မေတ္တာပွားသူများသတိပြုရန်

|


တစ်ယောက်တည်းသော သားကလေးကို သူ့မိခင်က အထူး မေတ္တာထားသကဲ့သို့ သတ္တ၀ါအားလုံးကို
အထူး အာရုံစိုက်၍ မေတ္တာ ပို့တော်မူကြပါကုန်...
သတ္တ၀ါအားလုံး ပျံ့ နှံ့ အောင် ကျယ်ကျယ်ပြန့်ပြန့် မေတ္တာပို့ပါ။ အရပ်မျက်နှာ အားလုံး ပျံ့နှံ့ အောင် ရန်သူ ၊မိတ်ဆွေအားလုံး
ပါဝင်အောင် မေတ္တာပို့ပါ။
မေတ္တာပို့ရမည့် အချိန် အထူး ကန့်သတ်ချက် မရှိပါ။ အိပ်ပျော်နေစဉ် လွဲလျှင် အချိန်အားလုံး မေတ္တာပို့ချိန် ဖြစ်ပါသည်။
တကယ်တမ်း မေတ္တာပို့နေသော သူတော်ကောင်းကို ဗြဟ္မာဝိဟာရ- မြင့်မြတ်စွာ နေထိုင်သူလို့ မြတ်စွာဘုရား ချီးကျူးတော်မူ
ပါသည်။
တကယ်တမ်း မေတ္တာပို့နေသူသည် ကလျာနပုထုဇဉ်ကနေ စူဠသောတပန်၊ သကဒါဂါမ် ၊ အနာဂါမ် အထိဖြစ်နိုင်ပါသည်။


လွယ်ကူစွာ မေတ္တာပို့...နားဆင်နိုင်ရန် ..ပွားများနိုင်ရန်အလို့ငှာ...
အားလုံးကို မေတ္တာတရား ရှေ့ထား မျှဝေလိုက်ပါသည်။

မေတ္တာတရား လက်ကိုင်ထား ပွားများနိုင်ကြပါစေ“

စာရေးသူ...ကိုကိုးအိမ်

0 ယောက်ကစာမူခပေးသွားပါတယ်:

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB