တရုတ်နှင့်အမေရိကန်တို့သည် 2005 ခုနှစ်က ကုန်သွယ်ရေးအငြင်းပွားမှူ့ကြီး ပေါ်ပေါက်ခဲ့ဖူးသည်။ အမေရိ ကန်သို့တင်ပို့သော အထည်အလိပ်နှင့် ချုပ်ပြီးအ၀တ်အထည်များနှင့်ပတ်သတ်၍ အငြင်းပွားခြင်းဖြစ်သည်။ ယခုတစ်ကြိမ် အငြင်းပွားမှူ့မှာ သံမဏိပိုက်လုံးများ၊ တာယာများနှင့် ကြက်သားပို့ ကုန်များနှင့် ပတ်သတ်၍ဖြစ်သည်။ ယခင်အငြင်းပွားစဉ်က တရုတ်တို့က အမေရိကန်တို့၏ သတ်မှတ်ချက်ကို ဖြည်းဖြည်းချင်းလိုက်လျောခဲ့သည်။ သို့သော် ယခုအငြင်းပွားမှူ့တွင် တရုတ်တို့က လိုက်လိုက်လျောလျော ဆက်ဆံနိုင်မည်မဟုတ်ကြောင်းကို သတင်းများထွက်ပေါ်လာသည်။ တရုတ်ကတင်ပို့သည့် တာယာနှင့် သံမဏိပိုက်အပေါ် အမေရိကန်တို့က အခွန်တိုးမြှင့်ကောက်ခံသည့်အတွက် အမေရိကန်က တရုတ်နိုင်ငံသို့ တင်ပို့သည့် ကြက်သားအပေါ် တရုတ်တို့က အခွန်ပိုမိုတိုးမြှင့်ကောက်ခံလိုက်သည်။
အမေရိကန်၏ စီးပွားရေးကျဆင်းနေချိန်တွင် ပြန်လည်အဖတ်ဆည်နိုင်ရန် တရုတ်တို့က အမေရိကန် Bond စာချုပ်များ ၀ယ်ယူထားခြင်းအားဖြင့် ကျားကန်ပေးထားသည်။ ဤအချက်မှာ တရုတ်တို့၏ အားသာချက်ဖြစ် သည်။ တရုတ်တို့က အကျိုးအမြတ်ရရှိသော ရုပ်ရှင်လုပ်ငန်း၊ ကြေးနန်းဆက်သွယ်ရေးလုပ်ငန်း၊ ကွန်ပျူတာ Software လုပ်ငန်း၊ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်သောနည်းပညာ(အစိမ်းရောင်) လုပ်ငန်းများကို ကာကွယ်ပေးသည့် မူဝါဒများကို ကျင့်သုံးရန်ရှိသည်။ ထိုလုပ်ရပ်ကို အမေရိကန်တို့က ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒဟုခေါ်သည်။
ထို့အပြင် စက္ကူတင်ပို့ခြင်း၊ မော်တော်ကားတင်ပို့ခြင်းတို့၌လည်း တရုတ်နှင့်အမေရိကန်တို့အကြား ကုန်သွယ် ရေးအငြင်းပွားမှူ့များရှိလာမည်။ တရုတ်နှင့်အမေရိကန်တို့အကြား ထိုင်ဝမ်သို့ လက်နက်ရောင်းချမှူ့ နှင့်ပတ်သတ်၍ ပြဿနာရှိနေချိန်တွင် ကုန်သွယ်ရေးအငြင်းပွားမှူ့သည် မီးလောင်ရာလေပင့်သကဲ့သို့ ဖြစ် နေသည်။ ကုန်သွယ်ရေးကို လျော့ပါးလာနိုင်သည့် ကိစ္စမှာ ယွမ်ငွေတန်ဖိုးမြှင့်တင်ပေးခြင်းပင်ဖြစ်သည်ဟု ပညာရှင်များကဆိုကြပါကြောင်း ပြန်လည်ရေးသားလိုက်ရပါသည်ခင်ဗျား...........
စာရေးသူ...ကိုကိုးအိမ် (၃၀.၃.၂၀၁၀)






















0 ယောက်ကစာမူခပေးသွားပါတယ်:
Post a Comment