မုန်တိုင်းကြေငြာချက်

|

ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်ဖြစ်ပေါ်နိုင် 

မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် ဧပြီလအတွက် တတိယ(၁၀)ရက်ပတ် မိုးလေ၀သခန့်မှန်းချက်အရ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းမှတဆင့် မုန်းတိုင်းငယ်ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

၂၀၁၀ခုနှစ် ဧပြီလ တတိယ(၁၀)ရက်ပတ်အတွက် မိုးလေ၀သခန့်မှန်းချက်

ဘင်္ဂလားပင်လယ်အော်အခြေအနေ

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ်ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

မိုးအခြေအနေ

ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် ၃ရက်မှ ၅ရက်ခန့်နှင့် ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် ၂ရက်ခန့် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ကျန်ပြည်နယ်နှင့် တိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

နေ့အပူချိန်

ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ထက်ပိုပြီး ကျန်ပြည်နယ်နှင့် တိုင်းတို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိမည်။

မြစ်ရေအခြေအနေ

ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ကသာမြို့တို့တွင် (၄)ပေခန့်၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့တို့တွင် (၃)ပေခန့်နှင့် ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ဟင်္သာတမြို့နှင့် ပြည်မြို့တို့တွင် (၂)ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါသည်။ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့တို့တွင် (၂)ပေခွဲခန့် မော်လိုက်မြို့၊ ကလေးဝမြို့နှင့် မုံရွာမြို့တို့တွင် (၁)ပေခွဲခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန


မျှဝေသူ...ကိုကိုးအိမ်

 


1 Comentário:

SHWE ZIN U said...

ကိုးကိုးအိမ် အခုသတင်းတင်လိုက်လို့ ထင်တယ် မုန်တိုင်းလာနေတယ်

ကျေးဇူးနော်
ရွှေစင်

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB