ဒီနေ့တော့ အွန်လိုင်းတက်တဲ့အချိန် ၀ါသနာကသိတဲ့တိုင်းဆိုတော့ ကိုကိုးဘာရေးမလည်းစဉ်းစားရပါတယ်။
နောက်ဆုံးတော့လည်း စဉ်းစားလို့မရတော့တဲ့အဆုံး အဟဲ... ထုံးစံအတိုင်း ကိုယ်သိသမျှစိမ်းပြာရေညှိ အ ကြောင်းလေးပဲရေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါနဲ့ပဲ ခန္ဓာကိုယ်ကူးစက်ရောဂါအမျိုးမျိုးကို ခုခံနိုင်သော စွမ်းရည်ကိုတိုးစေသောစိမ်းပြာရေညှိ ဆိုတဲ့ ပို့စ်လေးမိုးကုတ်သားဘလော့ပေါ်ရောက်လာရခြင်းဖြစ်ပါ ကြောင်းပေါ့ခင်ဗျာ.......
ခန္ဓာကိုယ်ရောဂါခုခံခြင်းစနစ်သည်လူ့ခန္ဓာကိုယ်အတွင်းနှင့်အပြင်မှ ရောဂါဖြစ်စေနိုင်သောအကြောင်း အရင်းများကို မ၀င်ရောက်နိုင်အောင် တားဆီးခုခံပေးသောကြောင့် ခန္ဓာကိုယ်၏ ရေရှည်လုံခြုံမှူ့ကို အာမခံ ချက်ပေးသည်။ အကယ်၍ ရောဂါခုခံခြင်းစနစ်သည် အကြောင်းအမျိုးမျိုးကြောင့် ဖျက်ဆီးတိုက်ခိုက်ခံရလျှင် ခန္ဓာကိုယ်၏ ရောဂါခုခံနိုင်သော စွမ်းရည် နိမ့်ကျလာစေသည်။ ၎င်းကို အခွင့်အရေးယူ၍ ရောဂါများ ၀င်ရောက်လာခြင်းကြောင့် ဆိုးဝါးသောကျန်းမာရေးယိုယွင်းမှူ့ ဖြစ်စေနိုင်သည်။
စိမ်းပြာရေညှိတွင် သီးသန့်ထူးကဲသော အာဟာရပါဝင်ပြီး လူ့ခန္ဓာကိုယ်ရောဂါခုခံခြင်း စွမ်းဆောင်ချက်ကို တိုးစေနိုင်သည့် ဓာတ်ပေါင်းများကြွယ်ဝစွာပါဝင်ပါသည်။ ဥပမာ - ဘီတာကယ်ရိုတင်း၊ ရေညှိစိမ်းပရိုတင်း၊ ပေါ်လီ သကြား အစရှိသည်တို့သည် ခန္ဓာကိုယ်ရောဂါခုခံခြင်းစနစ်၏ ရှင်သန်နိုင်သောသတ္တိကို ထင်ရှားစွာ မြှင့်တင်ပေးသည်။ေ၇ာဂါအမျိုးမျိုးတို့ကို ထိရောက်စွာ သုတ်သင်ပစ်နိုင်သောကြောင့် ခန္ဓာကိုယ်၏ရောဂါ ခုခံနိုင်သော စွမ်းရည်ကို အဖက်ဖက်မှ မြှင့်တင်ပေးပြီး ကူးစက်ခံရမှူ့၊ ကင်ဆာဖြစ်ပွားမှူ့နှုန်းကို ထိရောက်စွာနှိမ်နှင်းနိုင်သည်။
စိမ်းပြာရေညှိ သည် အမိုင်နိုအက်ဆစ်ပမာဏ မြောက်မြားစွာပါဝင်သောကြောင့် အသည်းဆဲလ်ပျက်စီးမှူ့ကို ပြုပြင်ပေးခြင်းကြောင့် အသည်း၏စွမ်းဆောင်ချက်ကို ပြန်လည်ကောင်းမွန်လာစေသည်။ အသည်းရောင် ရောဂါကုသမှူ့အတွက် များစွာအထောက်အကူ ပြုပေးနိုင်သည်။ ၎င်းအပြင် စိမ်းပြာရေညှိ သည် ခန္ဓာကိုယ် ခွန်အားကို ဖြည့်ဆည်းပေးခြင်းနှင့် ပြန်လည်ကျန်းမာလာခြင်းတို့ကို အထောက်အကူပေးသည်။ ၎င်းသည် Metalibolism ကို ချိန်ဆထိန်းချုပ်ပေးခြင်း၊ ကိုယ်တွင်းအင်္ဂါ၏ ဆောင်ရွက်ချက်ကို အားကောင်းစေခြင်း၊ အောက်ဆီဂျင်ချို့တဲ့မှူ့ကိုခုခံပေးခြင်း ပြုလုပ်နိုင်သည်။ ထို့ကြောင့် လူတို့သည် စိမ်းပြာရေညှိ ကို ရေရှည်မှီဝဲ သုံးစွဲပါက ခန္ဓာကိုယ် ခွန်အားပြည့်ဖြိုးနေသည်ဟု ခံစားရပါသည်။
ဆေးပညာရှင်၏ တွေ့ရှိချက်အရ စိမ်းပြာရေညှိသည် ရောဂါခုခံခြင်းစနစ်ကို လှူုံ့ဆော်ပေးနိုင်သည့်အပြင် ခန္ဓာကိုယ်မှ သွေးဥဆဲလ်အသစ် ဖြစ်ပေါ်စေသော စွမ်းရည်ကို တိုးမြှင့်စေနိုင်သည်။ ရောဂါခုခံသောစနစ်တွင် အဓိကပါဝင်သော ရိုးတွင်းခြင်ဆီဆဲလ်၊ ဖာဂိုဆိုက်၊ T ဆဲလ်နှင့် သဘာဝအလျှောက် နာနေသောဆဲလ်ကို သုတ်သင်ပေးသည့်ဆဲလ်၊ သရက်ရွက်နှင့် အဆုတ်ဂလင်းတို့၏ စွမ်းဆောင်မှူ့ကို တိုးမြှင့်အားကောင်းလာစေ သည်။ ဤသို့ဖြစ်ခြင်းမှာ ဖာဂိုဆိုက် ( Phagocytes ) အရေအတွက်များလာခြင်း၊ ရှင်သန်သတ္တိအားကောင်း လာခြင်း၊ ပိုးမွှားကို ထိရောက်စွာသတ်နိုင်ခြင်းတို့ကြောင့်ဖြစ်သည်။
ဂျပန်သိပ္ပံပညာရှင်တို့၏ နောက်ဆုံးထုတ်ပြန်သော သုတေသနပြုစာတမ်းတွင် စိမ်းပြာရေညှိမှ အထူးထုတ် ယူသော အရာတစ်မျိုးသည် AIDS ရောဂါ၊ ရေယုန်၊ ကူးစက်တုပ်ကွေးရောဂါ၊ ပါးစောင်အကျိတ်ရောင်ရောဂါ ကျောက်ကပ်ရောင်ရောဂါ၊ ကျောက်ရောဂါများနှင့် အဆိပ်ဖြစ်ခြင်းတို့ကို တားဆီးထိန်းချုပ်နိုင်ပြီး လူ့ခန္ဓာ ကိုယ်ဆဲလ်အတွက်ကိုမူ ဥပါဒ်မရှိ စိတ်ချစွာစားသုံးနိုင်ပါကြောင်းခင်ဗျား......................
စာရေးသူ...ကိုကိုးအိမ် ( 25*3*2010)
စာရေးသူ...ကိုကိုးအိမ် ( 25*3*2010)

1 Comentário:
ကိုကိုးအိမ် ရေ
အရေးကောင်းတာနဲ့ စိမ်းပြာရေညှိတောင် သောက်ချင်စိတ် ပေါ်လာပြီနော်
ခင်တဲ့
ရွှေစင်
Post a Comment