တာလီဘန်တို့လက်နက်ချရန် ကာဇိုင်း ငွေပေးစည်းရုံး

|


ကဘူးလ် - တာလီဘန်တိုက်ခိုက်ရေး သမားများကို လက်နက်ချပြီး အရပ်သူ အရပ်သား ပြည်သူလူထုဘ၀မျိုးဖြင့် ပြန်လည်နေထိုင် သွားစေရေးကို ဆွဲဆောင်ခြင်းအဖြစ် ငွေကြေးနှင့် အလုပ်အကိုင်များ ဖန်တီးပေးရန် အနောက်နိုင်ငံများက ဖြည့်ဆည်းပေးထားသည့် ရည်မှန်းချက်ကြီးမားသော အစီအစဉ်တစ်ရပ်ကို အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်းက ဇန်န၀ါရီလ ၂၂ ရက်နေ့တွင် ထုတ်ဖော်ပြော ကြားခဲ့သည်။

ဘီဘီစီသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောကြားခဲ့သည့် သူ၏သဘောထားမှာ အမေရိကန်ပြည်ထောင်စုကာကွယ် ရေးဝန်ကြီး ရောဘတ်ဂိတ်စ်က တာလီဘန်တို့သည် အာဖဂန်နစ္စတန်နိုင်ငံ 'နိုင်ငံရေး အဖွဲ့အစည်း'၏ အစိတ်အပိုင်းပင်ဖြစ်သည်ဟု ဖော်ပြပြီး နောင်အနာဂတ်အခန်း ကဏ္ဍမှန်သမျှသည် သူပုန်များ ၎င်းတို့၏ လက်နက်များချရေးပေါ်တွင်မူတည် လိမ့်မည်ဟု ပြောကြား ခဲ့ပြီး နောက်ပိုင်းတွင် ပေါ်လာခဲ့ခြင်းဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကလည်း ရေရှည်နှင့် စစ်ရေးမဟုတ်သော မဟာဗျူဟာတစ်ရပ်ကို ထုတ်ဖော်ပြောကြားရာ၌ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်နိုင်ငံတို့ တည်ငြိမ်မှုရရှိစေရန်၊ အရပ်သား ပါရဂူများ ထပ်မံပို့ပေးရန်နှင့် အစွန်းရောက်ဝါဒီများကို လူ့အဖွဲ့အစည်း ခေတ်ရေစီးကြောင်းသို့ ပြန်လည် ဆွဲဆောင်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

"အာဖဂန်ပြည်သူလူထုအတွက် ငြိမ်းချမ်းရေးကို ဘယ်နည်းနဲ့ဖြစ်ဖြစ် ရရှိစေရမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ သာမန်အရပ်သူ အရပ်သားဘ၀ကိုပြန်လာဖို့ ကျွန်တော်တို့ ချဉ်းကပ်စည်းရုံးတဲ့သူတွေကို အလုပ်လုပ်နိုင်စွမ်းတွေ ဖြည့်ဆည်းပေးရမယ်၊အလုပ်အကိုင် ရှာဖွေပေးရမယ်၊ ကာကွယ်စောင့်ရှောက်မှုပေးရမယ်၊ သူတို့ ရပ်ရွာတွေမှာ ပြန်လည်အခြေချနေနိုင်စေရပါလိမ့်မယ်"ဟု လာမည့် တစ် ပတ်တွင် လန်ဒန်မြို့၌ ကျင်းပမည့် အာဖဂန်နိုင်ငံဆိုင်ရာ နိုင်ငံတကာ ကွန်ဖရင့် မတိုင်မီ သောကြာနေ့က ထုတ်လွှင့်သည့် တွေ့ဆုံ မေးမြန်းခန်းတွင် ကာဇိုင်းက ပြောကြားခဲ့သည်။

အယ်လ်ကေဒါအဖွဲ့ဝင်များ၊ သို့မဟုတ် အခြားသော အကြမ်းဖက်အုပ်စုများ၏ အဖွဲ့ဝင်များဖြစ်သော သဘောထားတင်းမာသည့် တာ လီဘန်ထောက်ခံသူများက ကမ်းလှမ်းမှုကို လက်ခံလိမ့်မည် မဟုတ်ကြောင်း၊ တာလီဘန်တို့က ၎င်းတို့၏ ဆန္ဒအလျောက်တိုက်ပွဲဝင် သူများအား အာဖဂန်အစိုးရက ၎င်း၏ တပ်ဖွဲ့များကို ပေးသည့်လစာနှုန်းများ ထက်ပို၍ မြင့်မားသည်။ သမ္မတက ပြောကြားရာတွင် သူ၏ လုပ်ငန်းစီမံချက်များသည် လိုအပ်သောငွေကြေးများ ဖြည့်ဆည်းရန် နိုင်ငံတကာက ကျောထောက်နောက်ခံပြု အားပေးမှုများ ရှိမည်ဟု ဆိုသည်။


မျှဝေသူ...ကိုကိုးအိမ်

1 Comentário:

လိုင် said...

ဖတ်သွားပါတယ်
ကျေးဇူးပါ

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB