တနေ့ တနေ့  ကွန်ပူတာကြီးရှေ့ မှာထိုင်ပြီး ဘလောဂင်း နေကြ ၊ ချက်တင်း နေကြတဲ့  ကိုကို မမ မောင်လေး ညီမလေး တို့  ။ ရုံး အလုပ် လုပ်ရင်းတန်းလန်း နဲ့ သူဌေး အလစ်မှာ ဘလောဂ် ရွာလည် ကြသူများ အားလုံး တို့  ကျန်းမာရေး နဲ့  ညီညွတ်စွာ ဆက်လက် လှုပ်ရှား နိုင်စေဖို့  ဖေါ်ပြပေးလိုက်ပါတယ် ..
ကွန် ရှေ့ မှာ အချိန်တွေ အကြာကြီးထိုင်ပြီး ချက် ..အဲ .. အလုပ် လုပ် ရင် ထိုင်တာ ၊ ကွန်ပူတာ ကြီးနဲ့ လက်အနေအထား မှန်အောင်ထားတာ ။ တွေဟာ အရေးကြီးတဲ့  အရာ တွေပါနော် ။ ဒီလိုမှ မဟုတ်ရင်တော့ ဇက်ကျောတက် ။ လက်ကောက်ဝတ်နာ ။ ပခုံးနာ ။ ကျောနာ ။ ခါးနာ ။ တကိုယ်လုံးညောင်းညာကိုက်ခဲ ။မျက်စိတွေ ပြာ ပြီး ကိုက်တာ ။ စသဖြင့် ခံစားရတတ်တယ် ။( ခုတောင် နာနေ ၊ ကိုက်နေ ၊ ပြာနေ ပြီ မဟုတ်လား ...)
ဒီတော့ ဒီကွန် ကြီးရှေ့ မှာ သက်တောင့် သက်သာ ထိုင်ဖို့  နည်းလမ်းလေးများ ပြောပြပေးမယ် ။ မသိသေးတဲ့သူများ အတွက် ရည်ရွယ်ပါတယ် ။ သိပြီးသား သူများ ဆက်မဖတ် ချင်ရင် ကျော်ခွ သွား ကြပါရန် ။
ို ကျောမှီပါတဲ့ ထိုင်ခုံပေါ်မှာ ကျော နဲ့ တင်ပါး ကို ၁၀၀ မှ ၁၁၀ ဒီဂရီ ထောင့်ကျ အောင် နောက်မှီ ထိုင်ပါ ။ ပုခုံး နှစ်ဖက်ကို အတတ်နိုင်ဆုံး လျှော့ထားပြီး လက်နှစ်ဖက်ကို လက်တန်းပေါ်မှာ အလိုက်သင့် တင်ပါ ။ ခါးအောက် နောက်ဖက် မှာ ခေါင်းအုံး သေးသေးလေး ခုထားပေးရင် ပို အဆင်ပြေ တာပေါ့ ။
ု လူနဲ့ ကြွက်နဲ့ ၊ကွန်ပူတာကြီးနဲ့  သုံးနေကျ ပစ္စည်း နဲ့ အဝေးကြီး မထိုင်ရဘူးနော် ။ လက်ကားယားကြီးနဲ့  ကြာရင် ညောင်းမှာပေါ့။
လူနဲ့ စားပွဲနဲ့ နီးအောင်ထိုင် ။ ပြီးတော့ ကွန်ပူတာ ကြီးက လူ ရဲ့ အလယ် ရှေ့ တည့် တည့် မှာ ရှိ နေရမယ် ။
ကီးဘုတ် ပေါ်မှာ လက်တင် ရမဲ့ အနေအထား ။ သူလည်းတူတူပဲ။ အလယ်မှာနေရမယ် ။
မျက်မှန် သမား ဆိုရင်တော့  မျက်စိ က နဲ နဲ ပို မြင့် ( ဆိုလိုတာ က စကရင် ကို အောက်ဖက် နဲနဲ နှိမ့် ) ထားပေးသင့်တယ်တဲ့ ။ ဒါ မှ မျက်စိ က သိပ်ပြီး အားမစိုက် ရအောင် ပါ တဲ့
ဘလောဂင်း ၊ ချက်တင် လုပ်တာ ဇိမ် ပါဘဲ ။
နောက်အရေးကြီးတဲ့ အချက်တွေ ကတော့ ကွန် ပူတာကြီး ကို အကြာကြီးဆက်တိုက် မကြည့်သင့်ပါဘူး ။ အလွန်ဆုံး ၂၀ - ၃၀ မိနစ်လောက် ကြည့် ပြီးတိုင်း မျက်စိကို အနားပေးသင့် ပါတယ် ။ ဘယ်လို နားရမလည်း သိလား ။
မျက်စိကို အဝေးတနေရာ ပြောင်းကြည့် ပါ ။ ၅ -၁၀ မိနစ်လောက်ပေါ့ ။ ရုံးခန်းထဲ မှာဆို ပို အဆင်ပြေ ပါတယ် ။ ကိုယ် ကြည့် ချင်တဲ့  ချောချော လှလှလေးတွေ ကို လှမ်း လှမ်းကြည့် ပေါ့ ။ ခေါ်တော ကြည့် နဲ့ ကြည့် မိရင်တော့ နောက်ဆက်တွဲ ပြသနာ ကိုယ့်ဟာကိုယ်ကြည့် ရှင်းကြ နော်။
လှတ ပတ ကြည့် စရာ မရှိတဲ့  ကံဆိုးသူ များကတော့ မျက်စိသာ မှိတ်ပြီး အနားယူ လိုက်ပါ ။ ဟိဟိ
ဒီထက်အရေးကြီးတာ ...
ဘလောဂါ ဦးဦး ကိုကို မောင်ငယ်များ ။ အိမ်ထောင်မကျ သေးသူ အမျိုးသားများ အားလုံး သေချာမှတ်ရန်။
လက်တော့ လေးနဲ့  ဘလောဂင်း ချက်တင် လုပ်ရင် သတိထား နော် ။
လက်တော့ လေးကို အလွယ်တကူဆိုပြီး ပေါင်ပေါ် အကြာကြီး တင်မိရင်တော့ လူလုံးမလှ မဲ့ ဒုက္ခ နဲ့ လှလှ တွေ့ နိုင်ပါတယ် ။
ဘာလို့ ဆိုတော့ အချိန်ကြာလာတာနဲ့ အမျှ လက်တော့ မှ ထွက်တဲ့ အပူချိန်ကြောင့် ကပ္ပါယ် အိပ် ကို ပါ အပူ ချိန်တက်စေပါသတဲ့  ။
ဘယ်ဖက်ကကပ္ပါယ်အိပ်မှာ အပူချိန်၂.၆ နဲ့ ညာဖက် မှာ က ၂.၈ ဒီဂရီစင်တီဂရိတ် လောက် တက်သွားတယ် ဆိုပဲလေ ။
အဲဒီတော့ ကပ္ပါယ်အိပ်ထဲမှ ဝှေးစိ ရဲ့  အပူချိန်ပြောင်းလဲ မှုက ၁ မှ ၂.၉ ဒီဂရီ လောက်ရှိရင် သူ့ ရဲ့ မျိုးစေ့ သုတ်ပိုး ဖြစ်ပေါ်မှု ကို ထိခိုက်စေပြီး အမြုံ ဘဝ(သားသမီးမရနိုင်တဲ့အခြေအနေ) ရောက်နိုင်ကြောင်းပါ ။
အထင် အမြင်တော် လွဲ မစိုး၍ ၊ ဒါမှ မဟုတ် ဒီထက် ပို ပြီး လေ့လာ လိုသူများ ဒီနေရာလေး ကို ဆက်ဖတ်ကြ ပါရန်
(The findings are reported in Europe's leading reproductive medicine journal Human Reproduction. They show that using an NC on the lap increased the left scrotal temperature by a median 2.6°C and the right by a median 2.8°C. Several previous studies have shown that increases in testicular or scrotal temperatures of between 1°C and 2.9°C are associated with a sustained and considerable negative effect on spermatogenesis and fertility.)
ဒီအောက်မှာတော့ ကွန်ပူတာကြီးရှေ့ အကြာကြီး ထိုင်နေရသူများ အညောင်းအညာပြေ လေ့ကျင့် ခန်းလေးကို ထိုင်ရာမထ လုပ်ပုံ လုပ်နည်းလေးပါ ။
စမ်းသပ်လုပ်ကြည့် ကြတာပေါ့နော် ။ ဘယ်လောက်မှ အချိန် မကုန် ပါဘူး ။ အကျိုးလည်း ရှိ ပါလိမ့်မယ် ။
ပုံလေးတွေနဲ့  အကြောင်း အရာ များကို ဒီနေရာမှ ရယူ ပါတယ်။
http://www.wikihow.com/Sit-at-
အဲ .. ဒီ စာလေး ထိုင်ရေး နေရ တာ ကို က အတော်လေး ညောင်းသွား ပါပြီ ။
မိတ်ဆွေ တို့ အတွက် အကျိုး တစုံ တရာ ပေးနိုင် ခဲ့ မယ် ဆိုရင်တော့ ညောင်းရကျိုး နပ် ပါ ပြီ ။
အားလုံးသော မောင်နှမ မိတ်ဆွေများ မနာ မကျင် ပျော်ရွှင်စွာ နဲ့  ဘလောဂင် ချက်တင် နိုင်ကြ ပါစေ ။ :)
နောက် အချိန် ရတဲ့ အခါ ..နောက်ဆက်တွဲ ဖြစ်တတ်တဲ့  ရောဂါလေး တခု အကြောင်း ဖေါ် ပြပေးပါမယ်။
မျှဝေသူ...ကိုကိုးအိမ်
ကွန်ပျူတာကိုင်သူများအတွက် ကျန်းမာအောင်နေနည်း
အမျိုးအစား မျှဝေခြင်း | author: ကိုကိုးအိမ်(မန္တလေး)Posts Relacionados:
Subscribe to:
Post Comments (Atom)





















1 Comentário:
အလုပ်ရှုပ်ခိုင်းတယ်လို့ မထင်ပါနဲ့ဗျာ။ လင့်ထားတာလေးကို http://nwaysuelinkar.blogspot.com ကို ပြောင်းလိုက်ပါလားဗျ။
Post a Comment