ဒီနေ့ဘာရေးရကောင်းမလည်းစဉ်းစားလို့မရတာနဲ့ စိမ်းပြာရေညှိအကြောင်းပဲဆက်ရေးဖို့ စဉ်းစားမိပါ တယ်။ အရင်နေ့က စိမ်းပြာရေညှိ ကိုမိတ်ဆက်ပြီးပြီဆိုတော့ ဒီနေ့ စိမ်းပြာရေညှိရဲ့အစွမ်းတွေနဲ့ ဘယ်ရောဂါတွေအတွက် အဆင်ပြေမလည်းဆိုတာကိုရေးမှပဲဆိုပြီးဒီိပို့စ်လေးကို ရေးဖြစ်ခဲ့တာပါ။ ကဲ...ဒါဆို ဒီနေ့တော့ နှလုံးသွေးကြောရောဂါကို စိမ်းပြာရေညှိက ဘယ်လိုကုမလည်းဆိုတာ ဖတ်ကြည့်လိုက်ကြရ အောင်နော်..........ကိုကိုးအိမ်
လူတို့၏ နေထိုင်စားသောက်ပုံ ပြောင်းလဲလာခြင်းနှင့်အတူ နှလုံးသွေးကြောရောဂါသည် ယခုခေတ် မြို့နေ လူစုတို့၏ ပထမလူသတ်သမား ဖြစ်လာသည်။ အသက်အန္တရာယ်ကိုဖြစ်ပေါ်စေသော နှလုံးရောဂါနှင့် လေဖြတ် ခြင်း (ဥိးနှောက်သွေးကြောပိတ်ရောဂါ) မဖြစ်အောင် ကြိုတင်ကာကွယ်လိုလျှင် သွေးရည်ထဲရှိ မကောင်းသော ကိုလက်စထရော ပါဝင်ခြင်းကို လျှော့ချနိုင်ရမည်။ မကောင်းသော အစားအသောက် အလေ့ အထနှင့် နေထိုင်မှူ့အလေ့အကျင့်ကို ပြုပြင်ရမည့်အပြင် ကျန်းမာရေးစောင့်ရှောက်မှူ့ပေးနိုင်သော သဘာဝအစားအစာများကို စားသုံးခြင်းမှာလည်း အလွန်အရေးကြီးလှပါသည်။
တိုကျိုတက္ကသိုလ်၊ သိပ္ပံဘာသာရပ်ဌာနမှ သုတေသနပြုချက်အရ စိမ်းပြာရေညှိ တွင် လိုအပ်သော အဆီ အက်ဆစ်များ ပေါများစွာပါဝင်သည်။ သွေးရည်ကြည်ထဲရှိ ကိုလက်စထရောကို နိမ့်ကျစေနိုင်သော ဆောင် ရွက်မှူ့ရှိသည်။ ၄င်းအပြင် သွေးလွှတ်ကြောမာကျောခြင်းအဆင့်ကို ပြုပြင်ပေးခြင်းဖြင့် နှလုံးရောဂါလျော့ပါး နိုင်သည်။ မက္ကဆီကို၊ အာဂျင်တီးနား၊ ဂျပန်နှင့် အိန္ဒိယပညာရှင်တို့မှ စိမ်းပြာရေညှိသည် ကိုလက်စထရောကို နိမ့်ကျစေနိုင်သော သတ္တိရှိကြောင်းကို တွေ့ရှိခဲ့ကြသည်။ ၄င်းအပြင် စိမ်းပြာရေညှိ သည် နှလုံးသွေးကြောစနစ်၏စွမ်းရည်ကို မြှင့်တင်ပေးပြီး သွေးပေါင်ချိန်အား ထိန်းညှိပေးနိုင်သည်။
ဂျပန်နှင့် အိန္ဒိယနိုင်ငံတို့တွင် ထုတ်ပြန်သော သိပ္ပံသုတေသနစာတမ်းတွင် နေ့စဉ် စိမ်းပြာရေညှိ ဂရမ် အနည်းငယ်ကိုစားသုံးပေးခြင်းဖြင့် သွေးထဲရှိ ကိုလက်စထရောကို နိမ့်ကျစေနိုင်ပါသည်။ ထို့အပြင် သွေးရည်ကြည်ထဲရှိ အဆီပရိုတိန်း (မကောင်းသောကိုလက်စထရော) ကိုနှိမ့်ချပေးပြီး ကောင်းမွန်သော ကိုလက်စထရောကို မြှင့်တင်ပေးနိုင်သည်။ ကိုလက်စထရော နိမ့်ကျသွားသည့်အလျောက် ကိုယ်အလေးချိန် လျော့နည်းသွားတတ်သည်။ သုတေသနပြုမှူ့အားလုံး၏ ဖော်ပြချက်များအရ စိမ်းပြာရေညှိ သည် ကိုလက်စထရောကို နိမ့်ကျစေနိုင်သောကြောင့် နှလုံးသွေးကြောစနစ် ကျန်းမာနေအောင် ထိန်းသိမ်းပေးနိုင် သည့် အလွန်အကျိုးရှိသော အာဟာရဖြည့်စွက်စာပင်ဖြစ်ပါတော့သည်။
စာရေးသူ...ကိုကိုးအိမ် (20.3.2010)ှ

0 ယောက်ကစာမူခပေးသွားပါတယ်:
Post a Comment