အချစ်နှင့်ဥပဒေ

|
























နှလုံးသားရှိသူ လူငယ်တိုင်းအချစ်ကိုခံစားတတ်၊လွမ်းတတ်၊ ဆွေးတတ်၊ တမ်းတတတ်မြဲဟာသဘာဝပါ။

သို့သော်အချစ်ကိုကြည်နူးရာမှတစ်ဆင့်အပြစ်ကို လွန်ကျူးတတ်ကြပြီးဘ၀အညွန့်ကျိုးကာ နိုင်ငံ့သားကောင်း ရတနာလေးများဆုံးရှုံးတတ်ကြရပေသည်။
သည်တစ်ခါဥပဒေကဏ္ဏတွင်ဏ္ဍတွင် ချစ်မှူ့ ရေးရာအိမ်ထောင်ဘက်ဆိုင်ရာတို့နှင့်ယှက်နွှယ်နေသည့် ပြဿနာအစုံစုံ၊ ဖြစ်ရပ်အဖုံဖုံတို့အနက် လူမှူ့ရေးနှင့်မေတ္တာရေးအရ ခွင့်လွှတ်နိုင်သော်လည်း ဥပဒေအရ ဘွာခတ် ၍မရတတ်သောဘ၀တစ်ကွေ့အမှတ်မထင်ကြုံတွေ့တတ်သည့်ဖြစ်ရပ်လေးများကို တင်ပြလိုပါသည်။
မြန်မာမှူ့နယ်ပယ်တွင် ချစ်မှူ့ရေးရာအိမ်ထောင်ဖက်ရှာကြသ်ည့ကိစ္စရ့်သည် မလွဲမရှောင်သာသော လူမှူ့ ၀တ္တရား ဘ၀ပေးတာဝန်တစ်ရပ်ဖြစ်ပေသည်။ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေတွင်ထိမ်းမြားလက်ထပ်ရန် ကတိပြုခြင်း ကိုကုန်ရောင်းကုန်ဝယ်ပြုရန် စီးပွားရေးပဋိဥာဉ်ပြုခြင်းမျိုးနျင့်တစ်ပြေးတည်း စဉ်းစားရန်မသင့်။ သိမ်မွေ့၍အရေးကြီးသော လူမှူ့ရေးကိစ္စတစ်ရပ်ဖြစ်သည်ဟူ၍ ယနေ့တိုင် လက်ခံကျင့်သုံးလျက်ရှိပေသည်။
ယင်းကိစ္စကို အရွယ်ရောက်သူတိုင်း မုချနီးပါး ရင်ဆိုင်ကြရမည်ဖြစ်ရာ နဖူးတွေ့ဒူးတွေ့ကြုံကြရပြီဆိုလျှင် လူငယ်သဘာဝ နှလုံးသားနျင့် မေတ္တာတရားခံစားချက်များ စွန့်စားချက်များကို ရှေ့တန်းတင်မှူ့ကြောင့်ဖြစ်ပေါ် လာတတ်သည့်ပြဿနာလေးများကို ဥပဒေသဘောတရားဥပမာပြယုဂ်များဖြင့်အနှစ်ချုပ်တင်ပြလိုက်ရပေသည်။
(၁) ခက်ခက်ဆိုသောမိန်းကလေးက ရန်ကုန်သူဆယ်ကျော်သက်အရွယ်ထင်ရာစိုင်းတတ်သူ၊ မိဘများက ကောင်းစားစေလို၍ အရာရှိတစ်ဦးနှင့်နေရာချထားသည်။ အချစ်မပါဘဲအနှစ်သာရမရှိသောဘ၀ကိုမဖန်တီးနိုင် ဟူသောအတွေးဖြင့် မန်းတလေးသို့ထွက်ပြေားလာခဲ့ရာမှ ဟိုတယ်တစ်ခု၏မန်နေဂျာဖြစ်သူ တစ်ကိုယ်တည်း လူပျိုကြီး ကိုစေတနာနှင့် ရေစက်ဆုံကာ ချစ်သူတို့ဘ၀ရောက်ခဲ့ရသည်။
နှစ်ဦးသားဘ၀သစ်ထူထောင်၍ မြရည်နန္ဒာရပ်ကွက်တွင်အိမ်ငှားနေကာ ပေါင်းသင်းလာခဲ့ကြသည်။ ခက်ခက်အားမငယ်စေ၇န် ရုံးတက်လက်မှတ်ထိုး၍ သူငယ်ချင်းများကိုဧည့်ခံရန် စီစဉ်သည်။ ရုံးစာရေးက လက်ထပ်စာချုပ်ရိုက်သည်။ မှတ်ပုံတင်များစစ်ဆေးသည်။ ဤတွင်ပြဿနာက ခက်ခက်သည် ၁၅နှစ်ကျော် ကျော်သာရှိနေသည်။ ကိုစေတနာက မေတ္တာသာအဓိက၊ သစ္စာသာပဓာန၊ မခွဲအတူဘ၀ကိုရင်ဆိုင်ရန် နားချ သည်။ ခက်ခက်ကသဘောတူသည်။
သို့သော်နှစ်ဦးသား အိမ်ပြန်အရောက် သတင်းစာကိုကောက်ဖတ်မိကြသည်။ မခက်ခက်မှတ်ပုံတင် အမှတ်..........သည်နေအိမ်မှထွက်သွားပါသည်။ တွေ့ရှိသူများ အကြောင်းကြားပါ။ လက်ခံထားသူ ဥပဒေအရ အရေးယူမည်ဟူသော ရန်ကုန်နေမိဘများ၏ကြော်ငြာကိုတွေ့လိုက်ရသည်။ ကြင်စဦး အိမ်ထောင်လေး မပြိုကွဲ အောင်ကိုစေတနာမည်သို့ဆောင်ရွက်မည်နည်း။ အချစ်ကိုဦးစားပေး၍ စွန်စားခဲ့သောကိုစေတနာတွင် မည်သည့်ချို့ယွင်းချက်တွေ တွေ့ရှိခဲ့သနည်း။

ချစ်မှူ့ရေးရာအဖြေလွှာ
အချစ်နှင့်ဥပဒေဆိုင်ရာပြဿနာလေးများကိုအဖြေမရှာမီ အိမ်ထောင်ရေးဆိုင်ရာအခြေခံသဘောတ ရားများကို ရှေးဦးစွာသိထားရန် လိုအပ်သည့်အလျောက်အရေးကြီးသော အချက်များကို တင်ပြလိုပေသည်။
ယနေ့တိုင် ညကျင့်သုံးနေသော မြန်မာ့ဓလေ့ထုံးတမ်းဥပဒေတွင် ထိမ်းမြားလက်ထပ်ခြင်းနျင့်ပတ်သက် သည့်အဓိကအချက်များစွာထဲမှ သိမ်မွေ့၍အရေးကြီးသော လူမှူ့ရေးကိစ္စတစ်ရပ်ဖြစ်သည်တရားဝင် အိမ်ထောင် ဖက်ဖြစ်ရန်အတွက် ဥပဒေအရလိုအပ်ချက်များမှာ---
(၁) အမျိုးသားသည် အိမ်ထောင်ပြုရန်အတွက် ကျန်းမာသန်စွမ်းရမည်။(မည်သည့်အရွယ်မဆို ထိမ်းမြား နိုင်၍ မိဘ သို့မဟုတ် အုပ်ထိန်းသူ၏သဘောတူညီချက်မလို)
(၂) အမျိုးသမီးသည် မုဆိုးမ သို့မဟုတ် တစ်ခုလပ် တစ်လင်ကွာ မဟုတ်လျှင်အသက်၂၀ ပြည့်ရမည်။ မပြည့်သေးလျှင်မိဘ သို့မဟုတ် အုပ်ထိန်းသူ၏သဘောတူညီချက်ရှိရမည်။ အမျိုးသမီးတွင် တရားဝင်လင် မရှိစေရ။
(၃) မင်္ဂလာအခမ်းအနားပြုလုပ်ခြင်းသည်ဥပဒေအရမလိုသော်လည်း ကာယကံရှင်နှစ်ဦး၏ သဘောတူ ညီချက်ဆန္ဒကိုထင်ရှားအောင်ပြနိုင်သည့် သက်သေခံချက်ပင်ဖြစ်ပေသည်။
(၄) အရေးကြိုးဆုံးအချက်မှာ ကာယကံရှင်နှစ်ဦး သဘောတူညီချက်ပင်ဖြစ်သည်။ ဆန္ဒကိုယ်စီဖြင့် လွတ် လပ်စွာ ပေျးေသာသဘောတူညီချက်ဖြစ်၇ပြီး ယခုပစ္စုပ္ပန်ကာလတွင် ပြုလုပ်ရန်လည်းဖြစ်ရမည်။ အကျပ်အ တည်းဖြစ်နေ၍ မပေးချင်ပေးချင်နျင့် ပေးရသည့်သဘောတူညီချက်မျိုးမဖြစ်စေရ။ အရွယ်မရောက်သေးသည့် မိန်းကလေးအတွက် မိဘခွင့်ပြုချက်လိုသည်မှန်သောလည်း အရွယ်မရောက်သည်ဖြစ်စေ ရောက်ပြီးသည်ဖြစ်စေ သမီး၏ဆန္ဒကို ဆန့်ကျင်ပြီး မိဘများက ထိမ်းမြားလက်ထပ်မပေးနိုင်။
(၅) တရာရုံးတက်၍ လက်ထပ်စာချုပ်ချုပ်ဆိုထိမ်းမြားခြင်သည် လူသိထင်ရှား ပေါင်းသင်းမှူ့မရှိစေကာမူ တရားဝင်အိမ်ထောင်ဖက်များဖြစ်ပေသည်။ ဤယေဘုယျအခြေခံများကိုသိထားပြီးချစ်မှူ့ရေးရာ ပြဿနာလေး များကို အဖြေရှာကြည့်မည်ဆိုပါက မိမိကိုယ်တိုင်ပင်လျှင် ဖြေ၇ှင်းပေးနိုင်သူမျာှးရှိလာကောင်းရှိလာနိုင်ပေမည်။

ပြဿနာ၏အဖြေ
အထက်ပါအချက် ငါးချက်နှင့် စဉ်းစားလျှင် အဓိကပြဿနာသည်ခက်ခက်၏ အသက်၁၆ နှစ်မပြည့်သေး ခြင်းကအဓိကပြဿနာဖြစ်နေပေသည်။ မောင်စေတနာသည် ယောက်ျားကောင်းပီသစွာ သေတစ်ပန်သက်တစ် ဆုံးပေါင်းသင်းရန် ဆန္ဒရှိသလို ခက်ခက်ကလည်းဆန္ဒရှိခဲ့ကြကြောင်းကို ပြသခဲ့ကြပြီ။ အဓိက ချို့ယွင်းချထက်ရှိသူ ကကိုစေတနာပင်။ သူ့လုပ်ငန်းသဘောအရ ခက်ခက်၏ မှတ်ပုံတင်ပါအသက်ကို အလေးဂရုမပြုခဲ့သည်က တစ်ကြောင်း။ မိဘ သို့မဟုတ် အုပ်ထိန်းသူများ၏ ခွင့်ပြုချက်ရနိုင် မရနိုင်။ တစ်သက်တာရှေ့ရေးအတွက် နှစ်ဦး သားအကြားပွင့်လင်းစွာ တစ်ယောက်အကြောင်းတစ်ယောက် လေ့လာသိရှိကြရပေမည်။
နှလုံးသားအရ တစ်ဦးနှင့်တစ်ဦး နားလည်ခွင့်လွှတ်သည်ထား။ ခက်ခက်မိဘများသဘောမတူကြောင်း ကြော်ငြာပါလာမှန်းသိလျက်နှင့်ပြန်မအပ်လျှင် ဥပဒေကခွင့်လွှတ်မည်မဟုတ်ပေ။ ပြစ်မှူ့ဆိုင်ရာ ဥပဒေပုဒ်မ ၃၆၃ အရ လူခိုးမှူ့ဖြင့်အပြစ်ပေးခံရပေမည်။ ကိုစေတနာအဖို့ အချစ်ရှုံးရှုံးရုံသာမက ဘ၀မဆုံးရစေရန် မိဘထံအပ်နှံ၍ ခွင့်ပြုချက်တောင်းခံရန်မှအပ နည်းလမ်းမရှိတော့ပါ။

စာရေးသူ...ကိုကိုးအိမ်

ကျမ်းကိုး.........မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ
သိစေမှတ်စေ ဥပဒေ (အများပြည်သူအလုပ်သင်ရှေ့နေ)

6 ယောက်ကစာမူခပေးသွားပါတယ်:

Anonymous said...

အော်..အချစ်..အချစ်...ငရုတ်သီးထောင်းသလို အနုအရင့် ရောထောင်းလို့မရပါလားနော်။

ကဗျာဦး said...

သုတတွေရလို့ကျေးဇူးပါ

ကိုကိုးအိမ်(မန္တလေး) said...

အော် ကိုမိုးကငရုတ်သီးထောင်းကျွမ်းတယ်နဲ့တူတယ်နော်

Nge Naing said...

Link သွားတယ်ဆိုလို့ ၀မ်းသာပါတယ်။ စာလာဖတ်သွားပါတယ်။ မြန်မမာ့ဓလေ့ထုံးတမ်း ဥပဒေနဲ့ပတ်သက်ပြီး ဗဟုသုတရသွားပါတယ်။ အရင်က အဲဒါတွေ ကြားတော့ကြားဖူးတယ်။ အိမ်ထောင်ပြုတာနဲ့ ပတ်သက်ပြီး မြန်မာ့ဓလေ့ထုံးတမ်းဥပဒေရဲ့ ဘယ်အပိုဒ်မှာ သိချင်ပါတယ်။ ဒါမှမဟုတ် မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေကို Download လုပ်လို့ ရတဲ့နေရာ ရှိလားဆိုတာ သိပါရစေနော့်။

ကိုကိုးအိမ်(မန္တလေး) said...

မငယ်နိုင်ရေ ကျွန်တော်က အွန်လိုင်းကနေဒေါင်းလုပ်ချပြီးရေးတာမဟုတ်ပါဘူး။ နိုင်ငံတော်ကထုတ်ထားတဲ့မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေစာအုပ်ထဲကအတိုင်းကိုးကားပြီးစီရင်ထုံးနဲ့ရေးတာပါ။ နောက်ပြီး ဘယ်အပိုဒ်ဆိုတာက အိမ်ထောင်ပြုတာနဲ့ပတ်သတ်လို့က မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေမှာအများကြိးပါတာဆိုတော့မငယ်နိုင် အိမ်ထောင်ပြုတာထဲကဘာနဲ့ပတ်သတ်လို့သိချင်တာလည်းဆိုတာအပေါ်မှာမူတည်ပါတယ်ခင်ဗျာ။ စာလာဖတ်လို့ကျေးဇူးပါ

Nge Naing said...

ကျွန်မဆိုလိုတာ ကိုတိုးအိမ်ရေးထားတဲ့ ပို့စ်ထဲက အောက်က အချက်ငါးချက်ကို ပုဒ်မ ဘယ်လောက်အောက်က အချက်တွေလဲဆိုတာ ကို သိချင်တာပါ။

(၁) အမျိုးသားသည် အိမ်ထောင်ပြုရန်အတွက် ကျန်းမာသန်စွမ်းရမည်။(မည်သည့်အရွယ်မဆို ထိမ်းမြား နိုင်၍ မိဘ သို့မဟုတ် အုပ်ထိန်းသူ၏သဘောတူညီချက်မလို)
(၂) အမျိုးသမီးသည် မုဆိုးမ သို့မဟုတ် တစ်ခုလပ် တစ်လင်ကွာ မဟုတ်လျှင်အသက်၂၀ ပြည့်ရမည်။ မပြည့်သေးလျှင်မိဘ သို့မဟုတ် အုပ်ထိန်းသူ၏သဘောတူညီချက်ရှိရမည်။ အမျိုးသမီးတွင် တရားဝင်လင် မရှိစေရ။
(၃) မင်္ဂလာအခမ်းအနားပြုလုပ်ခြင်းသည်ဥပဒေအရမလိုသော်လည်း ကာယကံရှင်နှစ်ဦး၏ သဘောတူ ညီချက်ဆန္ဒကိုထင်ရှားအောင်ပြနိုင်သည့် သက်သေခံချက်ပင်ဖြစ်ပေသည်။
(၄) အရေးကြိုးဆုံးအချက်မှာ ကာယကံရှင်နှစ်ဦး သဘောတူညီချက်ပင်ဖြစ်သည်။ ဆန္ဒကိုယ်စီဖြင့် လွတ် လပ်စွာ ပေျးေသာသဘောတူညီချက်ဖြစ်၇ပြီး ယခုပစ္စုပ္ပန်ကာလတွင် ပြုလုပ်ရန်လည်းဖြစ်ရမည်။ အကျပ်အ တည်းဖြစ်နေ၍ မပေးချင်ပေးချင်နျင့် ပေးရသည့်သဘောတူညီချက်မျိုးမဖြစ်စေရ။ အရွယ်မရောက်သေးသည့် မိန်းကလေးအတွက် မိဘခွင့်ပြုချက်လိုသည်မှန်သောလည်း အရွယ်မရောက်သည်ဖြစ်စေ ရောက်ပြီးသည်ဖြစ်စေ သမီး၏ဆန္ဒကို ဆန့်ကျင်ပြီး မိဘများက ထိမ်းမြားလက်ထပ်မပေးနိုင်။
(၅) တရာရုံးတက်၍ လက်ထပ်စာချုပ်ချုပ်ဆိုထိမ်းမြားခြင်သည် လူသိထင်ရှား ပေါင်းသင်းမှူ့မရှိစေကာမူ တရားဝင်အိမ်ထောင်ဖက်များဖြစ်ပေသည်။ ဤယေဘုယျအခြေခံများကိုသိထားပြီးချစ်မှူ့ရေးရာ ပြဿနာလေး များကို အဖြေရှာကြည့်မည်ဆိုပါက မိမိကိုယ်တိုင်ပင်လျှင် ဖြေ၇ှင်းပေးနိုင်သူမျာှးရှိလာကောင်းရှိလာနိုင်ပေမည်။

ဘလော့ဂ်မှာ အကြာအကြောင်းကြားပေးတာ ကျေးဇူးတင်ပါတယ်။

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB