုက်ရလို့။ ဟီးးးမဟုတ်ရင် မောင်မိုး အဆဲခံရမယ်။ တော်တော်ပျော်ခဲ့ပုံရတယ်။ သာဓုပါ...သာဓု။
ကိုကိုးအိမ်ရေ နှစ်ဆန်းတစ်ရက်နေ့ကုသိုလ်တွေကို သာဓု ခေါ်သွားပါတယ် ရှင်။ ကိုကိုးအိမ်ရေးတာဖတ်ပြီး မန်းတလေး မုံရွာဘုရားဖူး ထွက်ချင်စိတ်တွေ ပိုများလာပြီ။ ပြန်ဖြစ်ရင်တော့ သွားချင်တယ်။ ဒါပေမယ့် သွားချင်တာတွေ စားချင်တာတွေများ နေတော့ ဆယ်ကိုယ်လောက်ကိုယ်ခွဲမှကိုရမယ်။ :(
ဒီလိုဆိုတော့်လည်း ကိုကိုးတို့က မုံရွာမှာ တော်တော်ပျော် ခဲ့ရသားပဲနော်.. ဘုရားအစုံရောက်ခဲ့တာ ဆိုတော့ ကုသိုလ်လည်း ပိုရခဲ့တာပေါ့နော်.. ကောင်းပါတယ်...လေ.. မန္တလေး မှာ နေရတာထက်စာရင် မုံရွာက ပိုပြီးပျော်စရာကောင်းသွားတာပေါ့နော်...
ကိုးကိုးအိမ် တို့များ တယောက်ထဲ အတော်ပျော်ခဲ့တာပေါ့နော်
ဝမ်းသာပါ၏
ရွှေစင်
ပို့စ်လေးဖတ်ရတာ အပျော်တွေပါကူးစက် လာရတယ်။သင်္ကြန်မှာ တော်တော်ပျော်ခဲ့ပုံရတယ်။
မုံရွာမြို့ရဲ့ အလှရှူခင်းပုံလေးတွေ ပါကြည့်ရရင် ပိုပြည့်စုံသွားမယ်နော်။
ခင်မင်စွာ..
မြသွေးနီ
Post a Comment