ကျွန်တော် ၁၄.၂.၂၀၁၀(ချစ်သူများနေ့) Valentine Day ဖြစ်ပေါ်လာပုံ လို့ခေါင်းစဉ်တွေတက် အချိန်ကုန်ခံပြီး စာအုပ်ထဲကဟာကို ပြန်ရိုက်ရေးသားပြီးတင်လိုက်တာ အကြောင်းမဲ့သက်သက် သိစေချင်လို့မဟုတ်ဘူးပေါ့ဗျာ
ပြောစရာစကားတွေက ရင်ထဲမှာစုလာလွန်းလို့ ဒီဘလောခ့်ရေးဖို့ ဟိုတစ်ခုကိုအခြေခံလိုက်တာ
ပဲ ကဲဗျာ စပြီ ကျွန်တော့် သူငယ်ချင်းတွေကပြောတယ် ဘယ်လိုလဲဆိုတော နင်(၁၄) ချစ်သူများနေ့ကျရင် တခြားသူတွေနဲ့ဒိတ်မလုပ်ထားနဲ့ေ
ဒီလိုနဲ့မေးကြည့်တယ် နေပါဦးလို့ ငါကအဲ့နေ့မဒိတ်ရအောင် နင်တို့ကဘာလုပ်မလို့လဲပေါ့
အဲ့နေ့ကချစ်သူများနေ့လေတဲ့ ငါတို့သူငယ်ချင်းတွေလျောက်လည်ြ
ဒီလိုနဲ့ ငါတို့ကအကျီင်္ဆင်တူဝတ်မှာငါတို့
နင်တို့ဘာအရူးထတာလဲဟာ ကဲပါနင်တို့ဒီလောက်လုပ်ချင်နေတဲ့ ဖေဖော်ဝါရီ(၁၄)မတိုင်ခင် ဘာနေ့လဲဆိုတာကော နင်တို့သိကြရဲ့လားလို့
မေးလိုက်တယ် ဘာပြောကောင်းမလဲကောင်မလေးတွေ ချက်ချင်းကိုပြန်ဖြေရှာပါတယ် ဖေဖော်ဝါရီ(၁၃)ပေါ့တဲ့ ဒါတော့သူပြောမှလား အဲ့ဒီ့နေ့က ဘာနေ့လဲဆိုတော့ အသံမထွက်လာကြတော့ဘူးလေ ဒါတောင်တစ်ယောက်ကလုပ်လိုက်သေးအေးမင်းတို့ ခေါင်းထဲမှာ ဖေဖော်ဝါရီ(၁၄)တွက်ပဲရှိတာကိုး ဖေဖော်ဝါရီ(၁၃)မတိုင်ခင် ဖေဖော်ဝါရီ(၁၂)ကကောဘာနေ့လဲသိလား
ကျွန်တော်သူငယ်ချင်းတွေမှမဟုတ်ပါဘူး တခြားလူများစုလည်း ထိုနည်းတူပါပဲ ဖေဖော်ဝါရီ(၁၄)တွက်ပြင်ဆင်နေကြပေမယ့် ဖေဖော်ဝါရီ(၁၃)ရက်မှာဘာလုပ်သင့်လဲမေ့နေပါတယ် အဲထဲမှာကျွန်တော်ချစ်တဲ့ ဒီဆိုဒ်ကသူငယ်ချင်းတွေမပါစေချင်ဘူးဗျာ
လွန်ခဲ့တဲ့နှစ်ပေါင်း(၉၅)နှစ် ၁၉၁၅ ခုနှစ်ဖေဖော်ဝါရီလ (၁၃)ရက်နေ.မှာ ကျွန်တော်တို.ရဲ့ သူရဲကောင်း ဒါမှမဟုတ် ရှေ့ဆောင်လမ်းပြ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို နတ်မောက်မြို.မှာမွေးခဲ့တာပါ။ အဲဒါကြောင့်မို.လို. ကျနော်တို. မြန်မာနိုင်ငံသားတွေအတွက် ဖေဖောဝါရီ(၁၄)ရက်နေ.ထက် (၁၃)ရက်နေ.က ပိုပြီး အထွတ်အမြတ်ထားရမယ့်နေ.တနေ.ဖြစ်ဖေဖော်ဝါရီ(၁၃)ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့ပဲ
။နောက်တစ်ခုရှိသေးတယ် အဲ့နေ့ကကမ္ဘာအသိအမှတ်ပြုနေ့တစ်ဖေဖေါ်ဝါရီ (၁၃)ရက်နေ.ကို ကုလသမဂ္ဂအဖွဲ.ကြီးက ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုသောအားဖြင့် ၁၉၇၉ခုနှစ်မှာ အဲဒီနေ.ကို “ကမ္ဘာ့ ကလေးသူငယ်များနေ့.” အဖြစ်သတ်မှတ်ခဲ့ပါတယ်။
ထို.အတူပဲဖေဖေါ်ဝါရီလ -၁၂ ရက်နေ.ဟာလည်း ပြည်ထောင်စုနေ.ဖြစ်ပါတယ်
၁၉၄၇ခုနှစ် အဲဒီနေ.မှာ ဗိုလ်ချုပ်အောင်ဆန်း နှင့်အတူ တိုင်းရင်းသားခေါင်းဆောင်များ ရှမ်းပြည်နယ်မြောက်ပိုင်းပင်လုံဖေဖော်ဝါရီ(၁၄)ကိုသတိရပြီး
ဖေဖော်ဝါရီ(၁၃)ဗိုလ်ချုပ်မွေးနေ့ကို
မေ့နေလိုက်ကြတဲ့မြန်မာလူမျိုးတွေအစားရင်နာလွန်းလို့
ဒီပိုစ့်ကိုရေးလိုက်ရတာပါဗျာ
အားလုံးလည်းကိုယ့်နိုင်ငံကိုယ့်ဖအေအရင်းနေ့ကျတော့မသိကြဘူး နိုင်ငံခြားက
ဗယ်လင်တိုင်းရဲ့နေ့ကြတော့မှတ်မိကြတယ်
ဆိုတာကြီးကို အဖြစ်မခံချင်ကြပါနဲ့ဗျာ ။ လေးစားစွာဖြင့်ဂုဏ်ပြုရေးသားလိုဖြန့်ဝေသူ...ကိုကိုးအိမ်
2 ယောက်ကစာမူခပေးသွားပါတယ်:
ဟုတ်ပါ့ ကိုတိုးအိမ်ရေ ပြည်ထောင်စုနေ့ကို ခပ်ဝါးဝါးပဲရှိတော့တဲ့ ဒိခေတ်မှာ..... ခုန်ပျံကျော်လွှားပြီး ချစ်သူများနေ့ကို သတိသွားရနေတတ်တာပဲဖြစ်နေကြတယ်။ ကိုမိုးကုတ်သားရဲ့ ပိုစ့်လေး တလေးတစားဖတ်သွားပါတယ် ...( စကားမစပ် .... သူ့မှာ ပိုင်ဆိုင်သူမရှိသေးကြောင်း ကြွားထားတယ်နော် ဟွင်းးးးး ဟွင်းးး :P) ကျန်းမာပျော်ရွှင်ပါစေ
ကောင်းလိုက်တဲ့ပိုစ့်လေးပါ
Post a Comment