`ဓမ္မစေတီ´အမည်ရှိခွေပါ အမှတ်(၁၅)ပုဒ်၌ ဦးကောသလ္လ’က ဤသို့ ဟောထားပါသည်။

|






















`ဒီနေရာမှာ...ဓမ္မစေတီ ဆရာစဉ်ဆက်တို့ရဲ့ တိဟိတ်လို့ ယူဆပုံကိုလဲ ပြောပါ့မယ်။ မြန်မာနိုင်ငံမှာ...ရှိရှိသမျှ ဆရာတော်များကလဲ သူတို့ကိုယ်သူတို့ `တို့က ဒွိဟိတ်။ ဒီဘ၀တော့ တရားမရနိုင်ဘူး`လို့ဆုံးဖြတ်ချက်ချကြ ပါတယ်။`.ဒါပေသိ-ဘုန်းကြီးများရဲ့ ဆရာတော်ကြီးက စကားတစ်ခွန်း ပြောလိုက်ပါတယ်။ ပဋိသန္ဓေတုန်းက တော့ ဒွိဟိတ်ဖြစ်ချင်ဖြစ်မယ်။ ဆရာကောင်းသမားကောင်းနဲ့တွေ့၍ တရားဘာဝနာလုပ်သောအခါ ပ၀တ္တိမှာ တိဟိတ်ဖြစ်ခွင့် ရှိပါတယ်။အလွန်ရှားပါးတဲ့  ဆုံးဖြတ် ချက်ပဲ ။`ဒီဆုံးဖြတ်ချက်က-ဒီနေ့ ၀ိပဿနာလောကကြီး၊ တရားဓမ္မလောကကြီးအတွက် (အရေးကြီးလှပါတယ်။) ဒီဆုံးဖြတ်ချက်သာမချခဲ့ရင် သူတို့ လူထွက်ကြရတော့မှာ။ မိန်းမယူရတော့မှာ။ ...တို့ဆရာတော်ကတော့ ပဋိသန္ဓေတိဟိတ်၊ ပ၀တ္တိတိဟိတ်။ ဒါ- ကီး။`အဲဒါ ပစ္ဆိမဘ၀ိက သားနဲ့ ဗုဒ္ဓလောင်းပါ။ မွေးတုန်းက ဒွိဟိတ်။ပ၀တ္တိမှာ တိဟိတ်။ အဲဒီဇာတ(မွေးရာပါ)တိဟိတ်ကို ကျုပ်တို့ မသိ
နိုင်ဘူး။ ကျုပ်တို့ သိနိုင်သည့် တိဟိတ်မှာ ၀ိဇ္ဇာဥာဏ် သမ္မာဒိဋ္ဌိကိန်းအောင် တရားအားထုတ်သော ပုဂ္ဂိုလ်များပါ။
`ဘုန်းကြီးများရဲ့ ဆရာတော်တွေက ပ၀တ္တိတိဟိတ်ဖြစ်ရင်တရားရတယ်လို့ ယူဆကြတယ်။ ပစ္ဆိမဘ၀ိကသား ဆိုတာ ဒီဘ၀သောတာပန်မတည်ဘဲ မသေဘူး။ တရားရကို ရတယ်။´
ဖြေရှင်းချက်....... အထက်ပါတို့သည် အင်္ဂုတ္တို ရ်ပါဠိတော်၊ ဆက္ကနပါတ်၊ သီတ၀ဂ်၊ အာဝရဏသုတ်။ဝိဘင်းပါဠိတော်၊ ဥာဏ၀ိဘင်း။ ပဋိသမ္ဘိဒါမဂ်ပါဠိ တော်၊ မဟာဝဂ်။ ပုဂ္ဂလပညတ်ပါဠိတော်။ ထိုထိုအဋ္ဌကထာများအားလံုး နှင့်ဆန်ကျင်ြကပါသည်။ အကျယ်သိလို ပါက မြတ်ပန်းရဂုံရုပ်စုံ ဓမ္မစာစောင်၊ အမှတ်-၂၁၁၊ဧပြီလ၊ ၂၀၀၉-ခုနှစ်၌ ပါရှိသော အရှင်ကောဝိဒ(ယော)၏ `တိဟိတ် ကိစ္စ´ဆောင်းပါးကို ရှာဖွေ၍ ဖတ်ရှုကြပါကုန်။ဤနေရာတွင် လိုရင်းတစ်ချက်လောက်သာ ဝေဖန်လိုက် ရလျှင်`မြတ်ဗုဒ္ဓ၏ပါဠိတော်များ၊ ရှင်မဟာဗုဒ္ဓဃောသ၏ အဋ္ဌကထာများကိုပစ် ပ ယ် ထားသည်´ ဟူ ၍ သာ ဖြစ် ပါသည် ။အကယ်၍ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာတုနင့် ညီညွတ်လျှင် အကိုးအကား အခိုင်အမာပြသင့်ပါသည်။
`ဘုန်းကြီးများရဲ့ အာစရိယ၀ါဒ´ဟုသာကိုးကားပြ၍ မရနိုင်ပါ။ မှန်၏။ ၄င်းဥက္ကံသဗုဒ္ဓိသည် အဓမ္မ၀ါဒီ ဖြစ်သည်။
ရှေ့တွင် ဖော်ပြခဲ့ပြီးပါပြီ။
မှာထားချက်။ ။ အထက်ပါ တိဟိတ်ဆုံးဖြတ်သည့်အရာတွင်ဝိဇ္ဇာဥာဏ်-သမ္မာဒိဋ္ဌိ-ကိန်းအောင် တရားအားထုတ် နိုင်သော ပုဂ္ဂိုလ်ဟူ၍သုံးထားပါသည်။ ၀ိဇ္ဇာဥာဏ် သမ္မာဒိဋ္ဌိအရ အဘယ်ကို ယူရမည်နည်းဟုမေးလျှင်- အကြောင်း ခန္ဓာ(အတွေးပုံရိပ်-ပညတ်)ကို သိမြင်သောဥာဏ်ဟူ၍ယူရပါမည်။ ထို့ကြောင့် ၀ိဇ္ဇာဥာဏ်ဟူသည်မှာ မိစ္ဆာဥာဏ်သာတည်း။

ဓမ္မစေတီ-အမည်ရှိခွေပါ အမှတ်(၁၇)ပုဒ်၌ဦးကောသလ္လ’က
ဤသို့ ဟောထားပါသည်။

`ငယ်စဉ်တောင်ကျေး ကလေးဘ၀ကတဲက ထေရ၀ါဒလမ်းကြောင်းပေါ်သို့ မျိုးစေ့ချ-စိုက်ပျိုးပေးခဲ့သော အဖေဦးသန်းမြင့်၊အမေဒေါ်တင်လှတို့ကို ပထမကျေးဇူးစကား ဆိုပါ၏။ထိုထေရ၀ါဒမျိုးစေ့ကို ရေလောင်းပေါင်း သင်၍ ကြီးပွားအောင် သန့်ရှင်းတဲ့အပင်ကလေးတစ်ပင်ဖြစ်အောင် ပြုစုပျိုးထောင်ပေးတဲ့ ဆရာတော်ဦးဥက္ကံသ ဗုဒ္ဓိကို ဒုတိယကျေးဇူးစကား ဆိုပါ၏။`ဤ´ ထေရ၀ါဒဗုဒ္ဓသာသနာ အရှေ့တောင်အာရှသို့ရောက်ရှိလာပုံ´ ခေါင်းစီးကို အတည်ပြုပေးသော နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကို တတိယ ကျေးဇူးစကား ဆိုပါ၏။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကို အားလုံးသော ပုဂ္ဂိုလ်တွေက ပထမနေရာမှာ ထားကြတယ်။ ကိုယ်ကတော့ မရဘူး။ မထားဘူး။ကိုယ်က နဂိုကတည်းက ထေရ၀ါဒကို ကိုယ့်အမေ အဖေက ပေးတာ။
ပြီးတော့မှ သူတို့ သံဃမဟာနာယကအဖွဲ့က `ဟာဒီခေါင်းစဉ် သိပ်ကောင်းတာ´လို့ အသိအမှတ်ပြုပေးတာ။ ဘုန်းကြီးက တောင်းထားတာကို သူတို့က အသိအမှတ်ပြုတာ ဖြစ်ခြင်းကြောင့် သူတို့ကို တတိယနေရာသို့ ပို့လိုက်ပါတယ်´
ဦးသန်းမြင့်+ဒေါ်တင်လှ+ဦးဥက္ကံသဗုဒ္ဓိတို့ထံမှ ဓမ္မစေတီဦးကောသလ္လ’ -ရရှိထားသောထေရ၀ါဒသည် အဓမ္မ၀ါဒဖြစ်သော ထေရ၀ါဒ ဖြစ်သည်။
ယခုဗုဒ္ဓဘာသာဝင်တို့-ရရှိထားသော ထေရ၀ါဒသည် ဓမ္မ၀ါဒ ဖြစ်ပါသည်။

တပည့်တော်၏ဆရာတဆူဖြစ်တော်မူသောဆရာတော်ဝရသာမိအားရှိခိုး ပူဇော်ပါ၏ဘုရား။

တင်ပြသူ..ကိုကိုးအိမ်



5 ယောက်ကစာမူခပေးသွားပါတယ်:

Anonymous said...

မိုးပြာဂိုဏ်းက အဓမ္မ၀ါဒီဆိုတာရှင်းတယ်။ ဓမ္မစေတီ ဆရာတော်က ဓမ္မလား အဓမ္မလား ဆိုတာ သေချာစိစစ်ဖို့လိုပါတယ်။ forward mail ကရရှိတဲ့ ဓမ္မစေတီရှင်းတမ်းမှာ တင်လျှောက်တဲ့ ဝေဖန်မှုတွေက မနာလိုရိပ်တွေသမ်းနေတယ်။ နတ်နဲ့ ၀ိဇာတွေကို ပြစ်၂ နှစ်၂ ဝေဖန်တာနဲ့ပဲ အဓမ္မ၀ါဒီလို့ စွပ်စွဲထားတာ နားထောင် ရတယ်။ ကိုယ့်ဥာဏ်နဲ့ ကိုယ် ဆင်ခြင်ဆုံးဖြတ် ကြပါ။ ဘုန်းကြီးအချင်းချင်း မနာလိုလို့ အဓမ္မ၀ါဒီ တံဆိပ်တပ်ပြီး ချောက်တွန်းတတ်ကြတယ်။

သျှင်သာမိ - မုံရွာ said...

အွန်လိုင်းမှာ ဖြေရှင်းမှူ့တွေ လုပ်တိုင်း
ဓမ္မစေတီဘက်ကနေ ကာစီး ကာစီး လုပ်ပြီး စာဖတ်သူကို ထင်ယောင် ထင်ယောင်ဖြစ်အောင် လိုက်လုပ်တတ်တာပါ
ဘုန်းကြီးချင်း မနာလိုလို့ ချောက်တွန်းတယ်လို့ ဆိုရအောင်
တတိုင်းပြည်လုံး သိအောင် စာအုပ်နဲ့ ဖြေရှင်းပြခဲ့တာ
ဓမ္မစေတီဘက်က မှန်ကန်တယ် ဆိုရင် ဖြေရှင်းချက်ပေးနိုင်ရမှာပေါ့.....
စာဖတ်သူကို ထင်ရောင်ထင်မှားဖြစ်အောင် လုပ်ဖို့ပဲ
ဓမ္မစေတီ ဆရာတော်က သင်ပေးထားသလားတော့
မသိပါဘူး...သတ္တိမရှိ၊ ကိုယ့်နာမည်တောင် ကိုယ်မဖော်ရဲပဲနဲ့ လာပြောနေတာ နှောက်ယှက်တာနဲ့ တူနေတယ်။
မှားပါတယ်ဆိုပြီး ထောက်ပြထားတာကို မှန်ပါတယ်ဆိုပြီး ဖြေရှင်းနိုင်ဖို့ပဲ ကြိုးစားပါအုံး
ဟိုလိုလို ဒီလိုလို လိုက်ပြောနေတာက
“မသာပါးစပ်က နတ်စကားထွက်” နေတဲ့ အတိုင်းပါပဲ

Anonymous said...

အရှင်ဝရသာမိ ဆိုသူရေ-- အမှားကို မှားနေတယ်လို့ ဝေဖန်တာကောင်းပါတယ်။ ဒါပေမယ့် မနာလို လို့ လိုရာဆွဲမကောင်းပြောနေတာလား ဘာလားဆိုတာ တော့ ကိုယ်ပိုင်ညဏ်နဲ့ ခွဲခြားတတ်ရပါမယ်။ ဓမ္မစေတီကို ဝေဖန်တဲ့ ဘုန်းကြီးက မနာလိုရိပ်တွေ ပါနေပြီး သူတင်တဲ့ စာကို သံဃမဟာနာယ ကတောင် အဖက်မလုပ်ဘူး။ ဒီဘုန်းကြီးတပါးပဲ ဝေဖန်နေတယ်။ ဓမ္မစေတီ တကယ်မှားနေရင် ထေရ၀ါဒသမားတွေ အားလုံးက ဝေဖန်မှာပေါ့။ အခု online မှာ ဓမ္မစေတီကို ဝေဖန်တဲ့သူတွေက ဓမ္မစေတီလောက် ပညာအဆင့်အတန်း မရှိတာသေချာတယ်။ ၀ရသာမိရေ သင်ကိုယ်တိုင်လည်း တနေ့မသာဖြစ်မှာ အသေအချာပါပဲ။ ဒါကြောင့် သူများကို "မသာပါးစပ်က နတ်စကားထွက်" လို့ပြောတာ သင်ကိုယ်သင်ပြန်ပြော တာ နဲ့ အတူတူပါပဲ။

k . L MYo said...

ဟုတ်ပါတယ် ဓမ္မဝါဒပဲဖြစ်ဖြစ်အဓမ္မဝါဒဖြစ်ဖြစ်ဝေဖန်တယ်ဆိုတာအပြစ်တင်တာမဟုတ်ပါဘူးဝေဖန်တာသက်သက်ပါ (၁၀)ခွန်း ပြေားလို့  (၉)ခွန်မှန်တယ်ဆိုရင်အမှန်လို့ ယူဆရမယ်ထင်ပါတယ်တပါးသူကိုအပြစ်တင်ခြင်းဟာသူတော်ကောင်းတွေခံယူရမဲ့ စိတ်မဟုတ်ဘူးထင်ပါတယ်တိုက်ခိုက်ခြင်းဟာ ပျက်ဆီးခြင်းရဲ့ နိကုန်းပါဒါကြောင့် = ထားလိုက်ပါ

နေဇော်အောင် said...

ဒီလိုဆိုရင် တပည့်တော်တို့က ငါဟာ ဒွိဟိတ်ပဲဆိုပြီး ဘာမှမလုပ်ပဲနေရမှာလား။ ဒါဆိုရင်တော့ သေချာစဉ်းစားဖို့တော့လိုနေပါပြီ။ လူရယ်လို့ဖြစ်လာရင် ဘုန်းကြီးပဲဖြစ်ဖြစ် လူဝတ်ကြောင်ပဲဖြစ်ဖြစ် ကိုယ့်အားကိုယ်ကိုး ရမှာပါ။ စာတစ်ကြောင်းကို တစ်ခေါက်ထဲဖတ်လို့မရရင် နှစ်ခေါက်ပေါ့။ မရသေးရင် သုံးခေါက်ပေါ့ဗျာ။ ငါဟာ ဒွိဟိတ်ပဲဆိုပြိး ထိုင်နေလို့မှ မရတာ။ ကိုခိုင်ထူး သီချင်းလိုဆိုရရင်တော့ ထိုင်နေလို့တော့ ဘာမှမဖြစ်လာဘူး..........

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB