ဆရာတော် အရှင်ဇဝန (မေတ္တာရှင်-ရွှေပြည်သာ) ရေးသား ထုတ်ဝေသော “လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်” စာအုပ်အား (e-book) ပြုလုပ်၍ ဓမ္မဒါနပြုလိုက်ပါသည်။
လူ့ဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက် (White Paper - Download)
လူ့ဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက် (Black Paper - Download)
“လူဖြစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်ကို မသိသော ပညာမဲ့သည် လူ့ဘဝကို ကာမဂုဏ် ခံစားဖို့အတွက် အသုံးချ၍ အပါယ်လေးပါးသို့ သွားသည်။ လူဖြစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်ကို သိသော ပညာရှိသည် လူ့ဘဝကို ကုသိုလ်ရဖို့အတွက် အသုံးချ၍ နိဗ္ဗာန်သို့ သွားသည်။”
လက်ခံရရှိသူ ဓမ္မမိတ်ဆွေများမှ တဆင့် မိမိတို့၏ မိတ်ဆွေများအား လက်ဆင့်ကမ်း ဓမ္မဒါနပြုပေးကြပါရန်
နိဗ္ဗာန်အကျိုးမျှော်၍ လေးစားစွာ နှိုးဆော်တိုက်တွန်းအပ်ပါသည်။
ထမင်း အဖျော်ကို လှူတာ ခွန်အားကို လှူရာရောက်တယ်။ အဝတ်ကို လှူတာက အဆင်းလှခြင်းကို လှူရာရောက်တယ်။
စီးစရာယာဉ်ကို လှူတာက ချမ်းသာကို လှူရာရောက်တယ်။ ဆီမီးကို လှူတာဟာ မျက်စေ့ကို
လှူရာရောက်တယ်။ ကျောင်းကို လှူတာကတော့ အားလုံးကို လှူရာရောက်တယ်။ အဆုံးအမ၊ အသိပညာ၊
ဓမ္မကို လှူတာကတော့ မသေရာ နိဗ္ဗာန်ကို လှူရာရောက်တယ်။
“သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ”
အလှူအားလုံးထဲမှာ တရားအလှူဟာ အအောင်နိုင်ဆုံး၊ အမြတ်ဆုံးလို့ ဘာကြောင့် ဟောကြားရတာလဲဆိုရင် ဒီတရားကို နာရမှ ဒါနပြုဖြစ်တာ၊ သီလဆောက်တည်ဖြစ်တာ၊
ဘာဝနာပွားများဖြစ်တာ။ တရားနာကြားခွင့် မရရင် ဘာကုသိုလ်မှ မဖြစ်တော့ဘူး။ ဒါ့ကြောင့် အလှူအားလုံးထဲမှာ တရားအလှူဟာ အမြတ်ဆုံးလို့ ဟောကြားထားတာပါ။
အရှင်ဇဝန (မေတ္တာရှင်-ရွှေပြည်သာ)၊
(လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက် စာအုပ်မှ)ဖြန့်ဝေသူ....ကိုကိုးအိမ်
0 ယောက်ကစာမူခပေးသွားပါတယ်:
Post a Comment