အာကာသယဉ်မှူးတစ်ယောက်သည် ခန္ဓာကိုယ်နှင့် စိတ်ပိုင်းဆိုင်ရာ အရည်အသွေးအားလုံးပြည့်စုံရန် အထူးလို အပ်လှပါတယ်။ ထို့ကြောင့် အာဟာရကြွယ်ဝခြင်း၊ အဆင့်မြင့် ပရိုတိန်းတွင် မဖြစ်မနေလိုအပ်သော အမိုင်နိုအက်ဆစ်နှင့် အဆီအက်ဆစ် များစွာပါဝင်ခြင်း၊ ကြွယ်ဝသော ဗီတာမင်နှင့် ဒြပ်စင်အမျိုးမျိုး အနည်းငယ်စီ ပါဝင်ခြင်းစသည့် အာနိသင်စုံအစာ လိုအပ်လှပါတယ်။ ထိုအစာသည် အာကာသတွင်အသုံးပြုရန် ထုထည်သေးငယ်ခြင်း၊ အလေးချိန်ပေါ့ပါးခြင်း၊ အဆိပ်မပါ၍ စိတ်ချရခြင်း၊ စုပ်ယူမှူ့မြန်ဆန်ခြင်း၊ အစာ၏အကြွင်းအကျန် အမှိုက်မဖြစ်ပေါ်ခြင်း၊ အရည်အသွေးလုံးဝစိတ်ချရပြီး သိမ်း ဆည်းရန်လွယ်ကူခြင်း စသောအချက်အလက်များပြည့်စုံရန်လိုအပ်လှပါတယ်။ ထို့ပြင် အာကာသသို့သွား ရောက်သည့် အာကာသယဉ်မှူးများမှာ အာကာသ၏ ဆွဲငင်အားစနစ်ကြောင့် ကမ္ဘာမြေပြင်သို့ပြန်လည် ရောက်ရှိလာချိန်တွင်လည်း ခါးကိုင်းခြင်း၊ အသက်ရှူမ၀ခြင်း၊ ခန္ဓာကိုယ် ကိုယ်ခံအားစနစ်ပုံမှန်အတိုင်းပြန် လည်ရောက်ရှိရန်ခက်ခဲ့ခြင်းတို့ကြောင့် အာကာသယဉ်မှူးများမျာ ရောဂါပေါင်းစုံဖြင့်ရင်ဆိုင်နေခဲ့ကြရပါ သည်။
ဤအခက်အခဲကိုဖြေရှင်းနိုင် ရန်အတွက် အမေရိကန်နှင့် ရုရှားအာကာသပျံသန်းမှူ့စခန်းရှိ သုတေသီအများအပြားတို့သည် အပြင်းအထန် ကြိုးစားရှာဖွေခဲ့ကြရာ ယ္ခုအခါမှာဖြင့်ရင် ကိုကိုးအိမ်တို့ကမ္ဘာကြီးမှာ သဘာဝအတိုင်းပေါက် ရောက်လျှက်ရှိတဲ့ စိမ်းပြာရေညှိဟာဖြင့် အာကာသယဉ်မှူးများရဲ့ လိုအပ်ချက်များကို အကောင်းဆုံးဖြည့် ဆည်းပေးနိုင်ကြောင်းကို တွေ့ရှိခဲ့ရပါသည်ဖြစ်ကြောင်း အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါသည်ခင်ဗျား........

.................
စာရေးသူ...ကိုကိုးအိမ်(၂၃.၃.၂၀၁၀)

0 ယောက်ကစာမူခပေးသွားပါတယ်:
Post a Comment