မယုံကြည့်ထိုက်သောဆန့်ကျင်သက်သေ (၁)

|

စာရေးသူဥပဒေပညာနဲ့ပတ်သက်တာတွေကိုရေးချင်နေတာကြာပါပြီ ။ ခက်တာကကိုယ်ကိုယ်တိုင် ကလည်းခုမှ အလုပ်သင်ရှေ့နေဘ၀ဆိုတော့ရေးရမှာကနည်းနည်းတွန့်ချင်နေတယ်။ နောက်ပြီးကိုယ်တိုင်က
လည်းစာရေးတာက၀ါသနာပါတော့ ဖြစ်ချင်ရာဖြစ်ရေးမယ်ကွာဆိုပြီး ဟိုစာအုပ်လေးဖတ်လိုက် ကြိက်တာလေးတွေ့မှတ်ထားလိုက်..ဒီစာအုပ်လေးဖတ်လိုက်ကြိုက်တာလေးတွေမှတ်ထားလိုက်နဲ့ လုပ်ရင်းနဲ့
ဒီဆောင်းပါးလေးကိုရေးဖြစ်ခဲ့တာပါ...ရည်ရွယ်ချက်ကလည်း ဒီဆောင်းပါးလေးကိုဖတ်ဖြစ်တဲ့သူတွေကိုလည်း ငါ
သိသလောက်နည်းနည်းလေးကိုပဲံ သူတို့လည်းသိပါစေဆိုတဲ့ရည်ရွယ်ချက်လေးနဲ့ရေးဖြစ်ခဲ့တာပါ။
ဒီဘလော့လေးကိုလည်လည်လာပြီးဒီဆောင်းပါလေးကိုစိတ်ဝင်တစားနဲ့ဖတ်သွားကြမယ့်ချစ်သူငယ်ချင်းကြီးများ
ကိုလည်းကျေးဇူးတင်ပါတယ်။ နောက်လည်း ဥပဒေဆောင်းပါလေးတွေတင်ဖို့ရှိပါတယ်။

ဆန့်ကျင်သက်သေဆိုတာ
တရားလိုဘက်မှဖြစ်စေ တရားခံဘက်မှဖြစ်စေ သက်သေတစ်ဦးအား ခေါ်ယူသောအခါ ထိုသက်သေ၏ အစစ်ခံချက်ဖြစ်ကြောင်း နည်းလမ်းတကျထင်ရှားဖြစ်ခဲ့လျှင် သက်သေကို ဆန့်ကျင်ရန်အတွက်ဖြစ်စေ၊ မယုံကြည်ထိုက်ကြောင်း ပြဆိုရန်ဖြစ်စေအသုံးပြုနိုင်၏။ သို့ဖြစ်၍ သက်သေ၏ ထွက်ချက်များအရ မယုံကြည်ထိုက်သူဖြစ်ကြောင်းပေါ်ပေါက် နေပါကတရားရုံး၏ခွင့်ပြုချက်ရယူ၍ မယုံကြည်ထိုက်သော ဆန့်ကျင်သက်သေ ( Hostile Witness) ဖြစ်ကြောင်းကြေငြာနိုင်ပေသည်။

ရေးသားထားသည့်ကွဲလွဲထွက်ဆိုချက်
သက်သေတစ်ဦး၏ ရုံးရှေ့ထွက်ချက်နှင့်ယခင်ထွက်ဆိုချက်ကွဲလွဲနေကြောင်း ထင်ရှားအောင် ပြသခြင်းသည် ထိုသက်သေမှာယုံကြည်ရသူမဟုတ်ကြောင်း တင်ပြရာတွင်ထိရောက်သည့် နည်းလမ်းတစ်ခု ဖြစ်သည်။ ထွက်ချက်နှစ်ခုမတူညီဘဲကွဲလွဲနေပါက သက်သေသည် သတိမေ့လျော့၍သော်လည်းကောင်း၊ လိမ်လည်၍သော်လည်းကောင်း၊ ညထွက်ဆိုသည်ဟုယူဆနိုင်၏။ ကွဲလွဲနေသောထွက်ချက်နှစ်ခုသည်နှစ်ခုလုံး မမှန်ကန်နိုင်၊ တစ်ခုခုလွဲမှားထွက်ဆိုသည့်အပြင် အမျိုးမျိုးထွက်ဆိုတတ်သူဖြစ်၍ ယုံကြည်ထိုက်သူမဟုတ်ဟုယူဆနိုင်၏။
ယခင်ကွဲလွဲထွက်ဆိုချက်ကို ပြုလုပ်ခဲ့ကြောင်းထင်ရှားအောင်ပြသရန် နည်းလမ်းနှစ်ခုရှိသည်။
(၁) သက်သေကိုယခင်ကကွဲလွဲထွက်ဆိုခဲ့ခြင်းရှိမရှိမေးမြန်း၍သက်သေက ငြင်းဆိုလျှင်ကွဲလွဲထွက်ဆိုခဲ့ကြောင်း ထင်ရှားအောင်သက်သေအထောက်အထားတင်ပြနိုင်၏။
(၂) ယခင်ထွက်ချက်မှကွဲလွဲနေသည့်အဓိကအပိုင်းကို သက်သေအားပြသပြီးတင်ပြခြင်းဖြစ်သည်။

သက်သေခံဥပဒေပုဒ်မ ၁၄၅ သည် သက်သေကိုယ်တိုင်ရေးသားထားသည့်စာ၊ သက်သေပြောစကားကို ရေးသားထားသည့်စာအား သက်သေကိုရုံးတွင်စစ်ဆေးရာတွင် အသုံးပြုရန် ပြဌာန်းထား၏။ သက်သေခံဥပဒေ ပုဒ်မ ၁၅၅ (၃) မှာသက်သေရေးသားထားသော ထွက်ချက်သာမက နှုတ်ထွက်ချက်နှင့်လည်းအကျုံးဝင်၏။ သက်သေသည်ယုံကြည်စိတ်ချရသူမဟုတ်ကြောင်းကွဲလွဲသောထွက်ချက်ကိုမည်သို့မည်ပုံတင်ပြရမည်ဟု ဖော်ပြထားခြင်းမရှိပေ။ ပုဒ်မ ၁၄၅ တွင်မူသက်သေအားကွဲလွဲသောယခင်ထွက်ချက်ကိုဖြေဆိုခြင်း ရှိမရှိမေးမြန်း ၍ငြင်းဆိုလျှင် ကွဲလွဲသောအစိတ်အပိုင်းကိုထင်ရှားအောင်သက်သေပြရမည်။ သို့ရာတွင် ပုဒ်မ ၁၅၅ (၃) အရသက်သေတစ်ဦး၏ထွက်ချက်ကို ဆန့်ကျင်လိုပါက ထိုနည်းအတိုင်းလိုက်နာရမည်ဖြစ်၏။

သက်သေ၏ရုံးရှေ့ထွက်ချက်ကိုကွဲလွဲသည့်ယခင်ထွက်ချက်နှင့် ဆန့်ကျင်လိုလျှင် သက်သေအားကွဲလွဲသည့်ယခင်ထွက်ချက်ကိုဖော်ပြပြီးထိုကဲ့သို့ ထွက်ဆိုခဲ့ခြင်းရှိမရှိမေးမြန်းရမည်။ သက်သေ ကထွက်ဆိုခဲ့ကြောင်းဝန်ခံလျှင်ကွဲလွဲသည့် ယခင်ထွက်ချက်ကိုထင်ရှားအောင် သက်သေခံတင်ပြရန်မလိုတော့ ပေ။ သက်သေကိုခေါ်သည့်အမှူ့သည်အပေါ်တွင် မည်သည့်အတွက်ကွဲလွဲရကြောင်း သက်သေအား ပြန်လှန် စစ်မေးရာတွင် တာဝန်ကျရောက်မည်ဖြစ်သည်။

သို့ရာတွင်သက်သေက ကွဲလွဲသည့်ယခင်ထွက်ချက်ကို မမှတ်မိပါဟုသော်လည်းကောင်း၊ ထွက်ဆိုခြင်းမပြုပါဟုသော်လည်းကောင်း၊ ပြောဆိုပါကဆန့်ကျင်လိုသည့် ယခင်ထွက်ချက်အစိတ်အပိုင်းကို သက်သေအားဖတ်ပြ၍ထိုကဲ့သို့ထွက်ဆိုခြင်းဟုတ်မဟုတ် မေးမြန်းရမည်။ ယင်းထွက်ချက်အစိတ်အပိုင်းကိုမိတ္တူကူး၍ အမှူ့စစ်ဆေးသည့်အရာရှိအားသက်သေအဖြစ်စစ်ဆေးသောအခါ သက်သေက ထိုကဲ့သို့အစစ်ခံခဲ့ကြောင်းထင်ရှားအောင် သက်သေခံအဖြစ် တင်ပြရမည်ဖြစ်သည်။ သက်သေ အား စစ်ဆေးနေခြင်းကိုရပ်နား၍အမှူ့စစ်အရာရှိအားယခင်ထွက်ချက်နှင့်ပတ်သက်၍ စစ်ဆေးရန်မလိုပေ။


နောက်အပိုင်းတွေဆက်လက်ဖော်ပြပါဦးမည်
စာရေးသူ...ကိုကိုးအိမ်

0 ယောက်ကစာမူခပေးသွားပါတယ်:

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB