သာသနာဖျက် မိစ္ဆာကောင်တွေကို ဘယ်လို နှိပ်ကွပ်မလဲ

|




မြတ်စွာဘုရား၏ သာသနာတော်မည်သည်ကား ခိုင်ခံ့သော ဥပဒေဖြင့် တည်ဆောက်ထားသည့်ဓမ္မ၀ိနယ နိုင်ငံတော်ဖြစ်သည်။ သို့ဖြစ်၍ ခရီးသွားဟန်လွဲသဘောမျိုးဖြင့် သွားရင်းလာရင်းသင့်ရောက်လေ့ရှိသော အပြစ် များဆိုလျှင် တစ်ပါးနှင့်တပါး အပြန်အလှန် တောင်းပန်ခြင်းဖြင့်ကုစားရသည်။ ထို့ထက်ကြီးမားသော ပြစ်မှု့ကို ကျူးလွန်မိလျှင် သံဃာတော်များ ခွင့်လွတ်နိုင်သည်အထိ ပရိဝါသ်ဆောက်တည်ပြီး ကုစားရ သည်။အကြီးမား ဆုံး ဥပဒေကို မျက်ကွယ်ပြုလာလျှင်မူကား လူဝတ်လဲတန် လဲ၍လည်း ကောင်း၊လူချွတ်တန် ချွတ်၍လည်းကောင်း အပြစ်ပေး နှိပ်ကွပ်ရပေသည်။

ဤကား ၀ိနည်းဥပဒေကို ချိုးဖောက်လာပါက နှိပ်ကွပ်ပုံ နှိပ်ကွပ်နည်းကို ပြဆိုခြင်း ဖြစ်ပါ၏။

ဓမ္မဥပဒေကို ချိုးဖောက်လာပါက ရောက်ရာအရပ်၊ ကြားရာအရပ်မှ မရပ်မနားပဲအပြေးသွား၍ ဆုံးမရသည်။
ဆုံးမ မရက နှိပ်ကွပ်ရသည်။ အရှက်ရအောင် မျက်နှာမဖော်နိုင်အောင်ခေါင်းမထောင်နိုင်အောင် ၀ိုင်းဝန်း နှိမ်နှင်းရသည်။နောင်အခါ ဤကဲ့သို့ အဓမ္မ၀ါဒီများ မပေါ်ပေါက်ရအောင် ချက်ခြင်း လက်ငင်း ဦးချိုး နှိပ်ကွပ် ရသည်။

မြတ်စွာဘုရားသည် ဥပဒေဖြင့် တည်ဆောက်ထားသော ဓမ္မနိုင်ငံတော်၌ ဓမ္မဥပဒေ ကိုချိုးဖောက်သူကို တွေ့ရှိ လာလျှင် ကိုယ်တော်တိုင်နှိပ်ကွပ်ရုံသာမက သူ၏ သာဝကများကိုလည်း နှိပ်ကွပ်စေခဲ့သည်။ ယုတ်စွအဆုံး အနာထပိဏ်သူဌေးကြီးက တိတ္ထိဂိုဏ်းဆရာကြီးများနှင့် တရားဆွေးနွေးရင်း တိတ္ထိဂိုဏ်းဆရာကြီးများ မဖြေနိုင် အောင် ပြဿနာများမေး၍ နှိပ်ကွပ်သည်ကိုပင် ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်တော်မူခဲ့ပေသည်။

မြန်မာနိုင်ငံ၌လည်း ဓမ္မကို ခုတုံးလုပ်၍ လိမ်ညာစားနေသည့် လူလိမ် လူညာများမယုံကြည်နိုင်လောက်အောင် ပေါများလှသည်ကို တွေ့ရှိရပေသည်။ထိုပုဂ္ဂိုလ်များကို နှိမ်နှင်းရာ၌ ဘုရားရှင်ကဲ့သို့ နာမည်တပ်၍ ပြောင်ပြောင် တင်း တင်းနှိပ်ကွပ်မှသာလျှင် အဓမ္မ၀ါဒီတို့ ခေါင်းမထောင်နိုင်မည်ဖြစ်သည်။အဓမ္မ၀ါဒီ ခေါင်းဆောင်ကြီးကို ဦးကျိုးအောင် ဦးချိုးနိုင်ပါက အဓမ္မ၀ါဒီတို့ဗိုလ်ကျလွမ်းမိုးနိုင်တော့မည် မဟုတ်ချေ။အဓမ္မ၀ါဒီတို့ အလိုလို ငုတ်လျှိုး သွားမည်သာ ဖြစ်ချေ၏။

ဂျပန်နိုင်ငံ၌ မိမိကိုယ်ကို လုပ်ကြံသေသည့် မသာများ မကြာခဏပေါ်ပေါက်ခဲ့ရာ ထိုမသာကိုအမိမွေးသည့် အတိုင်း အ၀တ်မပါ ဗလာကိုယ်တည်း မြို့ထဲလှည့်ပတ်စေပြီးမှ သဂြို င်္လ်ရမည်ဟုအမိန့်ထုတ်မှသာ ထိုမသာ မျိုးနည်း ပါသွားးသည်ဟု ကြားသိရပေသည်။မြန်မာနိုင်ငံ၌လည်း ဓမ္မကို ခုတုံးလုပ်နေသည့် ဆူနာမီဆရာတော် ဥိးဥတ္တမသာရ၊ဓမ္မစေတီ ဦးကောသလ္လ၊ ဦးအေးမောင်၊ ဦးအောင်သင်း၊ ချစ်ငယ်(ဒဿန) ဦးကျော်ဟိန်း အစရှိသော အဓမ္မ၀ါဒီ လူလိမ်လူညာများ အမြဲတန်းနေရာ ရလျက်ရှိရာ ထိုသူတို့ကိုအထောက်ထားခိုင်လုံစွာဖြင့် ပြောင်ပြောင်တင်းတင်း နှိပ်ကွပ်မှသာ (၀ါ) ဂျပန်နည်းဖြင့်သဂြို င်္လ်မှသာလျှင် လူလိမ်လူညာများ ခေါင်းပါး သည် ထက် ခေါင်းပါးသွားနိုင်ပေသည်။

ယခင်က ဓာတ်ပုံများ ထည့်သွင်းဖော်ပြလေ့မရှိသော မှု့ခင်းသတင်းများသည်ပင်ယခု ဓာတ်ပုံများဖြင့် ဝေဆာလျက်ရှိနေသည်ကို တွေ့ရပေသည်။ ထိုသို့ ဓာတ်ပုံထည့်၍ဖော်ပြရခြင်း၏ အဓိကရည်ရွက်ချက်မှာ နောက်လူတွေ သတိသံဝေဂရပြီး ဒုစရိုက်လုပ်ငန်းများကို ရှက်ကြောက်စေလို၊ ရှောင်ကြဉ်စေလိုသည့်အပြင် ဒုစရိုက်သမားများ ပပျောက်စေလိုသောကြောင့် ဖြစ်ပေသည်။

ထိုနည်းတူစွာပင် လူလိမ်လူညာများ ပပျောက်အောင်၊ သာသနာသန့်ရှင်းတည်တန့်အောင်လုပ်ဆောင်ရာ၌ ၄င်းတို့ကို ပြောင်ပြောင်တင်းတင်း နှိပ်ကွပ်ခြင်းသည်သာလျှင် အကောင်းဆုံးသောနည်းလမ်းတရပ်ဖြစ်ပါ၏။
ထို့ကြောင့် ဓမ္မဥပဒေကို ချိုးဖောက်သည့် ဒုစရိုက်သမားများကို ပြောင်ပြောင်တင်းတင်း နှိပ်ကွပ်ခြင်း ကအထိ ရောက်ဆုံး နည်းလမ်းဖြစ်၏ ဟု ဆိုရခြင်းဖြစ်ပါ၏။

ဤသည်ကို လူငယ်တို့သတိရှိစေချင်ပါသည်။ အနာဂတ်သာသနာသည် လူငယ်တို့ အပေါ်၌မလွဲ မသွေ ကျရောက်တော့မည်ဖြစ်၏။ ထိုအခါ ထိရောက်အောင်မြင်သော နည်းစနစ်ကိုကျင့်သုံးတတ်ပါမှ အနာဂတ်သာ သနာသည် တိမ်ကင်းစင်သည့် လမင်းပမာ သန့်ရှင်းဝင်းပနေမည် ဖြစ်ပေသည်။

တခုသတိထားရမည်မှာ.....
ဣဿာ၊ မစ္ဆရိယကင်းရမည်၊ အဂတိတရား ကင်းရမည်။
အညိုးအတေးကင်းရမည်၊ အထောက်ထားခိုင်လုံရမည်။
သုတေသနပြု လေ့လာရမည်။ သတ္တိရှိရမည်။
အန္တရာယ်ကို ကြိုတင်တွက်ဆထားရမည်။
ကြောက်တတ်သည့်စိတ်ကို အပြီးအတိုင် သဂြို င်္လ်ထားရမည်။
အထူးသဖြင့် လူယဉ်ကျေးများ၏ ပိတ်ပင်တားဆီးမှု့ကို တွန်လှန်ရဲရမည် - ဆိုသည်ကို
လူငယ်တို့ သိထားရပေမည်။

ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ
(၀ီရသူ - မစိုးရိမ်)

ဆရာ၏ ဆုံးမအပ်သောသြ၀ါဒကို အစဉ်အမြဲနာယူမှတ်သားလျက် သာသနာ၌ပေါ်ပေါက်လာ သောသာသနာ ဖျက် မိစ္ဆာကောင်များကို မတုန်မလှူပ်၊ မကြောက်မရွံ့သောစိတ်ဖြင့်မုန်းမှာကိုမကြောက် အတ္တကိုစတေး ကာ အသက်ရှင်နေသ၍ ဆက်လက် သုဓ်သင်နေမည်။ဆရာတော် ၀ီရသူ ကျန်းမာ ချမ်းသာပါစေကြောင်း ဆုတောင်း မေတ္တာပို့သလျက်..........

တပည့်တော်၏ဆရာတစ်ဆူဖြစ်တော်မူသော အရှင်ဝရသာမိအား ဦးညွှတ်ရှိခိုးပါ၏ဘုရား....

တင်ပြသူ...ကိုကိုးအိမ်


8 ယောက်ကစာမူခပေးသွားပါတယ်:

လိုင် said...

လာဖတ်သွားပါတယ်

ဂျေဂျူဝိုင် said...

ဟူး အဓမ္မတွေ မကြောက်ပဲ မကြောက်နိုင်ကြဘူးနော်။ မှန်တယ်။ ဂျပန်နည်းအတိုင်း လုပ်ရမယ်။

SHWE ZIN U said...

ကိုကိုးအိမ် ရေ စာလာဖတ်သွားပါတယ်

သူတို့ ရဲ့ အဓမ္မ တွေ က ဘာတွေလည်း ဆိုတာ မသိဖြစ်နေတယ် ဦးအေးမောင် တို့ ဦးအောင်သင်း တို့ ဥိးကျော်ဟိန်း တို့ကရော မိုးပြာဂိုဏ်းဝင် တွေဆိုတာ သေချာလား ဘာကိုကြည့်ပြီး ပြောလည်း ဆိုတာ သိချင်ပါတယ်

ခင်တဲ့
ရွှေစင်

ကိုကိုးအိမ်(မန္တလေး) said...

ရွှေစင်ရေကျွန်တော်ပြောတဲ့ထဲမှာ ဥိးအေးမောင် ဦးအောင်သင်း ဦးကျော်ဟိန်းတို့ဆိုတာတွေကို မိုးပြာဂိုဏ်းလို့မပြောပါဘူး အဓမ္မ၀ါဒီတွေမှာ ဂိုဏ်းခွဲတွေအများကြီးရှိပါတယ် သူတို့ကို အဓမ္မ၀ါဒီလို့ပဲကျွန်တော်ရေးထားတာပါ သေသေချာချာမေးမြန်းချင်တယ်ဆိုရင် ကျွန်တော့်ရဲ့အီးမေးလ်ကိုအင်ဗိုက်လုပ်လိုက်ပါ

ကဗျာဦး said...

ကဗျာဦးရဲ့ ကဗျာတွေ မဖတ်ဘူးနဲ့တူတယ်
ကိုကိုလားမမလားမေးနေလို့
လာလည်တာကျေးဇူးပါ

သျှင်သာမိ - မုံရွာ said...

@@@@@@ကိုကိုးအိမ် ရေ စာလာဖတ်သွားပါတယ်

သူတို့ ရဲ့ အဓမ္မ တွေ က ဘာတွေလည်း ဆိုတာ မသိဖြစ်နေတယ် ဦးအေးမောင် တို့ ဦးအောင်သင်း တို့ ဥိးကျော်ဟိန်း တို့ကရော မိုးပြာဂိုဏ်းဝင် တွေဆိုတာ သေချာလား ဘာကိုကြည့်ပြီး ပြောလည်း ဆိုတာ သိချင်ပါတယ်@@@@@@@@@@@

ဒကာတော် ရွှေစင် ရေ
အဓမ္မ၀ါဒ နဲ့ ပတ်သက်ပြီး နည်းနည်း ရှင်းပြပေးပါမယ်
မြန်မာနိုင်ငံမှာ ပြန်လည် ပေါ်ပေါက်နေတဲ့ အဓမ္မ၀ါဒတွေက အများကြီးပါပဲ
အဲဒီထဲမှာ

လူသေ လူဖြစ်ဝါဒ
အရှင်.......(တောင်စွန်း)
ဦးအေးမောင်
ဦးအောင်သင်း
ဝင်းသိန်းဦး စတဲ့ နာမည်ကြီး စာရေးဆရာတွေပါ ရှင်ဥက္ကဌ ရဲ့ ၀ါဒကိုပြန်လည် အသက်သွင်းဖို့ ကြိုးစားနေပါတယ်။

ဓမ္မစေတီဝါဒ ကိုတော့
ဓမ္မစေတီ ဦးကောသလ္လ၊
ဦးနာဒရ (မန္တလေးမြို့၊ ခင်မကန်တိုက်၊ အနန္တဂုဏ်ရည် စည်သာကျောင်း) စတဲ့ ဦးလူရေပေါင်းမြောက်မြားစွာနဲ့
အင်အာကြီး ဂိုဏ်းတစ်ဂိုဏ်း ဖြစ်နေပါတယ်။

ကျောက်သဘောင်္ဝါဒ
အရှင်ဧသိက(ရေစကြို)- ထေရ၀ါဒ စာပေဆုရ နဲ့
ဦးဝိစိတ္တ(မြစ်ကြီးနား)
ဦးကောဝိဒ စတဲ့ ပုဂ္ဂိုလ်တွေပါ ပခုက္ကူ၊ မကွေး၊ ကချင်ပြည်နယ်ဘက်တွေမှာ ပြန့်နှံ့နေတယ်လို့ သိရပါတယ်။

ကျော်ဟိန်း ကလည်း ကိုယ်ပိုင်ဝါဒ တခုလို ထူထောင်ဖို့ ကြိုးစားနေတဲ့သူပါ။

တန့်ကြည်တောင်
ဦးသောမဗုဒ္ဓိ ရဲ့ ၀ါဒဖြစ်ပါတယ်။
ပုဂံညောင်ဥိး နယ်တစ်ဝိုက်နဲ့ မန္တလေး ပြည်ကြီးတခွန် တို့မှာ ပြန်လည်ခေါင်းထောင်လာတဲ့ အဓမ္မ၀ါဒ တစ်ခုပါ

ချစ်ငယ်(ဒဿန)
သူ့ကိုယ်သူ ရဟန္တာပါလို့ ကျေညာပြီး အဓမ္မ၀ါဒ ထူထောင်နေတဲ့သူပါ။
သူရဲ့ ဂိုဏ်းချုပ်တည်ရှိရာက မန္တလေးမြို့ အမရပူရ မှာပါ

တခြားတစ်ခြားသော အဓမ္မ၀ါဒတွေလည်း ရှိပါသေးတယ်
ခုပြောခဲ့တာတွေက အင်အားကြီး ၀ါဒတွေပါ။

အရှင်ဝရသာမိ

SHWE ZIN U said...

အခုလို ဖြေကြားပေးတဲ့ အတွက် ကျေးဇူးပါ

တပည့်တော် တချို့ ၀ါဒတွေကို မဖတ်ဘူးသေးပါဘူး.. အခွင့်သင့်ရင်တော့ ဖတ်ထားချင်ပါတယ်.. ဒါမှ ဗုဒ္ဓ ဘာသာ တိုက်ခိုက်လာသူတွေ ကို ဘယ်လိုကာကွယ်ရမလည်း ဆိုတာ သိထားအောင်လို့ပါ..ဦးကျော်ဟိန်း မဂ္ဂဇင်းထဲမှာ ရေးတဲ့ ဆောင်းပါးတွေကိုလည်း တချို့က တော်တော် ကြိုက်နေကြတယ်..

ဘာဘဲဖြစ်ဖြစ် ဘုရားတရားသံဂါ ကို ဂိုဏ်းခွဲတာဟာ အပြစ်ရှိပါတယ်

လေးစားစွာဖြင့်
ရွှေစင်

ကိုကိုးအိမ်(မန္တလေး) said...

အပြစ်တွေအားလုံးထဲမှာ သံဂါဂိုဏ်းခွဲခြင်းဟာအကြီးမား ဆုံးအပြစ်ပါပဲ မရွှေစင်ရေ

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB