Sunday,
Feb
21,

နယ်ဆင်မင်ဒဲလား၏ ခေါင်းဆောင်မှု စံနမူနာ (၈) သွယ်--- ( ၅ )

|

၅။ မိတ်ဆွေရဲဘော်များနဲ့ လက်ပွန်းတတီးရှိပါစေ။ မိမိပြိုင်ဘက်များကိုပင် ရင်းနှီးမှု ရအောင်ယူပါ။
မင်ဒဲလားသည် ကူနူ (Qunu) မှာ ရှိတဲ့ သူ့အိမ်ကို ဖိတ်ကြားတွေ့ဆုံသော ဧည့်သည်အများစုအပေါ်သူ့အနေနဲ့ အပြည့်အဝ ယုံကြည်မှုမရှိကြောင်း ကျနော်သိအောင် ပြောပြထားပါတယ်။ သူတို့ကို မင်ဒဲလားက ညစာတည်ခင်းဧည့်ခံတယ်။ သူတို့နဲ့ တိုင် ပင်ဆွေးနွေးတယ်။ သူတို့အကြိုက်လေချိုသွေးပြီး လက်ဆောင်တွေလည်း ပေးလိုက်သေးတယ်။ မင်ဒဲလားဟာ တပါးသူ အပေါ် ညှို့ယူဖမ်းစားနိုင်စွမ်းရှိသူဖြစ်ပြီး အဲဒီ့စွမ်းအားကို သူ့ပြိုင်ဘက်တွေနဲ့ ဆက်ဆံရာမှာ ပိုပြီး အသုံးပြုလေ့ရှိတယ်။ ရော်ဘင်ကျွန်းပေါ်မှာ အကျဉ်းကျခံနေရစဉ်အတွင်း မင်ဒဲလားက သူမနှစ်သက် မယုံကြည်တဲ့လူတွေကိုပင် သူ့ရဲ့နိုင်ငံရေးဆွေး နွေးဖော် ဆွေးနွေးဖက်စာရင်း မှာ ထည့်သွင်း ပါဝင်စေပါတယ်။


မင်ဒဲလားကို နီးနီးကပ်ကပ် ဆက်ဆံခဲ့သူတဦးကတော့ (ANC) ရဲ့ ရဲရဲ တောက်စစ်ခေါင်းဆောင် ခရစ်ဟာနီ (Chris Hani) ဖြစ်ပြီး သူဟာမင်ဒဲလားကိုဆန့်ကျင်ဖို့ လျှို့ဝှက်ကြံစည်နေသူအဖြစ် သတင်းကြီးပါတယ်။ ဒါပေမယ့် မင်ဒဲလားက သူ့ကို နွေးနွေးထွေး ထွေး ဆက်ဆံပါတယ်။ “ဟာနီမှ မဟုတ်ဘူး စက်မှုလုပ်ငန်းရှင်ကြီးတွေ၊ သတ္ထုတွင်းပိုင်ရှင်ကြီးတွေ၊ သူနဲ့ အတိုက်အခံဖြစ် သူ တွေကိုလည်း မင်ဒဲလားက ရင်းရင်းနှီးနှီး ဆက်ဆံပါတယ်။” လို့ ရာမာဖော်ဆာကဆိုပါတယ်။ မင်ဒဲလားက အဲဒီ့လူတွေရဲ့ မွေးနေ့ တွေမှာ ဖုန်းဆက်ပြီး ဆုတောင်းပေးလေ့ရှိသလို သူတို့ မိသားစု နာရေးကိစ္စတွေကိုလည်း သွားရောက်တတ်ပါတယ်။ ဒါတွေဟာ သူ့ရည်မှန်းချက်အတွက်အခွင့်အရေး တခုအနေနဲ့သူကမြင်ပါတယ်။ “သူအကျဉ်းထောင်ကလွတ်မြောက်လာပြီး လူထုခေါင်း ဆောင် အဖြစ် ရောက်ရှိသွားချိန်မှာ သူ့မိတ်ဆွေ အကျဉ်းထောင်ဝန်ထမ်းတွေကို သူနဲ့အတူလက်တွဲလုပ်ကိုင်စေပြီး သူ့ကိုအ ကျဉ်းချခဲ့သူ အာဏာပိုင်တွေကိုပင် သူရဲ့ ပထမဆုံးသော ဝန်ကြီးအဖွဲ့မှာ ထည့်သွင်းဖွဲ့စည်းခဲ့ပါတယ်။ အဲဒီအထဲက အချို့သူ တွေကို မင်ဒဲလားက ပုဂ္ဂိုလ်ရေးအရ အထင်သေးရွံ့မုန်းတာကျနော်သိပါတယ်။


မင်ဒဲလားရဲ့နေ့ရက်တွေမှာ လူထုနဲ့ တထပ်တည်းမကျတဲ့ ကာလတွေ ရှိပါတယ်။ အဲဒီလိုအခါမျိုးမျာ ဆွဲဆောင်မှု စွမ်းအားကြီး မားသူတို့ရဲ့ထုံးစံအတိုင်း သူဟာလူထုအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နေပါတယ်ဆိုတဲ့ အသိနဲ့ လူထုအာရုံကို ညှို့ယူ ဖမ်းစားနိုင်သူဖြစ်ပါတယ်။ သမ္မတ ဒီဂလပ်က သူ့ကို လူသိရှင်ကြားထိုးနှက်ဝေဖန် တိုက်ခိုက်တဲ့အခါ လုပ်ဖော်ကိုင်ဖက်တဦးက သစ္စာဖောက်တာခံလိုက်ရသလို ယူကျုံးမရဖြစ်မိကြောင်း သူကဦးစွားသတင်း ထုတ်ပြန်ပါတယ်။ မိမိရဲ့ပြိုင်ဘက်တွေအပေါ်မှာ နွေးနွေးထွေးထွေး ဆက်ဆံခြင်းဖြင့် သူတို့ အနေနဲ့ ကိုယ့်အသိုင်းအဝိုင်းကို ယုံကြည်စိတ်ချ အာရုံညွှတ်လာအောင် လွှမ်းမိုးထိန်း ချုပ်ထားနိုင်တဲ့ အချက်ကို မင်ဒဲလားသိမြင်ယုံကြည်ထားပါတယ်။သူကသစ္စာရှိမှုကို ယုယမြတ်နိုးပေမယ့် တရားသေအစွဲအလမ်း တရပ်အနေနဲ့ ခံယူမထားပါဘူး။ နောက်ပိုင်းမှာ သူပြောလေ့ရှိတာက “လူတွေဟာ ကိုယ့်အကျိုးစီးပွားကိုသာ ရှေ့တန်းတင် လုပ် ဆောင်တတ်ကြတယ်။ ဒါဟာတကယ့်လူ့သဘာဝဖြစ်ပြီး လူတွေရဲ့ပျော့ကွက် ဟာကွက် အားနည်းချက် မဟုတ်ပါဘူး” လို့ ဆို ပါတယ်။ အကောင်းမြင်သမားတဦးဖြစ်တဲ့ မင်ဒဲလားက လူတွေကို သိပ်ပြီး ယုံကြည်နေတာကလည်း သဘာဝယုတ္တိတန် ပါ တယ်။ ဒီလိုနည်းနဲ့ ကိုယ် မယုံကြည်ရတဲ့ လူတွေရဲ့ အမုန်းတရားကို အာနိသင်ပြယ်စေကြောင်း သူကသိမြင်ထားပါတယ်။



မျှဝေသူ...ကိုကိုးအိမ်

0 ယောက်ကစာမူခပေးသွားပါတယ်:

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB