ထူးထူးဆန်းဆန်း မိခင်များ

|

ကလေး ရှစ်မွှာပူးမိခင်
အမေရိကန်နိုင်ငံ - ကယ်လဖိုးနီးယားပြည်နယ်မှာ ရှိတဲ့ Nadya Suleman ဆိုတဲ့ အမျိုးသမီးဟာ ... သူမယောင်္ကျားနဲ့  1999 ခုနှစ်မှာ ကွာရှင်းပြီးတဲ့နောက်ပိုင်း ကလေးလိုချင်လာပါတယ် ...
အဲဒီနောက် David Solomon ဆိုတဲ့ သုတ်ပိုးလှူတဲ့ အမျိုးသားဆီမှ သုတ်ပိုးရယူပြီး ကိုယ်ဝန်ဆောင်ခဲ့ရာကနေ.. မထင်မှတ်ပဲ ၈ မွှာပူးကိုယ်ဝန်ဆောင်နိုင်ခဲ့ပါ

တယ် ....
သူမဟာ 2009 ခုနှစ် ဇန်န၀ါရီလမှာ ရှစ်မွှာပူးကို မွှေးခဲ့ပါတယ်... သူမဟာ ကမ္ဘာမှာဒုတိယမြောက် ရှစ်မွှာပူးကိုယ်ဝန်ဆောင်ခဲ့သူဖြစ်ပါတယ် ..
ခု ရှစ်မွှာပူးကလေးတွေကိုတော့ sulemom octuplets လို့ ခေါ်ပါတယ် ...


ကမ္ဘာ့အသက်အငယ်ဆုံး မိခင် ( အသက် ၅ နှစ် )

စုတ်ပြတ်ပြီးထိတ်လန့် နေတဲ့ အမျိုးသမီးကြီးတစ်ယောက်ဟာ အိန္ဒိယပြည်နယ် - Peru မြို့  Pisco ဆေးရုံကြီးမှာ ဆရာဝန်ကြီးကို လာတွေ့ ပါတယ် .. သူမ အနောက်မှာ ၃ ပေသာသာရှိသေးတဲ့ ( Geraldo Lozada ) လို့ ခေါ်တဲ့ကလေးမလေးတစ်ယောက်ပါလာပြီး ... အဲဒီကလေးမလေးရဲ့ ဝမ်းဗိုက်က အမတန်ကြီးထွားနေပါတယ်. .. ထိတ်လန့် နေတဲ့ ကလေးမလေးရဲ့ မိခင်က သူမကလေးဟာ နတ်ဆိုး ပြုစားခံရတဲ့အတွက် ခုလိုဖြစ်နေရတယ်လို့  ဆရာဝန်ကြီးကိုပြောပါတယ် ... ဆရာဝန်ကြီးလဲ အစပိုင်းမှာ ၀န်းဗိုက်ပိုင်းဝေဒနာတစ်ခုခုလို့ ထင်မိပေမယ့် တစ်ကယ်တမ်းမှာတော့ ကလေးမလေးဟာ ကိုယ်ဝန် ၈ လတိတိလွယ်ထားနေရကြောင်း အံ့သြစွာတွေ့ လိုက်ရပါတယ် ..
Dr.Lozada ဟာ သူမကို Peru မြို့ ရဲ့ မြို့ တော် Lima ကဆေးရုံကြီး မှာ အခြားသော အထူးကုဆရာဝန်တွေပါ Geraldo Lozada ဆိုတဲ့ ၅ နှစ်အရွယ်ကလေးမ ကိုယ်ဝန်ဆောင်ခြင်းကို ထပ်မံစစ်ဆေး သေချာအောင် ခေါ်ဆောင်သွားခဲ့ပြီး စစ်ဆေးခဲ့ပါတယ်..
တစ်လခွဲအကြာ မေလ 14 ရက် 1939 ခုနှစ်မှာ သူမဟာ ၆ ပေါင်ရှိတဲ့ ယောင်္ကျားလေးကို ခွဲစိတ်ပြီးမွေးဖွားခဲ့ပါတယ်....
ကလေးကို အစပိုင်းသူမအား အမတစ်ယောက်လို ဆက်ဆံစေခဲ့ပီး... ၁၀ နှစ်အရွယ်မှာတော့ သူမဟာ သူ့ ရဲ့ မိခင်ဖြစ်ကြောင်း ပေးသိစေခဲ့ပါတယ် .


ကမ္ဘာ့အသက်ကြီးဆုံး ပထမဆုံးကလေးမွေးဖွားသူ ( အသက် ၇၀ )

Meet Rajo Devi Lohan ဆိုတဲ့ အသက် ၇၀ ရှိတဲ့ အိန္ဒိယအမျိုးသမီးကြီးဟာ 2008 ခုနှစ် နိုဝင်ဘာလမှာ သူမရဲ့ ပထမဆုံး ကလေးကို မွေးဖွားခဲ့ပါတယ် ... သူမတို့ လင်မယားဟာ နှစ်ပေါင်း ၄၀ တိတိ ကလေး လိုချင်လို့ စောင့်နေခဲ့တာကြာပါပြီလို့ ဆိုပါတယ် ... ခု တော့ ကလေးရလာပီမို့  သူ့ ကလေးကိုနောက် ၃ နှစ်လောက်ထိတော့ နို့ တိုက်ခွင့်ရချင်ပါတယ်လို့ ဆိုပါတယ်...


ကလေးအများဆုံး မွေးသူမိခင် ( ကလေး ၆၉ ယောက် )

Russia ပြည်မှ Feodor Vassilyev ရဲ့ ပထမမိန်းမ ဖြစ်သူ Valentina Vassilyeva ဟာ ကမ္ဘာ့ကလေး အများဆုံးမွေးသူ မိခင်အဖြစ် ကလေး 69 ယောက်ကို မွေးပြီး စံချိန်တင်ခဲ့ပါတယ် .... သူမဟာ ၁၆ မွှာပူး သုံးမွှာပူး နဲ့  ၄ မွှာပူးတို့ ကိုပါမွှေးခဲ့သူဖြစ်ပါတယ်... မွေးဖွားတဲ့ အရေအတွက်က ၆၉ ဖြစ်ပီး ၆၇ ယောက်သာ အသက်ရှင်ခဲ့ပါတယ်..
ယခု ခေတ်သစ် ကလေးအများဆုံးမွေးသူ အဖြစ်စံချိန် တင်ထားရသူကတော့ Leonitan Albina ဆိုတဲ့ San Antonio ပြည်နယ် Chile က အမျိုးသမီးဖြစ်ပါတယ် .. သူမဟာ တရားဝန် ၅၅ ယောက်တိတိမွေးပြီးဖြစ်ပြီး ၆၄ ယောက် မွေးဖို့  ရည်မှန်းထားတယ်လို့ ဆိုပါတယ်....


ကမ္ဘာ့ပထမဆုံး အမျိုးသားအဖြစ် ကိုယ်ဝန်ဆောင်မိခင်
Oregon ပြည်နယ်က Thomas Beatie ဆိုတဲ့အမျိုးသားဟာ အမျိုးသမီးအဖြစ်မှ လိင်ပြောင်းကုသမှူခံယူပြီး အမျိုးသားဘ၀ သို့ ပြောင်းလဲထားသူ ဖြစ်ပါတယ် ...
သူဟာ ယောင်္ကျားတစ်ယောက်အဖြစ် အကုန်ပြောင်းလဲထားပေမယ့် မိန်းမ ဘ၀မှာရှိခဲ့တဲ့ သားအိမ်ကိုတော့ မထုတ်စေခဲ့ပါဘူး ။ သူဟာ လိင်ပြောင်းလဲကုသပြီး ၁၀ နှစ်အကြာ အသက် 34 နှစ်မှာ အမျိုးသားကိုယ်ဝန်ဆောင်သူအဖြစ် နာမည်ကြီးသွားခဲ့ပါတယ် ... သူ့ ရဲ့ မိန်းမဖြစ်သူ Nancy ( အသက် 46 နှစ် ) ဟာ ကိုယ်ဝန်မဆောင်နိုင်တဲ့အတွက် သူ ဟာ အမျိုးသမီးအစား သူ့ သားအိမ်ထဲမှာပဲ ကိုယ်ဝန်ဆောင်ခဲ့ပါတယ်... ပထမဆုံး သမီးလေး ကို June 29 မှာ မွေးခဲ့ပြီး .. သားအိမ်ကို သူ့ ဝမ်းမှာ ဒီအတိုင်းထားရှိစေခဲ့ပါတယ် ... သူ ဟာ နောက်ထပ် ကလေးတွေလိုချင်သေးတဲ့အတွက်လို့ ဆိုပါတယ် .. ယခုသူ ဟာ နောက်ထပ် ကိုယ်ဝန် ရှိနေပြန်ပါပြီ ... ကလေးမွေးဖွားဖို့  သူ့ ရဲ့ သားအိမ်က အမမျိုးဥ နဲ့  အခြား သုတ်ပိုးအလှူရှင် အမျိုးသားတစ်ဦး ထံမှ သုတ်ပိုးကို ရယူပြီး ကလေးယူခဲ့တာပါ ။


ကမ္ဘာ့အသက်အကြီး ဆုံးအမွှာပူးမိခင် ( ၇၀ နှစ် )
သမီး နှစ်ယောက် နဲ့  မြေး ငါးယောက် ရဲ့  အဖွား ဖြစ်သူ အသက် ၇၀ နှစ်ရှိတဲ့ Omkari Panwar ဟာ သူ့ တို့ မျိုးရိုးရဲ့ အမွေကို ဆက်ခံနိုင်ဖို့  ယောင်္ကျားလေးတစ်ယောက် မွေးချင်ခဲ့ပါတယ်... သူမယောင်္ကျားဖြစ်သူ Charan Singh Panwar ( အသက် ၇၇ နှစ် ) ဟာ သူ့ မိန်းမ အလိုကျ မျိုးရိုးအမွေဆက်ခံ နိုင်ဖို့ ယောင်္ကျားလေး တစ်ယောက် ကို IVF ကုသမှူနဲ့ မွေးရန် သူ့ ပိုင်ဆိုင်တဲ့ လယ် ၊ နွား ၊ စတဲ့ ပိုင်ဆိုင်သမျှကို ရောင်းပြီး အိန္ဒိယပြည်နယ် နယူးဒေလီ မြို့ ကြီးက နေ ၇ နာရီလောက် ကြာကားစီးရတဲ့ Muzzaffarnagar ဆိုတဲ့ ဆေးရုံကြီးမှာ ယောင်္ကျားလေးတစ်ယောက် နဲ့  မိန်းကလေးတစ်ယောက်ပါတဲ့  အမွှာပူးကို မွေးခဲ့ပါတယ် ... ကလေးတစ်ယောက်စီကို အလေးချိန် ၂ ပေါင်စီပဲရှိပါတယ် ။



ကမ္ဘာ့ကလေးအများဆုံး အငှားမွေးသူ မိခင်
ကလေး အငှားမွေးသူမိခင် ဖြစ်တဲ့ Carole Horlock ( အသက် 42 နှစ် ) ဟာ ၁၃ နှစ်အတွင်း ကလေး ၁၂ ယောက်ကို အငှားကိုယ်ဝန်ဆောင်ပေးခဲ့သူ ဖြစ်ပါတယ် ။ သူမဟာ ၃ မွှာပူးအပါအ၀င် ကလေးများကို အငှားကိုယ်ဝန်ဆောင်ခဲ့သူ အဖြစ် စံချိန်တင်ခဲ့ပါတယ်...သူမဟာ ကလေးတစ်ယောက်ကို ကိုယ်ဝန်ဆောင်ခ ဒေါ်လာ 25.000 မှာ 30.000 အထိ ရပါတယ်...


ကမ္ဘာ့အသေးဆုံးမိခင်
ကမ္ဘာ့အသေးဆုံးမိခင် နှစ်ယောက်ရှိပါတယ် ပထမ တစ်ယောက်ကတော့ ၂ ပေ ၄ လက်မသာရှိတဲ့ Stacey Herald ဖြစ်ပါတယ် ... သူမဟာ ကိုယ်ဝန်ဆောင်ခြင်းဟာ သေစေနိုင်မယ်လို့  ဆရာဝန်တွေ အတန်တန် တားတဲ့အထဲက ကလေး နှစ်ယောက်ကို မရမက မွေးထားပြီးဖြစ်ပြီး ခု တတိယမြောက်ကိုယ်ဝန်ဆောင်ထားပါတယ် ...


ဒုတိယမြောက် အသေးဆုံးမိခင်က တော့် ၂ ပေ ၉ လက်မ ရှိတဲ့ Cristianne Ray ဖြစ်ပါတယ် .. သူမ ဟာ Kyrsten Bowden ဆိုတဲ့ ကလေးတစ်ယောက်ကို မွေးထားပါတယ် ။


ကမ္ဘာ့ကလေးအသေးဆုံး ( အရှင် ) မွေးသူမိခင်

Mahajabeen Sheikh ဆိုတဲ့ အမျိုးသမီးဟာ စက်တင်ဘာ 19 ရက် 2004 မှာ Rumaisa Rahman ဆိုတဲ့ ၁၀ လက်မ - 8.6 အောင်စ ရှိတဲ့ မိန်းကလေးကို Loyola University Medical Center မှာမွေးခဲ့ပါတယ် ...
Rumisa Rahman ဆိုတဲ့ ကလေးလေးနဲ့  ၁ ပေါင် ၄ အောင်စ ပါတဲ့ Hiba ဆိုတဲ့ အမွှာယောင်္ကျားကလေးတစ်ယောက်ကိုပါ မွေးခဲ့တာပါ..

ကဲယုံချင်ယုံ မယုံချင်လဲယုံလိုက်နော်

စာရေးသူ...ကိုကိုးအိမ်

0 ယောက်ကစာမူခပေးသွားပါတယ်:

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB