နယ်ဆင်မင်ဒဲလား၏ ခေါင်းဆောင်မှု စံနမူနာ (၈) သွယ် .... (၁)

|

နိဒါန်း
ယခုစာစုကို ရေးသားခဲ့သူ ရစ်ချတ်စတင်းဂဲလ် (Richard Stengel)သည် တောင်အာဖရိက လူမည်းခေါင်းဆောင် နယ်လ်ဆင် မင်ဒဲလားနှင့်အတူ နှစ်ပေါင်းများစွာ လက်တွဲလုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်သည့်အပြင် မင်ဒဲလား၏ အထ္ထုပ္ပတ္တိဖြစ်သော လွတ်လပ် ရေးသို့ ခရီးရှည် (Long Walk to Freedom) စာအုပ်ကို ပြုစုရာတွင်လည်း အဓိကပံ့ပိုး ကူညီခဲ့သူဖြစ်သည်။ မင်ဒဲလား၏ အသက် (၉ဝ) ပြည့်မွေးနေ့ ကိုဂုဏ်ပြုသောအားဖြင့် နှောင်းလူတို့ စံပြုလေ့လာအပ်သော မင်ဒဲလား၏ ခေါင်းဆောင်မှု စံနမူနာ အင်္ဂဂါရပ်များကို ဖော်ထုတ်ရေးသားလိုက်ခြင်းဖြစ်ရာ နှိုင်းယှဉ်ဆက်စပ်လေ့လာနိုင်ရန် ဘာသာပြန်ဆို တင်ပြလိုက်ခြင်းဖြစ် ပါ သည်။


၁။ ရဲစွမ်းသတ္တိဆိုတာ အကြောက်တရားကင်းစင်ခြင်းမဟုတ်၊ အကြောက်တရားကို ကျော်လွန်လုပ်ဆောင်ဖို့ စေ့ဆော်အားမွေး ပေးခြင်းဖြစ်သည်။
၁၉၉၄ ခုနှစ် တောင်အာဖရိက နိုင်ငံ သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှု ကာလအတွင်းက လေယာဉ် ဆင်းသက်နိုင်ရုံသာရှိသော နာတာ(Natal)လေယာဉ်ကွင်း အနီးရှိ သူ့ကိုထောက်ခံသူ ဇူးလူးလူမျိုးစု (Zulu)တွေကို မိန့်ခွန်း စကားပြောကြားရန် မင်ဒဲလားဟာ ပန်ကာနှစ်လုံးတပ် လေယဉ်ကလေးပေါ် စီးနင်းလိုက်ပါလာခဲ့ပါတယ်။ အဲဒီမှာ သူမိန့်ခွန်း ပြောပြီးတဲ့အခါ ဆက်လက်လုပ်ဆောင်စရာ ကိစ္စတွေရှိတာကြောင့် ကျနော် လေယဉ်ကွင်းကို ရောက်ရှိသွားပါတယ်။ လေယဉ်ဆင်းသက်နေစဉ် မိနစ် (၂ဝ) အကြာမှာ အင်ဂျင်တလုံးဟာ ရုတ်တရက် ထိုးရပ်သွားတာကြောင့် လေယဉ်ပေါ် လိုက် ပါလာသူတွေ အထိတ်တလန့် ဖြစ်ကုန်ကြရပါတယ်။ အဲဒီ့အချိန်မှာ မင်ဒဲလားတယာက်ကတော့ နံက်ခင်းရထားစီးပြီး ပုံမှန် အလုပ်သွားနေသလိုမျိုး မလှုပ်မရှား ငြိမ်ချက်သားကောင်းလို့ သတင်းစာ ဖတ်မပျက်ပါ။ ဒီတော့မှ ကျန်လူတွေလည်း စိတ်လှုပ် ရှားမှု သက်သာရာရပြီး တည်ငြိမ်မှုရှိလာပါတယ်။ လေယဉ်ကွင်းက အရေးပေါ် ဆင်းသက်မှုအတွက်သာပြင်ဆင်ထားတာဖြစ်ပြီး၊ လေယဉ်မှူး ကျွမ်းကျင်လို့ ဘေးမသီရန်မခ ဆင်းသက်နိုင်ခဲ့တာပါ။ လေယဉ်ပေါ်ကဆင်းပြီးနောက် လူထုစည်းဝေးပွဲရှိရာကို သွားဖို့အသင့်စောင့် ကြိုနေသော ကျည်ကာမှန်တပ် ကားရဲ့နောက်ခန်း ထိုင်ခုံပေါ်ထိုင်မိပြီးမှ ကျနော့်ဘက်ကို စောင့်ငဲ့ပြီး မင်ဒဲလားပြောလိုက်တာက “ကိုယ့်လူရေ စောစောတုံးက ကျနော်ဖြင့် ကြောက်လိုက်တာ တကိုယ်လုံးတုန်သွားတာပဲ” တဲ့။

မြေအောက်နိုင်ငံရေး လှုပ်ရှားမှုကာလ၊ ရီဗွန်နီးယားတရားရုံး (Rivonia)မှာ အမှုစစ်ဆေးခံနေရစဉ်ကာလ နဲ့ရော်ဘင်ကျွန်းပေါ် မှာ (Robben) အကျဉ်းကျခံနေရစဉ်ကာလတွေအတွင်းမှာ လူသားတဦးဖြစ်တဲ့ မင်ဒဲလားတယောက် မကြာခဏ ကြောက်စိတ် တွေ ဝင်ခဲ့ဘူးကြောင်း နောက်ပိုင်းမှာ သူကိုယ်တိုင် ကျနော့်ကိုပြန်ပြောပြတတ်ပါတယ်။ လူမှန်ရင် ကြောက်တတ်တာ သဘာဝ ကျပါတယ်လို့ သူကအဆိုပြုပါတယ်။ “ငါဟာ ရဲရင့်သူဖြစ်တယ်။ ကမ္ဘာကြီးကိုအောင်နိုင်သူဖြစ်တယ်လို့ ကျနော်ဟန်မဆောင် တတ်ပါဘူး။ ဒါပေမယ့် ခေါင်းဆောင်တယောက် အနေနဲ့ ကိုယ်ကြောက်တတ်တာကို အခြားသူတွေ မသိစေနဲ့ပေါ့” “လူထုရှေ့ မှာ မားမားမတ်မတ် အစွမ်းပြနိုင်ရမယ်” စသည်ဖြင့် သူကပြောတတ်ပါတယ်။အခြားသူတွေရှေ့မှာ ကိုယ်ကမကြောက်တဲ့အသွင် ဆောင်ထားနိုင်ရင် သူတို့ကိုပါရဲရင့်စိတ် နိုးကြွှလာစေတယ်ဆိုတာကို နားလည်သဘောပေါက်ထားပုံရပါတယ်။

ကြောက်ရွံ့စရာတွေ တင်းကြမ်းပြည့်နေတဲ့ ရော်ဘင်ကျွန်းပေါ်မှာ သူဒီအတိုင်းကျင့် ကြံနေထိုင်ပါတယ်။

အမှုစစ်ဆေးစဉ်ကာလမှာ တရားရုံးဝင်းအတွင်းခေါင်းမော့ ရင်ကော့ပြီး မော်မော်ကြွှားကြွှား လမ်းလျှောက်နေသော မင်ဒဲလားကို တွေ့မြင်လိုက်ရတဲ့ ဘဝတူအကျဉ်းသားတွေက သူတို့ရဲ့အမြင်အာရုံမှာ အဲဒီ မြင်ကွင်းသဏ္ဍာန်ကို ရက်ပေါင်းအတော်ကြာအောင် လွှမ်းမိုးငြိတွယ်နေတယ်လို့ ပြန်ပြောပြကြပါတယ်။ သူဟာအခြားသူတွေအတွက် စံနမူနာကောင်းဖြစ်ရမယ်လို့ မင်ဒဲလားက ခံယူထားပါတယ်။ အဲဒီ့စိတ်ဓါတ်နဲ့ သူကိုယ်တိုင် ကြောက်စိတ်တွေကို ကျော်လွှားအောင်မြင်ပြီး လူထုရဲ့ သူရဲကောင်းဖြစ် လာ တာပါ။

မျှဝေသူ....ကိုကိုးအိမ်


0 ယောက်ကစာမူခပေးသွားပါတယ်:

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB