မိုးပြာဂိုဏ်းနှင့်သာသနာ့အန္တရာယ်(၂)

|

ဦးဥာဏဆိုသည်မှာ

မင်းကွန်းတောင်ရိုးတွင် တရားကျင့်ကြံရာမှ မိမိကိုယ်ကို ရဟန္တာဖြစ်သည်ဟု ကြေညာခဲ့သည်။ သံဃာ့ဝိနည်းဓိုရ်အဖွဲ့က ၁၉၈၃ ခုနှစ်တွင် စုံစမ်းစစ်ဆေးခဲ့သည်။
မြို့နယ်ဝိနည်းဓိုရ်၊ တိုင်းဝိနည်းဓိုရ်၊ နိုင်ငံတော်ဝိနည်းဓိုရ် အဆင့်သုံးဆင့်စလုံးတွင် ရှုံးနိမ့်သည့်အတွက် ဦးဥာဏကို လူဝတ်လဲစေခဲ့သည်။
ထို့ပြင် ၀ိနည်းဓမ္မကံ (၉-၁၁) တို့ဖြင့် တရားစွဲခံရပြီး ၁၉၈၃ မှ ၁၉၈၆ ခုနှစ်တိုင်အောင် ထောင်သုံးနှစ် ကျခံခဲ့ရသည်။
ဝိနည်းဓမ္မကံ (၉-၁၁) အရ တရားစွဲခံရသော်လည်း မင်းကွန်းတိပိဋကဆရာတော်ဘုရား၏ မေတ္တာရပ်ခံမှုကြောင့် ထောင်သုံးနှစ်သာ အပြစ်ပေးခံခဲ့ရကြောင်း သိရသည်။

ထောင်မှလွတ်သောအခါ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေကို အခြေပြုလျက် မိုးပြာခြံကိုတည်ထောင်ပြီး ပစ္စုပ္ပန်ကမ္မ ၀ါဒ ဗုဒ္ဓဘာသာအမည်ဖြင့် သာသနာပ၀ါဒများကို ဖြန့်ချိဟောကြားခဲ့သည်။
ဓမ္မပါမောက္ခ၀တ်စုံဟု အမည်ပေးကာ မိုးပြာရောင်ရှပ်အင်္ကျီနှင့် ဘောင်းဘီအပွတို့ကို ၀တ်ဆင်ခဲ့သည်။ အနုပါဒါယဉ်ကျေးမှုဌာနဟူ၍ ပစ္စုပ္ပန်ကမ္မ၀ါဒအယူအဆများကို စာပေး၊ စာယူပုံစံဖြင့် သင်ကြား ပို့ချခဲ့သည်။

၁၉၉၁ခုနှစ်တွင်ထေရ၀ါဒသာသနာတော်အတွင်းမှသံဃာဂိုဏ်းသီးသန့်ထောင်ရန် ကြိုးပမ်းမှုဖြင့်တရားစွဲဆိုခံရသည်။
ထောင်ဒဏ် ၁၀ နှစ် ကျခံခဲ့ရကြောင်း သိရသည်။ သို့သော် လျှော့ရက်များဖြင့် ၁၉၉၈ ခုနှစ်တွင် ထောင်မှလွတ်မြောက်ခဲ့ပြီး ၎င်းအယူဝါဒများကို ဆက် လက်ဟောပြောခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ သစ္စာပန်းလမ်း၊ (ဌ) ရပ်ကွက်၊ ခြံအမှတ် ၂၀ ကို ဌာနချုပ်ပြုလုပ်လျက် ပစ္စုပ္ပန် ကမ္မ၀ါဒ (အဓမ္မ၀ါဒ) အယူများကို ပို့ချခဲ့သည်။ လိုအပ်လျှင် အိမ်တိုင်ရာရောက်ပုံစံဖြင့်လည်းကောင်း၊တစ်ဦးချင်းဆွေးနွေးမှုပုံစံဖြင့်လည်းကောင်း၊ အဖွဲ့လိုက်ဆွေးနွေးမှုပုံစံဖြင့်လည်းကောင်း လိုက်လံစည်းရုံးဟောပြောလေ့ရှိကြောင်း သိရသည်။

အင်တာနက်အသုံးပြုသူများကိုလည်း ...
(၁) www.forums.myanmarcommunity.com
(၂) http://sayamvasi.goolgepages.com (ပစ္စုပ္ပန်ကမ္မ၀ါဒ)
(၃) http://www.yatanar.co.cc (ရတနာ)
(၄) http://human-buddha.blogspot.com (လူသားဗုဒ္ဓ)
(၅) http://buddhismabc.blogspot.com (ဗုဒ္ဓဘာသာကကြီးခခွေး)
(၆) http://buddhismabc.blogspot.com (ဘာသာရေးဆွေးနွေးခန်း)
(၇) http://forums.myanmarcommunity.com (ဆွေးနွေးခန်း)
(၈) http://www.mandalaygazette.net (မန္တလေးဂေဇက်မဂ္ဂဇင်း)
(၉) http://azai.mmgenius.com (အပါယ်ရတနာ)
(၁၀) http://dhammaviharri.org (ဓမ္မ၀ိဟာရီ)
တို့ဖြင့် စည်းရုံးနေကြောင်း သိရသည်။


ပညာရှင်အင်အား၊ ဘာသာဝင်အင်အား၊ ငွေကြေးအင်အား၊ ပုံနှိပ်ထုတ်ဝေ ဖြန့်ချိရေးအင်
အား
အကြီးမားဆုံး၊ အခိုင်မာဆုံး အဓမ္မ၀ါဒီဂိုဏ်းကြီးဖြစ်
ငွေရတုပူဇော်ပွဲစာအုပ်ကို သေချာလေ့လာကြည့်လျှင် အလွန်ပင်ထင်ရှားမည် ဖြစ်ပါသည်။
ပညာတတ်အမည်ခံ ဦးဥာဏိန္ဒာလင်္ကာရ၊
ဦးဝိစိတ္တသာရာဘိဝံသ၊
ဦးစိုးအောင် (သ-စ-အ ဓမ္မာစရိယ၊ သုတေသနကျမ်းပြုဌာနမှူးဟောင်း) စသည်များအပြင်
စာရေးတတ်သူ၊ဟောပြောတတ်သူအများအပြားရှိနေကြသည်။အခြေခံသင်တန်းများရော၊ ဓမ္မ၀ိဟာရီသင်တန်းများပါ ရှိကြောင်းသိရပါသည်။
ဓမ္မ၀ိဟာရီသင်တန်းတို့တွင် အာသ၀က္ခယ ၀ိဟာရီစာတမ်း ပြုစုကြရကြောင်းလည်း သိရပါသည်။ ဓမ္မဆရာ ဦးရန်အောင်၏ ဟောပြော ချက်များအရ သြဠာရိက+သုခမ တိုင်းရင်းဆေးပညာရှင်များ အုပ်စုလိုက်ကြီးပင် ထိုဂိုဏ်းသားများ ဖြစ်ကြကြောင်းလည်း သိရပါသည်။ အင်းဝဘဏ်မှ ဦးရင်စိန်ကဲ့သို့သော သူများကြောင့်လည်းကောင်း၊ ဦးမြင့်ဝင်းမောင် (အေဇက်စာပေအိမ်) ကဲ့သို့ ပုံနှိပ်တိုက်ပိုင်ရှင် ကျွမ်းကျင်သူ များကြောင့်လည်းကောင်း၊ စာအုပ်အများအပြား ထုတ်ဝေနိုင်ကြောင်းလည်း သိရပါသည်။
ဦးဝိစိတ္တသာရာဘိဝံသသည် စာအုပ်များစွာတို့ကို ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ထုတ်ဝေလျက် နေရာများစွာသို့ သွားရောက်ပေးဝေ စည်းရုံးနေကြောင်းလည်း သိရသည်။ ထိုင်းနိုင်ငံတွင် ပညာသင်ကျောင်းသားအဖြစ် နေထိုင်လျက် ၀ါဒဖြန့်နေသူ ဦးကုမာရာလင်္ကာရလို နိုင်ငံတကာ ဆက်သွယ်ရေးကွန်ရက်များကို ဖန်တီးနိုင်ခြင်းကြောင့်လည်းကောင်း၊ ဦးÓဏကိုယ်တိုင်ကပင် ၀ိဟာရီအမည်ခံလျက် အင်တာနက် အသုံးပြုဟောပြောချက်၊ ဆွေးနွေးချက်တို့ကို ပြုလုပ်နေခြင်းကြောင့်လည်းကောင်း၊ ထိုင်းနိုင်ငံတွင်လည်း တစ်ဘ၀သာရှိသည့် ပဋိစ္စသမုပ္ပာဒ်ဝါဒီ ရှင်ဗုဒ္ဓဒတ္တလို ထိုင်းဘုန်းကြီးများရှိနေခြင်းကြောင့်လည်းကောင်း၊ အင်တာနက်အားဖြင့်လည်း ကမ္ဘာသို့တိုင်အောင် ပေါက်ရောက်ကျယ်ပြန့် လျက်ရှိနေကြောင်း သိရပါသည်။
စင်္ကာပူဗုဒ္ဓဘာသာလူငယ်များကြားတွင် အလွန်ရေပန်းစားသောဂိုဏ်းဖြစ်၍ စင်္ကာပူနေ မြန်မာဗုဒ္ဓဘာသာများက မှာယူသဖြင့် ပေးပို့ ရောင်းချသည့်စာအုပ်များမှာ များပြားလှကြောင်း သိရပါသည်။
အရိယဘဏ္ဍာရန်ပုံငွေကဲ့သို့သော ရန်ပုံငွေများလည်း အလှူခံလေ့ရှိခြင်းကြောင့် အလွန်တိုးတက်ကြီးထွားနေကြောင်း သိရပါသည်။ ထို့ပြင် လစဉ်ထုတ်ပေးစာများကို ရောင်းချသည့်ဝင်ငွေများနှင့် အခွန်လွတ်ထုတ်ဝေထားသည့် စာအုပ်ကြီးတို့ကို တစ်အုပ်လျှင် ကျပ် ၃၀၀၀ နှုန်းဖြင့် ရောင်းချသည့်အတွက် ဂိုဏ်းဝင်များထံမှ ရောင်းရငွေများကြောင့် အလွန်စည်ကားနေကြောင်း သိရသည်။ လွတ်လပ်တဲ့လူတစ်အုပ်လျှင် ကျပ် ၃၀၀၀၊ ငွေရတုပူဇာတစ်အုပ်လျှင် ကျပ် ၃၀၀၀၊ သင်တန်းခွေတစ်စုံလျှင် ကျပ် ၅၀၀၀ စသည်)။
ဤသို့ဖြစ်နေသည့် အင်အားများကြောင့် ၎င်းအဓမ္မ၀ါဒီဂိုဏ်းကြီးသည် အခိုင်မာဆုံး၊ အင်အားအကြီးဆုံး အဓမ္မ၀ါဒီဂိုဏ်းကြီး ဖြစ်နေရပေသည်။

သတိထား၍ ရှောင်ရှားကြပါကုန်
ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု အနာဂတေ သာသနံ လဇ္ဇီ ရက္ခိဿတိ

မေတ္တာတံခွန်  မှကူးယူဖော်ပြပါသည်။ (ကိုကိုးအိမ်)

3 ယောက်ကစာမူခပေးသွားပါတယ်:

သမီးကြီး said...

သာသနာအတွက် ကြောက်စရာကောင်းတဲ့ အန္တရာယ်ပါပဲရှင်။ အခုလိုသိနိုင်ရှောင်နိုင်အောင် ရေးသားသတိပေးတဲ့ ကိုကိုးအိမ်ကို ကျေးဇူးတင်ပါတယ်ရှင်။ အခြားအဓမ္မ၀ါဒီဂိုဏ်းများ အကြောင်းကိုလည်း ရေးသားဖေါ်ပြပေးပါအုန်းနော်။

SHWE ZIN U said...

သာသနာ ကို တတ်နိုင်သလောက် ကာကွယ် နေတဲ့ ကိုကိုးအိမ် ကို လေးစားပါတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ဂျေဂျူဝိုင် said...

ရတနာမှာ
www.yatana.co.cc
အစား
http://yatana.blogspot.com သို့ ပြောင်းသွားသည်။

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB