အရမ်းလှပတဲ့ရှူခင်းလေးတွေကို စာဖတ်သူတို့ကိုဝေမျှချင်နေတာကြာပါပြီ
အခုမှပဲ စာဖတ်သူတို့ရှေ့ကိုအရောက်တင်ပြနိုင်ခဲ့တာပါ
အရင်ကရော၊ခုရော၊နောက်ရော ကျွန်တော့်ရဲ့ဘလော့လေးကို သိသိသာသာလာလည်သူများ၊မသိမသာလာလည်သူများနဲ့တကွ စာလာဖတ်ကြတဲ့ ကျွန်တော့်ရဲ့ဘလော့ဂါသူငယ်ချင်းများကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ နောက်လည်းဆက်လက်တင်ပြသွားဦးမှာ ပါခင်ဗျာ...........ကျေးဇူးတင်ပါတယ်
စာရေးသူ...ကိုကိုးအိမ်
အလှတရားအားဖော်ဆောင်ခြင်းအပိုင်း(၁)
အမျိုးအစား အလှတရားဆိုင်ရာ | author: ကိုကိုးအိမ်(မန္တလေး)နယ်ဆင်မင်ဒဲလား၏ ခေါင်းဆောင်မှု စံနမူနာ (၈) သွယ်--- ( ၈ )
အမျိုးအစား သုတစာပေ | author: ကိုကိုးအိမ်(မန္တလေး)၈။ လက်တွေ့အလုပ်မဖြစ်နိုင်တဲ့ အတွေးအခေါ်၊ လုပ်ဆောင်ချက်တွေကို စွန့်လွှတ်ခြင်းသည်လည်း ခေါင်းဆောင်မှု အရည် အချင်းကောင်းဖြစ်ပါတယ်။
၉၃ ခုနှစ်မှာ မင်ဒဲလားက ကျနော့်ကို ကမ္ဘာပေါ်မှာ (၁၈) နှစ်အောက် မဲပေးပိုင်ခွင့် ရှိတဲ့နိုင်ငံရှိလားလို့မေးပါ
ဒါပေမယ့် သူ့အဆိုပြုချက်ကို အများကထောက်ခံမှု မရှိတဲ့အတွက် မအောင်မြင်မဲ့အခြေအနေနဲ့ ရင်ဆိုင်ရပေမယ့် သူကလိုလို လားလားပဲ လက်ခံ အသိအမှတ်ပြုပါတယ်။ ဒါဟာလည်းစံထားအပ်တဲ့ ခေါင်းဆောင်မှုစံနမူနာပါပဲ” လို့ ရာမာဖော်ဆာက ပြော ပါတယ်။ ခေါင်းဆောင်တဦးအနေနဲ့ အလုပ်မဖြစ် မအောင်မြင်တော့ တဲ့ အတွေးအမြင်၊ လုပ်ဆောင်ချက်၊ ဆက်ဆံရေးတွေကို အဆက်ဖြတ်စွန့်လွှတ်ရေး အတွက် ခက်ခက်ခဲခဲ ဆုံးဖြတ်လုပ်ဆောင်ရပါတယ်။ သူ့ကို လူထုရွေးကောက်ခံသမ္မတဖြစ်နေစဉ်မှ
ရက်စက်ကြမ်းကြုတ်တဲ့အသားအရောင် ခွဲခြားမှုစနစ်ကို ဆန့်ကျင်တွန်းလှန်ပြီး လူမျိုးရေးလွှမ်းမိုးမှုကင်းတဲ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံထူထောင်ခဲ့သူပါ။ ဖိနှိပ်ခံပြည်သူတွေဘက်မှာ သူအမြဲရှိပါတယ်။ ယနေ့တိုင် ဇင်ဘာဘွေ သမ္မတ ရောဘတ်မူဂါဘီ ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဝေဖန်ရှုတ်ချနေဆဲပါ။ သူထားခဲ့တဲ့ ခေါင်းဆောင်မှု အစဉ်အလာကောင်းတွေဟာ တောင်အာဖရိ က အတွက်သာမက အာဖရိကတိုက်တလွှားမှာ ရှိတဲ့ နောက်မျိုးဆက်တွေအတွက် အတုယူစရာစံနမူနာကောင်းတွေပါ။ ရာမာဖော်ဆာက “ မင်ဒဲလားဟာ သင်္ဘောမောင်းနှင် သူတယောက်မဟုတ်ဘဲ ရေကြောင်း လမ်းညွှန်သူတယောက်ဖြစ်တယ်” လို့ပြောပါတယ်။ ခေါင်းဆောင်ဆိုတာ နှလုံးသားနဲ့ ဦးနှောက်ကို ချိန်ညှိပြီး ဦးဆောင်မှုပေးရတယ်ဆိုတာကို မင်ဒဲလားကအလေး အနက် သိမြင်ထားပါတယ်။
ဒီအချက်ကို သူ့ရဲ့ထောင်တွင်းကာလ (၂၇) နှစ်က မှတ်ကျောက်ပြုပေးလိုက်တာပါ။ ၁၉၆၄ ခုနှစ်မှာ အကျဉ်းသားဘဝနဲ့ ရော် ဘင်ကျွန်းပေါ်မှာ စတင်ခြေချချိန်က သူဟာ ထိခိုက်ခံစားလွယ် စူးရှပေါက်ကွဲလွယ်တဲ့ လူရွယ်တဦးပါ။ အကျဉ်းထောင်မှ ပြန် လည်လွန်မြောက်လာချိန်မှာ တော့ နှိုင်းနှိုင်းချိန်ချိန် သုခမိန်တဦး ဖြစ်နေပါပြီ ဒါ့အပြင် သူဟာခံစားမှုကို အရောင်တင်တတ် သူ တဦးမဟုတ်ပါ။ ထောင်ထဲဝင်သွားတုန်းက လူရွယ်တဦးဘဝနဲ့ ထောင်ကပြန်လွတ်လာချိန် အခြေအနေ ဘယ်လိုကွာခြားလဲလို့ ကျနော်မေးတတ်တာကို သူဘဝင်ကျပုံမပေါ်ပါဘူး။ ဒီလိုနဲ့ မတတ်သာတဲ့ နောက်ဆုံးတနေ့မှာ တော့ သူစိတ်ပေါက်ပေါက်နဲ့ အဖြေပေးလိုက်ပုံက “ရင့်ကျက်လာတယ်” တဲ့။
အမှန်ပါဘဲ၊ အတွေ့အကြုံရော အတွေးအခေါ်ပါ တည်ငြိမ်ရင့်ကျက်သူတဦးအနေနဲ့ လောကမှာ ရှာမတွေ့နိုင်လောက်အောင် ရှားပါးတဲ့အရာ၊ မစွန့်လွှတ်နိုင်လောက်အောင် တန်ဖိုးကြီးမားတဲ့အရာရယ်လို့ မရှိနိုင်တော့ပါဘူးဗျာ။ ။
မျှဝေသူ...ကိုကိုးအိမ်
နယ်ဆင်မင်ဒဲလား၏ ခေါင်းဆောင်မှု စံနမူနာ (၈) သွယ်---( ၇ )
အမျိုးအစား သုတစာပေ | author: ကိုကိုးအိမ်(မန္တလေး)၇။ အသားအရောင်များ အဓိကမထား
ကျနော်တို့ မေးမြန်းခန်းစတဲ့ အခါ “ခင်ဗျားလက်နက်ကိုင် တိုက်ပွဲကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်တာဟာ ခင်ဗျားတို့မှာ လူဖြူအစိုးရကို ဖြုတ်ချဖို့ အင်အားအလုံအလောက်မရှိဘူး ဆိုတာကို သဘောပေါက်ထားလို့လား၊ (သို့) အကြမ်းမဖက်တဲ့နည်းကို ရွေးချယ် လိုက် ခြင်းဖြင့် နိုင်ငံတကာရဲ့အားပေး ထောက်ခံမှုတွေ ခင်ဗျားတို့ဘက်ကို တိမ်းညွှတ်လာနိုင်တယ်ဆိုတဲ့ အရိပ်အယောင် တွေ မြင်နေရလို့လား။” ဆိုတဲ့ မေးခွန်းမျိုးကို မင်ဒဲလားကို ကျနော် မကြာခဏ မေးတတ်ပါတယ်။ ထိုအခါ သူက စူးစမ်းတဲ့ သဘောနဲ့ ဖျတ်ခနဲတချက်ကြည့်လိုက်ပြီး “နှစ်ခုစလုံးဘဲ” လို့ ဖြေတတ်ပါတယ်။ကျနော်မေးတဲ့မေးခွ
လက်တွေ့ ကျတဲ့နိုင်ငံရေးသမားတဦးအနေနဲ့ သူဟာကမ္ဘာကြီးကိုကြည့်မြင်ရာမှာ မရေမတွက်နိုင်လောက်အောင် အရောင်အ သွေး၊ အယူဝါဒတွေ ရှုပ်ထွေးနေတဲ့ ကမ္ဘာကြီးအဖြစ်နားလည်ထားပါတယ်။ ဒီအမြင်တွေဟာ အသားအရောင် ခွဲခြားမှု စနစ် အောက်မှာ အလုပ်တစ်ခုရဖို့ အတွက်နဲ့ အလုပ်ရပြီးရင်လည်း မညှာမတာ အခိုင်းမခံရအောင်လူဖြူအလုပ်ရှင်
အမေရိကန်အစိုးရက မင်ဒဲလားကို အကြမ်းဖက်သမားအဖြစ် တံဆိပ်ကပ်ထားချိန်မှာ ကပ်စထရိုနဲ့ ကဒါဖီက သူ့ကို ကူညီပေး ခဲ့ပါတယ်။ ကဒါဖီနဲ့ ကပ်စထရိုအပေါ်မှာ ဘယ်လိုသဘောရလဲလို့ ကျနော်မေးကြည့်တဲ့အခါမှာ အမေရိကန်အစိုးရက တောင် အာဖရိကကို စိတ်ဝင်စားကြောင်း အရိပ်အမြွက်ပြောဆိုပြီး အလိုက်မသိ အူကြောင်ကြောင် နိုင်လှတဲ့ ကျနော့်ကို ပြစ်တင်ဝေ ဖန်ပါတော့တယ်။ ပြဿနာတိုင်းမှာ အကြောင်းခံတွေ များစွာရှိပါတယ်။ သူပြတ်ပြတ်သားသား ဆန့်ကျင်တဲ့ အသားအရောင် ခွဲခြားမှုစနစ်မှာ သမိုင်းအရ လူမှုရေးအခြေခံအရ စိတ်ဓါတ်ပိုင်းဆိုင်ရာအရ အကြောင်းခံတရားတွေ များစွာအမြစ်တွယ် နေပါ တယ်။ ဒီအခြေအနေတွေအောက်မှာ မင်ဒဲလားကတော့ သူ့ရည်မှန်းချက်ပန်းတိုင်ကို ရောက်အောင် လက်တွေ့အကျဆုံးနည်း လမ်းကို အမြဲတမ်းစဉ်းစားနေတတ်ပါတယ်။
မျှဝေသူ..ကိုကိုးအိမ်
နယ်ဆင်မင်ဒဲလား၏ ခေါင်းဆောင်မှု စံနမူနာ (၈) သွယ်--- ( ၆ )
အမျိုးအစား သုတစာပေ | author: ကိုကိုးအိမ်(မန္တလေး)၆။ ခေါင်းဆောင်မှုအင်္ဂါရပ်မှာ ပြုမူလှုပ်ရှားမှုအသွင်သဏ္ဍာန်က အရေးကြီးပါတယ်။ အမြဲပြုံးနေတတ်ပါစေ။
အမွှေးတုံးနေသော ကတ္တီပါဝတ်စုံကို ဝတ်ဆင်ထားသော ဂျိုဟန်နစ္စဘတ်မြို့က နုံချာချာ ဥပဒေကျောင်းသာလေးဘဝမှာ မင်ဒဲ လားကို အဲဒီ့အချိန်က အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း
မင်ဒဲလားဟာ အရပ်မြင့်မြင့် လူရည်ချောချော လူငယ်တဦးဖြစ်ပြီး တော်ဝင် ဘုရင့်လေတပ်မတော်အကြီးအကဲ တဦး ရဲ့သား ဖြစ်သူနဲ့ ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ အပျော်တမ်း လက်ဝှေ့ကစားသမားတဦးလည်းဖြစ်ပါ
ကျနော်တို့ဟာတခါတရံမှာ လူတယောက်ရဲ့ ခေါင်းဆောင်မှု အရည်အချင်းနဲ့ ရုပ်ပိုင်းဆိုင်ရာအာရုံနိုးကြွှ
“ ကျနော်ဖြင့် တွေ့မြင်ဖူးသမျှ လူမည်းတွေထဲမှာ မင်ဒဲလားဟာ ဝတ်စုံကို ချပ်ချပ်ရပ်ရပ် ဖြစ်အောင် ဝတ်ဆင်တတ်ဆုံး သူပါပဲ ” လို့ တခါက အိန္ဒိယ အပ်ချုပ်ဆိုင်တခုမှ သူနဲ့ တွေ့ဆုံခဲ့ဖူးသူ ရှေ့နေ ဂျော့ဘီဇိုစ် (George Bizos) ကပြောပါတယ်။ ခုနေအခါမှာတော့ မင်ဒဲလားရုပ်ပုံရိုက်နှိပ်ထားတဲ
၁၉၉၄ခုနှစ်သမ္မတရွေးကောက်ပွဲအတွ
နေရာတိုင်းမှာ တွေ့နေရတဲ့ (ANC) ရွေးကောက်ပွဲအောင်နိုင်ရေးပို
အမှန်တကယ်လည်း မင်ဒဲလားဟာ လူဖြူတွေနဲ့ ပတ်သက်ပြီး နာကျည်းစရာတွေ များစွာရှိသော်လည်း ထိုခံစားချက်တွေကို မေ့ပျောက်ပစ်ဖို့ ပိုပြီးအရေးကြီးတာကို သူသိမြင်ထားပါတယ်။ “အတိတ်ကိုမေ့ပစ်လိုက်စမ်းပါလို့
မျှဝေသူ....ကိုကိုးအိမ်
နယ်ဆင်မင်ဒဲလား၏ ခေါင်းဆောင်မှု စံနမူနာ (၈) သွယ်--- ( ၅ )
အမျိုးအစား သုတစာပေ | author: ကိုကိုးအိမ်(မန္တလေး)၅။ မိတ်ဆွေရဲဘော်များနဲ့ လက်ပွန်းတတီးရှိပါစေ။ မိမိပြိုင်ဘက်များကိုပင် ရင်းနှီးမှု ရအောင်ယူပါ။
မင်ဒဲလားသည် ကူနူ (Qunu) မှာ ရှိတဲ့ သူ့အိမ်ကို ဖိတ်ကြားတွေ့ဆုံသော ဧည့်သည်အများစုအပေါ်သူ့အနေနဲ့ အပြည့်အဝ ယုံကြည်မှုမရှိကြောင်း ကျနော်သိအောင် ပြောပြထားပါတယ်။ သူတို့ကို မင်ဒဲလားက ညစာတည်ခင်းဧည့်ခံတယ်။ သူတို့နဲ့ တိုင် ပင်ဆွေးနွေးတယ်။ သူတို့အကြိုက်လေချိုသွေးပြီး လက်ဆောင်တွေလည်း ပေးလိုက်သေးတယ်။ မင်ဒဲလားဟာ တပါးသူ အပေါ် ညှို့ယူဖမ်းစားနိုင်စွမ်းရှိသြူ
မင်ဒဲလားကို နီးနီးကပ်ကပ် ဆက်ဆံခဲ့သူတဦးကတော့ (ANC) ရဲ့ ရဲရဲ တောက်စစ်ခေါင်းဆောင် ခရစ်ဟာနီ (Chris Hani) ဖြစ်ပြီး သူဟာမင်ဒဲလားကိုဆန့်ကျင်ဖို့ လျှို့ဝှက်ကြံစည်နေသူအဖြစ် သတင်းကြီးပါတယ်။ ဒါပေမယ့် မင်ဒဲလားက သူ့ကို နွေးနွေးထွေး ထွေး ဆက်ဆံပါတယ်။ “ဟာနီမှ မဟုတ်ဘူး စက်မှုလုပ်ငန်းရှင်ကြီးတွေ၊ သတ္ထုတွင်းပိုင်ရှင်ကြီးတွေ၊ သူနဲ့ အတိုက်အခံဖြစ် သူ တွေကိုလည်း မင်ဒဲလားက ရင်းရင်းနှီးနှီး ဆက်ဆံပါတယ်။” လို့ ရာမာဖော်ဆာကဆိုပါတယ်။ မင်ဒဲလားက အဲဒီ့လူတွေရဲ့ မွေးနေ့ တွေမှာ ဖုန်းဆက်ပြီး ဆုတောင်းပေးလေ့ရှိသလို သူတို့ မိသားစု နာရေးကိစ္စတွေကိုလည်း သွားရောက်တတ်ပါတယ်။ ဒါတွေဟာ သူ့ရည်မှန်းချက်အတွက်အခွင့်အရေး တခုအနေနဲ့သူကမြင်ပါတယ်။ “သူအကျဉ်းထောင်ကလွတ်မြောက်လာပြီ
မင်ဒဲလားရဲ့နေ့ရက်တွေမှာ လူထုနဲ့ တထပ်တည်းမကျတဲ့ ကာလတွေ ရှိပါတယ်။ အဲဒီလိုအခါမျိုးမျာ ဆွဲဆောင်မှု စွမ်းအားကြီး မားသူတို့ရဲ့ထုံးစံအတိုင်း သူဟာလူထုအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နေပါတယ်ဆိုတဲ
မျှဝေသူ...ကိုကိုးအိမ်
နယ်ဆင်မင်ဒဲလား၏ ခေါင်းဆောင်မှု စံနမူနာ (၈) သွယ်---( ၄ )
အမျိုးအစား သုတစာပေ | author: ကိုကိုးအိမ်(မန္တလေး)၄။ ပြိုင်ဘက်ရန်သူအကြောင်းကိုသိအော
၁၉၆ဝ ခုနှစ်များလောက်မှာ အသားအရောင်ခွဲခြားဆက်ဆံသူ အာဖရိကန်လူဖြူတွေရဲ့ ဘာသာစကားကို စတင်လေ့လာပါတယ်။ (ANC) အဖွဲ့ထဲမှာရှိတဲ့ ရဲဘော်တွေက အဲဒီ့အတွက်သူ့ကိုလှောင်ပြောင် ကျီစယ်ကြပေမယ့် သူကတော့ လူဖြူတွေရဲ့ ကမ္ဘာ့အမြင် ကို သိချင်လို့လေ့လာတာပါ။ တနေ့ကျရင် သူဟာ လူဖြူအစိုးရကို တနည်းနည်းနဲ့ ပတ်သတ်ဆက်ဆံရမှာ ဖြစ်တယ်ဆိုတာ သိထားပါတယ်။ လူဖြူတွေနဲ့ စကားပြောဆိုရင်းနဲ့ သူတို့ ရဲ့ အားသာချက်၊ အားနည်းချက်တွေကို သိမြင်လာမယ်။ အခြေအနေနဲ့ ကိုက်ညီတဲ့ နည်းဗျူဟာတွေ ချမှတ်လုပ်ဆောင်နိုင်မယ် စတဲ့ အကျိုးရလဒ် နှစ်ခုကိုထိထိရောက်ရောက် ဆောင်ရွက်နိုင်ပါတယ်။ သို့ပေမယ့် လူဖြူအသိုင်းအဝိုင်း အတွင်းမှာ ဝင်ဆံ့အောင်တော့ အလိုက်သင့် အလျားသင့်နေတတ်ရပါမယ်။
သာမန်ထောင်ဝန်ထမ်း တွေကစလို့ သမ္မတ ပက်ထရစ်ဘိုသာ (P.W.Botha)အထိ အာဖရိကန်လူဖြူတွေက မင်ဒဲလား၏ လူဖြူ ဘာသာစကား ကျွမ်းကျင်ပုံနဲ့ လူဖြူတွေရဲ့ သမိုင်းနှံ့စပ်ပုံတွေကို အထင်ကြီးလေးစားကြရပါတယ်။ မင်ဒဲလားဟာ လူဖြူတွေရဲ့ အသဲစွဲအားကစားဖြစ်တဲ့ ရတ်ဘီ ဘောလုံးကစားနည်းကို တစ်သင်းချင်းအလိုက်၊ အားကစားသမားတဦး ချင်းအလိုက်နှိုင်းယှဉ် သုံးသပ် နိုင်တဲ့ အထိ အားဖြည့် လေ့လာထားပါတယ်။
အာဖရိကန်လူဖြူတွေနဲ့ လူမည်းအာဖရိက လူမျိုးတွေကြားမှာ ဘုံတူညီမှုအခြေခံတွေ ချမှတ်တာကို မင်ဒဲလားနားလည် သဘော ပေါက်ပါတယ်။ အာဖရိကန်လူဖြူတွေက သူတို့ဟာလည်း လူမည်းတွေလိုပဲ အာဖရိက တိုက်သားတွေ ဖြစ်တယ်ဆိုတာကို နက် နက် ရှိုင်းရှိုင်းယုံကြည်ထားပါတယ်။ ပြီးတော့ သူတို့ကိုယ်တိုင်လည်း ရက်စက်ကြမ်းကြုတ်မှုရဲ့ သားကောင်တွေ ဖြစ်နေပါတယ်။ ဗြိတိသျှအစိုးရနဲ့ တောင်အာဖရိကမှာ အခြေချနေထိုင်တဲ့ အင်္ဂလိပ် လူဖြူတွေက သူတို့ကို အထင်သေးနှိမ့်ချဆက်ဆံတာ ခံကြ ရပါတယ်။ တောင်အာဖရိက လူ့အဖွဲ့အစည်းမှာ အမြစ်တွယ်စွဲမြဲနေတဲ့ ရှုပ်ထွေးနိမ့်ကျသိမ်ငယ်စရာ ယဉ်ကျေးမှုရဲ့ဒဏ်ရာ ဒဏ် ချက်တွေကို လူမည်းများနည်းတူ လူဖြူတွေလည်း ခံစားကြရပါတယ်။ ရှေ့နေတဦး ဖြစ်တဲ့ မင်ဒဲလားဟာ ပြဿနာကြုံ တွေ့ နေရသော ထောင်ဝါဒါ (လူဖြူဝန်ထမ်း)များကို ဥပဒေဆိုင်ရာ အကူအညီပေးပါတယ်။ ထောင်ဝန်ထမ်းတွေက မင်ဒဲလားနဲ့ စာရင် များစွားပညာရည် နိမ့်ပါးသူတွေဖြစ်ပြီး လူမည်းတဦးကသူတို့အပေါ် အကူအညီပေးနိုင် ခြင်းဟာ သာမန် ဖြစ်ရိုးဖြစ်စဉ် မဟုတ်တော့ဘဲ အံ့ဘွယ်ဘနန်းထူးဆန်းမှုကြီး ဖြစ်နေပါတော့တယ်။ “ဒါတွေဟာ အကြင်နာတရားမဲ့ပြီး ရက်စက်တဲ့ အသား အရောင်ခွဲခြားမှု စနစ်ဆိုးရဲ့ သရုပ်သကန်တွေဖြစ်ပြီး အဲဒီ့လို အဆိုးဆုံး ယုတ်မာရက်စက်ဆုံးသော အာဏာရှင်အစိုးရမျိုးနဲ့ တောင် မင်ဒဲလားက စေ့စပ်ဆွေးနွေးနိုင်ခဲ့ပါတယ်” လို့ တောင်အာဖရိက သမိုင်းဆရာအကျော်အမော် အလစ်စတာ စပါ့ခ် (Alister Sparks) ကဆိုပါတယ်။
မျှဝေသူ...ကိုကိုးအိမ်
နယ်ဆင်မင်ဒဲလား၏ ခေါင်းဆောင်မှု စံနမူနာ (၈) သွယ်…( ၃ )
အမျိုးအစား သုတစာပေ | author: ကိုကိုးအိမ်(မန္တလေး)၃။ နောက်တန်းမှဦးဆောင်မှုပေးပါ။ အခြားသူတွေကို ရှေကတန်းမှာ ခိုင်ခိုင်မာမာ ရပ်တည်ပါစေ။
မင်ဒဲလားကသူ့ရဲ့လုလင်ပျိုဘဝမှာ နွားကျောင်းခဲ့ရတဲ့ ပျင်းရိစရာနေ့လည်ခင်းကို တမ်းတမ်းတတ ပြောပြတတ်ပါတယ်။ “သိတယ်မဟုတ်လား။ နွားအုပ်ကိုကိုယ်လိုရာရောက်အော
အကြီးအကဲတွေရဲ့ အလုပ်က လူတွေကိုသြဇာပေးစေခိုင်းဖို့ထက် လူတွေရဲ့ သဘောဆန္ဒတွေကို စုစည်းစုဖွဲ့ပြီးလုပ်ငန်း အ ကောင် အထည်ဖော်တတ်ဖို့ ပိုအရေးကြီးပါတယ်လို့ မင်ဒဲလားကဆိုပါတယ်။ သူပြောလေ့ရှိတဲ့စကားက “ဆွေးနွေးငြင်းခုံပွဲတွေ မှာ ကိုယ်ကအစောကြီး ဝင်မဆွေးနွေးနဲ့” ကျနော် မင်ဒဲလားနဲ့ လက်တွဲလုပ်ကိုင်နေစဉ်အတွင်း ဂျိုဟန်နစ္စဘတ်မြို့ (Johannasbug) ရဲ့ သာယာလှပသော ဆင်ခြေဖုံးရပ်ကွက်တခုဖြစ်တဲ့ ဟူတန် (Houghton) ရပ်ကွက်မှာ တည်ဆောက်ထားတဲ့ သူ့အိမ်ကလေးမှာ မကြာခဏဆိုသလို ရာမာဖော်ဆာ၊ သာဘိုမစ်ကီ (Thabo Mbeki) 'ယခုတောင်အာဖရိက သမ္မတ' နဲ့ အခြား သူများပါဝင်တဲ့ လူ (၆) ဦးဟာ ထမင်းစားပွဲပတ်လည် (သို့မဟုတ်) အိမ်အဝင်ကားလမ်းလေးပေါ်မှာ စက်ဝိုင်းပုံနေရာယူပြီး ဆွေးနွေးကြတာပါ။ သူ့ရဲဘော်အချို့က လုပ်ငန်းတွေကို သွက်သွက်မြန်မြန်လှုပ်ရှား လုပ်ဆောင်ဖို့၊ ယခုထက် ပိုပြီးတက်တက် ကြွှကြွှလုပ်ကိုင်ဖို့ ဒေါနဲ့မောနဲ့ အော်ဟစ်ပြောဆိုဆွေးနွေးနေချိန်
နောက်ဆုံးသူ့အလှည့်ကျတော့မှ တယောက်တပေါက်ပြန့်ကျဲနေတဲ့ အမြင်သဘောတွေကို ဖြည်းဖြည်းမှန်မှန်နဲ့ စနစ်တကျ အနှစ်ချုပ်လိုက်ပါတယ်။ နောက်တော့မှ သူ့ကိုယ်ပိုင်အတွေးအမြင်တွေကို ထုတ်ဖော်ဆွေးနွေးတင်ပြပြီး အများသဘောနဲ့လည်း မဆန့်ကျင်၊ သူ့လိုလားချက်နဲ့လည်းအနီးယိုးစွ
မျှဝေသူ...ကိုကိုးအိမ်
နယ်ဆင်မင်ဒဲလား၏ ခေါင်းဆောင်မှု စံနမူနာ (၈) သွယ်…( ၂ )
အမျိုးအစား သုတစာပေ | author: ကိုကိုးအိမ်(မန္တလေး)၂။ ရှေ့တန်းမှဦးဆောင်ပါ။ ကိုယ့်အုပ်စုကိုလည်း နောက်တန်းမှာ ချန်မထားပါနဲ့။
မင်ဒဲလားဟာလျှို့ဝှက်ပြီး သိုသိုသိပ်သိပ် နေထိုင်တတ်သူဖြစ်ပါတယ်။ သူဟာ ၁၉၈၅ ခုနှစ်မှာ ပရိုစတိတ်အကျိတ် ခွဲစိတ် ကုသ ခံခဲ့ရပါတယ်။ ဆေးရုံကဆင်းလို့ အကျဉ်းထောင်တွင်းပြန်ရောက်တဲ့
၁၉၈၅ ခုနှစ် ဆွေးနွေးမှုစတင်နေချိန်မှာပဲ မင်ဒဲလားတယောက် လမ်းကြောင်းပျောက်သွားပြီလား ဆိုပြီး တွေးတောနေသူတွေ မနည်းမနောရှိပါတယ်။ “သူက ကျနော်တို့ အပေါ်သစ္စာဖောက်သွားပြီလို့ ခံစားမိတယ်။ ကျနော်တို့ ဘာတွေလုပ်ဆောင်နေတယ် ဆိုတာကို ပြောပြဖို့သူ့ကို သွားတွေ့ခဲ့တယ်။ ခုလိုဆွေးနွေးမှုဟာ ယုံရခက်တဲ့ ပမာဏခြေလှမ်းပဲ။ သူသိပ်ပြီး စွန့်စားလွန်း တယ်။” လို့ အဲဒီ့အချိန်က သတ္ထုတွင်း အလုပ်သမားသမဂ္ဂရဲ့ ဒေါင်ဒေါင်မြည် ရဲရဲတောက်ခေါင်းဆောင် စီရီလ်ရာမာဖော်ဆာ (Cyril Ramaphosa) ကဆိုပါတယ်။ ဒါကြောင့် မင်ဒဲလားဟာ သူ့လုပ်ဆောင်ချက်တွေ မှန်ကန်ကြောင်း သူ့လုပ်ဖော်ကိုင်ဖက် များကို ရှင်းလင်းပြောဆို နားချပါတော့တယ်။ သူ့ဂုဏ်သတင်း ဟာလည်း ဆွေးနွေးပွဲ အောင်မြင်မှု ရှိ၊ မရှိပေါ်မှာ မူတည်နေ ပါတော့တယ်။
အကျဉ်းထောင်အတွင်းမှာ ရှိနေတဲ့ ရဲဘော်တဦးချင်းဆီသွားပြီး မင်ဒဲလားကသူ့လုပ်ဆောင်ချက်တွေအေ
ရေရှည်အတွက်မျှော်တွေးစဉ်းစားနိ
မျှဝေသူ...ကိုကိုးအိမ်
နယ်ဆင်မင်ဒဲလား၏ ခေါင်းဆောင်မှု စံနမူနာ (၈) သွယ် .... (၁)
အမျိုးအစား သုတစာပေ | author: ကိုကိုးအိမ်(မန္တလေး)နိဒါန်း
ယခုစာစုကို ရေးသားခဲ့သူ ရစ်ချတ်စတင်းဂဲလ် (Richard Stengel)သည် တောင်အာဖရိက လူမည်းခေါင်းဆောင် နယ်လ်ဆင် မင်ဒဲလားနှင့်အတူ နှစ်ပေါင်းများစွာ လက်တွဲလုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်
၁။ ရဲစွမ်းသတ္တိဆိုတာ အကြောက်တရားကင်းစင်ခြင်းမဟုတ်၊ အကြောက်တရားကို ကျော်လွန်လုပ်ဆောင်ဖို့ စေ့ဆော်အားမွေး ပေးခြင်းဖြစ်သည်။
၁၉၉၄ ခုနှစ် တောင်အာဖရိက နိုင်ငံ သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှု ကာလအတွင်းက လေယာဉ် ဆင်းသက်နိုင်ရုံသာရှိသော နာတာ(Natal)လေယာဉ်ကွင်း အနီးရှိ သူ့ကိုထောက်ခံသူ ဇူးလူးလူမျိုးစု (Zulu)တွေကို မိန့်ခွန်း စကားပြောကြားရန် မင်ဒဲလားဟာ ပန်ကာနှစ်လုံးတပ် လေယဉ်ကလေးပေါ် စီးနင်းလိုက်ပါလာခဲ့ပါတယ်။ အဲဒီမှာ သူမိန့်ခွန်း ပြောပြီးတဲ့အခါ ဆက်လက်လုပ်ဆောင်စရာ ကိစ္စတွေရှိတာကြောင့် ကျနော် လေယဉ်ကွင်းကို ရောက်ရှိသွားပါတယ်။ လေယဉ်ဆင်းသက်နေစဉ် မိနစ် (၂ဝ) အကြာမှာ အင်ဂျင်တလုံးဟာ ရုတ်တရက် ထိုးရပ်သွားတာကြောင့် လေယဉ်ပေါ် လိုက် ပါလာသူတွေ အထိတ်တလန့် ဖြစ်ကုန်ကြရပါတယ်။ အဲဒီ့အချိန်မှာ မင်ဒဲလားတယာက်ကတော့ နံက်ခင်းရထားစီးပြီး ပုံမှန် အလုပ်သွားနေသလိုမျိုး မလှုပ်မရှား ငြိမ်ချက်သားကောင်းလို့ သတင်းစာ ဖတ်မပျက်ပါ။ ဒီတော့မှ ကျန်လူတွေလည်း စိတ်လှုပ် ရှားမှု သက်သာရာရပြီး တည်ငြိမ်မှုရှိလာပါတယ်။ လေယဉ်ကွင်းက အရေးပေါ် ဆင်းသက်မှုအတွက်သာပြင်ဆင်ထားတြာ
မြေအောက်နိုင်ငံရေး လှုပ်ရှားမှုကာလ၊ ရီဗွန်နီးယားတရားရုံး (Rivonia)မှာ အမှုစစ်ဆေးခံနေရစဉ်ကာလ နဲ့ရော်ဘင်ကျွန်းပေါ် မှာ (Robben) အကျဉ်းကျခံနေရစဉ်ကာလတွေအတွင်းမှ
ကြောက်ရွံ့စရာတွေ တင်းကြမ်းပြည့်နေတဲ့ ရော်ဘင်ကျွန်းပေါ်မှာ သူဒီအတိုင်းကျင့် ကြံနေထိုင်ပါတယ်။
အမှုစစ်ဆေးစဉ်ကာလမှာ တရားရုံးဝင်းအတွင်းခေါင်းမော့ ရင်ကော့ပြီး မော်မော်ကြွှားကြွှား လမ်းလျှောက်နေသော မင်ဒဲလားကို တွေ့မြင်လိုက်ရတဲ့ ဘဝတူအကျဉ်းသားတွေက သူတို့ရဲ့အမြင်အာရုံမှာ အဲဒီ မြင်ကွင်းသဏ္ဍာန်ကို ရက်ပေါင်းအတော်ကြာအောင် လွှမ်းမိုးငြိတွယ်နေတယ်လို့ ပြန်ပြောပြကြပါတယ်။ သူဟာအခြားသူတွေအတွက် စံနမူနာကောင်းဖြစ်ရမယ်လို့ မင်ဒဲလားက ခံယူထားပါတယ်။ အဲဒီ့စိတ်ဓါတ်နဲ့ သူကိုယ်တိုင် ကြောက်စိတ်တွေကို ကျော်လွှားအောင်မြင်ပြီး လူထုရဲ့ သူရဲကောင်းဖြစ် လာ တာပါ။
မျှဝေသူ....ကိုကိုးအိမ်
ဝက်တုပ်ကွေးနှင့်စိုးရိမ်စိတ်လွန်ကဲမှူ့ပြဿနာ
အမျိုးအစား ကျန်းမာရေး | author: ကိုကိုးအိမ်(မန္တလေး)တစ်နှစ်နဲ့ တစ်နှစ် မရိုးနိုင်ဘဲ ဖြစ်နေကျ ဖြစ်တဲ့ တုပ်ကွေးရောဂါကြောင့် မိုးဦးကျပြီ ဆိုတာနဲ့ ဆေးခန်းငယ်လေးတွေမှာရော ဆေးခန်းကြီးတွေပါမကျန် လူစည်ကား တတ်မြဲဖြစ်ပါတယ်။ ဒီနှစ်မှာတော့ နှစ်ဦးပိုင်းကတည်းက ၀က်တုပ်ကွေး ခေါ် swine flu ဆိုတဲ့ နာမည်ဆန်းကလေးနဲ့ တုပ်ကွေး အသစ်စက်စက် ကလေးက လူသားတို့ဆီကို အခြားတုပ်ကွေးတွေထက် အရင်ရောက်လို့ နေပြန်ပါတယ်။
အရင် ဖြစ်ဖူးခဲ့တဲ့ ကြက်ငှက်တုပ်ကွေးတုန်းကလို အာရှနိုင်ငံများက အစပြုတာ မဟုတ်ဘဲ မက္ကစီကိုမှာ စတင်ဖြစ်ပွားပြီး နာမည်ကျော်လာတဲ့ ၀က်တုပ်ကွေးဟာ အချိန်တိုလေးအတွင်းမှာ တော်တော်ကို ခေတ်စားလာခဲ့တာ တွေ့ရပါတယ်။
………………………………………………………………………………
အဲဒီ swine flu လို့ ခေါ်ကြတဲ့ ၀က်တုပ်ကွေးဟာ သိပ်မကြာလှတဲ့ သက်တမ်းမှာပဲ သူ့အတွက် ရောဂါရှာဖွေနည်း၊ ကုထုံး၊ ကာကွယ်နည်း စတာတွေနဲ့ စုံစမ်း ဟန့်တားတဲ့ကြားက ကမ္ဘာတ၀ှမ်းမှာ ခေါင်းထူလာတာ တွေ့နိုင်ပါတယ်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းက ထုတ်ပြန်ထားတဲ့ ၀က်တုပ်ကွေးအကြောင်း၊ ဆောင်ရန်ရှောင်ရန် သတင်းအချက်အလက်တွေနဲ့ လက်ကမ်း စာစောင်တွေကိုလည်း နေရာအချို့မှာ တွေ့နေရတတ်ပြီး ၀က်တုပ်ကွေးဟာ အင်တာနက် စာမျက်နှာများနဲ့ အခြားသော အင်တာနက်ပေါ်မှ လူမှုရေး ပတ်ဝန်းကျင်များမှာပါ ခေတ်စားတဲ့ ရောဂါတစ်ခု ဖြစ်လာခဲ့ပါတယ်။ နိုင်ငံတစ်ခုမှာ ၀က်တုပ်ကွေး ကူးစက်ခံစားရသူကို တွေ့တယ် ကြားလိုက်တာနဲ့ တယ်လီဗွီးရှင်းမှာ မျက်နှာဖုံးအချို့နဲ့ လူတွေ သွားလာနေတဲ့ မြင်ကွင်းကို ယှဉ်တွဲမြင်တွေ့ရတာဟာလည်း ၀က်တုပ်ကွေးရဲ့ ဖက်ရှင်တစ်ခုလို ဖြစ်ခဲ့ပါတယ်။
တစ်နှစ် မပြည့်ခင် သက်တမ်းမှာပဲ တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားမှုပေါင်း ၉၄၅၀၀ ကျော်နဲ့ လူပေါင်း ၄၂၀ ကျော်သေဆုံးစေခဲ့တယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်းက ၂၀၀၉ ခုနှစ်၊ ဇူလိုင် ၆ ရက်မှာ စာရင်းထုတ်ပြန်ခဲ့တဲ့ ၀က်တုပ်ကွေးဟာ သူ့နည်းတူ အသက်ရှုလမ်းကြောင်း စနစ်ကို ထိခိုက်စေပြီး ကမ္ဘာအ၀ှမ်းမှ လူပေါင်း သန်း ၅၀၀ ခန့် ကူးစက်ခံရစေကာ သန်း ၅၀ ကနေ ၁၀၀ အတွင်း သေဆုံးစေခဲ့တဲ့ Spanish flu ထက်စာရင် ပမဏနည်းပါးပေမယ့် လျစ်လျူစရာ ရောဂါ တစ်ခုတော့ မဟုတ်ခဲ့ပါဘူး။ Spanish flu လို့ခေါ်တဲ့ Influenza A virus strain ဟာလည်း H1N1 ရဲ့ subtype တစ်ခုဖြစ်ပြီး ၁၉၁၈ ခုနှစ် မေလ ကနေ ၁၉၂၀ ခုနှစ် ဇွန်လအတွင်း အတွင်းမှာ ကပ်ရောဂါအဖြစ် ကျရောက်ခဲ့တာ ဖြစ်ပါတယ်။ တခြားတဖက်မှာလဲ စိုးရိမ်စိတ် လွန်ကဲတဲ့စိတ်တွေ များလွန်းတဲ့အခါ မလိုအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်နိုင်တယ်ဆိုတာကို သတိချပ်ရမယ့် အချက်လည်း ဖြစ်ပါတယ်။
Keith J Petrie နဲ့ Kate Faasse တို့ရဲ့ လေ့လာချက်များအရ twitter လို့ခေါ်တဲ့ တစ်ကြိမ်ကို စာလုံးပေါင်း အများဆုံး ၁၄၀ လောက်ထိ ရိုက်နှိပ်ခွင့်ရှိတဲ့ အင်တာနက် လူမှုဆက်သွယ်ရေး ၀က်ဆိုဒ်မှာ swine flu ဆိုတဲ့ စာလုံးပါတဲ့ သတင်းအချက်အလက်တွေ ပေးပို့မှုဟာ ဧပြီလ လဆန်းမှာ သုည ဖြစ်နေရာက မေလ ၁ ရက်နေ့မှာ ၁၂၅,၀၀၀ ထိ တက်လာခဲ့တယ်လို့ ဆိုပါတယ်။
အင်တာနက် ဘလော့စာမျက်နှာများမှ နေ့စဉ် ဖြစ်ပွားမှုများးကို blogpulse မှတဆင့် လေ့လာကြည့်တဲ့ အခါမှာလည်း မက္ကစီကိုမှာ ဖြစ်ပွားပြီးနောက်ပိုင်းမှာ swine flu ဒါမှမဟုတ် H1N1 အကြောင်း ရေးသား ဖော်ပြတဲ့ ရာခိုင်နှုန်းများ သိသိသာသာ တက်လာပြီး တဖန် မေလ ၂၁ ရက်နေ့မှာ အမေရိကန်ရှိ ကျောင်းများ ပိတ်လိုက်ရတဲ့အခါနဲ့ ဂျပန်နိုင်ငံမှာ ၀က်တုပ်ကွေးတွေ့ခဲ့ရပြီး နောက်ပိုင်းရက်တွေမှာ မြင့်တက်ခဲ့ပြန်ပါတယ်။ ထို့အတူ အင်တာနက်မှ လူမှုရေး စာမျက်နှာများတွင်လည်း ၀က်တုပ်ကွေးအကြောင်းများ ရေးသားဖော်ပြခြင်း၊ မိမိတို့ကိုယ်ပိုင် အမြင်များကို ဆွေးနွေးခြင်းများ ပြုလုပ်လာကြတာကို တွေ့ရပါတယ်။ ဥပမာအားဖြင့် facebook ဟုခေါ်သော လူမှုရေးစာမျက်နှာတွင် ယခုအခါ ၀က်တုပ်ကွေးအကြောင်း ဆွေးနွေးတဲ့ အဖွဲ့ပေါင်း ၅၀၀ ကျော်ရှိပြီဖြစ်လို့ ပြည်သူလူထူရဲ့ စိုးရိမ်စိတ်ကြီးမားမှု၊ သိချင်စိတ် ပြင်းပြမှုတို့ကို တစေ့တစောင်း လေ့လာနိုင်တယ်လို့လည်း Keith J Petrie နဲ့ Kate Faasse တို့ရဲ့ လေ့လာချက်များက ဆိုပြန်ပါတယ်။
မြန်မာဘာသာနဲ့ ရေးသားထားတဲ့ အင်တာနက် စာမျက်နှာများမှာပင် “၀က်တုပ်ကွေး” ဆိုတဲ့ နာမည်နဲ့ ရှာကြည့်လျှင် ဇွန်လပိုင်းကုန်မှာ ရလဒ် ၅၀ ထက်မနည်းကို တွေ့နေရပြီ ဖြစ်ပြီး မြန်မာ အင်တာနက် စာမျက်နှာများကလည်း အခြားဘာသာရပ် အင်တာနက် စာမျက်နှာများလိုပင် ဧပြီလကုန်ပိုင်းမှာ စတင် ရေးသားလာကြတာကို တွေ့ရပါတယ်။ စာရေးသူရဲ့ အသိမိတ်ဆွေများမှလည်း စိုးရိမ်စိတ်လွန်ကဲကာ စာရေးသူထံ လူနှင့်တမျိုး ဖုန်းနှင့် တသွယ် ဆက်သွယ်လို့ သူတို့ သိချင်တာတွေကို မေးမြန်းတာတွေ ရှိလာကြပါတယ်။
Keith J Petrie နှင့် Kate Faasse ကတော့ ရောဂါတစ်ခုဟာ လူထုကျန်းမာရေးကို အထိတ်တလန့် ဖြစ်စေပြီး နောက်ဆက်တွဲ လေ့လာရန် လိုအပ်နေစဉ်မှာ အင်တာနက် စာမျက်နှာများမှ သတင်းအချက်များဟာ မထင်မှတ်ဘဲ ဆိုးကျိုးများကို ပေးနေတတ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ အကြောင်းကတော့ သတင်းအချက်အလက် တစ်ခုကြောင့် ကြောက်စိတ်နှင့် စိုးရိမ်စိတ်များ မွှန်ထူနေချိန်မှာ အခြား အင်တာနက်စာမျက်နှာပါ သတင်း အချက်အလက်များကို ဆက်လက်ပြီး ဖတ်မိတဲ့အခါ တခြားရောဂါများနဲ့ ယခုလက်ရှိ စိုးရိမ်ဖွယ်ရှိတဲ့ ရောဂါတို့ရဲ့ ဆင်တူရိုးမှား လက္ခဏာများကြောင့် စိုးရိမ်ပူပန်မှုကို လွန်ကဲစေလို့ ဖြစ်ပါတယ်။ အဲဒီအခြေအနေမျိုးဟာ မိမိမှာ အဲဒီလို အကြီးစား ရောဂါဖြစ်နေတယ်လို့ စိတ်ထင်မှတ်စေတဲ့ အခြေအနေကို ဖြစ်စေပြီး student’s disease နဲ့ ဖြစ်ပျက်ပုံခြင်း တူကြောင်း ဇွန်လ ၁၁ ရက်နေ့က ဖော်ပြခဲ့ပါတယ်။
Students’ disease ဆိုတာကတော့ စာရေးသူတို့ တတိယနှစ် ဆေးကျောင်းဘ၀မှာ ကျောင်းသားများ ဖြစ်တတ်တဲ့ စိတ်အခြေအနေကို တင်စားခေါ်ဝေါ်တဲ့ Third MB syndrome နဲ့ အခေါ်အဝေါ်ခြင်းသာ ကွဲလွဲတဲ့ တင်စားမှုတစ်ခု ဖြစ်ပါတယ်။ စာရေးသူတို့ ဆေးကျောင်းတက်ရစဉ်က ပထမနှစ်မှာ သင်ကြားရတဲ့ ဘာသာရပ်တွေဟာ အခြား အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များနှင့် သင်ခန်းစာ အတော်များများ တူညီပြီး ဒုတိယနှစ်မှာတော့ ခန္ဓာကိုယ်ရဲ့ ပုံမှန်ဖွဲ့စည်းပုံ၊ လုပ်ငန်းဆောင်တာများဖြစ်တဲ့ ဓာတုဖြစ်စဉ်၊ ဇီဝဖြစ်စဉ် စတာတွေကို လေ့လာခဲ့ရပါတယ်။ တတိယနှစ်ကို ရောက်လာတဲ့အခါ ခန္ဓာကိုယ် ဖောက်လွဲဖောက်ပြန်ဖြစ်တဲ့ ရောဂါဗေဒကို စာတွေ့ရော လက်တွေ့ပါ သင်ကြားရတဲ့အခါ စူးစမ်းချင်စိတ်ရှိတဲ့ အရွယ်ကလေးလည်းဖြစ် လူမှုပတ်ဝန်းကျင်ကနေ ဖြစ်တာတွေနဲ့လည်း သုံးသပ်ပြန်တော့ တနေ့ တနေ့ သင်ခန်းစာပြီးတိုင်း မိမိကိုယ်တိုင်ခံစား ရတာတွေကို စဉ်းစားတတ်ပြီး ငါတော့ဖြင့် ဒီရောဂါဖြစ်နေပြီ ထင်တယ် ဟိုရောဂါဖြစ်နေပြီ ထင်တယ် စသည်ဖြင့် တွေးခေါ်တတ်ကြပါတယ်။
သူငယ်ချင်းများနှင့် ပေါင်းဖွဲ့ နေတတ်သူများကတော့ အချင်းချင်း စမ်းသပ်စစ်ဆေးပြီး အငြင်းပွားကြကာ ဆရာကြီးများမှ ၀င်ရောက် ဖြေရှင်းခဲ့ရသည်များ၊ ဆရာဝန်ကြီးများထံ စိုးရိမ်စိတ်ကြီးစွာ သွားရောက်ပြသခဲ့သည်များ ရှိခဲ့သလို၊ ဆိတ်ဆိတ်နေတတ်သူများမှာလည်း မိမိကိုယ်တွင်း၌ပင် ရောဂါပေါင်းစုံ ခိုအောင်းနေတယ်လို့ ယူဆကာ စိတ်အခြေအနေ ဆိုးရွားသွားသည်များလည်း နှစ်စဉ်လိုလို ဖြစ်ခဲ့ဖူးကြပါတယ်။
လူမှုရေး လောကမှာလည်း စာရေးသူရဲ့ ဦးလေး၊ အဒေါ် အပျိုကြီး လူပျိုကြီးများ ကိုယ်တိုင် ကျန်းမာရေး မဂ္ဂဇင်း၊ စာစောင်များကို ဖတ်ကာ အလားတူ စိုးရိမ်ပူပန်စိတ် လွန်ကဲမှုများကို ခံစားခဲ့ကြရပါတယ်။ ထိုမဂ္ဂဇင်း စာစောင်များတွင် စာရေးဆရာကြီးများက သေချာစွာ ရှင်းလင်း ရေးသားထားပါသော်လည်း စာရေးသူ၏ ဦးလေးနှင့် အဒေါ်မှာ သူတို့ဖတ်ချင်သည့် စာပိုဒ်များကိုသာ ဖတ်ကာ မဖတ်ချင်သည့် စာပိုဒ်များကို ကျော်သွားတတ်ကြပြီး ကိုယ်ထင်ရာ ကိုယ်ဆွဲတွေးကြတာမို့ စာရေးသူမှာ တစ်နေ့တစ်နေ့ သူတို့အား ရှင်းပြရသည်က အလုပ်တစ်ခု ဖြစ်ခဲ့ဖူးပြန်ပါတယ်။
ယခုခေတ် လူငယ်များအနေဖြင့် ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များအပြင် အခြားအခြားသော သတင်းအချက်အလက်များကိုပါ အင်တာနက်စာမျက်နှာများတွင် ရှာဖွေလာတတ်တာကို တွေ့ရပါတယ်။ ဒါကြောင့် အကြောင်းအရာ သတင်းအချက်အလက်များကို ပုံနှိပ်ထုတ်ဝေသော စာအုပ်စာပေ၊ ရေဒီယို များထက် အင်တာနက်စာမျက်နှာပေါ်တွင် ဖတ်ရှုမှုနှုန်း များပြားလာတဲ့ ရာခိုင်နှုန်းအများစုဟာ ဆယ်ကျော်သက်အရွယ်များ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ၀က်တုပ်ကွေးဟာ အမှန်တကယ် ကူးစက်တဲ့ နည်းလမ်းဖြစ်တဲ့ လူအချင်းချင်း အသက်ရှုလမ်းကြောင်းမှ တဆင့် ကူးစက်ခြင်း မဟုတ်တော့ဘဲ အင်တာနက်စာမျက်နှာမှ သတင်းအချက်အလက်များကို ဖတ်ယူပြီး မိမိတွင်လည်း ခံစားနေရသည်မှတ်ယူတတ်ကြပြီး Third MB syndrome လို အင်တာနက် ကွန်ယက်မှတဆင့် ကူးစက်ခြင်းများလည်း ဖြစ်ကုန်တတ်ကြပါတယ်။
အဲလိုအခါမျိုးမှာ မိမိကိုယ်တိုင်အတွက် ကျန်းမာရေးဆိုင်ရာ စိုးရိမ်ကြောင့်ကျမှုများ လွန်ကဲလာနိုင်သည့်အပြင် ဆေးရုံဆေးခန်းများ ၊ ၀က်တုပ်ကွေး အထူးစုံစမ်းမှုအတွက် တာဝန်ယူနေရသော ကျန်းမာရေးဝန်ထမ်းများ အတွက်လည်း မလိုအပ်တဲ့ဝန်ပိမှုများ ပိုလာတတ်ပါတယ်။ ထို့ပြင် အကြောင်းအမျိုးမျိုးကြောင့် ကျန်းမာရေး ပညာပေးမှုကို ပြုလုပ်ခြင်း အချိန်မလောက်ခဲ့ပါမူ ကာယကံရှင်တွင်လည်း နားလည်နိုင်မည် မဟုတ်တဲ့အပြင် စိုးရိမ်စိတ်သာ ပိုဝင်စေမှာ ဖြစ်ပါတယ်။
ယခုအခါမှာ အင်တာနက်စာမျက်နှာများဟာ ကျန်းမာရေးဆိုင်ရာ သတင်း အချက်အလက်တွေကို ဖြန့်ဖြူးပေးဖို့ အရေးကြီးတဲ့ နေရာက ပါဝင်နေသလို ကျန်းမာရေး ဆိုင်ရာ စိုးရိမ်မှုကို ပြသတဲ့ အညွှန်းတစ်ခုလည်း ဖြစ်ခဲ့ပြန်ပါတယ်။ လတ်တလော ဂူဂယ်လ် စာမျက်နှာမှ တဆင့် swine flu ဆိုတဲ့ ရှာဖွေမှု မြင့်တက်လာမှုဟာ အမှန်တကယ် တုပ်ကွေး ဖြစ်ပွားမှု အရေအတွက်ထက် ပြည်သူလူထူရဲ့ စိုးရိမ်ပူပန်မှုကို ပြသနေပါတယ်လို့ Keith J Petrie နဲ့ Kate Faasse ရဲ့ ဇွန်လ ၁၁ နေ့က ထုတ်ပြန်တဲ့ လေ့လာချက်က ဆိုပါတယ်။
ထို့ကြောင့် အင်တာနက်စာမျက်နှာဟာ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များကို ရယူဖို့ အကောင်းဆုံး နေရာတွေထဲက တစ်ခုဖြစ်သလို အင်တာနက်စာမျက်နှာမှ တဆင့် ကျန်းမာရေးပညာပေးခြင်းဟာလည်း အလွန်ထိရောက်တဲ့ နည်းလမ်း တစ်ခုဖြစ်တယ်ဆိုတဲ့ အချက်ကိုတော့ ငြင်းချက်ထုတ်နိုင်မယ် မဟုတ်ပါဘူး။ ထို့အတူပင် တိကျသော သတင်းအချက်အလက်များကို မပေးနိုင်သောအခါတွင်လည်းကောင်း၊ စာဖတ်သူများအနေဖြင့် အရေးကြီးသော အချက်အလက်များကို လျစ်လျူရှုမိသော အခါတွင်လည်းကောင်း၊ တလွဲအမြင်ရမိလျှင်သော်လည်းကောင်း စိုးရိမ်စိတ်လွန်ကဲမှုမှတဆင့် ဆိုးကျိုးများ ရလာနိုင်ပါတယ်။ ဒါကြောင့် အများပြည်သူအနေနဲ့ အင်တာနက်စာမျက်နှာ တစ်ခုတည်းကို အားကိုး ဖတ်ရှုပြီး ရပ်တန့်မနေကြဘဲ မိမိ သိလိုပြီး မရှင်းလင်းသော အချက်အလက်များနှင့် ရောဂါလက္ခဏာများအား ကျွမ်းကျင်သည့် ကျန်းမာရေး ၀န်ထမ်းများနှင့် အေးဆေးစွာ တိုင်ပင်သင့်ပါတယ်။ သို့မှသာ လိုအပ်သည်ထက်ပိုတဲ့ စိုးရိမ်ပူပန်မှုများ မဖြစ်စေဘဲ ၀က်တုပ်ကွေးဆိုင်ရာ စိုးရိမ်ပူပန်မှုလွန်ကဲခြင်းများ
မျှဝေသူ...ကိုကိုးအိမ်
အရိမေတ္တေယျဘုရား ဘယ်အချိန်ပွင့်သလဲ
အမျိုးအစား ဘာသာရေး | author: ကိုကိုးအိမ်(မန္တလေး)အမေး။ ။အရိမေတ္တေယျဘုရားရှင်ဟာ ဘယ်အချိန်မှာ ပွင့်မှာလဲဘုရား။ အရိမေတ္တေယျဘုရားရှင် ပွင့်တော်မူပြီးမှ ကမ္ဘာက ပျက်မှာလား၊ မပွင့်သေးခင် ပျက်မှာလား ဆိုတာ သိချင်ပါတယ်ဘုရား။
မေသက်လှိုင်
လာရှိုး
အဖြေ။ ။ဒါမပြောမီ တစ်ကမ္ဘာရဲ့သက်တမ်းကို ပထမပြောပါ့မယ်။ ဒါပြောမယ်ဆိုရင် အသင်္ချေယျဆိုတဲ့စကားကို အရင်ပြောရမယ်။ အသင်္ချေယျ ဆိုတာ မရေမတွက်နိုင်တာကို ပြောတာပါ။ ဒါမှမဟုတ် တစ်အနောက်က သုညပေါင်း(၁၄၀) ရှိတဲ့ ကိန်းဂဏန်းကို ‘အသင်္ချေယျ’ လို့ခေါ်ပါတယ်။ လူတို့ရဲ့သက်တမ်းဟာ အသင်္ချေယျတမ်းကနေ တဖြေးဖြေးနဲ့ ဆယ်နှစ်သက်တမ်းအထိ ဆုတ်ယုတ်လာပါတယ်။ ဒါကိုပဲ ‘ဆုတ်ကပ်’ လို့ခေါ်ပါတယ်။ ထိုဆယ်နှစ်သက်တမ်းကိုရောက်တဲ့
ဒီလို အန္တရကပ်ပေါင်း (၆၄)ကပ်ဟာ ဒီဘဒ္ဒကမ္ဘာရဲ့ သက်တမ်းပါပဲ။
ဒီဘဒ္ဒကမ္ဘာမှာ အန္တရာကပ်(၆၄)ကပ်အနက် အဋ္ဌမ(၈)ကပ်မြောက်မှစပြီး ကကုသန်မြတ်စွာဘုရား ပွင့်တော်မူပြီး၊ န၀မ(၉)ကပ်မြောက်မှာ ကောဏာဂုံဘုရားပွင့်တော်မူပါတယ်။ ဒသမ(၁၀)ကပ်မြောက်မှာတော့ ကဿပဘုရားရှင်ပွင့်တော်မူပြီး ဧကာဒသမ(၁၁)ကပ်မြောက်မှာ ဂေါတမဘုရားရှင်ပွင့်တော်မူတဲ့
(အာဒိကပ္ပကျမ်း/ ၁၄၇-၁၄၈)
မှန်နန်းရာဇ၀င်မှာတော့ အန္တရကပ် ပထမကပ်မှာ ကကုသန်ဘုရား၊ ဒုတိယကပ်မှ ကောဏာဂုံဘုရား၊ တတိယကပ်မှာ ကဿပဘုရား၊ စတုတ္ထကပ်မှာ ဂေါတမဘုရား ပွင့်တော်မူကြတဲ့အတွက် အရိမေတ္တေယျဘုရားက ပဉ္စမမြောက် အန္တရကပ်မှာ ပွင့်တော်မူပါမယ်လို့ မှတ်ယူရပါမယ်။
(မှန်နန်းရာဇ၀င်/ ပ-တွဲ ၅၄-၇)
ကျေးဇူးရှင်လယ်တီဆရာတော်ဘုရာြး
နောက်တစ်ခုက ဒီဘဒ္ဒကမ္ဘာမှာ ပွင့်တော်မူမဲ့ဘုရားရှင်များက ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ဂေါတမ၊ အရိမေတ္တေယျ ဘုရားများဖြစ် ကြပါတယ်။ ဒီဘုရားငါးဆူပွင့်တော်မူပြီးမှ ကမ္ဘာပျက်မှာဖြစ်တဲ့အတွက် အရေမေတ္တေယျဘုရားရှင် ပွင့်တော်မူပြီးမှ ကမ္ဘာပျက်ပါမယ်။
ဗဟုသုတဖြစ်သော်လည်းကောင်း၊ မှတ်သားစရာဖြစ်သော်လည်းကောင်း..
မျှဝေသူ...ကိုကိုးအိမ်
အလှတရားရဲ့အကျည်းတန်ခြင်း
အမျိုးအစား ဘာသာရေး | author: ကိုကိုးအိမ်(မန္တလေး)ရုပ်ရေ ချောမောလှပလို့ အလှမာန်ဝင့်ကြသူလေးတွေကို တွေ့ရလေတိုင်း အလွန်လှပြီး အလွန်အလှမာန်ဝင့်ခဲ့တဲ့ ခေမာမိဖုရားနဲ့ ဇနပဒကလျာဏီတို့ကို သတိရမိတယ်။ ရုပ်အလှရဲ့ အပြစ်တွေကို ဟောကြားတဲ့ ဘုရားရှင်ထံ သူတို့နှစ်ဦးဟာ မသွားချင် ကြဘူးလေ။ ခေမာ ဟာ ဝေဠုဝန်ကျောင်းဒကာ ဗိမ္ဗိသာရ ရဲ့ မိဖုရားဆိုတော့ ဘုရားရှင်ရဲ့ ကျောင်းဒကာမ ပေါ့။ ဇနပဒ ကလျာဏီဆိုတာကလည်း ဘုရားရှင်ရဲ့ အဖေတူ အမေကွဲ ညီမလေးပဲ။ သူတို့နှစ်ဦးဟာ ခေ တော့ မခေကြဘူး။ ဘုရားတရားကို နာရတော့လည်း ရဟန္တာမကြီးတွေ ဖြစ်သွားကြတယ်။
ဘုရားက အလှသွေးကြွယ်ခိုက်မို့ အလှမာန်ဝင့်နေသူ သူတို့လေးတွေအား တရား မဟောခင် သူတို့အလှထက် အဆပေါင်းများစွာ သာလွန်းလှတဲ့ ၁၆ နှစ်မယ်လေး တစ်ဦးကို တန်ခိုးနဲ့ ဖန်ဆင်းပြတယ်။ အဲဒိအလှမယ်လေးရဲ့ အလှကို မြင်ရတဲ့အခါ သူတို့အလှဟာ ရွှေဟင်္သာမတွေရဲ့အကြားမှာ ရောက်သွားတဲ့ ကျီးမလေးလို ဖြစ်သွား သတဲ့။ အလှ ပဂေး အလှထိပ်ခေါင်တင် အလှမယ်လေးပေါ့။ ဖန်ဆင်းထားတဲ့အလှ မယ်လေးက ဘုရားအနီးမှာ ယပ်ခတ်ပေးနေတယ်။ အလှထိပ်ခေါင်တင် အလှမယ်လေးရဲ့ မျက်နှာကို မြင်ရ တော့ သူတို့ မျက်လုံးတွေ တုန်လှုပ်သွားတယ်။
အလှမာန်ဝင့် သူနှစ်ဥိးရဲ့ အလှမန်ကို ဆူးတစ်ချောင်းနဲ့ ဆူးတစ်ချောင်း နှုတ်သလို နှုတ်လိုတဲ့ ဘုရားဟာ အလှမယ်လေးကို ၁၆ နှစ်အရွယ်ကနေ အသက် ၂၀ အရွယ်ဖြစ်အောင် ဖန်ဆင်းပြလိုက်တယ်။ ၁၆နှစ်အရွယ်နဲ့ ၂၀ အရွယ်ရဲ့ မတူတော့တာကို မြင်လိုက်ရတော့ အလှ မာန်ဝင့်သူနှစ်ဦးရဲ့ အလှမာန်လေးတွေ လျော့လာတယ်။ သားဖွားမိခင်အရွယ်၊ အလယ် အလတ် မိန်းမအရွယ်၊ အဘွားအရွယ်၊ အဘွားအိုကြီးအရွယ်တွေနဲ့ ဘုရားရှင်က ပြောင်း ပြောင်းပြီး ဖန်ဆင်ပြတယ်။ တစ်ရွယ်ပြီးတစ်ရွယ် အလှတွေ ပျောက်ကွယ်သွားတာကို အလှ မာန်ဝင့်သူနှစ်ဦး တွေ့ရပြန်တော့ အလှမာန်တွေ လွင့်ပြယ်လာကြတယ်။
အဲဒီနောက်မှာ ဘုရားရှင်က အလှမယ်လေးကို သွားတွေ အကုန်လုံး ကျိုး၊ ဆံပင် တွေ တစ်ပင်မကျန်ဖြူ ခါးကိုင်းပြီး တုတ်ကိုင်က တုန်တုန်ရီရီဖြစ်နေတဲ့ အဘွားအိုကြီးအရွယ် ဖန်ဆင်း ပြလိုက်တယ်။ အလှမာန်ဝင့်သူနှစ်ဦးရဲ့ အလှမာန်တွေဟာ အနိမ့်ဆုံး ဒီဂရီလောက် ရောက်သွားကြတယ်။ ဖန်ဆင်းထားတဲ့ မိန်းမအိုကြီးဟာ ကိုင်ထားတဲ့ တုတ်နဲ့ ယပ်တောင်ကို လွှတ်ချပြီး အသံကုန် အော်ဟစ်ညည်းတွားကာ လူးလှိမ့်နေတော့တယ်။ သေပြီး ဖူးဖူးရောင် ပုပ်ကာ အပေါက်ကိုးပေါက်က ပြည်တွေ၊ ပိုးလောက်တွေ ထွက်လာကြတယ်။ ကျီး၊ လင်းတ စတဲ့ သတ္တ၀ါတွေ ၀ိုင်းလာကြတယ်။ အဲဒီလို အခြေအနေကိုလည်း ဘုရားရှင်က တန်ခိုးနဲ့ ဖန်ဆင်းပြလိုက်တယ်။
အလှတရားရဲ့ ပြောင်းလွဲဖောက်ပြန်တတ်တဲ့ သဘောကို ကိုယ်တွေ့ ကြုံလိုက်ကြရတဲ့ အလှမာန်ဝင့်သူနှစ်ဥိးရဲ့ အလှမာန်တွေဟာ ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ကြပါတော့ တယ်။ အဲဒီအခါရော်ကမှ အလှမာန်ဝင့်သူနှစ်ဦးအား ခန္ဓာကိုယ်ကြီးရဲ့ တပ်မက်ဖွယ်၊ တွယ်တာ ဖွယ် မရှိပုံ၊ အနှစ်သာရ ကင်းမဲ့ပုံတွေကို မိန့်ကြားကာ တရားရှုမှတ်နည်းကို မိန့်ကြား တော် မူပါတယ်။ အလှမာန်ဝင့်သူနှစ်ဦးဟာ တရားရှုမှတ်ကာ ရဟန္တာမကြီးတွေ ဖြစ်သွား ကြပါတယ်။ အဆင့်အမြင့်ဆုံး စိတ် အလှပိုင်ရှင်တွေ ဖြစ်သွားတော့ ရုပ်အလှရဲ့ အားနဲ ချက်၊ အကျည်းတန် ချက်တွေကို ကောင်းကောင်း နားလည်သဘောပေါက်သွားကြ ပါ တော့တယ်။
ရုပ်အလှရဲ့ အကျည်းတန်မှုတွေကို မြင်အောင်ကြည့်ကာ ရုပ်လှသူဖြစ်ဖြစ်၊ မလှသူ ဖြစ်ဖြစ်၊ စိတ်အလှပိုင်ရှင် ဖြစ်အောင် ကြိုးစားသင့်ကြပါတယ်။
သာမဏေကျော်
သာမဏေကျော်ရဲ့တရားကိုပြန်လည်ကုသိုလ်ပြုခြင်းပါ
မျှဝေသူ...ကိုကိုးအိမ်
နတ်သဘင်အစည်းအဝေးသို့
အမျိုးအစား ဘာသာရေး | author: ကိုကိုးအိမ်(မန္တလေး)နတ်သဘင် အစည်းအဝေးသို့ သွားနေသော ဘုမ္မစိုးနတ် မောင်နှမသုံးဦးအား ရှင်သံကိစ္စမထေရ်သည် သူ၏ တန်ခိုးတော်ဖြင့် လူထွက်ချင်သော ရဟန်းတော်လေးအား မြင်စေသည်။
ရှေ့ဆုံးမှ ဘုမ္မစိုးနတ်မင်းသည် ကိုယ်ရောင်ကိုယ်ဝါ ထည်ဝါစွာဖြင့် ဆင်ယာဉ်ကို စီး၍ ကြွပါတယ်။ ဒုတိယ ဘုမ္မစိုးနတ်မင်းလည်း တောက်ပသော ကိုယ်ရောင်ကိုယ်ဝါဖြင့် အဿတိုရ်မြင်း ကိုစီး၍ ကြွပါတယ်။ နောက်ဆုံးမှ နတ်သမီးသည် ရွှေထမ်းစင် ပေါ်တွင်စံမြန်းလျက် နတ်သဘင်အစီးအဝေးသို အသီးသီးကြွမြန်း ကြလေ တယ်။ထိုနတ်သုံးပါးကိုမြင်တွေ့ ရသည်မှာ လွန်ကျက်သရေရှိပါတယ်။
ထို နတ်သုံးပါးနောက်တွင်တော့ ပြိတ္တာနှစ်ဦး သည် တစ်ဦးနှင့် တစ်ဦး တင်းပုတ်နှင့် ရိုက်နှက် နေကြသည်။ ထိုသို့ တင်းပုတ်နှင့် ရိုက်နှက်နေကြသဖြင့် ဖြစ်ပေါ်လာသော အဖုအပိန့်များကို ထိုးဖောက်၍ ယိုစီးကျလာသော သွေးများ၊ပြည်ဖုများ ကို တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လုယက်စားသောက် ကြရသည်။ ပြီးလျှင် ရှေ့မှသွားနေသော နတ် ၃ပါးနောက်မှ အပြေးအလွှားလိုက်ကြသွားကြလေသည်။
ရဟန်းတော်ကလေးဟာ နတ်သုံးပါးနှင့် ပြိတ္တာနှစ်ဦးကို မြင်တွေ့သောအခါ လွန်စွာ အံ့သြ ထိတ်လန့်သွားပါတယ်။ အဲဒီအခါ ရှင်သံကိစ္စမထေရ်က ငါ့ရှင်.....မြင်သလား..။ မြင်ပါတယ်....ဘုရား။ ဒါဆို ဒီ ငါးဦး ပြုခဲ့တဲ့ ကုသိုလ် အကုသိုလ်တွေကို သင်မေးမြန်းပါ လို့ပြောပါတယ်။
ရဟန်းတော်လေးလည်း အသင် ရုက္ခစိုး၊ ဘုမ္မစိုးနတ်မင်းတို့....သင်တို့
နတ်သုံးပါးက...
အရှင်ဘုရား၊ ဘာကြောင့်ဆိုဆာ အနောက်မှာပါလာတဲ့ ပြိတ္တာနှစ်ဦး ကိုသာမေးပါတော့ဘုရား။ ဒီအခါ ရဟန်ငယ်လည်း ပြိတ္တာနှစ်ဦးထံချဉ်းကပ်ပြီး မေးမြန်းပါတယ်။
အသင်တို့ သင်တို့ဟာ ရုပ်ရည် ရှုပကာယလည်း ကြောက်စရာကောင်းလှပါတယ်။ သင်တို့ကိုကြည့်ရတာလည်း ဆာလောင်မွတ်သိပ်နေပုံရတယ်။ တင်းပုတ်နဲ့ ရိုက်နှက်ပြီး သွေးပြည်ပုပ်တွေကို စားကြရင်း အရှေ့ကသွားနေတဲ့ ဘုမ္မစိုးနတ် သုံးပါးနောက်က အပြေးအလွှားလိုက်နေရတယ်။ သင်တို့ရဲ့ အကုသိုလ်ဟာ ကြီးမားလိုက်တာ၊ ဘယ်လိုအကုသိုလ်တွေများလုပ်ခဲ့
ပြိတ္တာတစ်ဦးက
အရှင်ဘုရား တပည့်တော်တို့ဟာ အရှင်ဘုရားရဲ့ ဦးလေး နဲ့ အဒေါ် တော်စပ်ပါတယ်။ အရှေ့က သွားနေတဲ့ ဘုမ္မစိုးနတ်သုံးပါဟာ တပည့်တော်ရဲ့သားသမီးတွေပါ။ အကျွန်ပ်တို့ အိမ်ပြိုကျတဲ့အတွက် မိသားစုအားလုံး သေဆုံးခဲ့ကြရတာဖြစ်ပါတယ်။
အကျွန်ုပ်တို့ရဲ့သားကြီးဟာ မိတ်ဆွေဖြစ်သူ ဥပါသကာရဲ့ကျေးဇူးကြောင့် ဗုဒ္ဓဘုရားနဲ့သံဃာတော်များကို ဆွမ်းလောင်းလှူခဲ့တယ်၊ တရားတော်ကို မပြတ်နာကြားပြီး တရားရဲ့အဆုံးအမမှာပျော်မွေ့နေခဲ
အကျွန်ုပ်တို့ လင်မယားကတော့ မိစ္ဆာဒိဋ္ဌိ အယူဝါဒရှိတဲ့အတွက် အလှူဒါနမရှိ၊ ကောင်းမှုကုသိုလ် မရှိတဲ့အတွက် ပြိတ္တာ ဘ၀သို့ ရောက်ခဲ့ရပါတယ်ဘုရား...။
ရဟန်းတော်လေးလည်း ပြိတ္တာတို့စကားကို ကြားရသောအခါ လွန်စွာ ထိတ်လန့် သံဝေဂရ သွားသည်။ ရေပွက်ပမာ ခဏတာ လူဘ၀လေးမှာ ငါဟာ လူထွက်ဖို့ကြိုးစားခဲ့တယ်။ ငါမှားခဲ့တယ်။ တရားကိုကြိုးစားအားထုတ် တော့မယ် ဟုဆုံးဖြတ်ကာ အရှင် သံကိစ္စမထေရ်ကို ရှိခိုးတောင်းပန်ပြီး မြတ်သော အကျင့်ကို ကျင့်ပါတော့မယ်ဘုရား ကမ္မဌာန်းတရားပေးသနားတော်မူပါဘု
ထိုပုံဝတ္တုလေးကိုဖတ်ရခြင်းအာြး
ပစ္စည်းဥစ္စာ၊ အနှစ်ရှာ၊ ပြုပါ ဒါန မှတ်
မိမိခန္ဓာ၊ အနှစ်ရှာ၊ စောင့်ပါ သီလ မှတ်
အသက်ဇီဝါ၊ အနှစ်ရှာ၊ ဘာဝနာ ဟုမှတ်
လှူပါ၊ စောင့်ပါ၊ ပွားများပါ သုံးဖြာ အနှစ်မှတ်
(တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီး)
ရေးသားသူ ညခင်း
ဘလော့ဂါသူငယ်ချင်းကြီးညခင်းဆီမှပြန်လည်ကုသိုလ်ပြုလိုက်ခြင်းပါ
မျှဝေသူ...ကိုကိုးအိမ်
မိတ်ဆွေကောင်းမိတ်ဆွေမြတ်
အမျိုးအစား ဘာသာရေး | author: ကိုကိုးအိမ်(မန္တလေး)အခါတပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်တွင် သီတင်းသုံးနေတော်မူ၏။
ထိုအခါ ညဥ့်တညဥ့်၏ သန်းခေါင်းအချိန်လောက်တွင် နတ်သားတပါးသည် မြတ်စွာဘုရားထံတော်သို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို မေးလျှောက်သည်။
မြတ်စွာဘုရား
၁။ မိမိ၏ စည်းစိမ်ဥစ္စာနေရာကို တခဏမျှ ဖဲခွါ၍ ခရီးသွားနေရသူအတွက် အဆွေခင်ပွန်းကား အဘယ်သူဖြစ်ပါသနည်း။
၂။ မိမိအမြဲနေရာအိမ်မှာ အဘယ်သူသည် နေ့စဉ် အဆွေခင်ပွန်းကောင်း ဖြစ်ပါသနည်း ဘုရား။
၃။ မိမိအတွက် ပြုဖွယ်ကိစ္စကြီးငယ် ဖြစ်ပေါ်လာသူအတွက် အဆွေခင်ပွန်းကောင်းကား အဘယ်သူ ဖြစ်ပါသနည်းဘုရား။
၎။ နောင်တမလွန်ဘ၀အတွက်ကား အဘယ်သူသည် အဆွေခင်ပွန်းဖြစ်ပါသနည်း ဘုရား။
ထိုအခါ မြတ်စွာဘုရားက-
၁။ အို-နတ်သား မိမိ၏ စည်းစိမ်ဥစ္စာနေရာကို တခဏမျှ ဖဲခွါ၍ ခရီးသွားနေသူအတွက် အဆွေခင်ပွန်းကား အရေးကြုံကြိုက်ပါက ကူညီဖော်ရသည့် အတူ သွားဖက်အဖော်အပေါင်း ဖြစ်သည်။
၂။ မိမိ၏ အမြဲနေရာ အိမ်မှာမူအဆွေခင်ပွန်းကား ကိစ္စကြီးငယ်တို့ကို အနွံနာခံ၍ စီမံပြုလုပ်ဆောင်ရွက်ပေးသော မိခင် ဖြစ်သည်။
၃။ မိမိအတွက် ပြုဖွယ်ကိစ္စကြီးငယ် ဖြစ်ပေါ်လာသူအတွက် အဆွေခင်ပွန်းကား မိမိ၏အကျိုးစီးပွားကို လိုလားသောသူငယ်ချင်း ဖြစ်သည်။
၎။ နောင်တမလွန်ဘ၀အတွက်ကား မိမိကိုယ်တိုင် ပြုစုခဲ့သော ကောင်းမှုကုသိုလ် အမျိုးမျိုးတို့သည် အဆွေခင်ပွန်းကောင်းသဖွယ် ဖြစ်ပေသည်-ဟု ဟောတော်မူသည်။
( အတတ်ပညာသင်ကြားရာ၌ ဖြစ်စေ၊ ငွေအသပြာစသော ပစ္စည်းဥစ္စာတကယ်လိုအပ်နေသည့် အခါ၌ဖြစ်စေ ကိုယ်အား နှုတ်အား ပစ္စည်းဥစ္စာအားတို့ဖြင့် တတ်နိုင်သမျှ ကူညီဆောင်ရွက်တတ်သော သူငယ်ချင်းသည်သာ မိတ်ဆွေစစ်မည်၏။
သေရည်သေရက် သောက်စားလောင်းကစားပြုသောအခါတို
(သဂါထာဝဂ္ဂသံယုတ်၊ ဒေ၀တာသံယုတ် ဇရာဝဂ် မိတ္တသုတ်)
စာရေးသူ....ကိုကိုးအိမ်
=========
ချီးမြှောက်ခြင်းလေးမျိုး
အမျိုးအစား ဘာသာရေး | author: ကိုကိုးအိမ်(မန္တလေး)ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။
ဒုတိယ ဟတ္ထကသုတ်
စာရေးသူ....ကိုကိုးအိမ်
ကွန်ပျူတာမှဘက်တီးရီးယား
အမျိုးအစား သတင်းလေးတွေ | author: ကိုကိုးအိမ်(မန္တလေး).ဒီနေ့ခေတ်မှာကွန်
ပြူတာသုံးတဲ့သူငယ်ချင်းတွေသိထား
ကွန်ပျူတာတစ်စုံ ရှိ Keyboard မှာ Office တခုရဲ့ အများသုံး Toilet ထက်
၅ ဆ ပိုညစ်ပတ်ပါသတဲ့ ။
မယုံမရှိကြပါနဲ့ ။ London National Laboratory တစ်ခုရဲ့ တိကျသေချာသော
သုသေသန လုပ်ဆောင်ချက်တစ်ခုကနေ ရရှိလာတဲ့ Reslut တစ်ခုပါ၊
Computer တခုရဲ့  Keyboard တခုတွင် Bacteria သန်းနှင့်ချီပြီး ပေါက်ဖွား
ရှင်သန်နိုင်ကြောင်း လေ့လာတွေ့ ရှိရသည်။
ထို Bacteria များသည် လူတို့ အား အစာအဆိပ်သင့်ခြင်း (ဗိုက်ထဲ
တွင်မအီမသာဖြစ် ပြီး ၀မ်းလျောခြင်း ) မှ အစ သေစေနိုင်လောက်သည့် ရောဂါ
များ အထိ ဖြစ်ပွား ပျံ့ နှံ့ စေနိုင်သည်။
ပြီးခဲ့ သည့် မကြာသေးမီ ကာလက ရန်ကုန်မြို့တွင် လူမသိသူမသိ
အဖြစ်အပျက်လေးတစ်ခုဖြစ်ပျက်ခဲ့ သည်။
တခြားတော့ မဟုတ်ပါ Computer Keyboard မှ Bacteria များက မွေးကင်းစကလေးငယ်
တစ်ဦးကို ဆုံးပါးသွားစေခဲ့ သည်။
အသက်ကြီးမှာ အိမ်ထောင်ကျသော ဇနီးမောင်နှံ နှစ်ဦး တို့ တွင် အသက် ၃၀
ကျော်မှ ရသောကလေးလေး ဖြစ်သည်။
အသက်ကြီးမှ ရသောကလေးမို့ မိဘများက တအားတန်ဖိုးထားသည့် (Precious Baby )
လေး ဖြစ်သည်။
အဖေဖြစ်သူက Computer Programmer - တနေကုန် Computer ရှေ့ တွင် အလုပ်ရှုပ်နေသူ
ရုံးကပြန်လာတိုင်း လုပ်လေ့လုပ်ထရှိသည့် အကျင့်လေးတစ်ခုက သားလေးကို
ချီပြီး နမ်း တတ်သည်။
ကလေးက မွေးကင်းစ (Baby ) လေး ။ ၁၀ ရက်သားခန့် သာရှိသေးသည့်
တအားနုနယ်သည့်ကလေးလေးပေါ့။
သိပ်မကြာ ကလေးက ဖျားပြီး ခန္ဒာကိုယ်တစ်ခုလုံးနီရဲ ရောင်ရမ်းလာကာ
ဆေးရုံတက်ရက်သည်။ ဆရာဝန်များက မွေးကင်းစကလေးပိုးဝင်ရောဂါ( Neonatal
Sepsis) ဟုဆိုသည်။ ၂ ရက်မြောက် ဆေးရုံပေါ်တွင် ကလေးမှာ သေသွားရှာသည်။
မိဘတွေက လည်း ဘယ်နေမလဲ။ သူတို့ ကလေး ဘယ်လို သေရသလဲ ?
အကြောင်းအရင်းကိုရှာသည်။ မိခင်ဖြစ်သူမှာ ကလေးကို နို့ တိုက်သည် မှအပ
တခြားအချိန်တွင်အထိအတွေ့ နည်းသည်။
နို့ တိုက်ကျွေးသည့်အချိန်တွင်လည်း တကယ့် သန့်သန့် ရှင်းရှင်း
စနစ်တကျရှိလှသည်။ တခြားထိတွေ့ သူမှာ အဖေဖြစ်သူသာလျှင်ရှိတော့သည်။
တနေကုန်ရုံးမှာ အလုပ်လုပ် ပြန်ရောက်ရောက်ချင်း လက်တောင်မဆေးပဲ ကလေးကို
ချီ ပြီးနမ်း ရှုတ်တတ်သည့်အဖေ ။ သူ့ ကိုသူ သံသယ၀င်ပြီး
သူငယ်ချင်းဖြစ်သူ ဆရာဝန်၏ အကူ အညီဖြင့် ဓာတ်ခွဲ ခန်း တစ်ခု တွင် သူ
့လက်မှာ ရှိတဲ့ Bacteria တွေကို
Culture လုပ်ကြည့်တော့ တွေ့ လိုက်ရသည်မှာ သူ လက်တွင် ကပ်ငြိနေသည့်
Bacteria က အမျိုးပေါင်း များစွာပင်။ ထို Bacteria တွေ က နုနယ်သည့်
(immature baby) လေး ကို သေသွားစေခဲ့ ရလေသည်။
ထို ဥပမာလေးကို သင်ခန်းစာယူ ပြီး Computer သုံးပြီးတိုင်း လက်ကို ဆပ်ပြာ
ဖြင့် သေချာစွာဆေးကြောကြပါ။
ဒီနေ့ ခေတ်တွင် အင်တာနက်ဆိုင်တွေများပြားလာပြီး ထိုဆိုင်များရှိ
စက်များမှာ လူတန်းစားပေါင်းစုံ ကသုံးစွဲနေကြတော့ ညစ်ပတ်မှာက
အသေအချာပင်။
ထို ကြောင့် မည်သူ မဆို Computer သုံးပြီးတိုင်းလက်ဆေးသည့်အကျင့်
ဂရုတစိုက်လုပ်ဆောင်သင့်သည်။ တစ်ချို့ အင်တာနက်ဆိုင်တွေ ရဲ့ သန်
့စင်ခန်းတွေမှာ လက်ဆေးရန်စနစ်တကျလုပ်ထားပေးသည်
ဆိုင်တိုင်းမှာလည်း လုပ်ထားပေးသင့်သည်။
မြန်မာနိုင်ငံ မှာရှိနေသည့် Foreigner အများစုမှာ Hand Sanitizer ခေါ်
Spray ဘူးလေးများဆောင်ထားကြသည်။
သူတို့ အင်တာနက်ဆိုင်မှာ သုံးပြီးတိုင်း လက်ကို Hand Spray ဖြင့် သန်
့စင်ကြသည်ကိုတွေ့ ဖူးသည်။
ထိုနည်းကတော့ ပို ပြီးကောင်းသည်။ ရေကိုင်စရာမလို ဆပ်ပြာကိုင်စရာမလို ပဲ
သန့် စင်နိုင်သည်။
ထိုကဲ့သို့  ပစ္စည်းမျိုးကို မသုံးနိုင်ရင်တောင်မှ ဆပ်ပြာနှင့်
သေချာစွာဆေးကြောသင့်သည်။
သင်တို့၏လက်ကိုသန်
့ရှင်းစင်ကြယ်စွာထားခြင်းဖြင့် သင်တို့ ဘ၀တွေပိုပြီး လှပသာယာနိုင်ကြပါစေ။
စာရေးသူ....ကိုကိုးအိမ်
ပျော်ရွှင်ခြင်းရှာမယ်
အမျိုးအစား မျှဝေခြင်း | author: ကိုကိုးအိမ်(မန္တလေး)လူတချို့က ပြည့်စုံပျော်ရွှင်တဲ့ဘဝမှာ နေရတယ်ဆိုပေမယ့် သူတို့ရဲ့စိတ်ဝိညာဉ်က
အမြဲ နာကျင်မွန်းကျပ်နေတယ်။
ပုံပြင်တစ်ပုဒ်က ဒီလိုဆိုပါတယ်။
အဘိုးအိုတစ်ဦးဟာ မသေဆုံးခင် သားကိုခေါ်ပြီး “သား… အဖေ သိပ်မနေရတော့ဘူး။ သားဘဝ
ရှေ့လျှောက် ပျော်ရွှင်ချမ်းမြေ့စေဖို့ အဖေမျှော်လင့်ပါတယ်”
“အဖေ… ဘဝမှာဘယ်လိုနေထိုင်မှ ပျော်ရွှင်ခြင်းကို ရမလဲ သားကိုပြောပြပါ”
“ပြင်ပလောကထဲ ဝင်လျှောက်ကြည့်ပါ… ပျော်ရွှင်တဲ့နည်းတွေကို လူတွေက သားကို
ပြောပြပါလိမ့်မယ်”
အဘိုးအိုသေဆုံးပြီးနောက် ပျော်ရွှင်ခြင်းကိုရှာဖို့ သားဖြစ်သူ ခရီးထွက်ခဲ့တယ်။
လမ်းခရီး မြစ်ချောင်းဘေးတစ်နေရာ ရောက်တော့ ကမ်းစပ်ဘေးမှာ
မြင်းတစ်ကောင်တွေ့လိုက်တယ်။ မြင်းက ပိန်လှီပြီးအိုမင်းနေတယ်။ မြင်းက လူငယ်ကို
“လူလေး.. လူလေး.. ဘယ်ကိုသွားမလိုပါလိမ့်” လို့မေးတယ်
“ပျော်ရွှင်ခြင်းကို သွားရှာမလို့ပါ။ ဘယ်နေရာမှာရှိနိုင်မယ်ဆိုတာ
ပြောပြနိုင်မလား?”
“လူလေး.. ကျုပ်ပြောမယ်။ ကျုပ်ဟာ ငယ်ရွယ်တုန်းက မြက်နုလေးစား၊ ရေကြည်လေး
သောက်ဖို့ပဲသိခဲ့တယ်။ အစာခွက်ထဲ ကျုပ်ခေါင်းကို ထိုးထည့်လိုက်တာနဲ့
အစာကကျုပ်ပါးစပ်ရှေ့ အဆင်သင့်ရောက်လာတတ်တယ်။ အိပ်ဖို့၊ စားဖို့ကလွဲပြီး
တစ်ခြားဘာကိုမှ ကျုပ်စိတ်မဝင်စားခဲ့ဘူး။ အဲဒီတုန်းက ကျုပ်ဟာကမ္ဘာပေါ်မှာ
အပျော်ဆုံးလို့ ထင်ခဲ့တယ်။ ဒါပေမယ့် အခုချိန်မှာ ကျုပ်အသက်ကြီးလာတော့ လူတွေက
ကျုပ်ကိုစွန့်ပစ်လိုက်တယ်။ ဒါကြောင့် လူလေးကို ကျုပ်မှာချင်တာက ငယ်ရွယ်ချိန်မှာ
ကိုယ့်ရဲ့နုပျိုမှုကို တန်ဖိုးထားပါ။ ကျုပ်လိုကိုယ့်ရဲ့နုပျိုမှုကို
အလဟသမသုံးဖြုန်းလိုက်နဲ့။ ကိုယ့်အတွက် တစ်ပါးသူ အဆင်သင့်စီစဉ်ထားပေးတဲ့
ဥစ္စပစ္စည်းပေါ်မှာလည်း မသာယာနဲ့။ အရာအားလုံးကို ခွန်အား၊ လုံလ၊
ဝီရိယစိုက်ထုတ်ပြီး ကြိုးစားရမယ်။ တခြားလူအတွက်
ပေးဆပ်မယ့်ကိုယ့်ပျော်ရွှင်ခြင်း
ရှုပ်ထွေးမှာကို မကြောက်နဲ့။ ဒါမှ ပျော်ရွှင်ခြင်းကို လူလေးတစ်သက်လုံး
ခံစားနိုင်လိမ့်မယ်”
လူငယ်ဟာ မြင်းနဲ့လမ်းခွဲပြီးနောက် ခရီးဆက်ခဲ့ပြန်တယ်။
လမ်းမှာမြွေတစ်ကောင်နဲ့တွေ့တော့ မြွေက “ဘယ်သွားမလဲ” လို့ သူ့ကိုမေးခဲ့တယ်။
“ပျော်ရွှင်ခြင်းကို သွားရှာမလို့ပါ။ ဘယ်နေရာမှာရှိနိုင်မယ်ဆိုတာ
ပြောပြနိုင်မလား?”
“ကျုပ်ပြောပြမယ်… ကျုပ်က ကျုပ်မှာရှိတဲ့အဆိပ်နဲ့ အမြဲဂုဏ်ယူဝင့်ကြွားခဲ့တယ်။
လူတိုင်း ကျုပ်ကို ကြောက်ကြလို့ ဘယ်သူ့မှကျုပ်လောက် မတော်ဘူးလို့ ထင်ခဲ့တယ်။
ဒါပေမယ့် ကျုပ်ထင်တာတွေ မှားခဲ့တယ်။ တကယ်တော့ လူတွေက ကျုပ်ကို
သတ်ပစ်ချင်လောက်အောင် မုန်းကြတယ်။ ဒါကြောင့် လူတွေကို ကျုပ်ရှောင်ခဲ့ရတယ်၊
ကြောက်ခဲ့ရတယ်။ လူလေးရဲ့ ပါးစပ်မှာလည်း အဆိပ်ရှိတယ်။ စကားလုံးတွေနဲ့
လူတွေကိုထိခိုက်နာကျင်အောင် မပြောဆိုမိဖို့ လူလေးသတိထားရမယ်။ ဒါမှ
လူလေးတစ်သက်မှာ အကြောက်အရွံ့ဆိုတာ မရှိတော့ဘူး။ လူတွေကို
ပုန်းရှောင်စရာမလိုဘူး။ ဒါမှ ပျော်ရွှင်ခြင်းကို လူလေးရမှာဖြစ်တယ်”
မြွေပြောတာကို နားထောင်ပြီး လူငယ်ခရီးဆက်ခဲ့ပြန်တယ်။ လျှောက်ရင်း… လျှောက်ရင်း
သစ်ပင်တစ်ပင်ထက်မှာ အပြာနုရောင်အမွှေးအတောင်နဲ့ တောက်ပြောင်လှပတဲ့
ငှက်တစ်ကောင်ကို တွေ့လိုက်တယ်။
“ဘယ်သွားမလို့လဲ.. ကောင်လေး”
“ပျော်ရွှင်ခြင်းကို သွားရှာမလို့ပါ။ ဘယ်နေရာမှာရှိနိုင်မယ်ဆိုတာ
ပြောပြနိုင်မလား?”
“ကောင်လေး.. မင်းကြည့်ရတာ ခရီးတော်တော်ပန်းခဲ့တယ်ထင်တယ်။ မင်းမျက်နှာပေါ်မှာ
ဖုန်တွေပြည့်လို့၊ အင်္ကျိတွေလည်း ပြဲရိလို့၊ စိတ်လည်းနွမ်းခဲ့ပုံရတယ်။
ဒီလိုပုံစံဆိုရင် လမ်းသွားလမ်းလာတွေက မင်းကိုရှောင်လိုက်ကြမယ်။ ဒီလိုဆိုရင်
ပျော်ရွှင်ခြင်းက မင်းနဲ့ရေစက်ဆုံလိမ့်မယ် မထင်ဘူး။ ကျုပ်ပြောမယ်.. စိတ်အပါအဝင်၊
မင်းကိုယ်ပေါ်က ဖုန်တွေကိုရှင်းပြီး သပ်သပ်ရပ်ရပ်လေးလုပ်လိုက် ဒါမှ
မင်းပတ်ဝန်းကျင်က အရာတွေ သပ်ရပ်လှပလာလိမ့်မယ်။ အဲဒီအချိန်ကျရင် ပျော်ရွှင်ခြင်းက
မင်းဆီကိုလာလိမ့်မယ်”
လူငယ်က သဘောပေါက်နားလည်စွာ အိမ်ကိုပြန်ခဲ့တော့တယ်။ ပျော်ရွှင်ခြင်းကို နေရာတကာ
လိုက်ရှာနေစရာ မလိုဘူး။ ပျော်ရွှင်ခြင်းက ကိုယ့်ရင်မှာ ကိန်းအောင်းနေတယ်ဆိုတာကို
သူနားလည်ခဲ့တယ်။ ပျော်ရွှင်ခြင်းကို တောင့်တရင် အရင်ဦးဆုံး
ကိုယ့်စိတ်ဝိညာဉ်ထဲကနေ ရှာယူပါလို့….
မျှဝေသူ....ကိုကိုးအိမ်
အစမ်းသေကြည့်ရအောင်
အမျိုးအစား ဘာသာရေး | author: ကိုကိုးအိမ်(မန္တလေး)ဒီဘ၀ ဒီခန္ဓာနဲ့ သံသရာ ၀ဋ်ဇာတ် အမြစ်ပြတ်အောင် အားမထုတ်နိုင် သေးဘူး ဆိုရင်တော့ သေလွန်ပြီးတဲ့ နောက် ကောင်းရာ သုဂတိ ရောက်ဖို့ကိစ္စကို အရေးတကြီး ထည့်သွင်း စဉ်းစားရပါဦးမယ်။
သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ အရိယာ ပုဂ္ဂိုလ်များ ကတော့ ကောင်းရာသုဂတိ ရောက်ဖို့ သေချာပြီးသားပါ။ အောက်ဆုံး အရိယာ ဖြစ်တဲ့ သောတာပန် ပုဂ္ဂိုလ် ဖြစ်သွားပြီ ဆိုရင်ပဲ အပါယ်လေးပါး ဆိုတဲ့ မကောင်းရာ ဒုဂ္ဂတိကို လုံးဝ မရောက်နိုင်တော့ ပါဘူး။ သောတာပန် ပုဂ္ဂိုလ် သေလွန်ခါနီးမှာ အပါယ် လေးပါးကို ကျရောက်သွားစေ နိုင်တဲ့ အာရုံဆိုး၊ နိမိတ်ဆိုးတွေ ထင်မြင် မလာနိုင်တော့ပါဘူး။
သောတာပန်မှ မဖြစ်သေးဘူး ဆိုရင်တော့ ဘယ်လောက်ကောင်းတဲ့ ပုထုဇဉ်ပဲ ဖြစ်ဖြစ်၊ ဘယ်လောက် အဆင့်မြင့်တဲ့ သူတော်စင်ပဲဖြစ်ဖြစ်၊ အကြောင်းမတော်ရင် အာရုံဆိုး၊ နိမိတ်ဆိုးတွေ ထင်မြင်လာပြီး အပါယ်လေးပါး ကျရောက်သွားနိုင်ပါတယ်။ တကယ် သေလွန်ခါနီး အချိန်မှာ အာရုံဆိုး၊ နိမိတ်ဆိုးတွေ ထင်မြင်မလာဖို့ အတွက် မသေခင်ကတည်းက ကြိုတင် ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ အသေကြီးကို ရင်ဆိုင်နိုင်ဖို့အတွက် အသေလေးနဲ့ လေ့ကျင့်ထားရပါမယ်။
အသေကြီးဆိုတာ ဘ၀တစ်ခုလုံးရဲ့ နောက်ဆုံး အပြီးအပြတ် သေလွန်ခြင်းကို ပြောတာပါ။ တကယ် သေသွားတာကို ပြောတာပါ။ အသေလေး ဆိုတာကတော့ ဘ၀ တစ်နေ့တာရဲ့ နောက်ဆုံး အိပ်စက်ခြင်းကို ပြောတာပါ။ တဒင်္ဂ၊ တစ်ခဏ သေသလို ဖြစ်သွားတာကို ပြောတာပါ။ အသေကြီးဆိုတာ မနိုးသော အိပ်စက်ခြင်း ဖြစ်ပြီး အသေလေး ဆိုတာ နိုးသော အိပ်စက်ခြင်း ဖြစ်ပါတယ်။
မနိုးသော အိပ်စက်ခြင်းနဲ့ အိပ်စက်ခါနီး အချိန်မှာ အကောင်းဆုံး အနေအထား ဖြစ်နေဖို့ အတွက် နိုးသော အိပ်စက်ခြင်းနဲ့ အိပ်စက်ခါနီး အချိန်ကို အကောင်းဆုံး အနေအထား ဖြစ်အောင် လေ့ကျင့်ထားဖို့ လိုအပ်ပါတယ်။ အသေကြီးနဲ့ သေခါနီး အချိန်မှာ အာရုံကောင်း၊ နိမိတ်ကောင်းတွေ ထင်မြင်နေဖို့ အတွက် အသေလေးနဲ့ သေခါနီး အချိန်ကို အာရုံကောင်း၊ နိမိတ်ကောင်းတွေနဲ့ ထုံမွှမ်းပေးထားရပါမယ်။
ညအိပ်စက်တာဟာ အသေလေးနဲ့ သေတာပါ။ ညအိပ်တော့မယ်လို့ မျက်စိ မှိတ်လိုက်တာနဲ့ တစ်ပြိုင်နက် အာရုံကောင်းတွေ၊ ကုသိုလ် အာရုံတွေပဲ ထင်မြင်နေစေရပါမယ်။ ကုသိုလ် အာရုံက ဒါနအာရုံ၊ သီလအာရုံ၊ သမထ အာရုံ၊ ၀ိပဿနာ အာရုံလို့ လေးမျိုးရှိပါတယ်။ တကယ် သေခါနီး အချိန်မှာ ဘယ်ကုသိုလ် အာရုံထင်လာမယ်၊ ဘယ်ကုသိုလ်ကို အာရုံယူလို့ ရမယ်ဆိုတာ ကြိုတင် မသိနိုင်တဲ့အတွက် အိပ်ခါနီး အချိန်မှာ ကုသိုလ်အာရုံ လေးမျိုးလုံးကို ယူထားရပါမယ်။
စနစ်တကျ ကြိုတင် လေ့ကျင့်ထားတာ တောင်မှ တကယ့်တကယ် သေခါနီး ကျတော့ ဘယ်ကုသိုလ်ကို အာရုံယူရမှန်းမသိ ဖြစ်နေတတ်ပါတယ်။ တကယ်လို့ သိခဲ့ရင်တောင်မှ အင်အား ကြီးမားတဲ့ အစွဲအလမ်း အာရုံတွေ၊ အတွယ်အတာ အာရုံတွေရဲ့ လွှမ်းမိုးမှုကြောင့် ကုသိုလ် အာရုံကို အာရုံယူဖို့ ခက်ခဲနေတတ်ပါတယ်။ ဒါ့ကြောင့် ညအိပ်ခါနီး အချိန်ကို တကယ်သေခါနီး အချိန်လို့ သဘောထားပြီး ကုသိုလ်အာရုံ စွဲမြဲအောင် အလေးအနက်ထား ကြိုးစားကြရပါမယ်။
ဒါနအာရုံ အနေနဲ့ ဒီနေ့ ဒီအချိန်အထိ ဘ၀ တစ်သက်တာမှာ ပြုခဲ့တဲ့ ဒါန ကောင်းမှုတွေထဲက ကိုယ် အနှစ်သက်ဆုံး၊ ကိုယ် ပီတိအဖြစ်ဆုံး ဒါနကောင်းမှု တစ်ခုခုကို အာရုံပြုရပါမယ်။ အဲဒီ ဒါန ကောင်းမှုဟာ ငွေကြေး အကုန်အကျ အနေနဲ့ နည်းချင်လည်း နည်းမယ်၊ များချင်လည်း များမယ်၊ လုံးဝ မကုန်ကျတာလည်း ဖြစ်ချင်ဖြစ်မယ်။ အကုန်အကျ အနည်းအများက အဓိက မဟုတ်ပါဘူး။ ကိုယ်တကယ် နှစ်သက် ကျေနပ်ဖို့၊ ကိုယ်တကယ် ၀မ်းမြောက်ပီတိ ဖြစ်ဖို့က အဓိကပါ။
အကုန်အကျ များတိုင်း အကျိုးပေး ထက်သန်တာ မဟုတ်ပါဘူး။ ပီတိအား ကောင်းမှ အကျိုးပေး ထက်သန်တာပါ။ ကိုယ် ပီတိအဖြစ်ဆုံး ဒါန ကောင်းမှုကို ခုလောလောဆယ် လှူနေရသလို အာရုံထင်မြင်ပြီး ၀မ်းမြောက်ပီတိ ဖြစ်နေရပါမယ်။
ညအိပ်ယာ ၀င်ခါနီးတိုင်း ဘုရား သောက်တော်ရေ အသစ်လဲတဲ့ အကျင့် စွဲစွဲမြဲမြဲ လုပ်ပေးပါ။ အိပ်ခါနီး (အသေလေးနဲ့ သေခါနီး) ရဲ့ အနီးကပ်ဆုံး ဒါန ကုသိုလ်ဖြစ်လို့ အာရုံယူရတာ အလွန် လွယ်ကူပါတယ်။ အေးချမ်းမှုနဲ့ တစ်နေ့တာကို အဆုံးသတ်လိုက်ရတဲ့ အတွက်… ဘ၀တစ်လျှောက်လုံး အစစ အရာရာ အဆင်ပြေပြီး အေးချမ်းရပါလိမ့်မယ်။
သီလကုသိုလ် အနေနဲ့ အောက်ထစ်ဆုံး ငါးပါးသီလ၊ လူဝတ်ကြောင်တိုင်း မစောင့်မဖြစ် စောင့်ရမယ့် ငါးပါးသီလကို ဆင်ခြင်ရပါမယ်။ ဆင်ခြင်လိုက်တဲ့ အချိန်မှာ ငါးပါးသီလ လုံခြုံသူ ဖြစ်နေဖို့အတွက် ညအိပ်ယာ ၀င်ခါနီးတိုင်း ငါးပါးသီလကို အသစ်ခံယူ ဆောက်တည်ပါ။ ဆောက်တည်ပြီးတဲ့ အချိန်ကစပြီး မကျိုး မပေါက်ပါစေနဲ့။ အိပ်တော့မယ် ဆိုတော့လည်း ကျိုးပေါက်စရာ မရှိတော့ပါဘူး။ ဒါဆိုရင် “ငါအခု နောက်ဆုံး ငါးပါးသီလ ယူပြီးတဲ့ အချိန်ကစပြီး ငါးပါးသီလ လုံခြုံနေပြီ” လို့ ၀မ်းမြောက်ဝမ်းသာ ဖြစ်နိုင်ပါတယ်။ ရှစ်ပါးသီလ၊ သာမဏေသီလ၊ ရဟန်းသီလ ကျင့်သုံးနေသူ တွေကလည်း ကိုယ့်သီလကိုယ် ဆင်ခြင် နှလုံးသွင်းပြီး ၀မ်းမြောက်ဝမ်းသာ ဖြစ်နေရပါမယ်။ ကုစားသင့်တာ ရှိရင် မအိပ်ခင်က ကြိုတင် ကုစားထားရပါမယ်။
သမထ ကုသိုလ် အနေနဲ့ ကိုယ် အနှစ်သက်ဆုံး၊ ကိုယ် အကြည်ညိုဆုံး ဘုရား ဂုဏ်တော် တစ်ခုခုကို ပွားများပါ။ ဥပမာ- အရဟံ ဂုဏ်တော်ကို အနှစ်သက် အကြည်ညိုဆုံး ဆိုရင်
“အရ,ဟံ - ကိလေသာ ကင်းစင်တော် မူသော မြတ်စွာဘုရား၊
အ,ရဟံ - ဆိတ်ကွယ်ရာ အရင်၌ပင် မကောင်းမှုကို ပြုတော် မမူသော မြတ်စွာဘုရား၊
အရဟံ - ပူဇော်အထူးကို ခံယူတော် မူထိုက်သော မြတ်စွာဘုရား”
လို့ အရဟံ ဂုဏ်တော်ရဲ့ အဓိပ္ပါယ်ကို အာရုံထင်မြင်အောင် စိတ်ထဲကနေ နှလုံးသွင်း ပွားများရပါမယ်။
ဘုရားဂုဏ်တော် ကိုးပါးလုံးကို အဓိပ္ပါယ်သိသိ ပွားနိုင်ဖို့အတွက် မြန်မာလို အဓိပ္ပါယ် ဖွင့်ဆိုချက်တွေကို လေ့လာထားရပါမယ်။ ကျက်သင့်တာတွေ ကိုလည်း ကျက်ထားရပါမယ်။
နောက်တစ်ခု သမထ အနေနဲ့ မေတ္တာဘာဝနာ ပွားများနေရပါမယ်။ အနည်းဆုံး “သတ္တ၀ါ အားလုံး ချမ်းသာကြပါစေ” လို့ သုံးခေါက်လောက် ပွားများရပါမယ်။ ကိုယ်နှစ်သက်ရာ၊ ကိုယ်အားသန်ရာ မေတ္တာပွားနည်း တွေနဲ့လည်း မေတ္တာ ပွားနိုင်ပါတယ်။
ဒါနကုသိုလ်၊ သီလကုသိုလ်၊ သမထ ကုသိုလ်တွေကို အစဉ်အတိုင်း အာရုံပြု ၀မ်းမြောက်ပြီးပြီ ဆိုရင် နောက်ဆုံး ၀ိပဿနာ ကုသိုလ်နဲ့ အိပ်လိုက်ပါတော့။
နှာသီးဝ လေထိရာ အရပ်မှာ သတိကပ်ထားပြီး လေ၀င်ရင် “၀င်တယ်”၊ လေထွက်ရင် “ထွက်တယ်” ရှုမှတ်ပြီး နေပါ။ ၀င်တိုင်း၊ ထွက်တိုင်းသာ တစ်ဆက်တည်း သိနေမယ် ဆိုရင် လေးငါးချက်ထက် ပိုမမှတ်ရပါဘူး။ ချက်ချင်း အိပ်ပျော်သွားပါ လိမ့်မယ်။ ၀င်လေ၊ ထွက်လေ ရှုမှတ်ခြင်းဟာ အကောင်းဆုံး အိပ်ဆေးပါပဲ။ လေ၀င်၊ လေထွက်တိုင်း ထိတွေ့ တွန်းကန်မှုတွေကို သိနေမယ် ဆိုရင် လောဘ၊ ဒေါသစတဲ့ ကိလေသာ တွေလည်း ဖြစ်ခွင့် မရတော့ ပါဘူး။ သမာဓိ၊ ဉာဏ် ရင့်သန်ပြီးသား ပုဂ္ဂိုလ်ဆိုရင် အိပ်ယာဝင်ရာမှာ လေ၀င်လေထွက် မှတ်ရင်းနဲ့ မဂ်စိတ်ကျပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုသွား နိုင်ပါတယ်။
ညအိပ်တိုင်း ဒါနအာရုံ၊ သီလအာရုံ၊ သမထ အာရုံ၊ ၀ိပဿနာ အာရုံနဲ့ အိပ်စက်သွားမယ် ဆိုရင် သေလွန်ခါနီးမှာလည်း အဲဒီ အာရုံလေးမျိုး တစ်မျိုးမျိုးနဲ့ သေလွန်ရမှာ သေချာပါတယ်။ ကုသိုလ် အာရုံနဲ့ သေလွန်သွားသူကို ကောင်းရာ သုဂတိဘုံ တွေက သူဦးကိုယ်ဦး လက်ကမ်း ကြိုဆိုနေကြ မှာပါ။
ဒါ့ကြောင့် ညအိပ်ယာဝင်၊ ခေါင်းအုံးပေါ် ခေါင်းချ၊ ကျောဆန့်ပြီးတာနဲ့ တစ်ပြိုင်နက် “ငါခဏ သေလိုက်ဦးမယ်” လို့ ကိုယ့်ကိုယ်ကို စိတ်ထဲက ပြောပြီး သေနည်း လေ့ကျင့်ကြဖို့ အထူးတိုက်တွန်း လိုက်ပါတယ်။ မသေခင် လုပ်ရမယ့် အလုပ်တွေထဲမှာ သေနည်း လေ့ကျင့်တဲ့ အလုပ်ကိုလည်း ထိပ်ဆုံးနေရာက ထည့်သွင်းထားရပါမယ်။
စာအုပ်တစ်အုပ်ထဲမှာဖတ်ဖူးတာလေးပြန်ရေးပြလိုက်တာပါ
စာရေးသူ....ကိုကိုးအိမ်
ဆုံးမလွယ်သူဖြစ်ပါစေ
အမျိုးအစား ဘာသာရေး | author: ကိုကိုးအိမ်(မန္တလေး)တခါတုန်းက သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတိုက်မှာ တိဿအမည်ရှိတဲ့ ရဟန်းတပါးရှိပါတယ်။ တိဿရဟန်းဟာ ဗုဒ္ဓဘုရားရှင်နဲ့ ညီအကိုဝမ်းကွဲ တော်စပ်သူဖြစ်ပါတယ်။ အသက်ကြီးမှ ရဟန်းပြုပြီး ကောင်းကောင်းစား၊ ကောင်းကောင်းနားနေသူ ဖြစ်ပြီး ဘုရား တရား အလုပ်ကိုလည်း တာဝန်ကျေပဲ လုပ်သူမို့ တနေ့တခြား ၀ဖြိုးလို့သာ လာပါတယ်။ တနေ့မှာ တိဿရဟန်းဟာ သစ်လွင်တဲ့ သင်္ကန်းကို ၀တ်ဆင်ပြီး အစည်းအဝေးဇရပ်မှာ ခန့်ခန့်ကြီးရပ်နေခဲ့ပါတယ်။ ဒီအချိန်မှာ ဘုရားရှင်ကို ဖူးမြှော်ဖို့ ရပ်ဝေးက ရဟန်းတွေ ရောက်လာခဲ့တာမို့ ခန့်ခန့်ညားညား တိဿရဟန်းကြီးကိုလည်း မြင်ရော သက်ကြီးဝါကြီး မထေရ်ကြီးထင်ပြီး အရိုအသေပေးကြ၊ ၀တ်ကြီးဝတ်ငယ်ပြုကြပေါ့။ ဒီအထဲက ရဟန်းငယ်တပါးကတော့ သံသယရှိပြီး-
ရဟန်းငယ်-----အရှင်ဘုရား ဘယ်နှစ်ဝါ ရပါပြီလဲ ဘုရား။
တိဿရဟန်း-----တပည့်တော် တ၀ါမျှ မရသေးပါဘူး။ ကြီးမှ ရဟန်းပြုတာပါ။
ရဟန်းများ----- ဟင်-ကိုယ်တော်ကြီးနှယ် အာဂန္တုကိုယ်တော်တွေက မသိလို့ ၀တ်ကြီးဝတ်ငယ်ပြုတာကို ငြိမ်နေရသလား၊ ဟုတ်ပါရဲ့ ကိုယ်တော်ရယ်၊ အသိတရား နည်းလှချည်လား။
အာဂန္တုကိုယ်တော်တွေက ဒီလိုဝိုင်းပြောကြတော့ တိဿရဟန်းကြီးက ငါက ဘုရားရှင်နဲ့ ဆွေမျိုးတော်သူပဲ၊ ငါက မင်းမျိုးပဲဆိုပြီး မခံချင်ဘူးတဲ့။ သူကပဲ အရင်ဦးအောင် ဘုရားရှင်ကို သွားတိုင်ခဲ့ပါသတဲ့။
ဘုရားရှင်-----တိဿ သင်က ဘယ်မှာ ရှိနေခဲ့တာလဲ။
တိဿရဟန်း-----တပည့်တော်က အစည်းအဝေးဇရပ်မှာ ရှိနေခဲ့တာပါဘုရား။
ဘုရားရှင်-----ဒါဆို အာဂန္တုကိုယ်တော်တွေလာတော့ သင်က ခရီးဦးကြို ပြုခဲ့ရဲ့လား။
တိဿရဟန်း-----မပြုခဲ့ပါဘုရား။ သူတို့ကပဲ တပည့်တော်ကို ပြုသွားကြတာပါ။
ဘုရားရှင်-----ဒါဆို သင့်မှာ အပြစ်ရှိတာပေါ့။ တောင်းပန်လိုက်ပါ။
ဘုရားစကားကို တိဿရဟန်းက သုံးကြိမ်တိုင်တိုင် ငြင်းဆန်ခဲ့သတဲ့။ ရဟန်းတွေကလည်း ဒီကိုယ်တော်ကြီး တယ်ပြီးဆုံးမရခက်ပါလားလို့ ၀ိုင်းပြောကြတော့တာပေါ့။ ဒီအခါမှာ ဘုရားရှင်က ဒီတိဿရဟန်းဟာ ဒီဘ၀မှာသာ ဆုံးမရခက်တာမဟုတ်ဘူး။ ရှေးတုန်းကလည်း ဆုံးမရခက်သူဖြစ်တယ်လို့ ပြောပြီး အတိတ်ကို ဆောင်ပြတော်မူခဲ့ပါတယ်။
တိဿရဟန်းဟာ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းလက်ထက်တော်အခါက ဒေ၀ီလအမည်ရှိတဲ့ ရသေ့တပါး ဖြစ်ခဲ့ဖူးပါတယ်။ တနေ့မှာ ဒေ၀ီလရသေ့ဟာ ခရီးသွားရင်းနဲ့ ဇရပ်တခုမှာ တည်းခိုဖြစ်ခဲ့ပါတယ်။ ဒီအချိန်မှာ နာရဒအမည်ရှိတဲ့ ရသေ့တပါးကလည်း မရှေးမနှောင်းမှာ ရောက်လာပြီး ဒီဇရပ်မှာပဲ တည်းခိုခဲ့ပါတယ်။ ရသေ့နှစ်ပါး ဇရပ်မှာ အတူတည်းခိုမိတဲ့အခါမှာ ညအိပ်ချိန်မှာတော့ နေရာခွဲပြီး အိပ်ဖြစ်ကြတာပေါ့။ နာရဒရသေ့က ဇရပ်အလယ်မှာ အိပ်ပါတယ်။ ဒေ၀ီလရသေ့က တံခါးပေါက်အနီးမှာ အိပ်ပါတယ်။ နာရဒရသေ့ဟာ တရေးနိုး အပေါ့အပါးသွားချင်လို့ အပြင်ထွက်တဲ့အခါမှာ တံခါးပေါက်နားကဖြတ်တော့ မှောင်ထဲမည်းထဲဆိုတော့ ဒေ၀ီလရသေ့ရဲ့ ဆံကျစ်ကို နင်းမိတော့တာပေါ့။
ဒေ၀ီလ-----ဟဲ့--ငါ့ဆံကျစ်ကို နင်းတာ ဘယ်သူလဲ။
နာရဒ-----တပည့်တော်ပါဘုရား။ မသိလို့ နင်းမိတာ ခွင့်လွှတ်ပါ။
ဒေ၀ီလရသေ့ဟာ မကျေမချမ်းနဲ့ မြည်တွန်တောက်တီးပြီး နာရဒရသေ့ ပြန်ဝင်လာရင် သူ့ဆံကျစ်ကို ထပ်နင်းမိမှာစိုးလို့ ပြောင်းပြန်လှည့်အိပ်ခဲ့ပါတယ်။ နာရဒရသေ့ကလည်း အပြန်မှာ ခုနကလို ဖြစ်မှာစိုးတဲ့အတွက် ခြေရင်းဘက်ကို မှန်းပြီး ဖြတ်ခါမှ လည်ပင်းကို ထပ်တက်နင်းမိပြန်တော့တာပေါ့။
ဒေ၀ီလ-----ဟဲ့--ငါ့လည်ပင်းကို နင်းမိနေပြီ။
နာရဒ-----ခွင့်လွှတ်ပါဘုရား၊ နင်းမိမှာစိုးလို့ ဂရုစိုက်ခါမှ ဖြစ်သွားတာပါဘုရား။
ဒေ၀ီလ-----သင်--တော်တော် အနှောက်အယှက်ပေးတာပဲ၊ သင့်ကို ငါ ကျိန်ဆဲရလိမ့်မယ်၊ မနက်ဖြန်နံနက် နေထွက်တာနဲ့ ငါ့ကို စော်ကားတဲ့ရသေ့ ဦးခေါင်း ခုနစ်စိပ် ကွဲပါစေ။
နာရဒ-----ဆရာရသေ့- တပည့်တော်ဟာ စော်ကားလိုစိတ် မရှိခဲ့ပါဘူး၊ ရည်ရွယ်ပြီး လုပ်ခဲ့တာလည်း မဟုတ်ပါဘူး၊ ဒါကြောင့် အပြစ်ရှိတဲ့လူရဲ့ ဦးခေါင်းသာ ခုနစ်စိပ် ကွဲပါစေ။
ဒီလိုအပြန်အလှန် ဖြစ်ကြပြီးတဲ့အခါ နာရဒရသေ့က တန်ခိုးရှိတဲ့အတွက် မနက်ဖြန်မှာ ဘယ်သူ့အပေါ် ကျိန်စာကျရောက်မလဲ ဆင်ခြင်ကြည့်လိုက်တော့ ဒေ၀ီလရသေ့အပေါ်မှာ အပြစ်ကျမှာကို သိလိုက်ပါတယ်။ ဒါကြောင့် ဒေ၀ီလရသေ့ကို အပြစ်ကျမှာစိုးတဲ့အတွက် သူ့ရဲ့တန်ခိုးနဲ့ မနက်ဖြန်နေမထွက်အောင် အဓိဋ္ဌာန်ပြုထားလိုက်သတဲ့။
ဗာရာဏသီ မြို့သူ မြို့သားတွေဟာ အချိန်တန်ပေမယ့် နေထွက်မလာတဲ့အတွက် ထူးဆန်းအံ့သြခြင်းများစွာနဲ့ ဘုရင်မင်းမြတ်ရှိရာ စုဝေးရောက်ရှိလာကြတော့တာပေါ့။ မင်းကြီးအနေနဲ့လည်း တခုခု ထူးခြားပြီဆိုတာ သိတဲ့အတွက် စုံစမ်းမှုပြုတဲ့အခါမှာ ပြဿနာအရင်းအမြစ်ကို သိသွားတယ်။
မင်းကြီး-----ဘာကြောင့် နေမထွက်အောင် လုပ်ထားရတာလဲ နာရဒရသေ့။
နာရဒရသေ့-----ဒေ၀ီလရသေ့ရဲ့ ဦးခေါင်း ခုနစ်စိပ်ကွဲမှာ သနားလို့ပါ။ ဒါပေမယ့် ဒေ၀ီလရသေ့က တောင်းပန်မယ်ဆိုရင်တော့ အဆင်ပြေသွားပါလိမ့်မယ်။
မင်းကြီးက ဒေ၀ီလရသေ့ကို တောင်းပန်ခိုင်းတဲ့အခါမှာ ဒေ၀ီလရသေ့က စိတ်ထဲမှာမပါပဲ ၀တ်ကျေတန်းကျေ တောင်းပန်ခဲ့ပါတယ်။ ဒါကို သိတဲ့ နာရဒရသေ့က မင်းအမိန့်နဲ့ ဒေ၀ီလရသေ့ကို မြို့ပြင်ဘက်က ရေအိုင်ကို ခေါ်သွားခိုင်းပြီး ရသေ့ရဲ့ ခေါင်းပေါ်မှာ မြေကြီးခဲတလုံးတင်လို့ ရေငုတ်ခိုင်းခဲ့ပါတယ်။ သူ-တန်ခိုးဖြေပေးတဲ့အချိန်ကျရင် နေထွက်လာတဲ့အခါမှာ ဒေ၀ီလရသေ့ကို ရေထဲမှာ ငုပ်ပြီးနေဖို့ ညွှန်ကြားလိုက်ပါတယ်။ ဒီအခါမှာ သူ့ရဲ့အပြစ်များဟာ သူ့ခေါင်းပေါ်က မြေကြီးခဲအပေါ် ကျရောက်သွားမယ်လို့ တခါတည်း အမှာစကားပြောလိုက်ပါတယ်။ နာရဒရသေ့ ပြောတဲ့အတိုင်း ပြုလုပ်ခဲ့ကြတဲ့အတွက် တိုင်းသူပြည်သားများကလည်း နေထွက်တာ မြင်ရ၊ ဒေ၀ီလရသေ့လည်း အပြစ်ကလွတ်ပြီး အားလုံး အဆင်ပြေသွားကြပါတယ်။
ဗုဒ္ဓမြတ်စွာဘုရားရှင်ဟာ အတိတ်ကို ဆောင်ပြပြီးတဲ့အခါမှာ ဒေ၀ီလရသေ့ဟာ အခု တိဿရဟန်း၊ နာရဒရသေ့ဟာ ငါဘုရား ဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။ ကလေးတို့လည်း ဒီဇာတ်တော်ကိုဖတ်ပြီးတဲ့ အချိန်မှာ တဦးနဲ့တဦး ရန်ငြိုးထားခြင်းရဲ့ အကျိုးဆက်ဟာ မီးလိုပူလောင်ပြီး ရန်ငြိုးမထားတတ်သူသာလျှင် အေးချမ်းတဲ့အကြောင်းကို ဆင်ခြင်နိုင်ကြပါစေ။
စာရေးသူ....ကိုကိုးအိမ်
အမိုးကျဲတဲ့အိမ်
အမျိုးအစား ဘာသာရေး | author: ကိုကိုးအိမ်(မန္တလေး)တခါတုန်းက ကပိလ၀တ်ပြည့်ရှင် ဘုရင် သုဒ္ဓေါဓနနဲ့ ဂေါတမီမိဖုရားတို့မှာ နန္ဒမင်းသားဆိုတဲ့ သားတော်တပါး ရှိပါတယ်။ ဘုရင်ကြီးသုဒ္ဓေါဓနဟာ သားတော်ကြီး သိဒ္ဓတ္ထက ထီးနန်းစွန့်ခွါပြီး တောထွက်သွားတာမို့ နန္ဒမင်းသားကိုပဲ အားကိုးအားထားပြုပြီး ထီးနန်းကို လွှဲအပ်ပေးခဲ့ပါတယ်။ နန္ဒမင်းသားနဲ့ ဇနပဒကလျာဏီတို့ရဲ့ လက်ထပ်ပွဲ နဲ့ ဘိသိက်ပွဲဟာ အင်မတန် ကြီးကျယ်ခမ်းနားခဲ့တာပေါ့။
နန္ဒမင်းသား လက်ထပ်ပြီး မင်းလုပ်မယ့်အချိန်မှာ အကိုဖြစ်သူ သိဒ္ဓတ္ထမင်းသားက ဘုရားအဖြစ်ကို ရောက်ရှိသွားခဲ့ပါပြီ။ ဒါကြောင့်လည်း ဆွေတော်မျိုးတော်တွေကိုတွေ့ဖို့ ကပိလ၀တ်ပြည်ကို ရောက်ရှိလာခဲ့ပါသတဲ့။ ဒီတော့လည်း နန္ဒမင်းသားအနေနဲ့ သူ့ရဲ့မင်္ဂလာဆွမ်းကို အကိုဖြစ်တဲ့ ဘုရားရှင်ဆီမှာ ဆက်ကပ်ခဲ့တော့တာပေါ့။ နန္ဒမင်းသားဟာ ငယ်စဉ်ကတည်းက အကိုသိဒ္ဓတ္ထကို ချစ်ကြောက်ရိုသေခဲ့သူမို့ အမြဲ ဂါရ၀တရားရှေ့ထားခဲ့ပါတယ်။ ဒါပေမယ့် ဒီကိစ္စက ဒီမှာတွင်မပြီးဘဲ ဆွမ်းဘုဉ်းပေးပြီးတဲ့အခါ ပြဿနာစတော့တာပါပဲ။ နန္ဒမင်းသားက ဘုရားရှင်ကို ရိုသေတဲ့အနေနဲ့ နန်းတော်ပေါက်ဝအထိ သပိတ်ကိုကိုင်ပြီး လိုက်ပို့ပေးခဲ့ပါတယ်။
သူ့စိတ်ထဲမှာလည်း အကိုဘုရားက အပေါက်ဝထိပဲ သူ့ကို သပိတ်ကိုင်ခိုင်းမယ်ထင်တာပေါ့။ ဒါပေမယ့် ဘုရားရှင်ကလည်း ညီတော်ကို ချွတ်ချင်တော့ နန်းတော်ပေါက်ဝမှာ သပိတ်ကို ပြန်မယူဘဲ ကျောင်းတော်အထိ လိုက်ပါစေခဲ့ပါတယ်။ နန္ဒမင်းသားဟာ ဘုရားနောက်က သပိတ်ကိုင်ပြီး ပါသွားတယ်လည်းကြားရော ဇနပဒကလျာဏီဟာ ချက်ချင်းကို လေသာပြတင်းကထွက်ပြီး-
( ဇနပဒကလျာဏီက )-မောင်တော် မောင်တော်ဘုရား မြန်မြန်ပြန်ခဲ့ပါနော်။
နန္ဒမင်းသားလည်း အသံကြားလို့ လှည့်ကြည့်တဲ့အခါ ဇနီးသည်ရဲ့ စိုးရိမ်တဲ့မျက်ဝန်း၊ ကြောင့်ကြပုံစံကို မြင်လိုက်ရတော့ ချက်ချင်းတောင် ပြန်လှည့်ပြေးချင်တော့တာပေါ့။ ဒါပေမယ့် ဘုရားရှင်ကို ကြောက်ရ၊ ရိုသေရတာမို့ ကြိတ်မှိတ်ပြီး ကျောင်းအထိ လိုက်သွားခဲ့ပါတယ်။
ကျောင်းကိုရောက်တဲ့အခါမှာ ဘုရားရှင်က -
( ဘုရားရှင် )-ညီတော်-ရဟန်းပြုပေးမယ်ဆိုရင် ပြုနိုင်မလား။
( နန္ဒမင်းသား )-မှန် မှန်ပါ့ဘုရား၊ ပြု ပြုပါ့မယ်ဘုရား။
နန္ဒမင်းသားဟာ စိတ်ထဲက အကြိမ်ကြိမ် ငြင်းမိပေမယ့် ပါးစပ်ကတော့ ဒီလိုပဲ ထွက်သွားခဲ့ပါတယ်။ မပြုချင်ပါဘူးလို့ သူဘယ်လိုမှ မပြောရဲခဲ့ပါဘူးတဲ့။ ဒီလိုနဲ့ပဲ နန္ဒမင်းသားဟာ ရဟန်းပြုဖြစ်သွားခဲ့ပါတယ်။ ကြောက်လို့သာ ရဟန်းပြုခဲ့ရသူဆိုတော့ သာသနာ့ဘောင်မှာ ဘယ်လိုပျော်နိုင်မှာတဲ့လဲ။ စိတ်ထဲမှာလည်း ဇနီးသည်ရဲ့ အမှာစကားနဲ့ မှာလိုက်ပုံလေးကို တမ်းတနေတာပေါ့။ အရှင်နန္ဒ သာသနာ့ဘောင်မှာ မပျော်မှန်းသိတဲ့ ဘုရားရှင်က ရှင်နန္ဒရဲ့စိတ်ကို ဒီလိုအနိုင်ယူခဲ့ပါတယ်။
အဲဒါကတော့ လမ်းခုလတ်မှာ မီးလောင်ပြီး အမြီးပြတ်နေတဲ့ မျောက်အိုမကြီး တကောင်ကိုပြပြီး-
( ဘုရားရှင် )-ရှင်နန္ဒ-ဒီမျောက်အိုမကြီးနဲ့ ဇနပဒကလျာဏီ ဘယ်သူချောသလဲ
( ရှင်နန္ဒ )-ဘယ်လိုမေးလိုက်တာလဲ ဘုရား၊ ဇနပဒကလျာဏီက မနှိုင်းယှဉ်သာအောင် သာတာပေါ့။
( ဘုရားရှင် )-ဟုတ်ပါပြီလေ။
ဘုရားရှင်က ဒီတခွန်းပဲပြောပြီး တာဝတိံသာနတ်ပြည်ကို ဆက်လက်ကြွချီသွားတဲ့အချိန်မှာတော့ နတ်ပြည်မှာ အင်မတန်ချောမောလှပတဲ့ နတ်သမီးတွေ တပုံတပင်မို့ ရှင်နန္ဒမှာ အံ့သြတကြီး ဖြစ်ခဲ့ရပါတယ်။
( ဘုရားရှင် )-ရှင်နန္ဒ-ဒီနတ်သမီးတွေနဲ့ ဇနပဒကလျာဏီ ယှဉ်လျှင်ရော။
( ရှင်နန္ဒ )-နတ်သမီးတွေရဲ့အလှက တပုံကြီး သာတာပေါ့ဘုရား၊ သူတို့နှင့်ယှဉ်လျှင် ကလျာဏီဟာ မျောက်အိုမကြီးရဲ့ အနေအထားလောက်ပဲ ရှိပါတယ်။
( ဘုရားရှင် )-ဒါဆို-ညီတော်နန္ဒ-ဒီနတ်သမီးတွေကို လိုချင်လျှင် သာသနာတော်မှာ ပျော်ပျော်နေပါ။ သူတို့ကို ရစေရပါ့မယ်။
ရှင်နန္ဒဟာ တခါတည်းငြိမ်ကျသွားပါတော့တယ်။ ဘုရားရှင်စကားကို ယုံပြီး သာသနာ့ဘောင်မှာ ပျော်အောင်ကြိုးစားပြီး နေခဲ့ပါတယ်။ ဒါပေမယ့် ရဟန်းတွေကြားထဲမှာတော့ ပြောစရာကြီးတခုလို ဖြစ်တော့တာပေါ့။ ရှင်နန္ဒဆိုတဲ့ရဟန်းဟာ သာသနာ့ဘောင်မှာပျော်ဖို့အတွက် နတ်သမီးတွေနဲ့ မျှားထားရတယ်ဆိုပြီး သတင်းတွေ ပြန့်ကုန်ပါတော့တယ်။ ရှင်နန္ဒကို တွေ့တဲ့အခါမှာလည်း စ,သလို နောက်သလိုနဲ့ ဒီအကြောင်းက အမြဲလိုလို ပြောလာကြတဲ့အခါ ကြာလာတော့ ရှင်နန္ဒစိတ်ထဲမှာ ရှက်စိတ် မခံချင်စိတ်တွေ ၀င်လာခဲ့ပါတယ်။ ရဟန်းတို့ရဲ့ ကဲ့ရဲ့စကားကို မခံချင်တော့တာမို့ ကမ္မဋ္ဌာန်းတရားကို ကြိုးစားအားထုတ်လိုက်တာဟာ မကြာခင်အချိန်မှာ အရဟတ္တဖိုလ်ကို ဆိုက်ရောက်ခဲ့ပါတော့တယ်။ ဒီတော့မှ သူဟာ စိတ်လက်အေးချမ်းစွာနဲ့ ဘုရားရှင်ထံပါးသွားပြီး-
( ရှင်နန္ဒ )-အရှင်ဘုရား-ဒီနေ့မှစ၍ နတ်သမီးငါးရာကို ရရှိလိုခြင်းမှ ကင်းပါပြီဘုရား။
( ဘုရားရှင် )-သာဓု သာဓု သာဓု။
ပြောင်းလဲသွားတဲ့ ရှင်နန္ဒကိုကြည့်ပြီး ရဟန်းတွေက ဒီကိုယ်တော် ထူးခြားတယ်လို့ ထင်လာကြတယ်။ ရဟန္တာဖြစ်သွားတဲ့ ရှင်နန္ဒအကြောင်းကို မသိကြသေးဘဲ အရင်ကလို စကြ နောက်ကြတဲ့အခါ ရှင်နန္ဒက ဣနြေ္ဒသိက္ခာကြီးမားစွာနဲ့ သာသနာ့ဘောင်မှာ တကယ်ပျော်မွေ့သွားပါပြီ ငါ့ရှင်တို့။ လူ့ဘ၀မှာ တောင့်တမှု မရှိတော့ပါဘူး-လို့ ပြန်ဖြေပါတယ်။ ရှင်နန္ဒရဲ့ စကားကို မယုံကြည်ကြတဲ့ ရဟန်းတွေဟာ ဒီအကြောင်း ဘုရားရှင်ဆီ လျှောက်ထားမေးမြန်းခဲ့ကြပါသတဲ့။
ဘုရားရှင်ဟာ ညီတော်နန္ဒ ရဟန္တာဘ၀ကို ရောက်ရှိသွားပြီးမှန်း သိနေခဲ့တာမို့ ရဟန်းများ သံသယမပွားစေရန် ဒီလိုဟောကြားခဲ့ပါတယ်။
( ဘုရားရှင် )-ရဟန်းတို့ အိမ်တလုံးမှာ အိမ်ခေါင်မိုး မလုံလျှင် မိုးရေပေါက်တွေ အိမ်ထဲ ၀င်မှာပဲ။ ထို့အတူ ရဟန်းတရားကို ကောင်းစွာ မကျင့်ကြံ မပြီးစီးဘူးဆိုရင်လည်း မကောင်းသော အတွေးစိတ်ကူးတွေ ၀င်မှာပဲ။ အခု ရှင်နန္ဒကတော့ လုံသောအိမ်ခေါင်မိုးကဲ့သို့ ဖြစ်သွားပြီ။
ရဟန်းအပေါင်းဟာ ဘုရားရှင်ရဲ့တရားအဆုံးမှာ သာဓုခေါ်ဆိုပြီး ၀မ်းမြောက်သွားခဲ့ကြပါတယ်။ ကလေးတို့လည်း ဒီဇာတ်တော်လေးကို ဖတ်ပြီးတဲ့အချိန်မှာ ရှင်နန္ဒရဲ့ ပြတ်သားရဲရင့်တဲ့ စိတ်ထားကို ကြည်ညိုအားကျနိုင်ကြပါစေ။
စာရေးသူ....ကိုကိုးအိမ်
နောက်တိုးသက်သေ ( ၁ )
အမျိုးအစား ဥပဒေပညာ | author: ကိုကိုးအိမ်(မန္တလေး) ပြစ်မှူ့ဆိုင်ရာအမှူ့များတွင်ဖြစ်စေ၊ တရားမမှူ့ခင်းများတွင်ဖြစ်စေ၊ နှစ်ဖက်အမှူ့သည်များက မိမိတို့အမှူ့ အတွက် အထောက်အကူဖြစ်စေမည့်ပုဂ္ဂိုလ်၊ တစ်နည်းအားဖြင့်သက်သေများကိုတင်ပြကြပါသည်။ ထိုသို့တင်ပြရာတွင် ပြဌာန်းထားသည့်ဥပဒေအရ မူလတင်သွင်းထားသည့် သက်သေများအပြင် နောက်ထပ်မံ တင်ပြလိုသည့်သက်သေများကိုတင်ပြလေ့ရှိကြပါသည်။ ယင်းသို့သော သက်သေများကို တရားစီရင်ရေးလောက တွင် နောက်တိုးသက်သေဟုခေါ်ဝေါ်သတ်မှတ်ကြပါသည်။
တရားရုံးအသီးသီးသည် နောက်တိုးသက်သေထည့်သင့်မထည့်သင့် အငြင်းပွားမှူ့များကိုတွေ့ကြုံ ဖြေရှင်းပေး နေရပါသည်။ အမှူ့သည်အသီးသီးကလည်းနောက်တိုးသက်သေဟူ၍ ဥပဒေတွင်ပြဌာန်းထား ခြင်းမရှိကြောင်းကို လက်ကိုင်ထားပြီးတင်ပြနေကြကြောင်းတွေ့နေရပါသည်။
ပြစ်မှူ့ဆိုင်ရာအမှူ့များတွင်တရားလိုသည် မိမိအမှူ့နှင့်စပ်လျဉ်းသည့် သက်သေများကိုတင်ပြရန် တာဝန်ရှိသည်နှင့်အမျှ ယင်းသို့တင်ပြရာတွင်လည်း အမှူ့ကြန့်ကြာစေရန် တမင်သက်သက် အချိန်ဆွဲနေ ကြောင်းမပေါ်ပေါက်လျှင် တရားလိုသည် မိမိအမှူ့တွင်ကျေနပ်လောက်အောင် နောက်တိုးသက်သေများတင် သွင်းနိုင်ခွင့်ရှိပေသည်။ ( ဒေါ်အေးအေးချိုနှင့်ပြည်ထောင်စုမြန်မာနိုင်ငံတော်ပါ (၄) ၁၉၉၈ ခုနှစ် ပြစ်မှူ့ဆိုင်ရာ ပြင်ဆင်မှူ့အမှတ်၊ ၃၃၄ (ခ) )
ပြစ်မှူ့ဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၅၂ (၂) တွင် ရာဇ၀တ်တရားသူကြီးသည် အမှူ့ဖြစ်အကြောင်းခြင်းရာ ကိုသိရှိပြီး တရားလိုဘက်မှ သက်သေခံနိုင်သည့်သူများကို တိုင်တန်းသူထံမှဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ သိရှိအောင် လုပ်ရမည့်အပြင် ၄င်းတို့ အနက်မှလိုအပ်သည်ဟုမိမိထင်မြင်သူများကို မိမိရှေ့မှောက်သို့ လာရောက်သက်သေခံရန် သဗ္မာန်စာထုတ်ဆင့်ရမည်။ ထို့ပြင်တရားလိုဘက်အတွက် သက်သေခံရန် သဗ္မာန် စာဖြင့် ဆင့်ခေါ်ခြင်းခံရသူများကို တရားခံဘက်မှ ပြန်လှန်စစ်မေးခွင့်ရှိရမည်ဟု ပြဌာန်းချက်အရ တရားသူကြီး များသည် တရားလိုဘက်မှတင်ပြသည့် နောက်တိုးသက်သေများကို အမှူ့အတွက် လိုအပ်သည်ဟုထင်မြင်သူ များအား နောက်တိုးသက်သေ အဖြစ်စစ်ဆေးရန်ခွင့်ပြုနိုင်ပေသည်။
ပြစ်မှူ့ဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၅၂ ( ၂ ) ပြဌာန်းချက်အလိုအရ အမှူ့ကိစ္စကို သိရှိနိုင်သူအား တိုင်ကြားသူထံမှဖြစ်စေ အခြားနည်းအားဖြင့်ဖြစ်စေ သိရှိ့နိုင်ရန် တရားသူကြီးက ဖော်ထုတ်ရန်လိုအပ်သည်။ ထိုသို့ ဖော်ထုတ်ပြီးနောက် တရားရုံးသို့ ဆင့်ခေါ် စစ်မေးရမည်ဖြစ်သည်။ ထို့ကြောင့် အမျူ့အတွက် သိရှိနိုင်သူအားလုံးကို စစ်မေးဖော်ထုတ်ရန်ကိစ္စမှာ တရားသူကြိးက ဆောင်ရွက်ရမည့်ကိစ္စဖြစ်သည်။
ှု(မခင်ဌေးနှင့်ပြည်ထောင်စုမြန်မာနိုင်ငံတော်ပါ၎ ၁၉၉၉ခုနှစ် မြန်မာနိုင်ငံစီရင်ထုံး စာမျက်နှာ ၇ )။ သို့ဖြစ်၍ အမှူ့စစ်တရားသူကြီးများသည်တရားလိုဘက်မှနောက်ထပ်တင်ပြသည့် သက်သေများကို ပြစ်မှူ့ဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၂၅၂ (၂) ပြဌာန်းချက်အရ စိစစ်၍ ခွင့်ပြုပေးရမည်ဖြစ်သည်။
မည်သည့်တရားရုံးကမဆို ဤဥပဒေအရ စုံစမ်းစစ်ဆေးမှူ့၊ စစ်ဆေးစီရင်မှူ့ သို့မဟုတ် အခြားမှူ့ခင်း ကိစ္စ ဆောင်ရွက်မှူ့ပြုလုပ်သည့်မည်သည့်အဆင့်၌မဆို တစ်ဦးတစ်ယောက်ကို သက်သေအဖြစ်လာရောက် စေရန် သဗ္မာန်စာဖြင့် ဆင့်ခေါ်နိုင်သည်ဟု ပြစ်မှူ့ဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၄၀ တွင်ပြဌာန်းထားပါသည်။ တရားလိုဘက်မှ ထပ်မံတင်ပြလိုသော နောက်တိုးသက်သေကိုဖြစ်စေ၊ တရားခံဘက်မှ ထပ်မံတင်ပြလိုသော နောက်တိုးသက်သေကိုဖြစ်စေ အမှူ့ကို တရားမျှတစွာစီရင်ဆုံးဖြတ်ရန်အတွက်မရှိမဖြစ်ဟု တရားရုံးကယူဆလျှင် ပြစ်မှူ့ဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၄၀ ပါ ပြဌာန်းချက်နှင့်အညီ စစ်ဆေးရန် ဆင့်ခေါ်ခွင့် ပြုပေးရမည်ဖြစ်သည်။
ဦးမျိုးသိန်းနှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်စီရင်ထုံး ၁၉၇၉ခုနှစ် စာမျက်နှာ ၁၃၀ တွင်လည်း တရားစီရင်ရေးအဖွဲ့များသည် ဒိုင်လူကြီးသဖွယ်ဆောင်ရွက်ရန်မဟုတ်ပေ။ အမှန်တရား ဖော်ထုတ်ရေးအတွက်လိုအပ်ကြောင်းတွေ့ရှိရလျှင် လိုအပ်သည့်သက်သေများကိုခေါ်ယူစစ်ဆေးသင့်ပေသည် ဟု ထုံးပြုဆုံးဖြတ်ချက်မျာ့းအရလည်း နောက်တိုးသက်သေ ထပ်မံတင်ပြစစ်ဆေးခွင့်များကို စိစစ်သုံးသပ်ဆုံးဖြတ် သင့်ပါသည်။
နောက်အပိုင်းတွေဆက်လက်ဖော်ပြပါဦးမည်။
စာရေးသူ...ကိုကိုးအိမ်
ကျမ်းကိုး.......ပြစ်မှူ့ဆိုင်ရာဥပဒေ
ပြစ်မှူ့ဆိုင်ရာကျင့်ထုံးဥပဒေ
တရားမကျင့်ထုံးဥပဒေ
သက်သေခံအက်ဥပဒေ
မြန်မာနိုင်ငံတရားစီရင်ထုံးများ
၂၀၀၉ခုနှစ် ဒီဇင်ဘာလ တရားရေးဂျာနယ်
ဘာသာရေး ပြဿနာ ( ၃ )
အမျိုးအစား ဘာသာရေး | author: ကိုကိုးအိမ်(မန္တလေး)
(မေး) (အသက်တထောင့်သုံးဆယ်)
အရှင်ဘုရား၊ သက်တော် ၁၀၃၀-ရှိသည်ဆိုသည်မှာ ဖြစ်နိုင်ပါသလားဘုရား။ လူ့သက်တမ်းတရာခေတ်၌ အသက် ၁၀၃၀-ရှိသည်ဆိုသော ထွက်ရပ်ပေါက်ဝိဇ္ဇာဓိုရ် ဆရာတော်ကြီးများ ပေါ်ပေါက်နေပါသည်။ မြတ်စွာဘုရားလက်ထက်တော်၌ ထိုကဲ့သို့ သက်တမ်းရှည်သော ရဟန္တာပုဂ္ဂိုလ်ကြီးများ ရှိခဲ့ပါသလား။ ရှိခဲ့ပါလျှင် သက်တော်အရှည်ဆုံးသော ရဟန္တာ အရှင်သူမြတ်၏ သက်တော်နှင့် အမည်နာမတော်ကို သိလိုပါသည်။ ဖြေကြားပေးတော်မူပါအရှင်ဘုရား။
(ရေလှိုင်း-ဆားငန်မြေ)
(ဖြေ)
သက်တမ်းတရာတမ်းတွင် အလွန်ကုသိုလ်ကောင်းပါမှ အသက်တရာထက် အနည်းငယ်သာ ပို၍နေရကြောင်း၊ မည်မျှ ကုသိုလ်ကောင်းသည်ဖြစ်စေ အသက်နှစ်ရာအထိ မနေရကြောင်း ဘုရားဟောတော်မူချက် ရှိလေသည်။ ဒုတိယံ ၀ဿသတံ အပတွာ ၀ီသာယ ၀ါ၊ တိံသာယ ၀ါ စတ္တာလီသာယ ၀ါ ပညာသာယ ၀ါ သဋ္ဌိယာ ၀ါ ၀ေဿ ဟိ အဓိကမ္ပိ ၀ဿသတန္တိ အတ္ထော၊ သဗ္ဗမ္ပိဟေတံ၊ ဒုတိယံ ၀ဿသတံ အပတ္တတ္တာ အပ္ပန္တိ ၀ုတ္တံ။ ( အဘိ ဋ္ဌ ၂-၅၀၃) အသက်အရှည်နိုင်ဆုံး တရာ့ခြောက်ဆယ်သာ ဖြစ်နိုင်သည်။ မြတ်စွာဘုရားလက်ထက်က အရှင်ဗာကုလမထေရ်သည် သက်တော် ၁၆၀-ရှည်ကြောင်း ထင်ရှားပါသည်။ ထို့ကြောင့် ဤလူ့သက်တမ်း တရာခေတ်တွင် အသက်တထောင်ကျော် ရှည်သူ မရှိနိုင်ကြောင်း၊ အသက် နှစ်ရာထိ ရှည်သူပင် မရှိကြောင်း မှတ်းသားသင့်ပါသည်။
******************************
(မေး) ( ကုသိုလ်၏ တူသောအကျိုးပေး)
အရှင်ဘုရား၊ အချို့သော လူသားများ၏ ပါးစပ်ဖျားတွင် မကောင်းသောအကုသိုလ်လုပ်လျှင် တူသောအကျိုးကို ပေးတတ်သည်-ဟု ဆိုနေကြပါသည်။ ကောင်းသောကုသိုလ်အလုပ်က တူသောအကျိုးကို မပေးနိုင်ဘူးလားဘုရား။ ကုသိုလ်အလုပ်၏ တူသောအကျိုးပေးပုံကို သာဓကဆောင်၍ ဖြေကြားပေးစေလိုပါသည်ဘုရား။
(အရှင်ဝါယမ-တပ်ကုန်း)
(ဖြေ)
ဆွမ်းဆက်ကပ်ရာ၌ သက်ရှည်, ဆင်းလှ, ချမ်းသာရ, ဗလ, ဉာဏ်ပညာ-ဟူသော သံဃာတော်များရသည့် ဆွမ်းအကျိုး ငါးပါးမှာ အလားတူ ဆွမ်းဒကာများလည်း ရကြောင်း ဆိုပါသည်။ ထို့အတူ ကထိန်သင်္ကန်းလှူရာ၌ အနာမန္တစာရ-စသော သံဃာတော်များရသော ကထိန်အကျိုး ငါးပါးနှင့်အလားတူ ( သွားလေရာရာ၊ နှောင့်ယှက်ကွာ၍၊ ဥစ္စာထားသွား၊ မပျက်ပြားနှင့်၊ သောက်စားအစာ၊ ဘေးကင်းကာပြင်၊ ဥစ္စာများလျက်၊ သူမဖျက်ဘဲ၊ သူ့ထက်ထူးကာ၊ ရရှိလာသည်၊ ဒကာအကျိုးပေးပုံတည်း-) ဟူသည်တို့မှာ ကုသိုလ်အလုပ်၏ တူသောအကျိုးပေးပုံများပင်ဟု မှတ်ရပါမည်။
******************************
(မေး) (ကိုယ့်ကိုယ်ကို သတ်ခြင်း)
အရှင်ဘုရား၊ ကိုယ့်ကိုယ်ကို သေအောင်သတ်၊ ပါဏာတိပါတ် အကုသိုလ်၊
သင့်မသင့်၊ ဖော်ဖွင့်သာဓကရယ်နှင့်၊ စာပြဆရာမြတ်၊ ပုဒ်ပါဌ်ဖွင့်ဆို။
သိလိုပါ ထိုထိုပ စကား၊ အဖန်ဖန် ငါးရာမှန် ကမ္ဘာကျအောင်၊ ပါဏကိုယ်တိုင်သတ်ပါသတဲ့၊
မှတ်လာသည်ကို ထိုအကြောင်းကို ပေါင်းဖြေပါဘုရား။
( ကဗျာဆို သာချို၊ ဗဟန်းမြို့နယ်)
(ဖြေ)
ကိုယ့်ကိုယ်ကို ဖယ်ကာထား၊ တပါးသောသတ္တ၀ါ၊
ပါဏေန ပါဏသညီပြ၊ မှတ်ကြစရာ။
ပရပါဏာမှ (ကိုယ်မှတပါး အခြားသတ္တ၀ါမှ) သင့်ပါရ မှန်စွာ၊ ကိုယ့်ဟာကိုယ် မသင့်။
ဖန်ငါးရာ ဘယ်စာမှာ ဆိုမရှိပါဘူး၊ ရေးသိပါလင့်။
အတ္တာနံ မုဉ္စိတွာ ပရပါဏမှိ ပါဏသညိတာ လက္ခဏဿ အင်္ဂဿ အဘာဝတော၊ နေ၀တ္ထိ ပါဏာတိပါတော။
အတ္ထတော ပန ပါဏေ-ပါဏသညိနော ပရသ ဇီဝိတိန္ဒြိယုပစ္ဆေဒက ပယောဂသမုဋ္ဌာပိကာ ကာယ၀စီဒွါရာနံ အညတရ ဒွါရပ္ပ၀တ္တာ ၀ဓက စေတနာ။ ( သာရတ္ထ ဋီ ၁-၃၄၂ )
******************************
(မေး) ( ဧကဗီဇိ သောတာပန်နှင့် သကဒါဂါမ်)
အရှင်ဘုရား၊ ဧကဗီဇိ သောတာပန်သည် တကြိမ်သာ ပဋိသန္ဓေနေတော့မည် ဆိုပါသည်။
သကဒါဂါမ်သည် လူ့ပြည်သို့ တကြိမ်သာ လာသည်ဟု ဆိုပါသည်။ ၄င်းတို့နှစ်ဦး တကြိမ်ချင်း မည်သို့ ကွာခြားပါသနည်း။ ရှင်းလင်းသိသာအောင် ဖြေကြားပေးပါဘုရား။
( ခင်ငြိမ်းငြိမ်း-အဘိဓမ္မာသင်တန်
(ဖြေ)
ဧကဗီဇိ သောတာပန်ဆိုသည်မှာ ဧတ္ထ ဧကဿဘ၀ဿ ဗီဇံ ဧကေဿဝ အတ္ထီတိ ဧကဗီဇိ၊ ဤပုဂ္ဂိုလ်အား တကြိမ်သာလျှင်ဖြစ်သော ဘ၀၏ပဋိသန္ဓေ ဟူသော မျိုးစေ့ရှိ၏။ ထို့ကြောင့် ဧကဗီဇိ မည်၏-ဟုဆိုသဖြင့် တဘ၀မျှသာ ပဋိသန္ဓေမျိုးစေ့ရှိ၍ နှစ်ဘ၀ ပဋိသန္ဓေ မနေရတော့ပေ။
သကဒါဂါမ်ကား ဣဓပန ပတွာ ဒေ၀လောကေ ယာဝတာယုကံ ၀သိတွာ ပုန ဣဓ ဥပ္ပဇ္ဇိတွာ ပရိနိဗ္ဗာယန္တောစ ဂဟိတောတိ ဝေဒိတဗ္ဗော (ပုဂ္ဂလပညတ္တိ အဋ္ဌကထာ) ဆိုသောကြောင့် ဤလူ့ပြည်၌ သကဒါဂါမိဖိုလ်သို့ရောက်၍ နတ်ပြည်၌ဖြစ်ကာ အသက်တမ်းအတိုင်း နေပြီးမှ တဖန် ဤလူ့ပြည်သို့ တကြိမ်ပြန်လာသည်။ သို့ဖြစ်၍ ဤလူ့ပြည်၌ ပရိနိဗ္ဗာန်ပြုရသဖြင့် (ဧကဗီဇိ သောတာပန်က ပဋိသန္ဓေတကြိမ်၊ သကဒါဂါမ်က ပဋိသန္ဓေ နှစ်ကြိမ်ဖြစ်၍) ထူးခြားမှုကို မှတ်သားထားသင့်ပါသည်။
******************************
(မေး) (၀ိညာဉ်)
အရှင်ဘုရား၊ ဗုဒ္ဓဘာသာအလိုအရ ၀ိညာဉ် (လိပ်ပြာ) မရှိဟု သိရပါသည်။ သို့သော် ဘာသာရေးစာစောင်များတွင် သေခါနီးလူ၏ ၀ိညာဉ်က ငရဲပြည်သို့ရောက်သွားပြီး အချိန်မကျသေးသဖြင့် လူ့ပြည်သို့ပြန်လာ၍ မိမိတို့အကြောင်းကို ပြန်ပြောပြသည့် သေရွာပြန်များအကြောင်းကို မကြာခဏ ဖတ်ရပါသည်။ ၄င်းဝိညာဉ်ကို မည်သို့ခေါ်ဆိုပါမည်နည်း။ ၄င်းဝိညာဉ်သည် ၃၁-ဘုံတွင် မည်သည့်ဘုံ၌ ပါဝင်သည်ကို သိလိုပါသဖြင့် ဖြေကြားပေးပါရန် ရိုသေလေးစားစွာ လျှောက်ထားအပ်ပါသည်ဘုရား။
(ဦးကျော်ဇင်-သာကေတ)
(ဖြေ)
သေခါနီး ငရဲပြည်သို့ရောက်သွားပြီး မသေဘဲ ပြန်လာ၍ အဖြစ်ကို ပြောပြသူများသည် ဂတိနိမိတ်ထင်ပြီးမှ မသေဘဲ ပြန်ရှင်လာခြင်း-ဟု မှတ်သင့်ပါသည်။ မည်သူမဆို ကံ ကမ္မနိမိတ် ဂတိနိမိတ် သုံးမျိုးထင်မြဲတွင် ဂတိနိမိတ်က ငရဲကို မြင်ပြီးမှ အကြောင်းအားလျော်စွာ မသေဘဲ ပြန်ကောင်းလာပြီး ထိုအချိန်တွင် ကုသိုလ်ပြု၍ ဒေ၀နိမိတ်ပြောင်းကာ နတ်ပြည်၌ ဖြစ်သွားခြင်းမျိုးလည်း ရှိပါသည်။
သောဏရဟန္တာ၏ ခမည်းတော် မုဆိုးကြီးကို သောဏရဟန္တာက အိုကြီးအိုမှ ရဟန်းဝတ်ပေးထားရာ သေခါနီးတွင် ငရဲခွေးကြီးများ အကိုက်ခံနေရသော ဂတိနိမိတ် ထင်လာ၍ အော်ဟစ်နေသဖြင့် သောဏရဟန္တာက ကိုရင်များကို ပန်းများခူးခိုင်းကာ ဖခင်ရဟန်းကြီးအား ဘုရားရှေ့သို့ ညောင်စောင်းနှင့်ယူလာပြီး အပူဇော်ခိုင်းလေသည်။ ထိုအခါ ငရဲဂတိ နိမိတ်များ ပျောက်ပြီး နတ်ပြည်နိမိတ်များမြင်၍ ကွယ်လွန်သော် နတ်ပြည်၌ဖြစ်ကြောင်း ၀တ္ထုရှိပါသည်။
ထိုဝတ္ထုအရ ပထမငရဲနိမိတ်ထင်၍ မသေဘဲ ပြန်ကောင်းလာပြီးနောက် ကုသိုလ်အဟုန်ကြောင့် ဒေ၀နိမိတ်ပြောင်းထင်သည်ကို ထောက်၍ သေခါနီး ဂတိနိမိတ်ထင်ခြင်းကို ၀ိညာဉ်ဟု ယူဆပြောဆိုကြခြင်း ဖြစ်ပါသည်။ သေ၍ လူဝင်စားဖြစ်သူများကလည်း ထိုဂတိနိမိတ်ကိုပါ ပြန်၍ မြင်ပြီး ၀ိညာဉ်လွင့်ပါးသွားဟန် ပြောဆိုကြသည်လည်း ရှိပါသည်။ ဂတိနိမိတ်ကို ၀ိညာဉ်ထင်နေခြင်းသာဖြစ်သည်။ တခါတရံ ပေတလောကသို့ ရောက်သွားသည်ကိုလည်း ၀ိညာဉ်ဟုထင်၍ ပြောကြပါသည်။ ပေတလောက၌ ရုပ်ရော နာမ်ပါရှိသော်လည်း ရုပ်ကို လူများမမြင်ရ၍ ၀ိညာဉ် နာမ် လိပ်ပြာကောင်ဟု အထင်မှား ပြောကြားကြခြင်းဖြစ်ကြောင်း မှတ်သားရန် ဖြေကြားအပ်ပါသည်။
******************************
(မေး) ( ပါရာဇိကနှင့် ကန်တော့ခြင်း)
အရှင်ဘုရား၊
(၁) ပထမပါရာဇိကကျပြီးသော ရဟန်းသည် သိက္ခာချရန် လို-မလို၊ အကယ်၍ တဦးဦးထံချမိပါက အကျိုးအပြစ် ဖြစ်နိုင်ပါသလား။ မဂ်ဖိုလ်၏ အန္တရာယ်ကော ဖြစ်နိုင်ပါသလား။
(၂) ဘုရားရှိခိုးတဲ့အခါမှာ ရတနာသုံးပါးနှင့် အရိယာပုဂ္ဂိုလ်များ၊ မိဘ၊ ဆရာသမားများ၊ ကျေးဇူးရှိခဲ့ဖူးသူများအပေါ် ပြစ်မှားမှုများကို ဘုရားရှေ့မှေကြ်၌ ၀န်ချတောင်းပန်ခဲ့လျှင် အပြစ်များသည် ကျေပျောက်နိုင်ပါသလား။ ဤမေးခွန်း ၂-ချက်ကို သိလိုပါ၍ ဖြေကြားပေးတော်မူပါဘုရား။
(ဦးအောင်မြင့်-ရမည်းသင်း)
(ဖြေ)
ပါရာဇိကလေးပါးလုံးမှာပင် ပါရာဇိကကျပြီးသော ရဟန်းအနေဖြင့် ပါရာဇိကသိက္ခာပုဒ်ကို လွန်ကျူးပြီးသည်နှင့် တပြိုင်နက် သိက္ခာကျ (လူဖြစ်) သွားပြီးဖြစ်၍ သိက္ခာထပ်ချနေစရာ မလိုတော့ပါ။ လူ့ဘ၀ (သ်ု့မဟုတ်-လူဖြစ်ပြီးမှ သာမဏေ၀တ်၍ သာမဏေဘ၀) ရသေ့ဘ၀တို့ဖြင့် တရားအားထုတ်လျှင် မဂ်ဖိုလ်အန္တရာယ်မဖြစ်ပါ။
ဘုရားရှိခိုး ကန်တော့ရာ၌ ရတနာသုံးပါးအား ကန်တော့ချိန်တွင်တခြားမိဘဆရာသမာ
******************************
(မေး) (အရူပဘုံလေးရွာ အရိယာ ရှိ-မရှိ)
အရှင်ဘုရား၊
ရုပ်ခန္ဓာ သူမရှိ၊ ဘူမိတဲ့လေးရွာ။
အရိယာ ရှိ-မရှိ၊ သိချင်လှပါ။
အချို့သော စာစောင်မှာ၊ ရှိပါတယ်ဆိုထား။
ဘယ်ဟာဘယ်လို မှတ်ရမယ်၊ မြတ်ဆရာ က၀ိန္ဒော ဟောပြပါဘုရား။
(ချမ်းမြေ့ကြည်-ကောလင်း)
(ဖြေ)
ရုပ်ခန္ဓာ သူမရ၊ အရူပဘုံလေးရွာ။
မဂ်သောတာမှတပါး၊ ရငြားရိယာသတ် ရှိလတ်မှန်စွာ။
ပရတောဃောသတဲ့၊ ဗုဒ္ဓရဟန္တာတို့
ဒေသနာထောက်ပံ့ကင်းတာမို့၊ ရှင်းပါရ မဂ်သောတာ မှတ်ပါတော့ အမြဲ။
ဘိဓမ္မာ သိစရာဒီပနီက ဤသည်ကို ဤနှယ်ဖွင့်တယ် သိသင့်သည်ပဲ။
ပရတောဃောသပစ္စယာ ဘာဝတော ပထမမဂ္ဂေါပိ၊ အရူပလောကေ န ဥပလဗ္ဘတိ။ ပထမမဂ္ဂ၀ဇ္ဇိတ သတ္တလောကုတ္တရ စိတ္တာနီတိ အာရုပ္ပေ ဒွေစတ္တာလီသ ၀ီထိစိတ္တာနိ ဥပလဗ္ဘန္တိ။
( အဘိဓမ္မတ္ထ သင်္ဂဟ ဒီပနီ၊ ၁၆၂)
******************************
(မေး) ( ကုဋေကိုးထောင်ကျော်)
အရှင်ဘုရား၊ သိက္ခာပုဒ် ကုဋေကိုးထောင်ကျော်ဟု ပြောဆိုသောစကား ရှိပါသည်။ ၄င်းကုဋေကိုးထောင်ကျော် ဆိုရာ၌ မည်မျှ ကျော်သည်ကို အတိအကျ ဖော်ပြဖြေကြားစေလိုပါသည် အရှင်ဘုရား။
(ရှင်သာဂရဉာဏ-မုံရွာ)
(ဖြေ)
ကုဋေကိုးထောင်ကျော် ဟူသောစကားမှာ ကုဋေ ကိုးထောင် တရာ့ ရှစ်ဆယ် ငါးသန်း သုံးသောင်း ခြောက်ထောင် (၉,၁၈၀,၅၀၃၆၀၀၀) ဖြစ်ပါသည်။ ပါဠိဂါထာမှာ
န၀ကောဋိသဟဿာနိ၊ အသီတိ သဟကောဋိယော။
ပညာသ သတ သဟဿာနိ၊ ဆတ္တိံသာစ ပုန ပရေ။
ဧတေ သံဝရ၀ိနယာ၊ သမ္ဗုဒ္ဓေန ပကာသိတာ။
ပေယျာလ မုခေနိန္ဒိဋ္ဌာ၊ သိက္ခာဝိနယ သံဝရေ။ (၀ိသုဒ္ဓိ)
ယင်းကိုရှေးဆရာတို့သည် ( နေနတ်နီးတိုင်း၊ ဂနိုင်းမိုးနန်၊ ဟုန်ယာဉ်ဈာန်) ဟု ပိဋကတ်သင်္ချာနည်းဖြင့် ဖွဲ့ဆိုထားခဲ့ပါသည်။
( မြတ်မင်္ဂလာ ၂၀၀၁-ခု အောက်တိုဘာလ )
ဖြန့်ဝေသူ....ကိုကိုးအိမ်