ကိုကိုး ကျန်းမာရေးအကြောင်းရေးမယ်ဆိုတော့ ဘာရေးရမှန်းမသိတာနဲ့ စိတ်ကူးထဲပေါ်လာတဲ့ စိမ်းပြာရေညှိအကြောင်းရေးမယ်ဆိုပြီး ဒီပို့်စ်လေးကိုေ၇းဖြစ်ခဲ့တာပါ။ နောက်ထပ်လည်း စိမ်းပြာရေ ညှိနဲ့ပတ်သက်တာတွေအလျှဉ်းသင့်သလိုေ၇းသွားသွားပါဦးမယ်။
ခေတ်မီတိုးတက်လာသောကမ္ဘာကြိးနှင့်အတူ လူသားတို့သည် တစ်ဦနှင့်ယှဉ်ပြိုင်ရခြင်း၊ အလုပ်တာဝန်များပြားခြင်းနှင့်စိတ်တင်းကြပ်ဖိစီးစွာအလုပ်လုပ်ကိုင်ရခြင်းတို့ကြောင့် နေထိုင်စား သောက်မှူ့အပိုင်းတွင် စနစ်တကျမဖြစ်တော့ချေ။ထို့ကြောင့် လုပ်ငန်းအောင်မြင်မှူ့ရရှိ လာချိန်နှင့် တစ်ပြိုင်နက် ကျန်းမာရေးကိုပါ ပေးဆပ်လိုက်ရသည်။ ထို့အပြင် စက်မှူ့လုပ်ငန်းတိုးတက်လာသည် နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်ညစ်ညမ်းခြင်း၊ ဓာတ်ရောင်ခြည်ပြန့်ခြင်း၊ အဆိပ်ရှိသည့် ဓာတုပစ္စည်း များနှင့် ခေတ်ပေါ်ရောဂါတို့သည် မျက်မှောက်ခေတ် လူသားတိုင်းကို တိုက်ခိုက်နေတော့သည်။ လှပ ကောင်းမွန်သော လူ့ဘ၀ကို ဇိမ်ရှိရှိခံစားပြီး ကျန်းမာသော နေထိုင်မှူ့ဘ၀ရရှိရန် ဟူသော မျှော်မှန်း ချက်မှာ အိပ်မက်သာဖြစ်နေပေတော့သည်။
အမေရိကန်၊ ဂျပန်၊ ဂျာမနီ၊ အစရှိသည့် ကမ္ဘာအရပ်ရပ်မှ သိပ္ပံပညာရှင်များနှင့် ဆေးပညာရှင် ပုဂ္ဂိုလ်တို့သည် နှစ်ရှည်လများ သိပ္ပံစမ်းသပ်မှူ့နှင့် ရောဂါဖြစ်နေသူတို့အား လက်တွေ့ဆန်းစစ်ခြင်း ဖြင့်အထပ်ထပ်သက်သေပြနိုင်ခဲ့သည်မှာ စိမ်းပြာရေညှိ သည် ရောဂါအမျိုးမျိုးကို ကြိုတင်ကာကွယ် ပေးခြင်းနှင့် ဆေးကုသမှူ့အပိုင်းတွင် ပံ့ပိုးကူညီမှူ့ပေးနိုင်သော အာနိသင်ရှိမည့်အပြင် မလိုလားအပ်သော ညနောက်ဆက်တွဲဆိုးကျိုးများလည်း ဖြစ်ပေါ်ခြင်းမရှိချေ။
စိမ်းပြာရေညှိသည် အပူပိုင်းနှင့် ထပ်ဆင့်အပူပိုင်း၏ အယ်လ်ကာလီသတ္တိရှိ ရေငံကန်ထဲတွင် ရှင်သန်ပေါက်ရောက်သည်။ ဇီဝ၊ ရုက္ခဗေဒပညာရှင်များ၏ ဆန်းစစ်သက်သေပြချက်အရ ကမ္ဘာပေါ် တွင် အစောဆုံးဖြစ်လာသော သက်ရှိတစ်မျိုးဖြစ်သည်။ စိမ်းပြာရေညှိသည် အောက်စီဂျင်ကို ထုတ်လုပ်ပေးပြီး ခန္ဓာကိုယ်ဇီဝ လည်ပတ်မှူ့ကို ကူညီအားပေးပါသည်။
စိမ်းပြာရေညှိ၏ နောက်ခံသမိုင်းအကျဉ်း
အာဖရိကတိုက်ရှိ တောသူတောင်သားတို့သည် ရှေးယခင်ကပင် စိမ်းပြာရေညှိ၏ အာဟာရတန်ဖိုးကို နားလည်ထားကြပြီးဖြစ်သည် ၄င်းတို့၏ ခန္ဓာကိုယ် ကျန်းမာသန်စွမ်းကာ ခွန်အား ပြည့်ဖြိုးစေရန်နှင့် ပူအိုက်သော ပတ်ဝန်းကျင်တွင် အသက်ရှင်ရပ်တည်နို်င်ရေးအတွက် အဓိက အစားအစာအဖြစ်စားသုံးကြသည်။ ဆေးပညာရှင်များ၏ စုံစမ်းတွေ့ရှိချက်အရ ၄င်းတို့အား ရောဂါဖြစ်ခြင်း၊ ဖျားနာခြင်း ဖြစ်ခဲစေသော စွမ်းရည်ကို ကောင်းအောင်ပြုပြင်ပေးနိုင်ပြီး စွမ်းဆောင်ချက်ကိုပို၍ ရှည်ကြာစေနိုင်သည်။ အော်ဂဲနစ်ခရိုမီယန်သည် ဆီးချိုရောဂါသည်၏ သကြားခံနိုင်ရည်ပမာဏကို ပြုပြင်ပေးနိုင်သည်။ သွေးတွင်းသကြားနှင့် အဆီကိုချပေးနိုင်သည်။
စိမ်းပြာရေညှိ၏ သကြားနိမ့်ကျသော ဆောင်ရွက်မှူ့သည် အနောက်နိုင်ငံ သောက်ဆေးအ မျိုးမျိုးတို့ထက်ပိုပျော့သော်လည်း အန္တရာယ်ဖြစ်စေသည့် နောက်ဆက်တွဲထိခိုက်မှူ့ လုံးဝမရှိသဖြင့် ရေရှည်သုံးစွဲနိုင်သည်။ သွေးချိုရောဂါအနည်းငယ်နှင့် အသင့်အတင့်ရှိသူ သို့မဟုတ် သွေးအတွင်းရှိသကြားဓာတ်ကို အခြေခံအားဖြင့် ထိန်းချုပ်မှူ့ရပြီးသူများအတွက် အထောက်အကူ အဖြစ် သုံးစွဲနိုင်သည်။ တစ်ကိုယ်လုံး၏ စွမ်းဆောင်မှူ့များကို ကောင်းမွန်လာအောင် ပြုပြင်ပေးနိုင် သည်။ တစ်ချိန်တည်းတွင် ဓာတုပေါင်းစပ်ဖွဲ့စည်းမှူ့ ဖြစ်ပေါ်လာသောကြောင့် သကြားဓာတ်ကျဆေး သောက်သုံးရန်ပမာဏကို လျှော့ချခြင်းဖြင့်၎င်း၏ အန္တရာယ်ပြု နောက်ဆက်တွဲ ထိခိုက်မှူ့ကို လျော့ နည်းစေနိုင်သည်။

2 ယောက်ကစာမူခပေးသွားပါတယ်:
AIDS ဖြစ်နေတဲ့ အသိတစ်ယောက် တစ်နေ့ကို စိမ်းပြာရေညှိဆေး ၃ ဗူးကုန်အောင်စားတယ်။ သူ့ကိုကြည့်ရတာ ကျန်းမာနေတဲ့ သာမန်လူတစ်ယောက်လိုပဲ။ ဘာသဘောလဲတော့မသိဘူး။
ဗဟုသုတ တွေ မျှဝေပေးတဲ့ ကိုကိုးအိမ် ကို ကျေးဇူးတင်ပါတယ်
Post a Comment