

ပစ္စုပ္ပန်ကမ္မ၀ါဒီမိုးပြာဂိုဏ်းဦးဥာဏအား ဖေဖော်ဝါရီလ 12 ရက်နေ့(ပြည်ထောင်စုနေ့) မန္တလေးတိုင်း ရန်ကင်း တောင်ခြေရှိ ပစ္စုပ္ပန်ကမ္မ၀ါဒ(မိုးပြာခြံ) အဆောက်အအုံတွင် မိုးပြာဂိုဏ်းချူပ် ဦးဥာဏနှင့် ပေါင်းအပါ(၅)ဦးကို သက်ဆိုင်ရာမှ ဖမ်းဆီးလိုက်ကြောင်း ခိုင်လုံသော သတင်းတစ်ရပ်မှ သိရှိခဲ့ရပါသည်။
ထို့နောက် ပုသိမ်ကြီးတရားရုံးတွင်ရုံးတင်စစ်ဆေးရာ ယခုလ(မတ်လ) 11 ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ်တ ရားရုံးမှပင် သာသနာညှိုးနွမ်းစေမှူ့ဥပဒေပုဒ်မ ၂၉၅(က)အရ ထောင်ဒဏ်လေးနှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ သည်ဟုသတင်းရရှိပါသည်။
စာရေးသူ...ကိုကိုးအိမ်
ရှင်ဥာဏ။ ။ -“တေ,ဇ,သု,နေ,မ,ဘူ,စံ,နာ,၀ိ,ဝေ” ဆိုတဲ့ ဇာတ်ကြီးတွေနဲ့ ဇာတ်တွေထဲမှာ ဘုရားလောင်းဇာတ်လိုက်တွေ သိကြပါတယ် ဘုရား။ အဲဒါတွေကို သူတို့ တကယ် သိနိုင်ကြပါ့မလား။
တပည့်။ ။ကိုယ့်ရှေ့ လူကပြောတော့ သိရတာပေါ့ဘုရား။
(ပ) ကြားနာ ဖတ်ရှူသိမှ ဘုရားဟာ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရတယ်လို့ သိရင် ဘုရားတွေ အဲဒီလောက်ဘ၀တွေ ဖြစ်ရတယ်လို့ မသိပေဘူးလား။ ဘုရားက ရှေ့ ဘ၀ နောက်ဘ၀ ဖြစ်မဖြစ်အယူတွေကို သူမယူဘူးလို့ ပြောပါတယ်။ အဲသည်တော့ ဘုရားက သူမယူဘူးလို့ပြောတာကို ကြားနာ ဖတ်ရှူသိနဲ့ ဘုရားသိနေသူက ယူနေတယ်ဆိုတော့ အဲသည်လိုယူနေတဲ့ ဘုရားဟာ ဘုရားမှား ဖြစ်နေပါတယ်။ တကယ့်ဘုရားက မှားတာလား။ သူတို့အသိထဲက ဘုရားမှားတာလားဆိုတော့
တပည့်။ ။ သူတို့အသိထဲက ဘုရားကမှားတာပါဘုရား။
ရှင်ဥာဏ။ ။အသိမှားခံရထားရတဲ့ ဘုရားက သပ္ပုရိသလား၊ အသပ္ပုရိသလား ဆိုတော့ အသပ္ပုရိသပေါ့။ အသပ္ပုရိသ ကို ဆည်းကပ်မိသူဟာ တရားမရနိုင်ပါဘူး။ တရားမရသူဟာ လူ့တန်ဖိုးမကျအောင် ဘာနဲ့မှ တားစရာ မရှိပါဘူး။ (ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာ လမ်းညွန်စာအုပ်- နှာ- ၇၆-၇၇) ***
အထက်ပါ စကားရပ်တွင် ထေရ၀ါဒဗုဒ္ဓဘာသာဝင်တို့၏ ကိုးကွယ်ရာဖြစ်သော မြတ်စွာဘုရားသည် လေးသင်္ချေနှင့် ကမ္ဘာတသိန်းကာလတိုင်အောင် ရှေးဘ၀ပေါင်း မြောက်မြားစွာ ရှိခဲ့သူဖြစ်၍ ဘုရားမှားဖြစ်သည်။ အသပ္ပုရိသဘုရား( ဘုရားယုတ်မာ) ဖြစ်သည်ဟု ကဲ့ရဲ့ ရှုတ်ချထားပါသည်။ ယင်းသို့ပါရမီ ဖြည့်ကျင့်ခဲ့သော ဘုရားကို ကိုးကွယ်လျှင် တရားမရနိုင်သူများသာ ဖြစ်၍ ယနေ့ ထေရ၀ါဒဗုဒ္ဓဘာသာဝင် အားလုံးသည် တရားမရနိုင်သူများချည်း ဖြစ်သည်ဟု စွပ်စွဲထားခြင်းပင် ဖြစ်ပါသည်။ ယင်းအဆို အားလုံးသည် အဓမ္မ၀ါဒများသာ ဖြစ်ပါသည်။ ထေရ၀ါဗုဒ္ဓဘာသာကို စွပ်စွဲပုတ်ခတ် ဖျက်ဆီးထားသော အဆိုများ ဖြစ်ပါသည်။
တပည့်တော်၏ဆရာတစ်ဆူဖြစ်သော အရှုင်ဝရသာမိအား ဦးခိုက်ပူဇော်ပါ၏။
တင်ပြသူ...ကိုကိုးအိမ်
`ဒီနေရာမှာ...ဓမ္မစေတီ ဆရာစဉ်ဆက်တို့ရဲ့ တိဟိတ်လို့ ယူဆပုံကိုလဲ ပြောပါ့မယ်။ မြန်မာနိုင်ငံမှာ...ရှိရှိသမျှ ဆရာတော်များကလဲ သူတို့ကိုယ်သူတို့ `တို့က ဒွိဟိတ်။ ဒီဘ၀တော့ တရားမရနိုင်ဘူး`လို့ဆုံးဖြတ်ချက်ချကြ ပါတယ်။`.ဒါပေသိ-ဘုန်းကြီးများရဲ့ ဆရာတော်ကြီးက စကားတစ်ခွန်း ပြောလိုက်ပါတယ်။ ပဋိသန္ဓေတုန်းက တော့ ဒွိဟိတ်ဖြစ်ချင်ဖြစ်မယ်။ ဆရာကောင်းသမားကောင်းနဲ့တွေ့၍ တရားဘာဝနာလုပ်သောအခါ ပ၀တ္တိမှာ တိဟိတ်ဖြစ်ခွင့် ရှိပါတယ်။အလွန်ရှားပါးတဲ့  ဆုံးဖြတ် ချက်ပဲ ။`ဒီဆုံးဖြတ်ချက်က-ဒီနေ့ ၀ိပဿနာလောကကြီး၊ တရားဓမ္မလောကကြီးအတွက် (အရေးကြီးလှပါတယ်။) ဒီဆုံးဖြတ်ချက်သာမချခဲ့ရင် သူတို့ လူထွက်ကြရတော့မှာ။ မိန်းမယူရတော့မှာ။ ...တို့ဆရာတော်ကတော့ ပဋိသန္ဓေတိဟိတ်၊ ပ၀တ္တိတိဟိတ်။ ဒါ- ကီး။`အဲဒါ ပစ္ဆိမဘ၀ိက သားနဲ့ ဗုဒ္ဓလောင်းပါ။ မွေးတုန်းက ဒွိဟိတ်။ပ၀တ္တိမှာ တိဟိတ်။ အဲဒီဇာတ(မွေးရာပါ)တိဟိတ်ကို ကျုပ်တို့ မသိ
နိုင်ဘူး။ ကျုပ်တို့ သိနိုင်သည့် တိဟိတ်မှာ ၀ိဇ္ဇာဥာဏ် သမ္မာဒိဋ္ဌိကိန်းအောင် တရားအားထုတ်သော ပုဂ္ဂိုလ်များပါ။
`ဘုန်းကြီးများရဲ့ ဆရာတော်တွေက ပ၀တ္တိတိဟိတ်ဖြစ်ရင်တရားရတယ်လို့ ယူဆကြတယ်။ ပစ္ဆိမဘ၀ိကသား ဆိုတာ ဒီဘ၀သောတာပန်မတည်ဘဲ မသေဘူး။ တရားရကို ရတယ်။´ ဖြေရှင်းချက်....... အထက်ပါတို့သည် အင်္ဂုတ္တို ရ်ပါဠိတော်၊ ဆက္ကနပါတ်၊ သီတ၀ဂ်၊ အာဝရဏသုတ်။ဝိဘင်းပါဠိတော်၊ ဥာဏ၀ိဘင်း။ ပဋိသမ္ဘိဒါမဂ်ပါဠိ တော်၊ မဟာဝဂ်။ ပုဂ္ဂလပညတ်ပါဠိတော်။ ထိုထိုအဋ္ဌကထာများအားလံုး နှင့်ဆန်ကျင်ြကပါသည်။ အကျယ်သိလို ပါက မြတ်ပန်းရဂုံရုပ်စုံ ဓမ္မစာစောင်၊ အမှတ်-၂၁၁၊ဧပြီလ၊ ၂၀၀၉-ခုနှစ်၌ ပါရှိသော အရှင်ကောဝိဒ(ယော)၏ `တိဟိတ် ကိစ္စ´ဆောင်းပါးကို ရှာဖွေ၍ ဖတ်ရှုကြပါကုန်။ဤနေရာတွင် လိုရင်းတစ်ချက်လောက်သာ ဝေဖန်လိုက် ရလျှင်`မြတ်ဗုဒ္ဓ၏ပါဠိတော်များ၊ ရှင်မဟာဗုဒ္ဓဃောသ၏ အဋ္ဌကထာများကိုပစ် ပ ယ် ထားသည်´ ဟူ ၍ သာ ဖြစ် ပါသည် ။အကယ်၍ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာတုနင့် ညီညွတ်လျှင် အကိုးအကား အခိုင်အမာပြသင့်ပါသည်။
`ဘုန်းကြီးများရဲ့ အာစရိယ၀ါဒ´ဟုသာကိုးကားပြ၍ မရနိုင်ပါ။ မှန်၏။ ၄င်းဥက္ကံသဗုဒ္ဓိသည် အဓမ္မ၀ါဒီ ဖြစ်သည်။
ရှေ့တွင် ဖော်ပြခဲ့ပြီးပါပြီ။
မှာထားချက်။ ။ အထက်ပါ တိဟိတ်ဆုံးဖြတ်သည့်အရာတွင်ဝိဇ္ဇာဥာဏ်-သမ္မာဒိဋ္ဌိ-ကိန်းအောင် တရားအားထုတ် နိုင်သော ပုဂ္ဂိုလ်ဟူ၍သုံးထားပါသည်။ ၀ိဇ္ဇာဥာဏ် သမ္မာဒိဋ္ဌိအရ အဘယ်ကို ယူရမည်နည်းဟုမေးလျှင်- အကြောင်း ခန္ဓာ(အတွေးပုံရိပ်-ပညတ်)ကို သိမြင်သောဥာဏ်ဟူ၍ယူရပါမည်။ ထို့ကြောင့် ၀ိဇ္ဇာဥာဏ်ဟူသည်မှာ မိစ္ဆာဥာဏ်သာတည်း။
ဓမ္မစေတီ-အမည်ရှိခွေပါ အမှတ်(၁၇)ပုဒ်၌ဦးကောသလ္လ’က
ဤသို့ ဟောထားပါသည်။
`ငယ်စဉ်တောင်ကျေး ကလေးဘ၀ကတဲက ထေရ၀ါဒလမ်းကြောင်းပေါ်သို့ မျိုးစေ့ချ-စိုက်ပျိုးပေးခဲ့သော အဖေဦးသန်းမြင့်၊အမေဒေါ်တင်လှတို့ကို ပထမကျေးဇူးစကား ဆိုပါ၏။ထိုထေရ၀ါဒမျိုးစေ့ကို ရေလောင်းပေါင်း သင်၍ ကြီးပွားအောင် သန့်ရှင်းတဲ့အပင်ကလေးတစ်ပင်ဖြစ်အောင် ပြုစုပျိုးထောင်ပေးတဲ့ ဆရာတော်ဦးဥက္ကံသ ဗုဒ္ဓိကို ဒုတိယကျေးဇူးစကား ဆိုပါ၏။`ဤ´ ထေရ၀ါဒဗုဒ္ဓသာသနာ အရှေ့တောင်အာရှသို့ရောက်ရှိလာပုံ´ ခေါင်းစီးကို အတည်ပြုပေးသော နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကို တတိယ ကျေးဇူးစကား ဆိုပါ၏။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကို အားလုံးသော ပုဂ္ဂိုလ်တွေက ပထမနေရာမှာ ထားကြတယ်။ ကိုယ်ကတော့ မရဘူး။ မထားဘူး။ကိုယ်က နဂိုကတည်းက ထေရ၀ါဒကို ကိုယ့်အမေ အဖေက ပေးတာ။
ပြီးတော့မှ သူတို့ သံဃမဟာနာယကအဖွဲ့က `ဟာဒီခေါင်းစဉ် သိပ်ကောင်းတာ´လို့ အသိအမှတ်ပြုပေးတာ။ ဘုန်းကြီးက တောင်းထားတာကို သူတို့က အသိအမှတ်ပြုတာ ဖြစ်ခြင်းကြောင့် သူတို့ကို တတိယနေရာသို့ ပို့လိုက်ပါတယ်´
ဦးသန်းမြင့်+ဒေါ်တင်လှ+ဦးဥက္ကံသဗုဒ္ဓိတို့ထံမှ ဓမ္မစေတီဦးကောသလ္လ’ -ရရှိထားသောထေရ၀ါဒသည် အဓမ္မ၀ါဒဖြစ်သော ထေရ၀ါဒ ဖြစ်သည်။
ယခုဗုဒ္ဓဘာသာဝင်တို့-ရရှိထားသော ထေရ၀ါဒသည် ဓမ္မ၀ါဒ ဖြစ်ပါသည်။
တပည့်တော်၏ဆရာတဆူဖြစ်တော်မူသောဆရာတော်ဝရသာမိအားရှိခိုး ပူဇော်ပါ၏ဘုရား။
တင်ပြသူ..ကိုကိုးအိမ်
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ (၁၂) ရက် (သောကြာ)နေ့ကမန္တလေးတိုင်း ရန်ကင်းတောင်ခြေရှိ ပစ္စုပ္ပန်ကမ္မ၀ါဒ(မိုးပြာခြံ) အဆောက်အအုံတွင် မိုးပြာဂိုဏ်းချူပ် ဦးဥာဏနှင့် ပေါင်းအပါ(၅)ဦးကိုသက်ဆိုင်ရာမှ ဖမ်းဆီးလိုက်ကြောင်းခိုင် လုံသော သတင်းတစ်ရပ်မှ သိရှိခဲ့ရပါသည်။
၎င်းတို့၏ ပစ္စုပ္ပန်ကမ္မ၀ါဒ မိုးပြာသာသနာ (၂၇) နှစ်ပြည့်အထိမ်းအမှတ်အား အရေးပါသူတစ်ချို့နှင့် အကျဉ်းချုံး ကျင်းပခဲ့ပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်းလည်းသိရသည်။
ဦးဥာဏနှင့် အတူဖမ်းဆီးခံခဲ့ရသူများ၏ အမည်များမှာ...
ဦးတင်ငွေ (စစ်ကိုင်း) ၊ ဦးထွန်းရီ (လှိုင်) ၊ ဦးစု (စစ်ကိုင်း) ၊ ဦးကျော်မြင့် (ချောင်းရိုး) ၊ အောင်သီဟ (စစ်ကိုင်း) တို့ဖြစ်ကြောင်းဆက်ရပ်သတင်းတစ်ခုအနေနှင့် သိရှိခဲ့ရပြီးလတ်တလောတွင်မူ သာသနာတော်အား ညှိုးနွမ်း စေမူ ပုဒ်မ ၂၉၅ (က)အရအမှုဖွင့်ထားကြောင်းလည်း သိရပါသည်။
မျှဝေသူ...ကိုကိုးအိမ်
နှလုံးသားရှိသူ လူငယ်တိုင်းအချစ်ကိုခံစားတတ်၊လွမ်းတတ်၊ ဆွေးတတ်၊ တမ်းတတတ်မြဲဟာသဘာဝပါ။
သို့သော်အချစ်ကိုကြည်နူးရာမှတစ်ဆင့်အပြစ်ကို လွန်ကျူးတတ်ကြပြီးဘ၀အညွန့်ကျိုးကာ နိုင်ငံ့သားကောင်း ရတနာလေးများဆုံးရှုံးတတ်ကြရပေသည်။
သည်တစ်ခါဥပဒေကဏ္ဏတွင်ဏ္ဍတွင် ချစ်မှူ့ ရေးရာအိမ်ထောင်ဘက်ဆိုင်ရာတို့နှင့်ယှက်နွှယ်နေသည့် ပြဿနာအစုံစုံ၊ ဖြစ်ရပ်အဖုံဖုံတို့အနက် လူမှူ့ရေးနှင့်မေတ္တာရေးအရ ခွင့်လွှတ်နိုင်သော်လည်း ဥပဒေအရ ဘွာခတ် ၍မရတတ်သောဘ၀တစ်ကွေ့အမှတ်မထင်ကြုံတွေ့တတ်သည့်ဖြစ်ရပ်လေးများကို တင်ပြလိုပါသည်။
မြန်မာမှူ့နယ်ပယ်တွင် ချစ်မှူ့ရေးရာအိမ်ထောင်ဖက်ရှာကြသ်ည့ကိစ္စရ့်သည် မလွဲမရှောင်သာသော လူမှူ့ ၀တ္တရား ဘ၀ပေးတာဝန်တစ်ရပ်ဖြစ်ပေသည်။ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေတွင်ထိမ်းမြားလက်ထပ်ရန် ကတိပြုခြင်း ကိုကုန်ရောင်းကုန်ဝယ်ပြုရန် စီးပွားရေးပဋိဥာဉ်ပြုခြင်းမျိုးနျင့်တစ်ပြေးတည်း စဉ်းစားရန်မသင့်။ သိမ်မွေ့၍အရေးကြီးသော လူမှူ့ရေးကိစ္စတစ်ရပ်ဖြစ်သည်ဟူ၍ ယနေ့တိုင် လက်ခံကျင့်သုံးလျက်ရှိပေသည်။
ယင်းကိစ္စကို အရွယ်ရောက်သူတိုင်း မုချနီးပါး ရင်ဆိုင်ကြရမည်ဖြစ်ရာ နဖူးတွေ့ဒူးတွေ့ကြုံကြရပြီဆိုလျှင် လူငယ်သဘာဝ နှလုံးသားနျင့် မေတ္တာတရားခံစားချက်များ စွန့်စားချက်များကို ရှေ့တန်းတင်မှူ့ကြောင့်ဖြစ်ပေါ် လာတတ်သည့်ပြဿနာလေးများကို ဥပဒေသဘောတရားဥပမာပြယုဂ်များဖြင့်အနှစ်ချုပ်တင်ပြလိုက်ရပေသည်။
(၁) ခက်ခက်ဆိုသောမိန်းကလေးက ရန်ကုန်သူဆယ်ကျော်သက်အရွယ်ထင်ရာစိုင်းတတ်သူ၊ မိဘများက ကောင်းစားစေလို၍ အရာရှိတစ်ဦးနှင့်နေရာချထားသည်။ အချစ်မပါဘဲအနှစ်သာရမရှိသောဘ၀ကိုမဖန်တီးနိုင် ဟူသောအတွေးဖြင့် မန်းတလေးသို့ထွက်ပြေားလာခဲ့ရာမှ ဟိုတယ်တစ်ခု၏မန်နေဂျာဖြစ်သူ တစ်ကိုယ်တည်း လူပျိုကြီး ကိုစေတနာနှင့် ရေစက်ဆုံကာ ချစ်သူတို့ဘ၀ရောက်ခဲ့ရသည်။
နှစ်ဦးသားဘ၀သစ်ထူထောင်၍ မြရည်နန္ဒာရပ်ကွက်တွင်အိမ်ငှားနေကာ ပေါင်းသင်းလာခဲ့ကြသည်။ ခက်ခက်အားမငယ်စေ၇န် ရုံးတက်လက်မှတ်ထိုး၍ သူငယ်ချင်းများကိုဧည့်ခံရန် စီစဉ်သည်။ ရုံးစာရေးက လက်ထပ်စာချုပ်ရိုက်သည်။ မှတ်ပုံတင်များစစ်ဆေးသည်။ ဤတွင်ပြဿနာက ခက်ခက်သည် ၁၅နှစ်ကျော် ကျော်သာရှိနေသည်။ ကိုစေတနာက မေတ္တာသာအဓိက၊ သစ္စာသာပဓာန၊ မခွဲအတူဘ၀ကိုရင်ဆိုင်ရန် နားချ သည်။ ခက်ခက်ကသဘောတူသည်။
သို့သော်နှစ်ဦးသား အိမ်ပြန်အရောက် သတင်းစာကိုကောက်ဖတ်မိကြသည်။ မခက်ခက်မှတ်ပုံတင် အမှတ်..........သည်နေအိမ်မှထွက်သွားပါသည်။ တွေ့ရှိသူများ အကြောင်းကြားပါ။ လက်ခံထားသူ ဥပဒေအရ အရေးယူမည်ဟူသော ရန်ကုန်နေမိဘများ၏ကြော်ငြာကိုတွေ့လိုက်ရသည်။ ကြင်စဦး အိမ်ထောင်လေး မပြိုကွဲ အောင်ကိုစေတနာမည်သို့ဆောင်ရွက်မည်နည်း။ အချစ်ကိုဦးစားပေး၍ စွန်စားခဲ့သောကိုစေတနာတွင် မည်သည့်ချို့ယွင်းချက်တွေ တွေ့ရှိခဲ့သနည်း။
ချစ်မှူ့ရေးရာအဖြေလွှာ
အချစ်နှင့်ဥပဒေဆိုင်ရာပြဿနာလေးများကိုအဖြေမရှာမီ အိမ်ထောင်ရေးဆိုင်ရာအခြေခံသဘောတ ရားများကို ရှေးဦးစွာသိထားရန် လိုအပ်သည့်အလျောက်အရေးကြီးသော အချက်များကို တင်ပြလိုပေသည်။
ယနေ့တိုင် ညကျင့်သုံးနေသော မြန်မာ့ဓလေ့ထုံးတမ်းဥပဒေတွင် ထိမ်းမြားလက်ထပ်ခြင်းနျင့်ပတ်သက် သည့်အဓိကအချက်များစွာထဲမှ သိမ်မွေ့၍အရေးကြီးသော လူမှူ့ရေးကိစ္စတစ်ရပ်ဖြစ်သည်တရားဝင် အိမ်ထောင် ဖက်ဖြစ်ရန်အတွက် ဥပဒေအရလိုအပ်ချက်များမှာ---
(၁) အမျိုးသားသည် အိမ်ထောင်ပြုရန်အတွက် ကျန်းမာသန်စွမ်းရမည်။(မည်သည့်အရွယ်မဆို ထိမ်းမြား နိုင်၍ မိဘ သို့မဟုတ် အုပ်ထိန်းသူ၏သဘောတူညီချက်မလို)
(၂) အမျိုးသမီးသည် မုဆိုးမ သို့မဟုတ် တစ်ခုလပ် တစ်လင်ကွာ မဟုတ်လျှင်အသက်၂၀ ပြည့်ရမည်။ မပြည့်သေးလျှင်မိဘ သို့မဟုတ် အုပ်ထိန်းသူ၏သဘောတူညီချက်ရှိရမည်။ အမျိုးသမီးတွင် တရားဝင်လင် မရှိစေရ။
(၃) မင်္ဂလာအခမ်းအနားပြုလုပ်ခြင်းသည်ဥပဒေအရမလိုသော်လည်း ကာယကံရှင်နှစ်ဦး၏ သဘောတူ ညီချက်ဆန္ဒကိုထင်ရှားအောင်ပြနိုင်သည့် သက်သေခံချက်ပင်ဖြစ်ပေသည်။
(၄) အရေးကြိုးဆုံးအချက်မှာ ကာယကံရှင်နှစ်ဦး သဘောတူညီချက်ပင်ဖြစ်သည်။ ဆန္ဒကိုယ်စီဖြင့် လွတ် လပ်စွာ ပေျးေသာသဘောတူညီချက်ဖြစ်၇ပြီး ယခုပစ္စုပ္ပန်ကာလတွင် ပြုလုပ်ရန်လည်းဖြစ်ရမည်။ အကျပ်အ တည်းဖြစ်နေ၍ မပေးချင်ပေးချင်နျင့် ပေးရသည့်သဘောတူညီချက်မျိုးမဖြစ်စေရ။ အရွယ်မရောက်သေးသည့် မိန်းကလေးအတွက် မိဘခွင့်ပြုချက်လိုသည်မှန်သောလည်း အရွယ်မရောက်သည်ဖြစ်စေ ရောက်ပြီးသည်ဖြစ်စေ သမီး၏ဆန္ဒကို ဆန့်ကျင်ပြီး မိဘများက ထိမ်းမြားလက်ထပ်မပေးနိုင်။
(၅) တရာရုံးတက်၍ လက်ထပ်စာချုပ်ချုပ်ဆိုထိမ်းမြားခြင်သည် လူသိထင်ရှား ပေါင်းသင်းမှူ့မရှိစေကာမူ တရားဝင်အိမ်ထောင်ဖက်များဖြစ်ပေသည်။ ဤယေဘုယျအခြေခံများကိုသိထားပြီးချစ်မှူ့ရေးရာ ပြဿနာလေး များကို အဖြေရှာကြည့်မည်ဆိုပါက မိမိကိုယ်တိုင်ပင်လျှင် ဖြေ၇ှင်းပေးနိုင်သူမျာှးရှိလာကောင်းရှိလာနိုင်ပေမည်။
ပြဿနာ၏အဖြေ
အထက်ပါအချက် ငါးချက်နှင့် စဉ်းစားလျှင် အဓိကပြဿနာသည်ခက်ခက်၏ အသက်၁၆ နှစ်မပြည့်သေး ခြင်းကအဓိကပြဿနာဖြစ်နေပေသည်။ မောင်စေတနာသည် ယောက်ျားကောင်းပီသစွာ သေတစ်ပန်သက်တစ် ဆုံးပေါင်းသင်းရန် ဆန္ဒရှိသလို ခက်ခက်ကလည်းဆန္ဒရှိခဲ့ကြကြောင်းကို ပြသခဲ့ကြပြီ။ အဓိက ချို့ယွင်းချထက်ရှိသူ ကကိုစေတနာပင်။ သူ့လုပ်ငန်းသဘောအရ ခက်ခက်၏ မှတ်ပုံတင်ပါအသက်ကို အလေးဂရုမပြုခဲ့သည်က တစ်ကြောင်း။ မိဘ သို့မဟုတ် အုပ်ထိန်းသူများ၏ ခွင့်ပြုချက်ရနိုင် မရနိုင်။ တစ်သက်တာရှေ့ရေးအတွက် နှစ်ဦး သားအကြားပွင့်လင်းစွာ တစ်ယောက်အကြောင်းတစ်ယောက် လေ့လာသိရှိကြရပေမည်။
နှလုံးသားအရ တစ်ဦးနှင့်တစ်ဦး နားလည်ခွင့်လွှတ်သည်ထား။ ခက်ခက်မိဘများသဘောမတူကြောင်း ကြော်ငြာပါလာမှန်းသိလျက်နှင့်ပြန်မအပ်လျှင် ဥပဒေကခွင့်လွှတ်မည်မဟုတ်ပေ။ ပြစ်မှူ့ဆိုင်ရာ ဥပဒေပုဒ်မ ၃၆၃ အရ လူခိုးမှူ့ဖြင့်အပြစ်ပေးခံရပေမည်။ ကိုစေတနာအဖို့ အချစ်ရှုံးရှုံးရုံသာမက ဘ၀မဆုံးရစေရန် မိဘထံအပ်နှံ၍ ခွင့်ပြုချက်တောင်းခံရန်မှအပ နည်းလမ်းမရှိတော့ပါ။
စာရေးသူ...ကိုကိုးအိမ်
ကျမ်းကိုး.........မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ
သိစေမှတ်စေ ဥပဒေ (အများပြည်သူအလုပ်သင်ရှေ့နေ)
ကဘူးလ် - တာလီဘန်တိုက်ခိုက်ရေး သမားများကို လက်နက်ချပြီး အရပ်သူ အရပ်သား ပြည်သူလူထုဘ၀မျိုးဖြင့် ပြန်လည်နေထိုင် သွားစေရေးကို ဆွဲဆောင်ခြင်းအဖြစ် ငွေကြေးနှင့် အလုပ်အကိုင်များ ဖန်တီးပေးရန် အနောက်နိုင်ငံများက ဖြည့်ဆည်းပေးထားသည့် ရည်မှန်းချက်ကြီးမားသော အစီအစဉ်တစ်ရပ်ကို အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်းက ဇန်န၀ါရီလ ၂၂ ရက်နေ့တွင် ထုတ်ဖော်ပြော ကြားခဲ့သည်။
ဘီဘီစီသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောကြားခဲ့သည့် သူ၏သဘောထားမှာ အမေရိကန်ပြည်ထောင်စုကာကွယ် ရေးဝန်ကြီး ရောဘတ်ဂိတ်စ်က တာလီဘန်တို့သည် အာဖဂန်နစ္စတန်နိုင်ငံ 'နိုင်ငံရေး အဖွဲ့အစည်း'၏ အစိတ်အပိုင်းပင်ဖြစ်သည်ဟု ဖော်ပြပြီး နောင်အနာဂတ်အခန်း ကဏ္ဍမှန်သမျှသည် သူပုန်များ ၎င်းတို့၏ လက်နက်များချရေးပေါ်တွင်မူတည် လိမ့်မည်ဟု ပြောကြား ခဲ့ပြီး နောက်ပိုင်းတွင် ပေါ်လာခဲ့ခြင်းဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကလည်း ရေရှည်နှင့် စစ်ရေးမဟုတ်သော မဟာဗျူဟာတစ်ရပ်ကို ထုတ်ဖော်ပြောကြားရာ၌ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်နိုင်ငံတို့ တည်ငြိမ်မှုရရှိစေရန်၊ အရပ်သား ပါရဂူများ ထပ်မံပို့ပေးရန်နှင့် အစွန်းရောက်ဝါဒီများကို လူ့အဖွဲ့အစည်း ခေတ်ရေစီးကြောင်းသို့ ပြန်လည် ဆွဲဆောင်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
"အာဖဂန်ပြည်သူလူထုအတွက် ငြိမ်းချမ်းရေးကို ဘယ်နည်းနဲ့ဖြစ်ဖြစ် ရရှိစေရမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ သာမန်အရပ်သူ အရပ်သားဘ၀ကိုပြန်လာဖို့ ကျွန်တော်တို့ ချဉ်းကပ်စည်းရုံးတဲ့သူတွေကို အလုပ်လုပ်နိုင်စွမ်းတွေ ဖြည့်ဆည်းပေးရမယ်၊အလုပ်အကိုင် ရှာဖွေပေးရမယ်၊ ကာကွယ်စောင့်ရှောက်မှုပေးရမယ်၊ သူတို့ ရပ်ရွာတွေမှာ ပြန်လည်အခြေချနေနိုင်စေရပါလိမ့်မယ်"ဟု လာမည့် တစ် ပတ်တွင် လန်ဒန်မြို့၌ ကျင်းပမည့် အာဖဂန်နိုင်ငံဆိုင်ရာ နိုင်ငံတကာ ကွန်ဖရင့် မတိုင်မီ သောကြာနေ့က ထုတ်လွှင့်သည့် တွေ့ဆုံ မေးမြန်းခန်းတွင် ကာဇိုင်းက ပြောကြားခဲ့သည်။
အယ်လ်ကေဒါအဖွဲ့ဝင်များ၊ သို့မဟုတ် အခြားသော အကြမ်းဖက်အုပ်စုများ၏ အဖွဲ့ဝင်များဖြစ်သော သဘောထားတင်းမာသည့် တာ လီဘန်ထောက်ခံသူများက ကမ်းလှမ်းမှုကို လက်ခံလိမ့်မည် မဟုတ်ကြောင်း၊ တာလီဘန်တို့က ၎င်းတို့၏ ဆန္ဒအလျောက်တိုက်ပွဲဝင် သူများအား အာဖဂန်အစိုးရက ၎င်း၏ တပ်ဖွဲ့များကို ပေးသည့်လစာနှုန်းများ ထက်ပို၍ မြင့်မားသည်။ သမ္မတက ပြောကြားရာတွင် သူ၏ လုပ်ငန်းစီမံချက်များသည် လိုအပ်သောငွေကြေးများ ဖြည့်ဆည်းရန် နိုင်ငံတကာက ကျောထောက်နောက်ခံပြု အားပေးမှုများ ရှိမည်ဟု ဆိုသည်။
မျှဝေသူ...ကိုကိုးအိမ်
ဆာနာ - အမေရိကန်ပြည်ထောင်စု လေကြောင်းမှ ခရီးသည်လေယာဉ် တစ်စင်းကို ပစ်ချရန် ကြိုးပမ်းမှု အပါ အ၀င် ယီမင်နိုင်ငံရှိ အယ်လ်ကေဒါ အဖွဲ့ ဌာနခွဲ၏ များမကြာသေးခင်က ဆောင်ရွက်ချက်များက ထိုအဖွဲ့သည် စစ်မျက်နှာသစ်တစ်ရပ် ဖွင့်လှစ်ခဲ့ခြင်း ထက် အဆိုပါဒေသတွင် ပို၍ အားကောင်းလာလျက်ရှိကြောင်း ဆိုလိုသည် ဟု ဆန်းစစ်လေ့လာသူတို့က ဆိုသည်။
အိုစမာဘင်လာဒင် တည်ထောင်ခဲ့သည့် အဆိုပါ ဂျီဟတ်တိုက်ပွဲဝင်တို့၏ ကွန်ရက်၏ ဘိုးစဉ်ဘောင်ဆက်ဒေသရင်းမှာ အာရေဗျ ကျွန်းဆွယ်၏ ထောင့် စွန်းရှိ ဆင်းရဲမွဲတေသော နေရာဖြစ်ပြီး အာဏာပိုင်တို့၏ ဖြိုခွင်းနှိမ်နင်းသည့် ကြားမှပင် ယီမင်နိုင်ငံတွင်း၌ ခိုင်မာစွာအမြစ်တွယ်နေခဲ့သည်ဟု ၎င်းတို့က ပြောကြားသည်။
များမကြာသေးခင်ကာလများအတွင်း အဆိုပါအဖွဲ့၏ တိုက်ပွဲဝင်ဦးရေမှာ အိမ်နီးချင်း ဆော်ဒီအာရေဗျနှင့် ပါကစ္စတန်နိုင်ငံတို့တွင် နေထိုင်ရသည့် အခြေအနေသည် ၎င်းတို့အတွက် အန္တရာယ်ပိုမိုကြီးမားသဖြင့် ထွက်ပြေးလာမှုကြောင့် ပိုမိုတိုးပွားလာခဲ့သည်။
ယီမင်ဆန်းစစ်လေ့လာသူ ဆာအိဒ်အယ်လ်ဂျင်မ်ယီက သတိပေးရာတွင် "ယီမင်ဟာ အယ်လ်ကေဒါတို့ရဲ့ မူလဘူတ ဇာစ်မြစ်ဖြစ် တယ်ဆိုတာကို ဘယ်တော့မှ မမေ့သင့်ဘူး။ ဒီနိုင်ငံဟာ ၁၉၈၀ ပြည့်လွန်နှစ်များကာလအတွင်းက ဆိုဗီယက်တို့ကိုတိုက်ခိုက်တဲ့ ဂျီဟတ် (မြင့်မြတ်တဲ့ ဘာသာရေးစစ်) တိုက်ပွဲက အောင်ပွဲခံပြီး ပြန်လာကြတဲ့ အာရပ်တိုက်ခိုက်ရေးသမားတွေအတွက် ယာယီ သဘောအဖြစ် ခိုလှုံရာစခန်းတစ်ခုဖြစ်တယ်" ဟုဆိုသည်။
ယင်းနိုင်ငံတွင် ၎င်းတို့ကို သံသယဖြင့်ရှုမြင်သုံးသပ်ခဲ့ကြသော ဇာတိနိုင်ငံရင်းနှင့်မတူဘဲ သူရဲကောင်းများအဖြစ် ဂုဏ်ပြုကြိုဆိုခဲ့ကြ သည်။ ယင်းတို့အနက် ယီမင်နိုင်ငံသား အချို့ဆိုလျှင် နိုင်ငံ၏ လုံခြုံရေးယန္တရားအတွင်းသို့ပင် ၀င်ရောက်ဆောင်ရွက်ခဲ့ကြသည်။
အမေရိကန်ပစ်မှတ်များကို အယ်လ်ကေဒါတို့ တိုက်ခိုက်ခဲ့သည့် သမိုင်းကြောင်းမှာ ၁၉၉၂ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်နေ့က စတင်ခဲ့ သည်။ ထိုနေ့က ယီမင်နိုင်ငံ၏ ဆိပ်ကမ်းမြို့အေဒင်တွင် အဆိုပါ ဖြစ်ရပ်မျိုး ပထမဆုံးအကြိမ် ဖြစ်ပွားပြီး မမျှော်လင့်သော အလှည့် အပြောင်းများ ဖြစ်ခဲ့သည်။
ဗုံးခွဲတိုက်ခိုက်သူများသည် အမေရိ ကန်ကမ်းတက်တပ်များ ဆိုမာလီယာနိုင်ငံသို့အသွား ၀င်ရောက်တည်းခိုသည်ဟု ထင်မှတ်ရသော အေဒင်ဆိပ်ကမ်းရှိ ဟိုတယ်တစ်ခုကို ပစ်မှတ်ထားခဲ့ကြသည်။ သို့ရာတွင် အမေရိကန်မရိန်းတပ်ဖွဲ့ဝင်တို့က ထွက်ခွာသွားနှင့်ကြပြီး အမေရိကန်လူမျိုးမဟုတ်သည့် ကမ္ဘာလှည့်ခရီးသည်တစ်ယောက်နှစ်ယောက်နှင့် ဟိုတယ်ဝန်ထမ်းတစ်ဦးတို့သာ သားကောင်အဖြစ် ထိခိုက်သေဆုံးခဲ့ရသည်။
အဆိုပါဖြစ်ရပ်ပေါ်ပေါက်ခဲ့ပြီး ရှစ်နှစ်အကြာ ၂၀၀၀ ပြည့်နှစ်၊ အောက်တိုဘာ ၁၂ ရက်နေ့တွင် အယ်လ်ကေဒါတို့ အဓိကလှုပ်ရှားတိုက် ခိုက်မှုကြီးတစ်ရပ် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ အေဒင်မြို့မှာပင် အသေခံဗုံးခွဲတိုက်ခိုက်ရေးသမား တစ်စုက မြန်နှုန်းမြင့် မော်တော်ဘုတ် တစ်စင်းကို သုံးကာ အေဒင်ဆိပ်ကမ်း၌ လွန်းတင်ထားသည့် အမေရိကန် ဖျက်သင်္ဘောကြီး ယူအက်စ်အက်စ်ကိုးလ် (USS Cole) ကို ၀င်၍ တိုက်ခဲ့သည်။ ပေါက်ကွဲမှုကြောင့် သင်္ဘောကြီး၏ နံဘေးတွင် အပေါက်ကြီးတစ်ပေါက်ဖြစ်သွားကာ သင်္ဘော သား ၁၇ ဦး သေဆုံးခဲ့ရသည်။
အဆိုပါ တိုက်ခိုက်မှုကြီး ပြီးသည့် နောက်ပိုင်းတွင် အမေရိကန်အစိုးရက ပြင်းထန်သော ဖိအားပေးမှုများကြောင့် ယီမင်အာဏာပိုင် များသည် ဂျီဟတ် ၀ါဒီကလာပ်စည်း အတော်များများကို ဖြိုခွင်းဖျက်ဆီးကာ ဒါဇင်နှင့်ချီသော တိုက်ပွဲဝင်များကို ၀ိုင်းထားခဲ့ကြသည်။
"အယ်လ်ကေဒါတို့ အထိနာခဲ့တာတော့မှန်တယ်။ ဒါပေမယ့် ဘယ်တုန်းကမှ ပျောက်ကွယ်သွားခြင်းမရှိဘူး။ တိုက်ပွဲဝင်ဦးရေတောင် တိုးလာသေးတယ်။ အထူးသဖြင့် အီရတ်ကို အမေရိကန်ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေ ကျူးကျော်ဝင်ရောက်ပြီးတဲ့နောက်မှာပေါ့။ ထောင်ချီရှိတဲ့ လူငယ်တွေဟာ တိုက်ပွဲ ၀င်ဖို့ ဒီနေရာကို ထွက်ခဲ့ကြတယ်။ အာဖဂန်နစ္စတန်မှာလည်း ဒီလိုပါပဲ" အမည်ထုတ်ဖော် မပြောသည့် အနောက်အုပ်စု ထောက်လှမ်းရေးတစ်ဦးက ပြောကြားရာတွင် ယီမင်နိုင်ငံတွင် အယ်လ်ကေဒါဒုတိယမျိုးဆက် တစ်ခုမှာ မြို့တော် ဆာနာရှိ ယီမင် လုံခြုံရေးဌာနချုပ်မှ ကိုးလ်သင်္ဘောကြီး ဖြစ်ရပ်ကြောင့် ထောင်ဒဏ်ကျခဲ့သူများ အပါအ၀င် ပြစ်ဒဏ်ကျခံ ထားသူ ၂၃ ဦး လွတ်မြောက်သွားခဲ့သည့် ၂၀၀၆ ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ပြန်လည် ပေါ်ထွန်းလာခဲ့သည်။
"အာရေဗျကျွန်းဆွယ်မှာ အယ်လ်ကေဒါ တွေ ပြန်လည်ပေါ်ထွန်းလာတာနဲ့ စပ်လျဉ်းလို့ သက်သေအထောက် အထားရခဲ့တယ်။ ယီမင်နိုင်ငံကို အချက်အချာကျတဲ့ စစ်မြေပြင်နဲ့ စစ်ဆင်ရေးတွေအတွက် အလားအလာကောင်းတဲ့ ဒေသဆိုင်ရာ အခြေခံစခန်းအဖြစ် ထားပြီး အယ်လ်ကေဒါတွေဟာ တိုက်ပွဲတွေ စီစဉ်တယ်။ စစ်သည်သစ်တွေကို လေ့ကျင့်ပြီး စစ်ဆင်ရေးလှုပ်ရှားမှု အဆင်ပြေအောင် ဆောင်ရွက်ပေးတယ်"ဟု အမေရိကန်နိုင်ငံလုံးဆိုင်ရာ အကြမ်းဖက်တိုက်ခိုက်ရေးဗဟိုဌာန ညွှန်ကြားရေးမှူး မိုက်ကယ်လေတာက စက်တင်ဘာလအတွင်း ဆီးနိတ်ကြားနာမှုတွင် ပြောကြားခဲ့သည်မြန်မာတိုင်းသတင်းစာမှသတင်းကိုပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။
အိုဇုန်းလွှာပျက်စီးခြင်း၊ ကမ္ဘာ့ရေနံ နှင့် လောင်စာဆီရှားပါးမှုပြဿနာကို ကာကွယ်ရန် လောင်စာမဲ့ လျှပ်စစ်နည်း ပညာသစ်ကို တီထွင်အောင်မြင် နိုင်ခဲ့ပြီ ဖြစ်ကြောင်း ယင်းနည်းပညာကို တီထွင်ခဲ့သော ဦးစိုင်းသန့်ဇင် က ဇန်န၀ါရီလ ၂၅ရက်နေ့တွင် ပြောသည်။
"ဒီနည်းပညာက ဘယ်သူမှ မတီထွင် နိုင်သေးပါဘူး။ ကျွန်တော်လည်း နှစ်ပေါင်း ၂၅ နှစ်ကျော် ကြာအောင် ငွေကုန်ခံ၊ လူပင်ပန်းခံ၊ မိသားစုကို စွန့်လွှတ်ပြီး ရှာဖွေ တီထွင်ခဲ့တာပါ။ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူသားတွေရဲ့ လျှပ်စစ်လိုအပ်ချက်ကို ပြည့်သွားရုံ တင်မကဘဲ ပိုတောင်ပိုပါသေးတယ်" ဟု ၎င်းက ပြောသည်။
လောင်စာမဲ့လျှပ်စစ်နည်းပညာသစ် ဆိုသည်မှာ လျှပ်စစ်အနည်းငယ်မှ လျှပ်စစ်များစွာကို ချဲ့ထွင်ပြီး ဘွိုင်လာ၊ တာဘိုင်၊ ဂျင်နရေတာနှင့် တွဲဖက် အသုံးပြုကာ စွမ်းအားပမာဏ ကြီးမားစွာ ထုတ်လုပ်နိုင်သော လျှပ်စစ်ထုတ်စက်ကို တီထွင်အသုံးပြုခြင်း ဖြစ်သည်။
အဆိုပါ နည်းစနစ်အတွက် မည်သည့် လောင်စာမှ အသုံးပြုခြင်း မရှိပေ။
ဘွိုင်လာကို ဆူစေပြီး တာဘိုင်နှင့် တွဲကာဂျင်နရေတာတပ်လျှင် မီးစက် ဖြစ်သည်။
ထိုဂျင်နရေတာကို ပန်ကာ တပ်လျှင် သဘောင်္ ပြန်ဖြစ်သွားသည်။
ထို့ကြောင့် ထိုစနစ်နှင့် လောင်စာမဲ့ သဘောင်္များ သွားလာနိုင်သည်။
တစ်ချိန်က အသုံးပြုခဲ့သော မီးသဘောင်္များ အတိုင်း သွားလာ နိုင်သည်။
လောင်စာမဲ့ ဆိုသည့်အတွက် ထိုသဘောင်္တွင် မည်သည့် လောင်စာကိုမှ တင်စရာ မလိုတော့သည့်အတွက် ၀န်အား သက်သာ သွားမည်။ ကုန်ကျစရိတ်သက်သာပြီး လုပ်ငန်းပိုမို အဆင်ပြေမည် ဖြစ်သည်။ မီးရထားတွင်လည်း ကျောက်မီးသွေး စက်ခေါင်းကဲ့သို့ ဘွိုင်လာစက်ခေါင်း အဖြစ်ပြန်တပ်ဆင် အသုံးချနိုင်သည်။
"လျှပ်စစ်မီးထွက်ဖို့ လောင်စာအနေနဲ့ ဘာလောင်စာဆီမှ မလိုပါဘူး။ ဓာတ်ဆီ၊ ဒီဇယ်၊ ကျောက်မီးသွေးနဲ့ ဂက်စ်တွေ အသုံးပြုစရာ မလိုဘဲ ကျွန်တော်တီထွင်ထားတဲ့ နည်းပညာထဲကနေ ထွက်တာနဲ့ လျှပ်စစ်တွေဟာ လိုချင်သလောက် ရနိုင်ပါတယ်။ ဒီနည်းပညာကို အခုထိတော့ နာမည် မပေးရသေးဘူး။ လောလောဆယ်တော့ ကျွန်တော်က လောင်စာမဲ့ လျှပ်စစ်စွမ်းအင်နည်းပညာလို့ ပေးထား ပါတယ်" ဟု ဦးစိုင်းသန့်ဇင်က ဆိုသည်။
ဦးစိုင်းသန့်ဇင်သည် ယင်းနည်း ပညာကို၎င်း၏ဆရာဖြစ်သူဦးကျော်ဝင်း ထံမှ အမွေဆက်ခံခဲ့ခြင်းဖြစ်သည်။
ဦးကျော်ဝင်းသည် လွန်ခဲ့ သည့် နှစ်၃၀ ကျော်ချိန်ကတည်းက အဆိုပါနည်း ပညာကို စမ်းသပ်တီထွင်ခဲ့ကာ လိုအပ်သည့် အချက် လက်များကို ပြန်လည် ဖြည့် ဆည်းနေချိန် ၂၀၀၁ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။
"ဆရာနဲ့ကျွန်တော် စလက်တွဲတုန်းက ၁၉၉၃ခုနှစ်ကပါ။အဲဒီအချိန်တုန်းက ဆရာမှာ တပည့်မရှိသေးပါဘူး။ ဆရာ အဲဒီစက်ကို တီထွင် နေတုန်းပဲ။ ကျွန်တော့်ကိုလည်း သုံးနှစ်လောက် လေ့လာပြီးမှ ဆရာက သူ့အနားကပ် ခွင့်ပေးတာ။ အဲဒီအချိန်ထိ ကျွန်တော်ဟာ ဆရာ့ဆီက နည်းပညာတွေကို အကုန်မရခဲ့သေးပါဘူး။ ဆရာ့နည်း ပညာကိုလည်း ကျွန်တော်လုပ်စားဖို့ စိတ်မ၀င်စားခဲ့ဘူး။ ဆရာ့ ပညာကိုလည်း ကျွန်တော်လိုက်မမီပါဘူး။ ဆရာဆုံးတော့ ဆရာ့ပညာကို အမွေဆက်ခံမယ့် လူမရှိတာနဲ့ ကျွန်တော်အရဲစွန့်ပြီး လုပ်ခဲ့ တာ။ကျွန်တော် ထင်မထားပေမဲ့ အောင်မြင်အောင် လုပ်နိုင်ခဲ့ပါတယ်" ဟု ဦးစိုင်းသန့်ဇင်က ပြောသည်။
"ကျွန်တော် ဆရာ့ဆီမှာ လုပ်ကတည်းက ဆရာက နည်းပညာတွေ ပြောပြတယ်။ ကျွန်တော်က တပ်ဆင်ပေးရတယ်။ နောက်ပိုင်း ဒီနည်းစနစ်ရဲ့ လုပ်နည်းလုပ်ဟန်တွေကို ကျွန်တော် အကုန်သိ နားလည်တယ်။ ၀ှက်ဖဲတွေကိုလည်း သိလာတယ်။ ဆရာမရှိတော့ ပေမယ့်လည်း နောက်ပိုင်းကိုယ့်ဘာသာ ကိုယ်ဆင်လိုက်တာ လေးလုံးမြှောက်မှာ မီးထွက်တယ်။ အဲ ၁၉၉၉ခုနှစ်ကတော့ လျှပ်စစ် မီးထွက်တယ်။ ဒါပေမဲ့ အသုံးပြုတဲ့ ပစ္စည်းတွေက သူ့ဟာနဲ့ သူမဟုတ်တော့ မီးထွက်မမှန်ဘူး။ ဒါကို နည်းပညာတစ်ခုနဲ့ထပ်ပြီး စမ်းသပ်တာရယ် ငွေမရှိတာတွေကြောင့် ပိုကြာ သွားတာပါ" ဟု ရှင်းပြသည်။
"ဓနအင်အားပြည့်စုံတဲ့လူကသာ မတည်ရင်းနှီးငွေ ထည့်မယ်ဆိုရင် ဒီ လောင်စာမဲ့လျှပ်စစ်နည်းပညာသစ်ကု
ဦးစိုင်းသန့်ဇင်သည် ကျိုင်းတုံ ဇာတိ ဖြစ်ပြီး အသက်၅၃နှစ်ရှိပြီ ဖြစ်သည်။ ငယ်စဉ်ကတည်းက စက်မှုနည်းပညာ ကို စိတ်ဝင်စားပြီး ကားများ၏စက်ပိုင်း ဆိုင်ရာကို တာဝန်ယူပြုပြင်ခဲ့ရသည်။ ကိုယ်ပိုင်ဂျစ်ကားများမှ ဂျစ်ဘီလူးအထိ တီထွင်ထုတ်လုပ်နိုင်ခဲ့သည်။
ယခင်က ကျောက်တွင်း ၄၅တွင်းနှင့် စိုက်ခင်း ဧက၂၀၀ကျော်ကို ပိုင်ဆိုင်ထားသော ကုမ္ပဏီ ပိုင်ရှင်တစ်ဦး ဖြစ်သည်။
အဆိုပါပိုင်ဆိုင်မှုများကို အဆုံးရှုံးခံကာ ဤနည်းပညာကို ဇွဲ၊ လုံ့လ၊ တို့ဖြင့် အနစ်နာခံ တီထွင်ခဲ့ခြင်းဖြစ်သည်။
ကမ္ဘာပေါ်တွင် အဓိကအားဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်သော နည်းပညာ(၅)မျိုးရှိသည့်အနက် ယခု လက်ရှိတွင် နိုင်ငံတော်တော် များများ အသုံးပြုနေသော ရေဖိအားသုံး တာဘိုင်စက်များဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းသည်ရေရှည်တွင်ကုန်
လောင်စာအတွက် အခက်ခဲမရှိ သော်လည်း ရေရင်းမြစ်ပေါကြွယ်ဝသည့် သဘာဝမြစ်၊ချောင်း၊ ရေတံခွန် များရှိနေရမည့်အပြင် ရေအားလျှပ်စစ် ထုတ်လုပ်နိုင်မည့် ရေမြေသဘာဝ ပထ၀ီအနေထား ကန့်သတ်ချက်များ၊ ရေအားလျှပ်စစ်ထုတ်လုပ်မည့် နေရာနှင့် မိုင်ပေါင်းများစွာ ကွာဝေးမှုကြောင့် တည်ဆောက်ထားသည့် နေရာနှင့် အနီးဝန်းကျင် မြို့များသာ ပိုမိုသုံးစွဲနိုင်သည်။
အချို့မြို့များကို လျှပ်စစ်ပေးရာတွင် မိုင်ပေါင်းများစွာ ဝေးကွာမှုကြောင့်တည်ဆောက်စရိတ်ြ
လောင်စာမဲ့လျှပ်စစ်ထုတ်လုပ်ခြင်
ယခုလောင်စာမဲ့လျှပ်စစ်မှာ အဆိုပါ နည်းစနစ်များထက် ငွေကုန်ကြေးကျ သက်သာကာ မည်သည့်အားနည်းချက် မျှမရှိပေ။ ပေ ၁၀၀ ထ ၅၀ ရှိသည့် နေရာတွင် လျှပ်စစ်ထုတ်ကာ တစ်မြို့လုံးကို ၂၄နာရီ ပတ်လုံး မီးအလင်းပေးနိုင်သည်။ ၁မဂ္ဂါဝပ်တွင်ဝပ်တစ်သန်းရှိ သည့်အတွက် ၀ပ်သန်းနှစ်ဆယ် ဆိုပါက မြို့လေးတစ်မြို့ကို မီးအလင်းပေး နိုင်သည်။
အဆိုပါစက်မှာ ရှိရင်းစွဲပင်ရင်းမှ ထွက်လာသောအားကို ၁၀ဆပို ထုတ်လုပ်မည်ဖြစ်သည်။ ဥပမာ ၁၂ကီလိုဝပ် ရှိ မီးစက်အင်ဂျင်မှ ရှိရင်းစွဲလျှပ်စစ်ကို ယူပြီး ၁၀ဆပွားလိုက်လျှင် ကီလိုဝပ် ၁၂၀ ထွက်သည်။ ၀ပ်အားဖြင့် တွက်လျှင် ရှိရင်းစွဲ ၀ပ်၁၂,၀၀၀ကနေ ၀ပ် ၁၂၀,၀၀၀ ထွက်သည်။ ထိုထဲမှ ၀ပ် ၅၀,၀၀၀ကို ကောင်းကောင်း အသုံးပြု နိုင်သည်။
ယခုလက်ရှိ နမူနာတပ်ဆင်ထားသော လျှပ်စစ်ထုတ်လုပ်သည့် စက်မှာ Nichrome (နီကရုန်း)ကြိုးများ တပ်ဆင်ထားသည်။
ယင်းကြိုးများမှာ တစ်ကြိုးလျှင် လျှပ်စစ်ဓာတ်အား ၃,၆၀၀မှ ၄,၈၀၀အတွင်း ထွက်ရှိသည်။ အဆိုပါ ကြိုးမျိုး ၁၂ချောင်း ဆင်ထား သည်။ ထိုအတွက် လိုအပ်သည့် လျှပ်စစ်ကို 12KV ရှိသည့် မီးစက်မှအားကို ဖန်တီးယူထားခြင်း ဖြစ်သည်။
12KV မီးစက်ကိုနှိုးပြီး တီထွင်ထားသည့် နည်းပညာပုံးထဲမှ ဖြတ်ကာ ဘွိုင်လာ၏ လိုအပ်သည့် နီကရုန်း ကြိုးများဆီသို့ ပေးပို့မည် ဖြစ်သည်။
ဥပမာ ဘွိုင်လာမှ နီကရုန်းကြိုး အချောင်း၁၀၀လိုလျှင် အချောင်း ၁၅၀ ဆင်ထားမည် ဖြစ်သည်။ တစ်ချောင်း ပျက်လျှင် ထို၅၀ထဲမှ တစ်ချောင်းကို On လိုက်မည် ဖြစ်သည်။ ထို့အတွက် စက်ကို ရပ်ဖို့ မလိုတော့ပေ။
ဘွိုင်လာရှိ PSI ဘားက အရှိန် ၁၂၀ ရောက်မှ ယန္တရားလည်မည်ဆိုပါက ၁၂၀ လွှတ်ပြီး ၂၀၀နှင့်မှ ရုန်းပါက ၂၀၀လွှတ်မည်ဖြစ်သည်။ ဘားပွင့်မှသာ ရေနွေးငွေ့ တာဘိုင်လည်မည်ဖြစ် ပြီး ဖိအားဖြင့် ဒလက်များလည်စေကာ လျှပ်စစ်ထုတ်ယူမည်ဖြစ်သည်။
"ပထမလျှပ်စစ်ပေးထားတဲ့ 12KV ကိုလည်း ယန္တရားကြီး လည်သွားတာ နဲ့အနားပေးလို့ရပါပြီ။ Recycle ပြန် သုံးတဲ့သဘောပါ"ဟု ဦးစိုင်းသန့်ဇင် က ၄င်းလုပ်ငန်းခွင်ကို ရှင်းပြသည်။
မူလပင်ရင်း ရှိရင်းစွဲမှ 12KV မှ ၀ပ် အား၁၂,၀၀၀သာ ရှိသည်။ ထို မီးစက် အင်ဂျင်မှ မူလ လျှပ်စစ်ကို ၀ပ်၁၀,၀၀၀ လောက်ယူပြီး ဖန်တီးထားသောစက်ထဲ ထည့်ကာ ဆင့်ပွားနည်းပညာဖြင့် ပြန်လည် ထုတ်လုပ်လိုက်သည့်အခါ မီးများမှာ အဆိုပါ နီခရုန်း ကြိုး၁၂ ချောင်းမှ တစ်ချောင်းလျှင် ၀ပ် ၃,၆၀၀နှင့် ကြိုး ပေါင်း ၁၂ချောင်း စုစုပေါင်း ၀ပ် ၄၃,၀၀၀အား ပြန်လည် ထုတ်လုပ်နိုင်ကြောင်း သိရသည်။
"မကြာခင်မှာ ကျွန်တော် စက်ရုံထောင်မယ်။ ဒီနည်းပညာနဲ့ ကမ္ဘာ့မူ ပိုင်ခွင့်ကို လှမ်းမယ်။ မြန်မာနိုင်ငံကို အကျိုးပြုမယ်။ ဒါဆို ကျွန်တော့် အခန်း ကဏ္ဍတွေ ပြီးဆုံးသွားပြီ။ ဒီထက်ပို ကောင်းအောင်တော့ နောင်လာနောင်သားတွေကိုဘဲ အားထားရတော့မှာပါ" ဟု ဦးစိုင်းသန့်ဇင်ကဆိုသည်။
မြန်မာနိုင်ငံတစ်နိုင်ငံလုံး၏ လျှပ်စစ် ဓာတ်အားသုံးစွဲမှုမှာမဂ္ဂါဝပ်၁,
ယခုလက်ရှိတွင် မြန်မာနိုင်ငံတွင် အမှန် တကယ်လျှပ်စစ်ရရှိမှုမှာ အနည်းဆုံး ၃၅၀မဂ္ဂါဝပ်မှ အများဆုံး ၅၈၀မဂ္ဂါဝပ် ထိသာရှိသည်။ ထို့ကြောင့် မြန်မာ တစ်နိုင်ငံလုံး လိုအပ်သည့်မဂ္ဂါဝပ်ထက် အမှန်တကယ် သုံးစွဲမှုမှာ သုံးပုံ တစ်ပုံ သာရှိသည်။
လောင်စာမဲ့လျှပ်စစ်နည်းပညာဖြင့် ထုတ်လုပ်မည်ဆိုလျှင် မြို့တစ်မြို့တွင် မဂ္ဂါဝပ် ၄၀ လိုသည် ဆိုပါက ပေ၁၀၀ ၀န်းကျင်ခန့်ရှိသည့် နေရာတွင် ၂မဂ္ဂါ ၀ပ်ရှိသည့် စက်အလုံး၂၀တပ်ဆင်ထားပါက ၄၀မဂ္ဂါဝပ်ရရှိမည်။
သို့ဆိုလျှင် မြန်မာတစ်နိုင်ငံလုံး လို အပ်နေသည့် လျှပ်စစ်ကို ယခုကဲ့သို့ တီထွင် ဆပွားရင်း အသုံးပြုသွားမည် ဟုဆိုသည်။
ယင်းနည်းပညာ၏ အောင်မြင်မှု အခြေအနေကိုမှ ပရော်ဖက်ဆာ ဒေါက်တာစိန်မြင့်တို့ အဖွဲ့က ဇန်န၀ါရီ လ၁၉ရက်နေ့တွင် လာရောက် လေ့လာပြီး နည်းပညာမှန်ကန်သဖြင့် ဦးစိုင်းသန့်ဇင်နှင့် ပူးပေါင်းလိုကြောင်း ကမ်းလှမ်းထားသည်။
"ဒီပညာရှင် လောကမှာ ဘယ်လိုမှ မဖြစ်နိုင်တာကို ဖန်တီးနိုင်ခဲ့တယ်။ လျှပ်စစ်မှာလော့စ်ရှိတယ်။ ကျွန်တော်တို့က သီအိုရီ သဘော အရဆို သူ့ကို ဘယ်လိုမှ လက်ခံလို့ မရဘူး။ ဒါကလည်း သူတီထွင်ထားတာ အောင်မြင်ခဲ့လို့သာ။ သူအခုချိန်မှာ ဒီလို လုပ်ချင်ပါ တယ်လို့ ပြောရင် သူ့ကို စိတ်မှ ကောင်းသေးလားလို့ လူတွေ အထင်သေးကြမှာ အမှန်ဘဲ။ သူလည်း မအောင်မြင်တုန်းကတော့ ကြုံခဲ့မှာပါ။ အခုတော့ သူဒီနည်းပညာကို အောင်မြင်သွားပြီ" ဟု တရုတ်ပညာရှင် တစ်ဦးက ပြောသည်။
မျှဝေသူ....ကိုကိုးအိမ်
©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB