အခါတပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်တွင် သီတင်းသုံးနေတော်မူ၏။
ထိုအခါ ညဥ့်တညဥ့်၏ သန်းခေါင်းအချိန်လောက်တွင် နတ်သားတပါးသည် မြတ်စွာဘုရားထံတော်သို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို မေးလျှောက်သည်။
မြတ်စွာဘုရား
၁။ မိမိ၏ စည်းစိမ်ဥစ္စာနေရာကို တခဏမျှ ဖဲခွါ၍ ခရီးသွားနေရသူအတွက် အဆွေခင်ပွန်းကား အဘယ်သူဖြစ်ပါသနည်း။
၂။ မိမိအမြဲနေရာအိမ်မှာ အဘယ်သူသည် နေ့စဉ် အဆွေခင်ပွန်းကောင်း ဖြစ်ပါသနည်း ဘုရား။
၃။ မိမိအတွက် ပြုဖွယ်ကိစ္စကြီးငယ် ဖြစ်ပေါ်လာသူအတွက် အဆွေခင်ပွန်းကောင်းကား အဘယ်သူ ဖြစ်ပါသနည်းဘုရား။
၎။ နောင်တမလွန်ဘ၀အတွက်ကား အဘယ်သူသည် အဆွေခင်ပွန်းဖြစ်ပါသနည်း ဘုရား။
ထိုအခါ မြတ်စွာဘုရားက-
၁။ အို-နတ်သား မိမိ၏ စည်းစိမ်ဥစ္စာနေရာကို တခဏမျှ ဖဲခွါ၍ ခရီးသွားနေသူအတွက် အဆွေခင်ပွန်းကား အရေးကြုံကြိုက်ပါက ကူညီဖော်ရသည့် အတူ သွားဖက်အဖော်အပေါင်း ဖြစ်သည်။
၂။ မိမိ၏ အမြဲနေရာ အိမ်မှာမူအဆွေခင်ပွန်းကား ကိစ္စကြီးငယ်တို့ကို အနွံနာခံ၍ စီမံပြုလုပ်ဆောင်ရွက်ပေးသော မိခင် ဖြစ်သည်။
၃။ မိမိအတွက် ပြုဖွယ်ကိစ္စကြီးငယ် ဖြစ်ပေါ်လာသူအတွက် အဆွေခင်ပွန်းကား မိမိ၏အကျိုးစီးပွားကို လိုလားသောသူငယ်ချင်း ဖြစ်သည်။
၎။ နောင်တမလွန်ဘ၀အတွက်ကား မိမိကိုယ်တိုင် ပြုစုခဲ့သော ကောင်းမှုကုသိုလ် အမျိုးမျိုးတို့သည် အဆွေခင်ပွန်းကောင်းသဖွယ် ဖြစ်ပေသည်-ဟု ဟောတော်မူသည်။
( အတတ်ပညာသင်ကြားရာ၌ ဖြစ်စေ၊ ငွေအသပြာစသော ပစ္စည်းဥစ္စာတကယ်လိုအပ်နေသည့် အခါ၌ဖြစ်စေ ကိုယ်အား နှုတ်အား ပစ္စည်းဥစ္စာအားတို့ဖြင့် တတ်နိုင်သမျှ ကူညီဆောင်ရွက်တတ်သော သူငယ်ချင်းသည်သာ မိတ်ဆွေစစ်မည်၏။
သေရည်သေရက် သောက်စားလောင်းကစားပြုသောအခါတို
(သဂါထာဝဂ္ဂသံယုတ်၊ ဒေ၀တာသံယုတ် ဇရာဝဂ် မိတ္တသုတ်)
စာရေးသူ....ကိုကိုးအိမ်
=========
မိတ်ဆွေကောင်းမိတ်ဆွေမြတ်
အမျိုးအစား ဘာသာရေး | author: ကိုကိုးအိမ်(မန္တလေး)Posts Relacionados:
Subscribe to:
Post Comments (Atom)
0 ယောက်ကစာမူခပေးသွားပါတယ်:
Post a Comment