ခါးပိုင်း၊ကျောပိုင်းနှင့် ပတ်သက်၍ ဝေဒနာအလွယ်တကူဖြစ်တတ်သူများ

|

ကဲ....ဒီတစ်ပတ်တော့ကိုကိုးမှာတခြားရေးစရာအကြောင်းအရာလည်းမရှိတော့ ကျန်းမာရေးဘက်ကိုလှည့်ပြီ ပေါ့ခင်ဗျာ။ ဒီတစ်ခါတော့ စိမ်းပြာရေညှိအကြောင်းရေးရင် ဘော်ဘော်တို့ ပျင်းမှာစိုးသဖြင့် ခါးပိုင်းကျောပိုင်းနှင့်ပတ်သက်တာကိုပဲ ရေးလိုက်ပါ၏ပေါ့...အဟဲ..
ကဲ..ပြောနေ ကြာ၏...ဖတ်လိုက်ရအောင်ခင်ဗျာ...

(၁) ကွန်ပျူတာ၊ အင်တာနက်နှင့် တီဗွီရှေ့တွင် အချိန်ကြာမြင့်စွာ ထိုင်ကြည့်တတ်သူများ၊ စာရင်းကိုင်များကဲ့သို့ အချိန်ကြာမြင့်စွာ အလုပ်လုပ်ကိုင်သူများ၊

(၂) သရုပ်ဆောင်များ၊ အလုပ်သမားများ၊ ဆေးသူနာပြုများ၊ စန္ဒယားတီးသူများ၊ တယောထိုးသူများစသည့် အနုပညာရှင်များ၊ 

(၃) နေထိုင်အိပ်စက်မှူ့ပုံစံ မမှန်ကန်သည့်သူများ၊ အလွန်ပျော့ပြောင်းသည့် မွေ့ယာပေါ်တွင် အိပ်စက်ရန် ကြိုက်နှစ်သက်သူ၊ ခါးရိုးရှေ့သို့အလွန်အမင်းကိုင်းသူများ၊

(၄) ခါးကိုင်း၍အလုပ်လုပ်ကိုင်သူ၊ ကြာရှည်စွာအနေအထားတစ်ခုဖြင့် အလုပ်လုပ်ကိုင်နေသူများ၊ အချိန်ကြာမြင့်စွာ မတ်တပ်ရပ်သူများ၊ သတ္တုတွင်းတွင် ကြာရှည်အလုပ်လုပ်သူနှင့် အအေးခန်းတွင် အလုပ်လုပ်ကိုင်သူများ၊

    အထက်ဖော်ပြပါပုဂ္ဂိုလ်များသည် အလွယ်တကူ ခါးမျက်ခြင်း၊ အရိုးနုပြားများထဲရှိ အရွတ်များပြတ်တောက်ခြင်း၊ အရိုးအဆစ်များနှင့် အခြားအစိတ်အပိုင်းများ ထိခိုက်မိနိုင်ပြီး ခါးနှင့်ပတ်သက် သောဝေဒနာ ဖြစ်နိုင်သည့်အပြင် ခါးပိုင်းရှိ အဂါင်္အစိတ်အပိုင်းများ၏ လုပ်ဆောင်ချက်များ ချွတ်ယွင်းမှူ့များ ဖြစ်လာသည်။

(၅) အသက် ၃၅နှစ်အထက်သို့ရောက်လာသောအခါ အရွတ်များမှာ စတင်အိုမင်းပျက်စီးလာပြီး ဆွဲနိုင်ဆန့် နိုင်သောအား ကျဆင်းလာသောကြောင့် ခါးပိုင်းမှာ ပြင်ပမှလာသောဒဏ်များကို ခံနိုင်ရည်မရှိဘဲ အလွယ်တကူခါးကိုက်ခြင်းများဖြစ်လာသည်။

(၆) မမှန်ကန်သည့်အနေအထား၊ အ၀လွန်ခြင်း၊ စိတ်ဖိစီးမှူ့များခြင်း၊ အလုပ်တာဝန်ပိသူများ၊ ခါးရိုးစစ်နှင့် မြီးညှောင့်ရိုးမှာ ပုံသဏ္ဍာန်ပြောင်းလဲလာပြီး နာကျင်ကိုက်ခဲခြင်းဖြစ်လာသည်။ ဘေးပတ်ဝန်းကျင်ရှိ ကြွက်သားများမှာလည်း တင်းကြပ်၍ ကျုံ့ဝင်ကာ နာကျင်ခြင်းဝေဒနာကို ပိုမိုပြင်းထန်လာစေသည်။


စာရေးသူ...ကိုကိုးအိမ် (၈.၄.၂၀၁၀) ကြာသာပတေး

1 Comentário:

kiki said...

ကွန်ပြူတာ သုံးတာ မကြာသေးပေမဲ့ ..
ခါးနာနေတတ်တာတော့ကြာပါပြီ ....

အသက်ကလေးထောက်လာတယ် ဆိုရမယ်ပေါ့ .
ခုလို အသိပေးတာ ကျေးဇူးပါ.. ကိုကိုး ရေ..

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB