ကိုကိုးကြုံခဲ့ရတဲ့ အလုပ်သင်ရှေ့နေဘ၀ဟာသ

|

တစ်ခါက လူသတ်မှူ့တစ်ခုကျူးလွန်လို့ တရားရုံးမှာ စစ်ဆေးတဲ့အခါ တရားခံရှေ့နေကြီးက ခံပြသက်သေ ဆရာဝန်ကို မေးပါတယ်။

ရှေ့နေ.. ဆရာ့အနေနဲ့ အမှူ့ဖြစ်တဲ့နေရာကိုရောက်ခဲ့တာဟုတ်ပါတယ်နာ်။

ဆရာဝန်..ဟုတ်ပါတယ်..ေ၇ာက်ခဲ့ပါတယ်

ရှေ့နေ...ဆေးကုလိုက်ရသေးလား။

ဆရာဝန်..မကုလိုက်ရပါဘူး...

ရှေ့နေ..မကုလိုက်ရဘူး..ဟုတ်လား..ဒါဆို လူနာကို ဆရာဝန်တစ်ယောက်အနေနဲ့ဆေးကုရမဲ့တာဝန်ရှိတာသိပါတယ်နော်

ဆရာဝန်..သိပါတယ်

ရှေ့နေ...သိရက်နဲ့လူနာကိုမကုတာဆရာဝန်အနေနဲ့အပြစ်ရှိပါသလား။

ဆရာဝန်...ကျွန်တော်ရောက်သွားချိန်မှာလူနာဟာသေနေပါပြီ...

ရှေ့နေ...လူနာသေမသေ ဆရာ့အနေနဲ့ ဘယ်လိုသိပါသလည်း...သေတယ်မသေဘူးသိရအောင်စမ်းသပ်ရဦးမှာပေါ့

ဆရာဝန်....လူနာဟာကျွန်တော်ရောက်သွားချိန်မှာ ခေါင်းနဲ့ ခန္ဓာကိုယ်ဟာ ငါးပေလောက်အကွာမှာရောက်နေပါပြီ လို့
ပြန်ပြောလိုက်ပါတော့တယ်

စာရေးသူ...ကိုကိုးအိမ် (21.3.2010)

3 ယောက်ကစာမူခပေးသွားပါတယ်:

မောင်မိုး said...

တော်တော်ဆိုးတဲ့ရှေ့နေပဲ။ ကပ်သပ်ပြီးမေးနေပုံက အညင်ကတ်စရာ။

victorOway said...

အကယ်၍ နောက်ဆုံး NLDမှာ မှတ်ပုံတင်ရေး/မတင်ရေးကိစ္စနဲ့ပါတ်သက်လို့ NLDပါတီကြီးကွဲမည့်အနေအထားသို့ ဦးတည်လာလျှင် NLD ပါတီကိုတော့နိုင်ငံရေးအရ အကွဲခံလို့ မရပါဘူး။
(၁)ပါတီမှတ်ပုံတင်သင့်သည်ဟု အဆိုပြုသော ပုဂ္ဂိုလ်များကို NLD ပါတီအဖြစ်မှ နှုတ်ထွက်စေပြီး သီးခြားပါတီထောင်ခွင့်ပြုစေပြီး မှတ်ပုံတင်လျှင်တင်ပါစေ။
(၂)NLD ပါတီကြီးအနေဖြင့်၁၉၉၀ခုနှစ်ရလဒ်၊ ရွှေဂုံတိုင်ကြေခြာချက်နှင့် မတရားသည့်ဥပဒေကို ဥပဒေအရ တိုက်ပွဲဝင်သွားဘို့ ဆက်လက်ရှိသင့်သည်။
(၃)ထိုမတရားသည့်ဥပဒေကို တရားနည်းလမ်းကျသည့် ဥပဒေဖြစ်လာပါမှ NLD မှတ်ပုံတင်ရေး၊ မတင်ရေးနှင့် ရွေးကောက်ပွဲဝင်ရေးမ၀င်ရေးကို ဆုံးဖြတ်နိုင်မည်ဖြစ်သည်။
ရဲဘော်ဂျာကြီး

SHWE ZIN U said...

အေးတာဘဲ.
ဆရာဝန် ပြောလိုက်မှ ရှင်းသွားတယ်

ခင်တဲ့
ရွှေစင်

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB