ပြစ်မှူ့ဆိုင်ရာအမှူ့များတွင်ဖြစ်စေ၊ တရားမမှူ့ခင်းများတွင်ဖြစ်စေ၊ နှစ်ဖက်အမှူ့သည်များက မိမိတို့အမှူ့ အတွက် အထောက်အကူဖြစ်စေမည့်ပုဂ္ဂိုလ်၊ တစ်နည်းအားဖြင့်သက်သေများကိုတင်ပြကြပါသည်။ ထိုသို့တင်ပြရာတွင် ပြဌာန်းထားသည့်ဥပဒေအရ မူလတင်သွင်းထားသည့် သက်သေများအပြင် နောက်ထပ်မံ တင်ပြလိုသည့်သက်သေများကိုတင်ပြလေ့ရှိကြပါသည်။ ယင်းသို့သော သက်သေများကို တရားစီရင်ရေးလောက တွင် နောက်တိုးသက်သေဟုခေါ်ဝေါ်သတ်မှတ်ကြပါသည်။
တရားရုံးအသီးသီးသည် နောက်တိုးသက်သေထည့်သင့်မထည့်သင့် အငြင်းပွားမှူ့များကိုတွေ့ကြုံ ဖြေရှင်းပေး နေရပါသည်။ အမှူ့သည်အသီးသီးကလည်းနောက်တိုးသက်သေဟူ၍ ဥပဒေတွင်ပြဌာန်းထား ခြင်းမရှိကြောင်းကို လက်ကိုင်ထားပြီးတင်ပြနေကြကြောင်းတွေ့နေရပါသည်။
ပြစ်မှူ့ဆိုင်ရာအမှူ့များတွင်တရားလိုသည် မိမိအမှူ့နှင့်စပ်လျဉ်းသည့် သက်သေများကိုတင်ပြရန် တာဝန်ရှိသည်နှင့်အမျှ ယင်းသို့တင်ပြရာတွင်လည်း အမှူ့ကြန့်ကြာစေရန် တမင်သက်သက် အချိန်ဆွဲနေ ကြောင်းမပေါ်ပေါက်လျှင် တရားလိုသည် မိမိအမှူ့တွင်ကျေနပ်လောက်အောင် နောက်တိုးသက်သေများတင် သွင်းနိုင်ခွင့်ရှိပေသည်။ ( ဒေါ်အေးအေးချိုနှင့်ပြည်ထောင်စုမြန်မာနိုင်ငံတော်ပါ (၄) ၁၉၉၈ ခုနှစ် ပြစ်မှူ့ဆိုင်ရာ ပြင်ဆင်မှူ့အမှတ်၊ ၃၃၄ (ခ) )
ပြစ်မှူ့ဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၅၂ (၂) တွင် ရာဇ၀တ်တရားသူကြီးသည် အမှူ့ဖြစ်အကြောင်းခြင်းရာ ကိုသိရှိပြီး တရားလိုဘက်မှ သက်သေခံနိုင်သည့်သူများကို တိုင်တန်းသူထံမှဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ သိရှိအောင် လုပ်ရမည့်အပြင် ၄င်းတို့ အနက်မှလိုအပ်သည်ဟုမိမိထင်မြင်သူများကို မိမိရှေ့မှောက်သို့ လာရောက်သက်သေခံရန် သဗ္မာန်စာထုတ်ဆင့်ရမည်။ ထို့ပြင်တရားလိုဘက်အတွက် သက်သေခံရန် သဗ္မာန် စာဖြင့် ဆင့်ခေါ်ခြင်းခံရသူများကို တရားခံဘက်မှ ပြန်လှန်စစ်မေးခွင့်ရှိရမည်ဟု ပြဌာန်းချက်အရ တရားသူကြီး များသည် တရားလိုဘက်မှတင်ပြသည့် နောက်တိုးသက်သေများကို အမှူ့အတွက် လိုအပ်သည်ဟုထင်မြင်သူ များအား နောက်တိုးသက်သေ အဖြစ်စစ်ဆေးရန်ခွင့်ပြုနိုင်ပေသည်။
ပြစ်မှူ့ဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၅၂ ( ၂ ) ပြဌာန်းချက်အလိုအရ အမှူ့ကိစ္စကို သိရှိနိုင်သူအား တိုင်ကြားသူထံမှဖြစ်စေ အခြားနည်းအားဖြင့်ဖြစ်စေ သိရှိ့နိုင်ရန် တရားသူကြီးက ဖော်ထုတ်ရန်လိုအပ်သည်။ ထိုသို့ ဖော်ထုတ်ပြီးနောက် တရားရုံးသို့ ဆင့်ခေါ် စစ်မေးရမည်ဖြစ်သည်။ ထို့ကြောင့် အမျူ့အတွက် သိရှိနိုင်သူအားလုံးကို စစ်မေးဖော်ထုတ်ရန်ကိစ္စမှာ တရားသူကြိးက ဆောင်ရွက်ရမည့်ကိစ္စဖြစ်သည်။
ှု(မခင်ဌေးနှင့်ပြည်ထောင်စုမြန်မာနိုင်ငံတော်ပါ၎ ၁၉၉၉ခုနှစ် မြန်မာနိုင်ငံစီရင်ထုံး စာမျက်နှာ ၇ )။ သို့ဖြစ်၍ အမှူ့စစ်တရားသူကြီးများသည်တရားလိုဘက်မှနောက်ထပ်တင်ပြသည့် သက်သေများကို ပြစ်မှူ့ဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၂၅၂ (၂) ပြဌာန်းချက်အရ စိစစ်၍ ခွင့်ပြုပေးရမည်ဖြစ်သည်။
မည်သည့်တရားရုံးကမဆို ဤဥပဒေအရ စုံစမ်းစစ်ဆေးမှူ့၊ စစ်ဆေးစီရင်မှူ့ သို့မဟုတ် အခြားမှူ့ခင်း ကိစ္စ ဆောင်ရွက်မှူ့ပြုလုပ်သည့်မည်သည့်အဆင့်၌မဆို တစ်ဦးတစ်ယောက်ကို သက်သေအဖြစ်လာရောက် စေရန် သဗ္မာန်စာဖြင့် ဆင့်ခေါ်နိုင်သည်ဟု ပြစ်မှူ့ဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၄၀ တွင်ပြဌာန်းထားပါသည်။ တရားလိုဘက်မှ ထပ်မံတင်ပြလိုသော နောက်တိုးသက်သေကိုဖြစ်စေ၊ တရားခံဘက်မှ ထပ်မံတင်ပြလိုသော နောက်တိုးသက်သေကိုဖြစ်စေ အမှူ့ကို တရားမျှတစွာစီရင်ဆုံးဖြတ်ရန်အတွက်မရှိမဖြစ်ဟု တရားရုံးကယူဆလျှင် ပြစ်မှူ့ဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၄၀ ပါ ပြဌာန်းချက်နှင့်အညီ စစ်ဆေးရန် ဆင့်ခေါ်ခွင့် ပြုပေးရမည်ဖြစ်သည်။
ဦးမျိုးသိန်းနှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်စီရင်ထုံး ၁၉၇၉ခုနှစ် စာမျက်နှာ ၁၃၀ တွင်လည်း တရားစီရင်ရေးအဖွဲ့များသည် ဒိုင်လူကြီးသဖွယ်ဆောင်ရွက်ရန်မဟုတ်ပေ။ အမှန်တရား ဖော်ထုတ်ရေးအတွက်လိုအပ်ကြောင်းတွေ့ရှိရလျှင် လိုအပ်သည့်သက်သေများကိုခေါ်ယူစစ်ဆေးသင့်ပေသည် ဟု ထုံးပြုဆုံးဖြတ်ချက်မျာ့းအရလည်း နောက်တိုးသက်သေ ထပ်မံတင်ပြစစ်ဆေးခွင့်များကို စိစစ်သုံးသပ်ဆုံးဖြတ် သင့်ပါသည်။
နောက်အပိုင်းတွေဆက်လက်ဖော်ပြပါဦးမည်။
စာရေးသူ...ကိုကိုးအိမ်
ကျမ်းကိုး.......ပြစ်မှူ့ဆိုင်ရာဥပဒေ
ပြစ်မှူ့ဆိုင်ရာကျင့်ထုံးဥပဒေ
တရားမကျင့်ထုံးဥပဒေ
သက်သေခံအက်ဥပဒေ
မြန်မာနိုင်ငံတရားစီရင်ထုံးများ
၂၀၀၉ခုနှစ် ဒီဇင်ဘာလ တရားရေးဂျာနယ်
နောက်တိုးသက်သေ ( ၁ )
အမျိုးအစား ဥပဒေပညာ | author: ကိုကိုးအိမ်(မန္တလေး)Posts Relacionados:
Subscribe to:
Post Comments (Atom)
0 ယောက်ကစာမူခပေးသွားပါတယ်:
Post a Comment