ကဲ...သယ်ရင်းတို့ရေ ဒီနေ့လည်း တခြားရေးစရာတွေစဉ်းစားမရတော့ စိမ်းပြာရေညှိအကြောင်းကိုပဲရေးဖို့ စဉ်းစားမိပြန်ပါပြီ...စာဖတ်သူတို့ကတော့ ဒီကိုကိုးအိမ်ဆိုတဲ့ ဘလော့ဂါကတော့ တခြားအကြောင်းအရာမရေး တတ်တာနဲ့ တစ်ခါလာလည်းစိမ်းပြာရေညှိ နောက်တစ်ခါလည်းစိမ်းပြာရေညှိ ခုလည်း စိမ်းပြာနေပြန်ပြီလို့ တော့ တွေးနေကြပြီနဲ့တူပါရဲ့...တကယ်တော့ အဟီး ...စိမ်းပြာရေညှိကို ခေါင်းထဲကထုတ်လို့မရတာလည်းပါ တာပေါ့လေ... အဲဒီတော့ ကိုကိုး ရေးတတ်သမျှစိမ်းပြာရေညှိအကြောင်းလေးကိုပဲ သည်းခံပြီးဖတ်ပေးကြပါလို့ တောင်းဆိုပါတယ်ခင်ဗျာ...ကိုကိုးရေးသမျှအကြောင်းအရာတွေထဲက တစ်ခုလောက်ကပဲစာဖတ်သူတို့ကို အကျိုးပြုပေးနိုင်မယ်ဆိုရင် စာရေးရကျိုးနပ်ပါပြီခင်ဗျား...ခုတော့ Radiation ကို စိမ်းပြာရေညှိဘယ်လိုကုမယ် ဆိုတာ လေ့လာကြည့်ရအောင်ဗျာ.....
စိမ်းပြာရေညှိ ကို ဓာတ်ရောင်ခြည်လွှတ်ခြင်း (Radiation)ကိုခုခံနိုင်သော သဘာဝကျန်းမာရေးပစ္စည်းအဖြစ် အသိအမှတ်ပြုထားကြသည်။ စိမ်းပြာရေညှိရှိ ပေါ်လီသကြားစွမ်းရည်သည် ခန္ဓာကိုယ်ရောဂါခုခံအားကို တိုးပွား စေသည်။ အန္တရာယ်ပြု ရေဒီရေးရှင်းမှ လူ့ခန္ဓာကိုယ်အရိုးခြင်ဆီဆဲလ် ပုံမှန်တိုးပွားခြင်းအား ထိန်းချုပ်ဆောင်ရွက်မှူ့ကို နိမ့်ကျအောင် ခုခံပေးနိုင်သည်။
၁၉၈၆ ခုနှစ်တွင် ရုရှားရှိ နျူးကလိယားဓာတ်ပေါင်းဖိုမှ နျူးကလိယားယိုစိမ့်မှူ့ဖြစ်ခဲ့သည်။ သောင်းနှင့်ချီသော အပြစ်မဲ့ပြည်သူတို့သည် သေဘေးခြိမ်းခြောက်မှူ့အန္တရာယ် ကြုံတွေ့ခဲ့ရသည်။ နိုင်ငံတကာမှ လူသားချင်းစာ နာထောက်ထားသော ကူညီပံ့ပိုးမှူ့များကို ချက်ချင်းပေးကြသည်။ ဘေးဒုက္ခ ကယ်ဆယ်ရေးပစ္စည်း အမျိုးမျိုး အနက် အဖိုးတန်ဆုံးမှာ ဂျပန်နိုင်ငံမှ သုတေသနပြုထုတ်လုပ်သော စိမ်းပြာရေညှိ ထုတ်ကုန်ပစ္စည်းများဖြစ် သည်။ ၎င်းသည် ရေဒီရေးရှင်း ဒဏ်ခံရသူ၏ သွေးပြန်ဖြစ်သောစွမ်းရည်ကို လျှင်မြန်စွာပြန်ကောင်းလာစေပြီး ရေဒီရေးရှင်းသတ္တိ၏ ရောဂါဖြစ်ပေါ်နှုန်းကို လျှင်မြန်စွာကျဆင်းစေသည်။ စိမ်းပြာရေညှိ၏ ထူးချွန်ပြောင် မြောက်သော ရေဒီရေးရှင်းခုခံနိုင်သည့် စွမ်းရည်မှာ ထိုအချိန်မှစ၍ ကမ္ဘာပေါ်တွင် ကျော်ကြားလာတော့ သည်။
ယခုအခါ အမျိုးမျိုးသော ရေဒီရေးရှင်းတို့ကြောင့် လူတို့၏ကျန်းမာရေး အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုး သမီးနှင့် သန္ဓေသားတို့အား ဆိုးဝါးသော ထိခိုက်ပျက်စီးမှူ့ကို ဖြစ်ပေါ်စေသည်။ စိမ်းပြာရေညှိမှ ရေဒီရေးရှင်း ကို ခုခံကာကွယ်ရန် ခို်င်မာသော ကာကွယ်ရေးတံတိုင်း ကိုတည်ဆောက်ပေးထားသည်။
ယနေ့ကျွန်တော်တို့ရင်ဆိုင်နေရတာကတော့ လေထု၊ ရေ၊ မိုက်ခရိုဝေ့၊ လက်ကိုင်ဖုန်း၊ လူတို့အထပ်ထပ်ပြု ပြင်ထားသော အသုံးအဆောင်၊ အစားအစာနှင့် ဆေးဝါးများတွင်ပါဝင်သည့် အဆိပ်ရှိဓာတုပစ္စည်းများ၏ အန္တ ရာယ်များဖြစ်သည်။ ကျွန်တော်တို့ခန္ဓာကိုယ်ထဲတွင် စုနေသော အဆိပ်ပစ္စည်းများကို အစဉ်မပျက် ရှင်းလင်းပစ်ရန်လိုအပ်သည်။ စိမ်းပြာရေညှိ၏ သီးခြားထူးကဲပြီး ဘက်စုံအာဟာရဖွဲ့စည်းမှူ့တွင် ကလိုရိုဖီးလ်၊ ရေညှိစိမ်းပရိုတိန်းနှင့် ပေါ်လီသကြားမြောက်မြားစွာ ပါဝင်နေသောအစွမ်းကြောင့် အဆိပ်ဖြေ၊ အဆိပ်ဖယ်ရှားပေးသော စွမ်းရည်ကို ထိရောက်စွာ ဖော်ဆောင်ပေးနိုင်သည်။
တချိန်တည်းတွင် စိမ်းပြာရေညှိ သည် ကင်ဆာရောဂါကို ဓာတ်ကင်မှူ့ပြုလုပ်ရာတွင် အကောင်းဆုံးအထောက်အကူပြုပစ္စည်းလည်းဖြစ်သည်။ လက်တွေ့ စမ်းသပ်သူတို့ ဓာတ်ကင်မှူ့ ခံယူပြီး နောက်ဖြစ်ပေါ်လာသော မကောင်းသည့် တုန့်ပြန်မှူ့များကို အလွန်နှေးကွေး ပျက်ပြယ်သွားစေနိုင်ပါကြောင်း ကို အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါကြောင်းခင်ဗျား........................

3 ယောက်ကစာမူခပေးသွားပါတယ်:
(Radiation)ကိုခုခံနိုင်အောင် စိမ်းပြာရေညှိ ကို တိုက်ရိုက်သုံးတာလား၊ ပေါ်လီမာ ခွဲထုတ်ပြီးမှ သုံးတာလား၊ စိတ်ဝင်စားဖွယ်ပါ၊
ကိုဆှိုဆီရေ စိမ်းပြာရေညှိကို ပေါ်လီမာခွဲထုတ်ပြီးမှသုံး တာမဟုတ်ပါဘူး။ စိမ်းပြရေညှိကို တိုက်ရိုက်သုံးတာပါ
ခင်ဗျာ...။စိမ်းပြာရေညှိမှာတောင် တချို့စိမ်းပြာရေညှိ
ထုတ်လုပ်တဲ့ကုမ္မဏီတွေက နည်းပညာအားနည်းလို့ စိမ်းပြာရေညှိမှာပါတဲ့ ပိုးတစ်မျိုးကိုသေအောင်မသတ်နိုင် တဲ့အတွက် မလိုလားအပ်တာတွေဖြစ်လာနိုင်ပါတယ်။
အဲဒီတော့ စိမ်းပြာရေညှိကိုသုံးတော့မယ်ဆိုရင်ကျွမ်းကျင် သူတွေနဲ့တိုင်ပင်သင့်ပါတယ်။ ဒီ့ထက်ပိုအကြံဥာဏ်လိုချင် ရင်တော့ ကျွန်တာ့်ရဲ့အီးမေးလ်ကိုအင်ဗိုက်လိုက်ပါ...
mr.moegokethar@gmail.com ကိုဆက်သွယ် လိုက်ရင် အားလုံးကူညီပေးလို့ရပါတယ်....
ကိုကိုးအိမ်
ကိုကိုးအိမ်ရေ ကိုကိုးအိမ်က အပြာဆိုစိတ်ဝင်စားတယ်နဲ့ တူတယ် မိုးပြာဂိုဏ်းတွေကော ခုလည်းစိမ်းပြာရေညှိ တွေတင်ထားပြန်ပြီ......အဟီးးးးးးးးး
Post a Comment