ပစ္စုပ္ပန် ကမ္မ၀ါဒဗုဒ္ဓဘာသာအမည်ခံ မိုးပြာဂိုဏ်းနှင့် စပ်လျဉ်း၍ စုံစမ်းရရှိသမျှ

|

နိဒါန်း

မေတ္တာတံခွန်အသင်းအနေဖြင့် ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာအမည်ခံ မိုးပြာဂိုဏ်းနှင့်စပ်လျဉ်း၍ စတင်ဂ`၇ု ပြုမိသည့်
အကြောင်းရင်းမှာ ၂၆ ဖေဖော်ဝါရီ ၂၀၀၉၊ ကြာသပတေးနေ့စွဲဖြင့် ထုတ်ဝေသော မြန်မာ့အလင်းသတင်းစာ မျက်နှာဖုံးနှင့် စာမျက်
နှာ ၃ ပါ ဆဋ္ဌအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၏ ၄၇ ပါး စုံညီ သတ္တမ အစည်းအဝေးဖွင့်ပွဲတွင် နိုင်ငံတော် သံဃမ
ဟာနာယကအဖွဲ့ ဥက္ကဋ္ဌ မကွေးဆရာတော် အရှင်ကုမာရ မဟာထေရ်၏ သာရဏီက သြ၀ါဒကထာပါ
အချက်အလက်တို့ကြောင့် ဖြစ်ပါသည်။ “. . . သို့ရာတွင် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကြီးသည်ကျောင်း၊ ကျောင်းတိုက
် ပိုင်ဆိုင်မှု အငြင်းပွားခြင်း၊ ကျောင်းသစ်ဆောက်လုပ်မှု အတည်ပြုခြင်းအစရှိသော အသေးအဖွဲကိစ္စများကိုသာ ဆောင်ရွက်နေကြရ
သည်က များပါသည် ဘုရား။ လွန်စွာ အရေးကြိးသည့် သာသနာတော် သန့်ရှင်းရေးကိစ္စများကိုမူ စိတ်ပါဝင်စားသော အရှင်မြတ်များ
အနည်းငယ်မျှသာ ရှိသည်ဟု ထင်မြင်ယူဆမိပါသည် ဘုရား။ . . . “ ဟူသည့် မကွေးဆရာတော်ကြီး၏
သြ၀ါဒကထာပါ မိန့်ကြားချက်တို့ကြောင့် ဖြစ်မြဲမဟုတ်သော အမှုကိစ္စတစ်ခုခု သာသနာတော်တွင်
ပေါ်ပေါက်နေနိုင်သည်ဟု တွက်ဆမိသည့်အလျောက် မေတ္တာတံခွန်အသင်းအနေနှင့် မကွေးဆရာတော်ဘုရား၏ အဓိကဆိုလိုရင်းကို
သိရှိရန် စုံစမ်းမေးမြန်းခဲ့ပါသည်။ ဤသို့ဖြင့် ထေရ၀ါဒဗုဒ္ဓသာသနာတော်အတွင်း၌ မိုးပြာ အ၀တ်ဝတ်သော ဘာသာရေဂိုဏ်းတစ်ခ
ု ပြန်လည် ခေါင်းထောင်လာသည်ဟု သိမြင်နှံ့စပ်သူများထံသို့ မေးမြန်းစုံစမ်းရာမှ သိရှိခဲ့ရပါသည်။ ၂၇ ဖေဖော်ဝါရီ ၂၀၀၉ တွင
်မိုးပြာဂိုဏ်းချုပ် ဦးဉာဏ၏ မွေးနေ့အခမ်းအနား ဗီစီဒီခွေ (နှစ်ချပ်)ကို အသင်းအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးက ရရှိခဲ့ပါသည်။
ဗီစီဒီပါ အချက်အလက်များကို မှတ်တမ်းပြုနေစဉ်မှာပင်
၁ မတ် ၂၀၀၉၊ တနင်္ဂနွေနေ့စွဲဖြင့် ထုတ်ဝေသော မြန်မာ့အလင်းသတင်းစာမျက်နှာဖုံးနှင့် စာမျက်နှာ ၆ ပါ ဆဋ္ဌမအကြိမ်
နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ တတိယအစည်းအဝေးတွင် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ မကွေးဆရာတော်
အရှင် ကုမာရ မဟာထေရ်၏ သာရဏီယ သြ၀ါဒကထာကို ဖတ်ရှုမိရာမှ သာသနာတွင် ပေါ်ပေါက်နေသော အရေးကို အသင်းအ
နေဖြင့် ပိုမိုစိတ်ပါဝင်စားလာမိပါသည်။ ဆရာတော်၏ မိန့်ကြားချက်အချို့ကို
ဖော်ပြရလျှင် ''ထို့နောက် ဆက်လက်ပေါ်ပေါက်နေသော အဓမ္မ၀ါဒများကိုလည်း နိုင်ငံတော် သီးခြားဝိနည်း ဓိုရ်အဖွဲ့များဖြင့်ပင်
သုတ်သင်ဖယ်ရှားတားမြစ်ခဲ့ပြီး ဖြစ်ပါသည်ဘုရား။ သို့ရာတွင် ထိုသုတ်သင်ပယ်ရှား တားမြစ်ခဲ့ပြီးသော အဓမ္မ၀ါဒများ တစ်စတစ်စ
ခေါင်းထောင်ထလာနေသည်ကိုလည်းကောင်း၊ ထိုအဓမ္မ၀ါဒအဖြစ် ဆုံးဖြတ်အပ်ပြီးသော စာအုပ်၊ စာတမ်းများကို မိတ္တူကူး၍
အတိအလင်းရောင်းချနေသည်ကိုလည်းကောင်း၊ ယခင်အစည်းအဝေးများ၌ဘုရားတပည့်တော် လျှောက်ထားခဲ့ဖူးပါသည် ဘုရား။
ယခုအခါ ထိုအဓမ္မ၀ါဒများထက်ပင် သာလွန်၍ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော အဓမ္မ၀ါဒများကို ဟောပြောခြင်း၊ သင်တန်း
ပေးခြင်း၊ စာအုပ်၊စာတမ်း ထုတ်ဝေဖြန့်ချိခြင်း စသည်တို့ဖြင့် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နေသော အဓမ္မ၀ါဒီပုဂွိုလ်များ ထင်ထင်
ရှားရှား မြောက်မြားစွာ ပေါ်ပေါက်နေသည်ကို ဆရာတော်ဘုရားများလည်း ကြားသိသင့်သမျှ ကြားသိနေကြပါလိမ့်မည် ဘုရား။ .
. . ယခုခေတ်သည် အသစ်အဆန်းကို အထင်ကြီးကာ မြတ်နိုးတတ်သော အချို့ရဟန်းရှင်လူများ များပြားနေသော ခေတ်ဖြစ်ပါ
သည်။ ယင်းအချက်ကို အခွင့်ကောင်းယူကာ အဓမ္မ၀ါဒထူထောင်လိုသူ အဓမ္မ၀ါဒီများသည် မိမိတို့၏ သာသနာတော် ၌ ပြုပြင်၍
မရနိုင်သော အပြစ်တစ်စုံတစ်ရာ၊ အကြောင်းတစ်မျိုးမျိုးကြောင့် ထွက်ပေါက်ရှာသော အနေအားဖြင့် ဤအဓမ္မ၀ါဒကို ဟောပြော၊
ပြသ၊ ဖြန့်ချိလိုက်ကြလေရာ ထိုအဓမ္မ၀ါဒီများ၏ ဆောင်ရွက်ချက်သည် တစ်ဟုန်ထိုးကျယ်ပြန့်ပွားများလာခဲ့ပါသည် ဘုရား။
ထိုအဓမ္မ၀ါဒီများသည် မြတ်စွာဘုရားဟောကြားခဲ့သည့် သံဂါယနာခြောက်ကြိမ်တင် ဗုဒ္ဒပါဝစနပါဠိတော်ကြီးများကိုပင် ဘုရားဟော
မဟုတ်လေဟန်၊ ဗြဟ္မဏ၀ါဒ (ဟိန္ဒူဝါဒ)ဖြစ်လေဟန်လည်းကောင်း၊ ထေရ၀ါဒဗုဒ္ဒသာသနာတော် ၌ ဘုရားဟောပါဠိတော်လောက်န
ီးနီး အားထားပို့ချသင်ယူနေကြရသည့် အဋ္ဌကထာများ၏ လွဲမှာစွာဖြင့် ဖွင့်ပြမှုကြောင့် မြန်မာနိုင်ငံ ၌ ဗုဒ္ဒ၀ါဒအစစ်အမှန်များ ကွယ
်ပျောက်နေရသည်ဟုလည်းကောင်း ဤသို့စသော အဓမ္မ၀ါဒများကို သင်ကြား၊ ပို့ချ၊ ရေးသား၊ ဖြန့်ချိ
နေကြပါသည် ဘုရား’’ဟူ၍ ဖြစ်ပါသည်။ ထို့ပြင် ဆရာတော်ဘုရားကြီးက သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက်
ဓမ္မစက်၊ အာဏာစက် တွဲဖက်ဆောင်ရွက်ခဲ့သည်မှာ သာသနာတော်သမိုင်းတွင် ခြောက်ကြိမ်တိုင်အောင်ပင် ရှိပြီဖြစ်ကြောင်းကို
လည်း အချက်အလက်နှင့်တကွ မိန့်ကြားတော်မူခဲ့ပါသည်။

စုံစမ်းမှုအစ

ဤသို့သော ဥက္ကဋ္ဌဆရာတော်ကြီး၏ ထူးခြားသော သြ၀ါဒကထာကို ဖတ်ရှုမိ၍ ယင်းအရေးကိစ္စသည် ပေါ့
ဆ၍ မဖြစ်သောအရေးဟု ယုံကြည်သည့်အတွက် ၂ မတ် ၂၀၀၉၊ တနင်္လာနေ့တွင် အသင်းအလုပ်အမှုဆောင်အချို့အား မိုးပြာဂိုဏ်း
ခေါင်းဆောင် ဦးဉာဏ၏ အသက် ၇၀ ပြည့်မွေးနေ့နှင့် ဂိုဏ်းတည် ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနား ဗီစီဒီအခွေကို ပြသခဲ့ပါသည
်။ ထို့နောက် ယင်းကိစ္စနှင့် စပ်လျဉ်း၍ ပါဝင်ကူညီပေးနိုင်မည့် ပုဂွိုလ်များ၊ အသင်းအဖွဲ့များထံပေးပို့ရန်အတွက် ဗီစီဒီခွေမိတ္တူကူးခြင်
း၊ ဗီစီဒီအတွင်းမှ အရေးပါသူအချို့၏ ရုပ်ပုံများကို ဖမ်းယူ၍ ဓာတ်ပုံထုတ်ယူခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။
၁၀ မတ် ၂၀၀၉၊ အင်္ဂါနေ့တွင် ပြုလုပ်သည့် မေတ္တာတံခွန်အသင်း၏ ဒုတိယအကြိမ်မြောက် သာသနာတော်
ဆိုင်ရာ သက်ကြီးစာပေပညာရှင်များပူဇော်ပွဲတွင် အသင်းဥက္ကဋ္ဌက မိုးပြာဂိုဏ်းအကြောင်းနှင့် ကူးယူထားသော ဓာတ်ပုံများကို အ
ခမ်းအနားတက်ရောက်လာသူများအား ထုတ်ဖော်ပြသပေးအပ်ခဲ့ပါသည်။ အခမ်းအနားတက်ရောက်သူ နာရေးကူညီမှုအသင်း(ရန်ကုန်
)အတွင်းရေးမှူး၏ ပြောကြားချက်အရ မြောက်ဥက္ကလာပမြို့နယ်ရှိ ရေဝေးသုသာန်အနီးတွင် မိုးပြာဂိုဏ်းဌာနချုပ် တည်ရှိကြောင်း
သိရပါသည်။ နောက်တစ်ရက်ဖြစ်သည့် ၁၁ မတ် ၂၀၀၉၊ ဗုဒ္ဒဟူးနေ့တွင် အသင်း၏ ဂုဏ်ထူးဆောင်နာယက ဒေါ်ခင်သန်းဌေး
(ခင်-တိုင်းရင်းမေ)၏ လမ်းညွှန်မှုဖြင့် ဓမ္မရံသီနှင့် ဓမ္မရတနာစာစောင် စာတည်းမှူးချုပ် ဆရာကြီးဦးလေးမြိုင်ထံသို့
သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ဆရာကြီး၏ လမ်းညွှန်မှုကိုနာယူပြီး ဆက်လက်လုပ်ဆောင်သင့်သည်များ၊ သွားရောက်တွေ့
ဆုံသင့်သူများကို မှတ်သားခဲ့ပါသည်။ ဆရာကြီးက မိုးပြာဂိုဏ်းနှင့်ပတ်သက်၍ ဓမ္မရံသီစာစောင်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးနှစ်ပုဒ်
ပါ စာအုပ်ကိုလည်းပေးအပ်ခဲ့ပါသည်။ တစ်ပုဒ်မှာ ဆောင်းပါးရှင် ဉာဏ်ဝင်း (ပင်လည်ဘူး) ရေးသားခဲ့သည့် “လမ်းသာသို့သာ”
ဖြစ်ပြီး အခြားဆောင်းပါးတစ်ပုဒ်မှာ ဆောင်းပါးရှင် သတ္တိဇော်ရေးသားသည့် “ပစ္စုပ္ပန်ကမ္မ၀ါဒ” ဖြစ်ပါသည်။ အဆိုပါ ဆောင်းပါး
နှစ်ပုဒ်ဖော်ပြခဲ့သည့်အတွက် ဆရာကြီး ဦးလေးမြိုင်အိမ်သို့ မိုးပြာဂိုဏ်းမှ ပုဂ္ဂိုလ်အချို့က လာရောက်ဆွေးနွေးခဲ့ကြောင်းလည်း သိရ
ပါသည်။ ၁၃ မတ် ၂၀၀၉။ သောကြာနေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) အတွင်းရေးမှူးထံ မိုးပြာဂိုဏ်းအခွေတစ်စုံ ပေးအပ
်ခဲ့ပြီး ၁၄ မတ် ၂၀၀၉၊ စနေနေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်)အတွင်းရေးမှူးထံမှ မိုးပြာခြံလိပ်စာကို ရရှိခဲ့ပါသည်။
မိုးပြာဂိုဏ်းအရေးတွင် အဓိက ပါဝင်ပတ်သက်နေသူတစ်ဦးမှာ မေတ္တာတံခွန်အသင်းနှင့် ကုသိုလ်ရေးလုပ်ငန်း
များတွင် ပူးပေါင်း ဆောင်ရွက်လေ့ရှိသည့် ဗိုလ်တစ်ထောင်မေတ္တာဗြူဟာအဖွဲ့မှ နာယက ဦးရန်အောင် (သြဠာရိက+သုခုမ)
ဖြစ်ပါသည်။ ဦးရန်အောင်သည် ယင်းမိုးပြာဂိုဏ်းတွင် ဥပတ္ထ မ္ဘကအဖွဲ့၏ အရေးပါသော ပုဂ္ဂိုလ်တစ်ဦးဖြစ်နေကြောင်းကိုလည်း
ငွေရတု ဗီစီဒီအခွေအရ သိရပါသည်။ ဤသို့ဖြင့် မေတ္တာဗြူဟာအဖွဲ့ကြီးအနေဖြင့် ၎င်းတို့၏ နာယကဖြစ်သူ ဦးရန်အောင်၏
မိုးပြာဂိုဏ်းတွင် ပါဝင်ပတ်သက်နေမှုကို သိရှိနိုင်စေရန်အတွက် ၁၅ မတ် ၂၀၀၉၊ တနင်္ဂနွေနေ့တွင် မေတ္တာဗြူဟာအဖွဲ့ထံသို့
စာအမှတ် -၂/ထမ/၂၀၀၉ စာတစ်စောင်နှင့် ဓာတ်ပုံတစ်ပုံ (ဦးရန်အောင်နှင့် ဦးဉာဏ တွဲလျက်ပုံ)ကို အသင်းအထွေထွေ
အတွင်းရေးမှူး လက်မှတ်ရေးထိုး၍ ပေးပို့ခဲ့ပါသည်။ ဗိုလ်တစ်ထောင်စေတီတော် ဂေါပကအဖွဲ့ဝင်လူကြီးတစ်ဦးအားလည်း
မိုးပြာဂိုဏ်းအရေးကို အသိပေးခဲ့ပါသည်။
၁၆ မတ် ၂၀၀၉၊ တနင်္လာနေ့တွင် ဆရာကြီးဦးလေးမြိုင်က သွားရောက်တွေ့ဆုံရန် အကြံပြုခဲ့သည့် ကမာရွတ
်မြို့နယ်၊ သာသနပါရဂူကျောင်းတိုက်မှ စာချဆရာတော် အရှင် ဣန္ဒာစရိယာဘိဝံသထံ သွားရောက်တွေ့ဆုံလျှောက်ထားခဲ့ပါသည်။
ဆရာတော်၏ မိန့်ကြားချက်အရ ၎င်းအပါအ၀င် ဆရာတော်ခြောက်ပါးက စောဒကပုဂ္ဂိုလ် (တရားလို) အဖြစ် ဆောင်ရွက်လျက်
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ထံတော်သို့ ‘သနိဒါနမဟာစောဒနာလွှာ’ ကို ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလကပင် ပေးပို့တင်
လျှောက်ပြီး ဖြစ်ကြောင်း သိရပါသည်။ သို့သော် ယနေ့တိုင်အောင် အမှုဖွင့်ဆောင်ရွက်ခြင်း ဆင့်ခေါ်ခြင်းများ မရှိသေးကြောင်း
လည်း သိရပါသည်။ မိုးပြာဂိုဏ်းအား စွဲဆိုစစ်မေးခြင်းမပြုသေးသော်လည်း မိုးပြာဂိုဏ်းမှ ရဟန်းဝတ်တတိယခေါင်းဆောင်
ဦးဝိစိတ္တသာရာဘိဝံသအပေါ်တွင်မူ ဗန်းမော်ဆရာတော်ကြီး အမှူးပြုသည့် နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့က အဓမ္မ၀ါဒီအဖြစ်
ဆုံးဖြတ်ခဲ့ပြီးဖြစ်ကြောင်းလည်း သိရပါသည်။ ထို့ပြင် ဗုဒ္ဓသာသနာတော်အတွင်း ပျံ့နှံ့ဝင်ရောက်နေသော အဓမ္မ၀ါဒဂိုဏ်းများမှာ
မိုးပြာဂိုဏ်းတစ်ခုတည်းမဟုတ်ဘဲ သံဃမဟာနာယကအဖွဲ့ထံသို့ တင်သွင်းသော စာရင်းအရ ၁၀ ဦး၊ ၁၀ ဖွဲ့ပင်ရှိကြောင်း သိရပါ
သည်။ ဆရာတော် အရှင် ဣန္ဒာစရိယာဘိဝံသမှာ မစိုးရိမ်စာသင်သားဟူသည့် ကလောင်အမည်ဖြင့် ထေရ၀ါဒဗုဒ္ဓသာသနာတော်
ဆိုင်ရာ ဓမ္မစာပေများ ရေးသားနေသည့် ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါသည်။ ထို့နောက် ဆရာတော်က အဓမ္မ၀ါဒတိုက်ဖျက်၊ ကာကွယ
၏်၊ တာဆီးရေးအတွက် (ပူးပေါင်းပါဝင်မည့်) သီတင်းသုံးဖော်ဖိတ်ခေါ်သည့် နှိုးဆော်လွှာစာအုပ်ငယ် ၄၀ ခန့်၊ စောဒနာလွှာ
စာအုပ်ငါးအုပ်နှင့် ဦးဝိစိတ္တာသာရာဘိဝံသအား အဓမ္မ၀ါဒအဖြစ် ဆုံးဖြတ်ချက် စာအုပ်တစ်အုပ်ကို လိုအပ်သလို ဆောင်ရွက်နိုင်ရန်
အတွက် အသင်းသို့ ချီးမြှင်ခဲ့ပါသည်။
၂၂ မတ် ၂၀၀၉၊ တနင်္ဂနွေနေ့တွင် ဗိုလ်တစ်ထောင် စေတီတော်၊ ဗုဒ္ဓ၀ံသရက္ခိတအသင်း အလုပ်အမှုဆောင
်တစ်ဦးထံ နှိုးဆော်လွှာတစ်အုပ် ပေးအပ်ခဲ့ပါသည်။ ထို့နောက် နယ်လှည့်ဓမ္မကထိက စစ်ကိုင်းခင်မကန်ဆရာတော် အရှင်ခေမိန္ဒထံ
သွားရောက်၍ မိုးပြာဂိုဏ်းအရေးကို လျှောက်ထားခဲ့ပါသည်။ (ဆရာတော်သည် ရုပ်ရှင်မင်းသားကြီး ဦးကျော်ဟိန်းနှင့် ပတ်သက်၍
အသင်း၏ မေးမြန်းချက်များကို တရားပွဲ၊ ဓမ္မသဘင်များတွင် ထည့်သွင်း ဟောပြော ဖြေဆိုပေးခဲ့ဖူးပါသည်။) ၂၄ မတ် ၂၀၀၉၊
အင်္ဂါနေ့တွင် အရှင် ဣန္ဒာစရိယာဘိဝံသထံ ထပ်မံသွားရောက်တွေ့ဆုံခဲ့ပြီး လုပ်ဆောင်ဖွယ်ရာများကို သြ၀ါဒခံယူခဲ့ပါသည်။ ဆရာ
တော်က ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒကျမ်းပြု ဦးအေးမောင်၏ အဓမ္မ၀ါဒအကြောင်းကို ရှင်းပြခဲ့ပြီး သီတင်းသုံးဖော်ဖြစ်သည့် အရှင်ကောဝိဒ
(ယော)က ဓမ္မရံသီစာစောင်တွင် လစဉ်ရေးသားခဲ့သော ဗုဒ္ဓ၏ဗုဒ္ဓ၀ါဒ ဆောင်းပါးပေါင်းချုပ် (ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ စာအုပ်ကို ချေပချက်)
စာအုပ်ကို ချီးမြှင့်ခဲ့ပါသည်။
၂၆ မတ် ၂၀၀၉၊ ကြာသပတေးနေ့တွင် သင်္ကန်းကျွန်းမြို့နယ်၊ ဓမ္မပိယကျောင်းတိုက် ပဓာနနာယကဆရာတော
် အရှင် သံဝရာလင်္ကာရထံ သွားရောက်၍ လျှောက်ထားခဲ့ပါသည်။ ထို့နောက် ဆရာတော်အား စောဒနာစာအုပ်တစ်အုပ်၊ နှိုးဆော်
လွှာတစ်အုပ်နှင့် မှတ်တမ်းဓာတ်ပုံတစ်ပုံ ဆက်ကပ်ခဲ့ပါသည်။ ၂၇ မတ် ၂၀၀၉၊ သောကြာနေ့တွင် မြောက်ဥက္ကလာပ၊ ရေဝေး
သုသာန်အနီးရှိ မိုးပြာခြံသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ပါသည်။ ၂၉ မတ် ၂၀၀၉၊ တနင်္ဂနွေနေ့တွင် သတင်းဌာနတစ်ခုမှ
စာတည်းအဖွဲ့ဝင်တစ်ဥိးထံ စောဒနာစာအုပ်၊ ၀ိနိစ္ဆယ ဆုံးဖြတ်ချက်စာအုပ်နှင့် နှိုးဆော်လွှာစာအုပ် ပေးအပ်ခဲ့ပါသည်။ ဗိုလ်တစ်
ထောင်စေတီတော် ဂေါပကလူကြီးတစ်ဦးထံလည်း နှိုးဆော်လွှာ စာအုပ်ပေးခဲ့သည်။ ယင်းနေ့တွင် မေတ္တာဗြူဟာအဖွဲ့၏ ၁၀၆
ကြိမ်မြောက် သွေးလှူပွဲရှိရာ ယခင်အခါများကဲ့သို့ အသင်းဝင်များအား လာရောက်ကူညီပေးရန် ဖိတ်ခေါ်ခြင်းမရှိသည်ကို အံ့သြဖွယ
် တွေ့ရပါသည်။ အသင်းက မေတ္တာဗြူဟာအဖွဲ့ထံသို့ စာပေးပို့ခဲ့သည်မှာ နှစ်ပတ်ကြာမြင့်ပြီဖြစ်သော်လည်း ပြန်ကြားချက်တစ်စုံတစ်
ရာ မပေးပို့ခဲ့ပေ။
၃၀ မတ် ၂၀၀၉၊ တနင်္လာနေ့တွင် ဓမ္မဒူတဒေါက်တာ အရှင်ဆေကိန္ဒထံသို့ အသင်းအလုပ်အမှုဆောင်
အဖွဲ့ဝင်တစ်ဦးက သွားရောက်ဖူးမြော်ခဲ့ပြီး မိုးပြာဂိုဏ်းအရေးကို လျှောက်ထားခဲ့ပါသည်။ ယင်းနေ့တွင်ပင် ဓမ္မပိယဆရာတော်
အရှင်သံဝရာလင်္ကာရထံ သွားရောက်ခဲ့ရာ ဆရာတော်က မိုးပြာဂိုဏ်း၏ ရဟန်းဝတ် ဒုတိယခေါင်းဆောင် ဦးဉာဏိန္ဒာလင်္ကာရနှင့်
ပတ်သက်သည့် အချက်အလက်အချို့ကို မိန့်ကြားခဲ့ပါသည်။ ဦးဉာဏိန္ဒာလင်္ကာရမှာ တောင်မြို့မဟာဂန္ဓာရုံကျောင်းထွက်တစ်ဦးဖြစ်ပြီး
ပညာထူးချွန်သူတစ်ဦးဖြစ်ကြောင်း၊ ကျောင်းတွင်း ပြဿနာကြီးတစ်ခုတွင် ဦးဆောင်ကျူးလွန်သူတစ်ဦးဖြစ်သဖြင့် ဆရာတော်က
ကျောင်းမှ နှင်းခြင်းခံခဲ့ရကြောင်း၊ ယခုရှိမည်ဆိုလျှင် အသက် ၆၀ ပတ်ဝန်းကျင်တွင် ရှိနိုင်ကြောင်းကို မိန့်ကြားခဲ့ပါသည်။
၂ ဧပြီ ၂၀၀၉၊ ကြာသပတေးနေ့တွင် နေပြည်တော်၌ စီးပွားရေးအရခေတ္တသွားရောက်နေထိုင်ရသူ
မေတ္တာတံခွန် အသင်းဝင်တစ်ဦးအား နှိုးဆော်လွှာစာအုပ်နှစ်အုပ်၊ စောဒနာစာအုပ်တစ်အုပ်ပေးခဲ့ပြီး သိကျွမ်းသမျှသော ဘာသာရေး
အသင်းအဖွဲ့များအား အသိပေးအကြောင်းကြားရန်လည်း မှာကြားခဲ့ပါသည်။ ၇ ဧပြီ ၂၀၀၉၊ တနင်္ဂနွေနေ့တွင် မိုးပြာဂိုဏ်းကိစ္စအား
ပိဋကတ်ဗျူဟာအဖွဲ့ တာဝန်ရှိသူတစ်ဦးနှင့် ဆွေးနွေးခဲ့ပါသည်။

ဦးဉာဏဆိုသည်မှာ

ဦးဉာဏကို မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဂေါင်းကွဲရွာတွင် ၁၉၃၈ ခုနှစ်ခန့်က မွေးဖွားခဲ့သည်။ မင်းကွန်းတောင်ရိုး
တွင် တရားကျင့်ကြံရာမှ မိမိကိုယ်ကို ရဟန္တာဖြစ်သည်ဟု ကြေညာခဲ့ရာ သံဃ၀ိနည်းဓိုရ်အဖွဲ့က ၁၉၈၃ ၌ စုံစမ်းစစ်ဆေးခဲ့သည်။
၁၉၈၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်၊ ည ၁၀ နာရီ၊ မိနစ် ၃၀ တွင် ထေရ၀ါဒဗုဒ္ဓသာသနာကို အ၀ါသာသနာဟုဆိုကာ စွန့်ခွာ
၍ မိုးပြာရောင်အ၀တ်ဝတ်ကာ ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာ ခေါ် အပြာသာသနာကို တည်ထောင်ခဲ့သည်ဟု ကြေညာခဲ့သည်။ ယင်း
အမှုကို မြို့နယ် ၀ိနည်းဓိုရ်၊ တိုင်းဝိနည်းဓိုရ်၊ နိုင်ငံတော်ဝိနည်းဓိုရ် အဆင့်သုံးဆင့်စလုံးတွင် ရှုံးနိမ့်သည့်အတွက် လူဝတ်လဲစေ
သည့်အပြင် ၀ိနည်းဓမ္မကံ (၉-၁၁)တို့ဖြင့် တရားစွဲခံရပြီး ၁၉၈၃ မှ ၁၉၈၆ ခုနှစ်တိုင်အောင် ထောင်သုံးနှစ်ကျခံခဲ့ရကြောင်း
သိရပါသည်။ ၀ိနည်းဓမ္မကံ (၉-၁၁)တို့ဖြင့် တရားစွဲခံရပြီး ၁၉၈၃ မှ ၁၉၈၆ ခုနှစ်တိုင်အောင် ထောင်သုံးနှစ်ကျခံခဲ့ရကြောင်း
သိရပါသည်။ ၀ိနည်းဓမ္မကံ (၉-၁၁)အရ တရားစွဲခံရစဉ်ကတည်းက ပြတ်ပြတ်သားသား အရေးယူရန် စီစဉ်ခဲ့သော်လည်း
မင်းကွန်းတိပိဋကဆရာတော်ဘုရား၏ မေတ္တာရပ်ခံမှုကြောင့် ထောင်ဒဏ်သုံးနှစ်သာ အပြစ်ပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါသည်။

ထောင်မှ လွတ်မြောက်လာသောအခါ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေကို အခြေပြု
လျက် မိုးပြာခြံကို တည်ထောင်ပြီး ပစ္စုပ္ပန် ကမ္မ၀ါဒဗုဒ္ဓဘာသာအမည်ဖြင့် သာသနာပ၀ါဒများကို ဖြန့်ချိဟောကြားခဲ့သည်။ ဓမ္မ
၏ပါမောက္ခ၀တ်စုံဟု အမည်ပေးကာ မိုးပြာရောင်ရှပ်အင်္ကျီနှင့် ဘောင်းဘီအပွကို ၀တ်ဆင်ခဲ့လေသည်။ အနုပါဒါယဉ်ကျေးမှုဌာနဟူ၍
ပစ္စုပ္ပန်ကမ္မ၀ါဒအယူအဆများကို စာပေးစာယူပုံစံဖြင့်ပင် သင်ကြားပို့ချခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ထေရ၀ါဒသာသနာတော်အတွင်းမ
ှရက်များဖြင့် ၁၉၉၈ ခုနှစ်တွင် ထောင်မှလွတ်မြောက်ခဲ့ပြီး ၎င်း၏အယူဝါဒများကို ဆက်လက်ဟောပြောခဲ့သည်။ ၂၀၀၀ ပြည့်နှစ်မှစ၍
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ‘ဌ’ ရပ်ကွက်၊ သစ္စာပန်းလမ်း၊ ခြံအမှတ် ၂၀ ရှိ မိုးပြာခြံကို ဌာနချုပ်ပြုလျက် ပစ္စုပ္ပန
်ကမ္မ၀ါဒ (အဓမ္မ၀ါဒ)အယူများကို ပို့ချခဲ့သည်။ လိုအပ်လျှင် အိမ်တိုင်ရာရောက် ပုံစံဖြင့်လည်းကောင်း၊ တစ်ဦးချင်း ဆွေးနွေးမှုပုံစံ
ဖြင့်လည်းကောင်း၊ အဖွဲ့လိုက်ဆွေးနွေးမှုပုံစံဖြင့်လည်းကောင်း လိုက်လံစည်းရုံးဟောပြောလေ့ရှိကြောင်း သိရပါသည်။ ဗုဒ္ဓ၀ါဒကို
အတော်အတန်သက်ဝင်ယုံကြည်သူဆိုလျှင် အလိုက်အထိုက်ပြောကြား၍ တဖြည်းဖြည်းချင်း စည်းရုံးပြီး ဗုဒ္ဓ၀ါဒကို သာမန်ယုံကြည်
သူဆိုလျှင်မူ ၎င်း၏ ၀ါဒများကို တိုက်ရိုက်သွတ်သွင်းကြောင်းလည်း သိရပါသည်။
အင်တာနက်အသုံးပြုသူများကိုလည်း www.forums.myanmarcommunity.com ကတစ်ဆင့်
ဦးဉာဏကိုယ်တိုင် အသုံးပြုကာ စည်းရုံးလေ့ရှိကြောင်း သိရပါသည်။

ဦးဉာဏ၏ တပည့်များ
၎င်းပုဂ္ဂိုလ်ထံတွင် တပည့်ခံသူများအနက် ထင်ရှားသူအချို့မှာ သာသနာရေးဦးစီးဌာန၊ သုတေသနဌာန၊ ကျမ်းပြု
ဌာနမှူးဟောင်း ဓမ္မာစရိယ ဦးစိုးအောင် (သ-စ-အ)၊ သြဠာရိက+သုခုမ တိုင်းရင်းဆေးနှင့် အဘိဓမ္မာဆရာတစ်ဦးဖြစ်သူ
ဦးရန်အောင်၊ ဒေါက်တာကံညွန့်၊ အဘိဓမ္မာဆရာ ဦးကျော်မြင့်၊ ဦးမြင့်ဝင်းမောင် (အေဇက်စာပေအိမ်)၊ ဦးရင်စိန် (အင်းဝဘဏ်)
စသည့် လူပုဂ္ဂိုလ်များပါဝင်ပြီး ရဟန်းပုဂ္ဂိုလ်များအဖြစ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း
ကျောင်းအုပ် (ယခုဖယ်ရှားပြီး) ဓမ္မာစရိယ ငါးဘွဲ့ရ ဦးဝိစိတ္တသာရာဘိဝံသ၊ ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ ဦးဉာဏိန္ဒာလင်္ကာရစသည့်
ရဟန်းပုဂ္ဂိုလ်များ ပါဝင်ကြောင်းလည်း သိရသည်။ မိုးပြာဂိုဏ်းဝင်ဦးရေမှာ စောဒနာလွှာစာအုပ်အရ ၄၃၁ ဦးရှိသော်လည်း
ငွေရတုဗီစီဒီအခွေတွင် ပြောကြားချက်များအရ ထောင်ဂဏန်းအနည်းဆုံးရှိကြောင်း သိရပါသည်။ စင်္ကာပူမှ မြန်မာအချို့သည်
ပစ္စုပ္ပန် ကမ္မ၀ါဒအယူကို အတော်အတန် လက်ခံနေပြီဖြစ်ကြောင်းလည်း သိရပါသည်။ ဦးဉာဏရေးသည့် စာအုပ်အများအပြားကို
စင်္ကာပူရှိ မိုးပြာဂိုဏ်းဝင် မြန်မာများက မှာယူလေ့ရှိကြောင်းလည်း သိရပါသည်။ မိုးပြာဂိုဏ်းဝင်တစ်ဦးရေးသားသော သာမည
ဒဿနကျမ်းကို အမေရိကန်ပြည်ထောင်စုရှိ မြန်မာအဖွဲ့တစ်ဖွဲ့က စာပေဆုချီးမြှင့်ထားကြောင်းလည်းသိရပါသည်။
ထို့ပြင် ဗဟိုဂေါပကအဖွဲ့၊ ဓမ္မနာယကအဖွဲ့၊ ဓမ္မဆရာအဖွဲ့၊ စာစုဂေါပကအဖွဲ့၊ ဥပတ္ထ မ္ဘအဖွဲ့၊ ရန်ကုန်ဂေါပက
အဖွဲ့၊ မန္တလေးဂေါပကအဖွဲ့၊ ပြင်ဦးလွင်ဂေါပကအဖွဲ့စသည်ဖြင့် အစုလိုက်၊ အဖွဲ့လိုက်ဖြင့် စုစည်းဖွဲ့ထားကြောင်းလည်း သိရပါသည်။
ဝါဒဖြန့်ချိရေးအတွက် ငွေကြေးသုံးစွဲမှုများတွင် အဓိကကျသူမှာ မြစ်ကြီးနားမှ ဦးဝိစိတ္တသာရာဘိဝံသဖြစ်ပြီး ၎င်းသည် သစ်မှောင်ခ
ိုပြုလုပ်၍ ရရှိသော ငွေကြေးများဖြင့် ဂိုဏ်း၏ အယူဝါဒများကို ဖြန့်ချိခဲ့သူဟုလည်း သိရပါသည်။ စာအုပ်၊ စာတမ်းများကို ပုံနှိပ်ရာ
တွင် ကူညီသူမှာ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ၃၄ လမ်း (အလယ်ဘလောက်)ရှိ အေဇက်စာပေအိမ် ပုံနှိပ်တိုက်ပိုင်ရှင်
ဦးမြင့်ဝင်းမောင်က ရိုက်နှိပ်ထုတ်ဝေပေးကြောင်းလည်း သိရပါသည်။

မိုးပြာဂိုဏ်းဝင်တို့၏ နေရပ်အချို့
မိုးပြာဂိုဏ်းအား ကိုးကွယ်ဆည်းကပ်သူများ၏ နေရပ်များမှာ - ရန်ကုန်တိုင်းတွင် ကမာရွတ်၊ ကျောက်တံ
တား၊ စမ်းချောင်း၊ တာမွေ၊ တွံတေး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ ဒလ၊
ပုဇွန်တောင်၊ ဗိုလ်တစ်ထောင်၊ မင်္ဂလာတောင်ညွန့်၊ မင်္ဂလာဒုံ၊ မရမ်းကုန်း၊ မြောက်ဥက္ကလာပ၊ ရန်ကင်း၊ လှိုင်၊ လှည်းကူး၊
လှိုင်သာယာ၊ လမ်းမတော်၊ သုံးခွ၊ သန်လျင်၊ သာကေတ၊ သင်္ကန်းကျွန်း၊ အလုံ၊ အင်းစိန်၊ အုတ်ကျင်းတို့၌ နေထိုင်ကြသူများ
ပါဝင်ပါသည်။ မန္တလေးတိုင်းတွင် ချမ်းမြသာစည်၊ စဥ့်ကူး၊ နွားထိုးကြီး၊ ပျဉ်းမနား၊ ပုသိမ်ကြီး၊ ပြင်ဦးလွင်၊ မတ္တရာ၊ မန္တလေး၊
မြစ်သား၊ မဟာအောင်မြေ၊ ပြည်ကြီးတံခွန်၊ အောင်မြေသာဇံ၊ အမရပူရ၊ မြစ်ငယ်၊ မိတ္ထီလာ၊ လယ်ဝေးတို့ ၌ နေထိုင်ကြသူများ
ပါဝင်ပါသည်။ ပဲခူးတိုင်းတွင် ရေတာရှည်၊ တောင်ငူ၊ ပြည်၊ ပဲခူးတို့၌ နေထိုင်သူများ ပါဝင်ပါသည်။ စစ်ကိုင်းတိုင်းတွင် ကန့်ဘလူ၊
ကန၊ ခင်ဦး၊ ချောင်းဦး၊ မုံရွာ၊ စစ်ကိုင်း၊ တန့်ဆည်၊ ပင်လည်ဘူး၊ ပုလဲ၊ မြင်းမူ။ ယင်းမာပင်၊ ရွှေဘို၊ ဒီပဲယင်း၊ ၀က်လက်၊
အရာတော်တို့ ၌ နေထိုင်သူများပါဝင်ပါသည်။ ကချင်ပြည်နယ်တွင် မိုးညှင်း၊ မြစ်ကြီးနားနှင့် မကွေးတိုင်းတွင် မြိုင်၊ မကွေးတို့ ၌
နေထိုင်ကြသူများဖြစ်ကြောင်း သိရပါသည်။

မိုးပြာဂိုဏ်း၏ ဟောပြောချက်အချို့

၁) ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲဖြစ်ဖြစ် တစ်ခါလုပ်မိရင် ထပ်ထပ်လုပ်ချင်တယ်။ ဒီကံကြီးက ကိုယ့်ကို ရစ်ပတ်နေပြီ။
ဒီလူမလွတ်လပ်တော့ဘူး။
၂) ဘုရားရဲ့ နတ်အရကောက်ဟာ မိုးပေါ်ကသူတွေ မဟုတ်ဘူးဆိုတာ ပေါ်လွင်တယ်။
၃) ဒီလောက်တန်ဖိုးများ ဒါနကြီးအတွက် ဘုရားဟောတဲ့ တစ်ဂါထာတည်းမှာ နတ်ပြည်လည်း မပါဘူး။ လူ့ ပြည်လည်း မပါဘူး။
ငရဲလည်း မပါဘူး။ နောင်ဘ၀လည်း မပါဘူး။ ဒါနအကျိုးကို ဘုရားက နတ်ပြည်လို့ မဟောဘူး။
၎) ဘုရားက လူကိုသတ်မှ ပါဏာတိပါတလို့ ဟောတယ်။ တိရစ္ဆာန်သတ်ရင် ကံမထိုက်ပါဘူး။ အစိုးရပစ္စည်းဟာ လူ့ပစ္စည်းမဟုတ
်ပါဘူး။ အဲဒါကို ခိုးလို့ ကံမထိုက်ဘူး။ ကာမဂုဏ်မှားယွင်းကျက်စားမှုဟာ ကိုယ့်ကာမပိုင်မဟုတ်သူကို မေထုန်ပြုမှုလို့ အဓိပ္ပာယ်ရမှာ
မဟုတ်ဘူး။ ကိုယ့်ဘ၀မဟုတ်တဲ့အရာတွေကို မမှန်တာပြောလည်း လိမ်ရာမကျဘူး။ မုသာဝါဒမဖြစ်ဘူး။ လိမ်ကောင်းတယ်။
မူးအောင်မသောက်ရင် အရက်သောက်တာက မိတ်ဆွေပေါလို့ စီးပွားဖြစ်တော့ အကျိုးတောင် ရှိပါသေးတယ်။ ဒီလိုသောက်တာကို
ဘုရားက သုရာမေရယလို့ ဟောတာမဟုတ်ဘူး။
၅) နတ်ပြည်ရဲ့ တည်ရာက မြင်းမိုရ်တောင်ပဲ။ သည်တောင်ဟာ ကမ္ဘာ့ပထ၀ီမှာ တကယ်မရှိတဲ့တောင်ပဲ။ ဒါ့ကြောင့် သည်လောက်
ယုတ္တိမဲ့တဲ့အရာလို့ပဲ ပြောပါရစေ။
၆) ဘယ်တရားမှ မရချင်နေ။ ရှေ့ဘ၀၊ နောက်ဘ၀ကိုတော့ မတွေးရဘူး။ ရှေးဘ၀၊ နောက်ဘ၀ တွေးတဲ့သူဆိုရင် မိစ္ဆာဒိဋ္ဌိလို့
ဆိုပြီးသကာလ ကျုပ်တို့နဲ့ ပဋိပက္ခအရာမှာ ရှိတယ်။
၇) ဆဋ္ဌသံဂါယနာတင်ပွဲဟာ ဦးနုနဲ့ ဖဆပလအဖွဲ့တို့၊ ဦးဝိစိတ္တတို့၊ မဟာစည်တို့၊ ညောင်ရမ်းတို့ ဂုဏ်သိက္ခာတွေရတာကလွဲလို့
တခြားအကျိုးကတော့ မပြောလောက်ပဲ ဖြစ်တယ်။
၈) အရဟံဆိုပါတော့။ အေး သည်စာတွေက သိပ်မြင့်တယ်။ တို့လူတွေနဲ့ မတန်ဘူး။ မတန်မရာတွေကို တို့လူတွေက ရွတ်ဆိုနေ
မိကြတာပဲ။ သည်စာတွေဟာ စိတ္တဇအပြစ်ဖြစ်တယ်။ ဘုရားကို အထင်ရောက်သွားတော့ စိတ္တဇအပြစ်ဖြစ်စေတယ်။ အပြစ်ကကြီး
တယ်။ ဗုဒ္ဓဘာသာမဟုတ်တော့ဘူးလို့ ဖြစ်တယ်။
၉) တရားဓမ္မဆွေးနွေးတဲ့အခါ ပရမတ်တွေအကြောင်း မပြောစေချင်ပါဘူး။ ပရမတ်တွေဟာ တရားမဟုတ်လို့ပါပဲ။
၁၀) သည်လိုဆိုရင် သည်စာသင်တိုက်ကြီးတွေက တလွဲဖြစ်ထွန်းနေတာမို့ ဗုဒ္ဓဘာသာတရားဓမ္မအရ လိုလားစရာမဟုတ်ဘူး။
၁၁) လူသားလျှောက်ရမည့်လမ်းဟူသည် ဘုရားသခင်၏ အစေအပါးအဖြစ် ကိုယ့်ကိုယ်ကို ယဇ်ပူဇော်ခြင်းမဟုတ်။ မိမိကိုယ်ကို
မိမိကပင် ဘုရားသခင်အဖြစ် ခန့်အပ်လိုက်ခြင်းပင်ဖြစ်သည်။
၁၂) လေးသင်္ချေ၊ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်ပြီးမှ ပေါ်ထွန်းလာသော ဗုဒ္ဓသည် မှားယွင်းသောကြောင့် မိစ္ဆာသမ္မာသမ္ဗုဒ္ဓဖြစ်
သည်။ လက်ရှိ ပစ္စုပ္ပန်ဘ၀တစ်ခုတည်း၌ ဉာဏ်ဖြင့် ဖောက်ထွင်းသိမြင်သော ဗုဒ္ဓသာလျှင် သမ္မာသမ္ဗုဒ္ဓဖြစ်သည်။ ဘ၀သံသရာ
ဟူသည်မရှိ။ ပစ္စုပ္ပန်ဘ၀တစ်ခုသာ ရှိသည်။
၁၃) ဂေါတမဘုရားရှင်သည် ဆွမ်းဘုဉ်းပေးခြင်း၊ ရေဘုဉ်းပေးခြင်းကြောင့် ကိလေသာမကုန်သေး။ လောဘ။ တဏှာ၊ ကိလေသာ
ရှိသေးသည်။
၁၄) ဗုဒ္ဓသည် မာရ်နတ်၏ သမီး နတ်သမီးသုံးယောက်နှင့် ပျော်ပါးစံစားရန် စိတ်ကူးမိကြောင်း ဖော်ပြထားသဖြင့် ကိလေသာ
မကုန်သေးဟု ဆိုရမည်။
၁၅) ပါဏာတိပါတသိက္ခာပုဒ်အရ လူ့အသက်သတ်မှ အပြစ်ရှိသည်။ တိရစ္ဆာန်များအသက်ကိုသတ်လျှင် ငရဲမကြီးချေ။ အကြောင်းမ
ူ ဗုဒ္ဓသည် အသားစားခြင်းကို ခွင့်ပြုထားသောကြောင့် သတ္တ၀ါ၏ အသက်သတ်ခြင်းကိုလည်း ခွင့်ပြုရာ ရောက်သည်။

၁၆) ပုဂ္ဂလိကတစ်ဦးတည်းပိုင် ပစ္စည်းကို ခိုးယူလုယက်ခြင်းသည် အပြစ်ရှိသည်။ အများပိုင်ပစ္စည်းကို ခိုးယူလျှင် ပိုင်ရှင်ဖြစ်သူများ
မှာ ထိခိုက်နစ်နာမှုမရှိသောကြောင့် အပြစ်မရှိ။
၁၇) ကာမပိုင်အမျိုးသမီးကို သဘောတူပျော်ပါးရာ၌ အပြစ်မရှိ။ ဆန္ဒကို ဖြည့်စွမ်းပေးသောကြောင့် ကုသိုလ်ပင်ဖြစ်နိုင်သည်။

၁၈) မိမိတစ်ဦးတစ်ယောက် အကျိုးအတွက် လိမ်လည်ပြောလျှင် အကုသိုလ်ဖြစ်သည်။ အများကောင်းကျိုးအတွက် လိမ်လည်လျှင်
အပြစ်မရှိ။
မိုးပြာဂိုဏ်းမှ တရားမ၀င် ထုတ်ဝေဖြန့်ချိထားသည့် စာအုပ်ပေါင်းမှာ ၆၀ ကျော်ရှိပြီး ၎င်းတို့မှ အချို့မှာ -
၁။ ၀ိမုတ္တိဒေသနာ ခေါ် လွတ်လပ်ရေးဒေသနာ (စာမျက်နှာ ၁၁၀၊ ထုတ်ဝေနှစ် ၂၀၀၆)၊
၂။ ဘုရား(စာမျက်နှာ ၂၂၈)၊
၃။ ဘာသာတရားများအကြောင်း ယေဘူယျနှိုင်းယှဉ်ချက် (စာမျက်နှာ ၅)၊
၎။ ဓမ္မပူဇာ (စာမျက်နှာ ၂၄၇)၊
၅။ စိတ်စိတ်ဖြာဖြာ ဥပါဒါနက္ခန္ဓာ (စာမျက်နှာ ၁၆၃)၊
၆။ ဓမ္မ (စာမျက်နှာ ၃၉၀၊ ထုတ်ဝေနှစ် ၂၀၀၃၊ ဖေဖော်ဝါရီလ ၁၀ ရက်။ အထိမ်းအမှတ်စာအုပ်)၊
၇။ မိုးပြာကျောင်းမှ ပေးစာများ-၁(မိုးပေါက်ကျချောင်) (စာမျက်နှာ ၄၄၉၊ ထုတ်ဝေနှစ် ၁၃၅၂)၊
၈။ ဘာသာတရားကပေးသော ဆုလာဘ်
(စာမျက်နှာ ၄၆၊ ထုတ်ဝေနှစ် ၂၀၀၃၊ ဖေဖော်ဝါရီလ ၁၀ ရက်။ အထိမ်းအမှတ် စာအုပ်)၊
၉။ တဏှာရှင်းတမ်း (စာမျက်နှာ ၄၀၀၊ ထုတ်ဝေနှစ် ၁၉၉၆)၊
၁၀။ ဓမ္မကထာ (စာမျက်နှာ ၂၃၂၊ ထုတ်ဝေနှစ် ၂၀၀၅)၊
၁၁။ ဓမ္မ၀ိဟာရီငွေရတုပူဇာ (စာမျက်နှာ ၂၂၄၊ ထုတ်ဝေနှစ် ၂၀၀၈၊ ဖေဖော်ဝါရီလ ၁၀ ရက်။ အထိမ်းအမှတ်)
၁၂။ လွတ်လပ်တဲ့သူ (စာမျက်နှာ ၃၉၉၊ ထုတ်ဝေနှစ် ၂၀၀၆)၊
၁၃။ ဉာဏကထာ (ပထမအုပ်) (စာမျက်နှာ ၃၅၆)၊
၁၄။ မဟာပေါဋ္ဌက (ပထမတွဲ) (စာမျက်နှာ ၃၉၄/၂၀၄/၃၀၂= စုစုပေါင်း = ၁၁၀၀)၊
၁၅။ အရိယဝေါဟာရ ဉေယျဓမ္မတ္ထကထာ (စာမျက်နှာ ၁၁၁၊ ထုတ်ဝေနှစ် ၂၀၀၆)၊
၁၆။ နိဗ္ဗာန်ကိုသွား နောက်ဆုံးရထား (စာမျက်နှာ ၉၉၊ ထုတ်ဝေနှစ် ၂၀၀၅)၊
၁၇။ ဗုဒ္ဓဘုရားသာသနာနှင့်မြန်မာပြည် (စာမျက်နှာ ၇၁၊ ထုတ်ဝေနှစ် ၂၀၀၆)၊
၁၈။ အရိယသစ္စကထာ (စာမျက်နှာ ၂၇၉၊ ထုတ်ဝေနှစ် ၂၀၀၅)၊
၁၉။ ဥတ္တရိမနုဿဓမ္မဒဿစာစဉ်-၁ (စာမျက်နှာ ၇၀၊ ထုတ်ဝေနှစ် ၁၃၆၄၊ သက္ကာယမိစ္ဆာဒိဋ္ဌိမှ သမ္မာဒိဋ္ဌိသို့-မိစ္ဆာဒိဋ္ဌိနှင့် သမ္မာဒိဋ္ဌိ
-ဗုဒ္ဓဘုရားရဲ့ လောကအမြင်မိတ်ဆက် - သုံးမျိုးစု)၊
၂၀။ ဥတ္တရိမနုဿဓမ္မဒဿန စာစဉ်-၂ (စာမျက်နှာ ၇၁၊ ထုတ်ဝေနှစ် ၂၀၀၃၊ ဗုဒ္ဓဘာသာက မယူသော မိစ္ဆာဒိဋ္ဌိများ-
ကမ္မဿကတာသမ္မာဒိဋ္ဌိဉာဏ်-ရှေ့ဘ၀နောက်ဘ၀- ဦးနှောက်၏ ချွတ်ယွင်းဖောက်ပြန်မှုများ - လေးမျိုးစု)၊
၂၁။ သဒ္ဓမ္မသုံးဖြာ (ပထမတွဲ) (စာမျက်နှာ ၂၀၆၊ ထုတ်ဝေနှစ် ၂၀၀၂)၊
၂၂။ သဒ္ဓမ္မသုံးဖြာ (ဒုတိယတွဲ) (စာမျက်နှာ ၂၀၇ မှ ၃၄၇၊ ထုတ်ဝေနှစ် ၂၀၀၂)၊
၂၃။ ငြိမ်းချမ်းရေးသစ္စာ ဓမ္မစကြာဒေသနာ (စာမျက်နှာ ၃၉၆၊ ထုတ်ဝေနှစ် ၁၃၅၆)၊
၂၄။ ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာလမ်းညွှန် (စာမျက်နှာ ၁၂၉၊ ထုတ်ဝေနှစ် ၂၀၀၂)၊
၂၅။ တောစကားတောင်စကား (စာမျက်နှာ ၃၉)၊
၂၆။ အရိယသစ္စဓမ္မပေတံ (စာမျက်နှာ ၂၅၅၊ ထုတ်ဝေနှစ် ၂၀၀၇)၊
၂၇။ သက္ကာယဒိဋ္ဌိရှင်းတမ်း (စာမျက်နှာ ၂၈၊ ထုတ်ဝေနှစ် ၂၀၀၈)၊
၂၈။ ဘာသာတရားဆိုတာ ဘာလဲနှင့် လွန်ကျူးမှုကို ဘယ်လိုနားလည်ရမလဲ (စာမျက်နှာ ၇၂၊ ထုတ်ဝေနှစ် ၂၀၀၂)၊
၂၉။ နိဗ္ဗာန်နှင့် သက္ကာယမိစ္ဆာဒိဋ္ဌိ (စာမျက်နှာ ၈၆၊ ထုတ်ဝေနှစ် ၂၀၀၀)၊
၃၀။ ဓမ္မစကြာညွှန်ပြချက် (စာမျက်နှာ ၁၇၂၊ ထုတ်ဝေနှစ် ၂၀၀၃)၊
၃၁။ လူသားလျှောက်ရမည့်လမ်း (စာမျက်နှာ ၆၀)၊
၃၂။ လူသားမှန်သမျှ ကျင့်ပွားဖွယ်ရာ ပုညကြိယာဝတ္ထုဆယ်ဖြာ (စာမျက်နှာ ၁၂၊ ထုတ်ဝေနှစ် ၂၀၀၆)၊
၃၃။ ဓမ္မ၀ိဟာရာရာမမိုးပြာခြံမှ ပေးစာနှစ်စောင်တွဲ (စာမျက်နှာ ၃၂၊ ထုတ်ဝေနှစ် ၂၀၀၇-၂၀၀၈)၊
၃၄။ ဓမ္မ၀ိဟာရီသို့ ဦးခိုက်ခြင်း (စာမျက်နှာ ၁၆)၊
၃၅။ မိလိန္ဒပဉှာဝတ္ထုဘယ်လဲ (စာမျက်နှာ ၃၁၂၊ ပြန်လည်ကူးယူထုတ်ဝေနှစ် ၁၃၆၄)၊
၃၆။ ၀ိသုဒ္ဓိမဂ်ဘယ်လဲ (စာမျက်နှာ ၄၀၈၊ ပြန်လည်ကူးယူထုတ်ဝေနှစ် ၁၃၆၄)၊
၃၇။ နိဗ္ဗာနဒီပနီဘယ်လဲ (စာမျက်နှာ ၂၃၀၊ ပြန်လည်ကူးယူထုတ်ဝေနှစ် ၁၃၆၄)တို့ ဖြစ်ပါသည်။
ဦးဉာဏ၏ စာရေးသားသည့် အမည်ခွဲများမှာ - သျှင်မိုးပြာ (ခ)ရှင်မိုးပြာ (ခ) အရှင်ဉာဏ (ခ)
ရှင်ဉာဏ (ခ)ဉာဏ (ခ)ဓမ္မ၀ိဟာရီ (ခ) ဓမ္မ၀ိဟာရီအရှင်ဉာဏ (ဂ) ဓမ္မ၀ိဟာရီရှင်ဉာဏ (ခ) ဓမ္မ၀ိဟာရီဉာဏ (ခ)
ဓမ္မ၀ိဟာရီ ရှင်မိုးပြာ (ခ) ဘကြီးဝိဟာရီ ( www.forums.myanmarcommunity.com ) (ခ) အနုပါဒါ (ခ)
ဗောဓိဉာဏ (ခ) မောင်ဉာဏ်ထက် (ခ) ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာပုရုသျှ (ဘုရား) (ခ) ခေါင်းဆောင်ကြီးတို့ ဖြစ်ကြပါသည်။


စောဒကပြုခဲ့သည့် ဆရာတော်များ
မိုးပြာဂိုဏ်းအရေးအတွက် ဆရာတော်ခြောက်ပါးက စောဒကဆရာတော်များအဖြစ် ဆောင်ရွက်တော်မူခဲ့ကြပါ
သည်။ ၎င်းအရှင်များမှာ (၁) မြောင်းမြမြို့၊ ဘုရားချောင်းရပ်ကွက်၊ ချမ်းမြေ့သာစည်ကျောင်းတိုက်မှ အရှင် အဂ္ဂဉာဏ၊ (၂)
မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မဂါရ၀ကျောင်းမှ အရှင် တိက္ခိနြ္ဒိယာဘိဝံသ၊ (၃) ဟိုပင်မြို့၊ ထေရ၀ါဒဗုဒ္ဓသာသနာပြုကျောင်း
တိုက်မှ အရှင်နာရဒ၊ (၄) မန္တလေးမြို့၊ မစိုးရိမ်ကျောင်းတိုက်၊ နိရုတ္တိနယူပဒေသကျောင်းမှ အရှင်ဣန္ဒာစက္ကာဘိဝံသ၊ (၅)
မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မပါကဋကျောင်းမှ အရှင်နန္ဒာဘိဝံသ၊ (၆) ကမာရွတ်မြို့နယ်၊ သာသနပါရဂူကျောင်းတိုက်မှ
အရှင်ဣန္ဒာစရိယာဘိဝံသတို့ ဖြစ်ပါသည်။
စောဒကဆရာတော်များ၏ ဆောင်ရွက်မှုအချို့ကို တင်ပြရလျှင် ၁၄ ဒီဇင်ဘာ ၂၀၀၈ တွင် နိုင်ငံတော် သံဃ
မဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ဘုရားကြီးထံ စောဒနာနိဒါန်းကြီးစာအုပ်ကို ဆက်ကပ်ပြီး အကြောင်းအရာတို့ကိုလည်း လျှောက
်ထားခဲ့ကြပါသည်။ ၎င်းနေ့မှာပင် သာသနာရေးဝန်ကြီးဌာန၀န်ကြီးထံသို့လည်း ဥက္ကဋ္ဌဆရာတော်ဘုရားကြီးထံမှတစ်ဆင့် ကြိုတင်အသ
ိပေးနိုင်ရန် ၎င်းစာအုပ်ကြီးတစ်အုပ်ကိုလည်း အပ်နှံထားခဲ့ကြပါသည်။ ၂၂ ဒီဇင်ဘာ ၂၀၀၈ တွင် နိုင်ငံတော် သံဃမဟာနာယက
အဖွဲ့၊ တတိယအဖွဲ့ခွဲဆရာတော်ကြီးများထံ ၎င်းနိဒါန်းစာအုပ်ကြီးတစ်အုပ်စီ ကပ်လှူပြီး အကျိုးတော်ဆောင် ဆရာတော်ကြီးနှစ်ပါး
တို့ထံ စောဒကဆရာတော်တို့ကိုယ်တိုင် ချဉ်းကပ်၍ အကြောင်းအရာတို့ကိုလည်း လျှောက်ထားခဲ့ကြပါသည်။ ၂၉ ဒီဇင်ဘာ ၂၀၀၈
တွင် နိုင်ငံတော်အကြံပေးပုဂ္ဂိုလ် ဆရာကြီးဦးအံ့မောင်ထံ သွားရောက်တွေ့ဆုံပြီး ဆောင်ရွက်ဖွယ်ရာများကို ညှိနှိုင်းခဲ့ကြပါသည်။
၃၀ ဒီဇင်ဘာ ၂၀၀၈ တွင်စောဒနာတို့၏ နိဒါန်းကြီး၊ စောဒနာလွှာပထမပိုင်း၊ စောဒနာလွှာ ဒုတိယပိုင်း၊ စောဒနာလွှာ တတိယပိုင်း
တို့ကို ဦးစီးအရာရှိ ဦးခင်စိုးထံ အပ်နှံထားကြပါသည်။ ၁ ဇန်န၀ါရီ ၂၀၀၉ တွင် ဆရာကြီး ဦးအံ့မောင်ရေးသားချီးမြှင့်ထားသည့်
ရှေးဦးတိုင်စာတို့နှင့် စောဒနာလွှာအပြည့်အစုံ၊ သက်သေခံအပြည့်အစုံ၊ စီဒီခွေများကို သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးထံ
အပ်နှံ၍ အမှုတွဲကို တင်ခဲ့ကြပါသည်။ ၇ ဇန်န၀ါရီ ၂၀၀၉ တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌထံ
သို့ စောဒနာအမှုတွဲအပြည့်အစုံတို့ကို ဆရာကြီး ဦးအံ့မောင်၏ တပည့်ဖြစ်သူက ပေးပို့ပေးပါသည်။ ၈ ဇန်န၀ါရီ ၂၀၀၉ တွင်
သာသနာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံသို့ စောဒနာအမှုတွဲအပြည့်အစုံတို့ကို ဆရာကြီးဦးအံ့မောင်က ၎င်း၏ ရုံးခန်းတည်ရာ
ကျောင်းဆောင်တွင် ပေးအပ်ခဲ့ပါသည်။ သာသနာရေးဝန်ကြီးဌာန၀န်ကြီးထံသို့လည်း လူကြုံနှင့် တစ်ခါတည်း ပေးပို့ရန် အပ်နှင်းခဲ့
ပါသည်။

နောက်ဆုံးကြားသိရသည့် သတင်းအစအနများ

မိုးပြာဂိုဏ်းနှင့် စပ်လျဉ်း၍ စောဒကဆရာတော်များအဖွဲ့ထံသို့ မိုးပြာဂိုဏ်း၏ ရဟန်းဝတ် ဒုတိယခေါင်း
ဆောင်အဖြစ် သတ်မှတ်ခံထားရသူ တောင်ငူမြို့စည်ပင်ဂိုဏ်းအုပ်စာသင်တိုက်ကျောင်းမှ ဦးဉာဏိန္ဒာလင်္ကာရက ၂၇ မတ် ၂၀၀၉
ရက်စွဲဖြင့် ရှင်းလင်းစာတစ်စောင် ပေးပို့ဆက်ကပ်ခဲ့ပါသည်။ ယင်းစာတွင် ၎င်းအနေဖြင့် မိုးပြာဂိုဏ်းနှင့် မည်သို့မျှ ပတ်သက်ခြင်း
မရှိကြောင်းကို “ဘုရားတပည့်တော် (အရှင်ဉာဏိန္ဒာလင်္ကာရ)သည် အရဟ-သမ္မာသမ္ဗုဒ္ဓ၏ (ကမ္မ၀ါဒ၊ ၀ီရိယ၀ါဒကို ယုံကြည်လက
်ခံသော သကျသာကိယ) ပုဂ္ဂိုလ်စစ်စစ်သာ ဖြစ်ပါသည် ဘုရား။ ‘ပစ္စုပ္ပန္နကမ္မ=ပစ္စုပ္ပန်ကံ’ ဟူသော စကားလုံးကိုပင် ပြောဆို၊ ရေး
သား၊ သုံးနှုန်းခြင်းပြုလေ့ မရှိပါ။ ဆရာတော်ဘုရားတို့ခြောက်ပါး၏ သနဒါနမဟာစောဒနာကြီးတွင် နေရပ်လိပ်စာ ဖော်ပြထားသော
ပစ္စုပ္ပန္နကမ္မ၀ါဒဗုဒ္ဓဘာသာ ဌာနချုပ်တည်ရှိရာ (ရန်ကုန်၊ မန္တလေး) ဌာနများသို့ ဘုရားတပည့်တော်သည် ယနေ့ (ယခုစာရေးနေ
သည့်အချိန်) အထိ တစ်ကြိမ်တစ်ခါ၊ တစ်ရံတလေမျှ ရောက်ရှိခဲ့ဖူးခြင်းမရှိပါ ဘုရား” ဟု ဖော်ပြထားကြောင်း သိရပါသည်။
ဦးဉာဏိန္ဒာလင်္ကာရ၏ သာသနာဝင်အမှတ်မှာ သာ/အမှတ်-၇/တငန (သ)၀၀၀၁၅၈ ဖြစ်ပြီး နေရပ်လိပ်စာမှာ စည်ပင်ဂိုဏ်းအုပ်
စာသင်တိုက်၊ ၇ ရပ်ကွက်၊ တောင်ငူမြို့၊ ပဲခူးတိုင်း (ဖုန်း-၀၅၄-၂၄၀၄၂) ဖြစ်ပါသည်။
မိုးပြာဂိုဏ်းမှ ရဟန်းဝတ် တတိယခေါင်းဆောင် ဦးဝိစိတ္တသာရာဘိဝံသသည် မြစ်ကြီးနားကျောင်းထိုင်ဘုန်း
ကြီး သင်တန်းကျောင်း ကျောင်းအုပ်ဖြစ်ခဲ့ဖူးပြီး အဓမ္မ၀ါဒများကို ဟောပြောပို့ချနေသည်ဟု စောဒကဆရာတော်များက နိုင်ငံတော်
သံဃမဟာနာယကအဖွဲ့သို့ တိုင်ကြားခဲ့ရာ သီးခြားဝိနည်းဓိုရ်အဖွဲ့ဖြင့် စစ်ဆေးဆုံးဖြတ်ခဲ့ကြောင်း သိရပါသည။ ၀ိနည်းဓိုရ်အဖွဲ့
သဘာပတိအဖြစ် ဗန်းမော်ဆရာတော် ဒေါက်တာအရှင်ကုမာရ ဘိဝံသက ဆောင်ရွက်တော်မူပြီး အဖွဲ့ဝင်ဆရာတော်များက
စောဒနာကို သေချာစိစစ်တော်မူပြီး ဦးဝိစိတ္တသာရာဘိဝံသ၏ ၀ါဒသည် အဓမ္မ၀ါဒသာဖြစ်သည်ဟု ဆုံးဖြတ်ချက်ချတော်မူခဲ့ပါသည်။
ယခုအခါ ဦးဝိစိတ္တသာရာဘိဝံသသည် နိုင်ငံတော်သံဃမဟာနယကအဖွဲ့၏ အဓမ္မ၀ါဒီအဖြစ် သတ်မှတ်ချက်ကို ၀န်ခံလက်မှတ်ရေး
ထိုးခြင်း မပြုဘဲ တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်ရှောင်သွားကြောင်း စောဒကဆရာတော် အရှင်ဣန္ဒာစရိယာဘိဝံသမှ သိရပါ
သည်။
ဤကာလအတွင်းမှာပင် ပသုံးလုံး ၀ိပဿနာအဖွဲ့ချုပ် ဥက္ကဋ္ဌက အဓမ္မ၀ါဒများနှင့် စပ်လျဉ်း၍ ဓမ္မ
သာကစ္ဆာအခမ်းအနားတစ်ခုကို ဦးဆောင်ဟောပြောပေးပါရန် အရှင်ဣန္ဒာစရိယာဘိဝံသထံ လျှောက်ထားခဲ့ရာ တစ်ခုသော
တနင်္ဂနွေနေ့တွင် ရွှေတိဂုံစေတီတော် မြောက်ဘက်မုခ်အနီးရှိ ပသုံးလုံးဝိပဿနာအဖွဲ့ချုပ် ဓမ္မာရုံ ၌ ပြုလုပ်နိုင်လိမ့်မည်ဟုလည်း
သိရပါသည်။

စောဒကဆရာတော်များအပေါ် ပြောကြားခဲ့ကြသည့် မှတ်ချက်အချို့
စောဒကဆရာတော်များက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ထံတော်သို့ စောဒနာလွှာဆက်ကပ်ရာတွင်
ပါဝင်ချီးမြှင့်ပေးပါရန် ထေရ်ကြီး၊ ၀ါကြီး ဆရာတော်ကြီးများထံတော်သို့ သွားရောက်လျှောက်ထားရာ အောက်ပါအတိုင်း ပြန်ကြား
တော်မူခဲ့ကြကြောင်း သိရပါသည်။
ဆရာတော်ကြီးတစ်ပါးက အမိန့်ရှိသည်မှာ “တို့ကျောင်းတိုက်က ဂန္ထဓုရကို ဇောက်ချလုပ်နေတာ။ ဒီလိုအ
လုပ်တွေက တို့ကျောင်းနဲ့ မသင့်ဘူး။ ဒီလိုအလုပ်မျိုးကတော့ ကိုယ်တော်တို့လို လမ်းသလားနေသူတွေနဲ့ပဲတန်တယ်။ ကိုယ်တော်
တို့ပဲ လုပ်ချင်ရင်လုပ်ကြပေါ့။ မလုပ်ချင်ရင် နေကြပေါ့” ဟူ၍ပင်တည်း။
အခြားဆရာတော်တစ်ပါးက “သြော် . . . တပည့်တော်တို့ သာသနာဝင် ရဟန်းပုဂ္ဂိုလ်တွေ၊
လူပုဂ္ဂိုလ်တွေ အားလုံး ၀ိုင်းဝန်းထမ်းဆောင်ကြရမဲ့ ၀န်ထုပ်ကြီးကို ဦးပဉ္စင်းတို့က ခေါင်းခံပြီး ထမ်းကြတာပဲ။ ၀မ်းသာပါတယ်
ဘုရား။ ကြိုးစားထမ်းဆောင်တော်မူကြပါ။ လိုအပ်တဲ့ပစ္စည်းဝတ္ထုရှိရင် တပည့်တော်တို့ကို အကြောင်းကြားပါ။ တတ်စွမ်းနိုင်သမျှ
ဝိုင်းဝန်းထောက်ပံ့ပါမယ်ဘုရား။ ဖြစ်အောင် ဆက်ဆက်ကြိုးစားပါ”ဟု သြ၀ါဒချီးမြှင့်တော်မူပါသည်။
အခြားလူပုဂ္ဂိုလ်ဆရာကြီးတစ်ဦးက “ကြိုးစားလုပ်ပါ ဘုရား။ လိုတာရှိရင် တပည့်တော်တို့ကိုပဲ အမိန့်ရှိ
ပါ ဘုရား။ တစ်လက်စတည်းနဲ့ ပြီးအောင် အခြား အဓမ္မ၀ါဒတွေကိုလည်း တစ်တွဲတည်းပါသွားအောင် တံမြက်စည်းလှည်းသလိုမျိုး
ပေါ့။ အကျုံးဝင်သွားအောင် သတိပေးတဲ့သဘောမျိုးနဲ့ဖြစ်အောင် ကြိုးစားစီစဉ်ကြပါ ဘုရား” ဟု လျှောက်ထားအကြံပေးပါသည်။


အဓမ္မ၀ါဒဟောင်းများနှင့် ပတ်သက်၍ . . .
မိုးပြာဂိုဏ်းနှင့် ပတ်သက်၍ လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၌ ကျန်ရှိနေဆဲဖြစ်သည့် အဓမ္မ၀ါဒ

အချို့ကို စောဒကဆရာတော်များအဖွဲ့၏ သနိဒါနမဟာစောဒနာစာအုပ်မှ ထုတ်နုတ်ပြရပါလျှင် -


(က) တောင်တွင်းကြီးရှင်ဥက္ကဋ္ဌဦးဆောင်ခဲ့သည့် လူသေလူဖြစ်အဓမ္မ၀ါဒ
ရှင်ဥက္ကဋ္ဌလက်ရာစာပေများသည် အဓမ္မ၀ါဒ၊ အဓမ္မ၀တ္ထုများဖြစ်၍ ထုတ်ဝေခွင့်မရှိကြောင်း
တားမြစ်ပိတ်ပင်ထားပြီး ဖြစ်ကြပါလျက် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် ဈေးကွက်ထဲသို့ အကြီးအကျယ်ထိုးဝင်လာကြပါသည်။
ထိုစဉ်ကမူ ရန်ကုန်မြို့ စာအုပ်အဟောင်းဆိုင်များနှင့် မန္တလေးမြို့ ညဈေးတန်းအဟောင်းဆိုင်များသို့ စတင်၍ ၀င်လာကြပါသည်။
စာအုပ်များကမူ အဟောင်းများမဟုတ်ဘဲ မိတ္တူများ ဖြစ်ကြပါသည်။ ၀ယ်သူများရှိနေ၍ အဟောင်းရောင်းသူများက မိတ္တူကူးပေးကြ
သည်ဟု ထင်မှတ်ခဲ့ပါသည်။ နောက်ပိုင်းတွင် ရန်ကုန်မြို့လှည်းတန်းရှိ စာပေလောကစာအုပ်ဆိုင်ကြီးများမှာအထိ နေရာယူလာကြပါ
သည်။ ထို့ကြောင့် စုံစမ်းကြည့်သောအခါတွင် တောင်ငူမြို့နှင့် အခြားမြို့များရှိ ရှင်ဥက္ကဋ္ဌ၀ါဒီများက မိတ္တူများ လိုက်ဖြန့်နေကြောင်း
နှင့် လိုချင်သမျှရနိုင်ကြောင်းတို့ကိုလည်း သိရပါသည်။ ‘သျှင်ဥက္ကဋ္ဌ’အမည်ရှိ စာအုပ်ကြီးဆိုလျှင် ရောင်းဈေး ကျပ် ၈၀၀၀ ရှိ၍
ရွှေချိန်ခွင်၊ အစွဲပြုတ် တကုတ်ရွှေနန်းတော်၊ လူသေလူဖြစ်၊ လူသေလူဖြစ်ပြဿနာရှင်းတမ်း၊ ကပ္ပပြဿနာ စသည်များလည်း
ရောင်းဈေး ကျပ် ၂၀၀၀ ၀န်းကျင်စီ ရှိကြပါသည်။ ဤသို့ဖြစ်အောင် လှုံ့ဆော်သူများလည်း ရှိနေကြပါသည်။ ဘာသာရေးစာပေ
လောကတွင် နတ်မှီဆရာတော်ကြီး၏ အဆို၊ အမိန့်တို့ကို ကိုးကား၍ ရေးလေ့ရှိသူများအဖွဲ့က ကြောင့်ကြစိုက်နေကြောင်း သိရပါ
သည်။ နတ်မှီဆရာတော်ကြီးဆိုသည်မှာ ရှင်ဥက္ကဋ္ဌ (အဓမ္မ၀ါဒီခေါင်းဆောင်ကြီး)ကို ဆိုလိုခြင်းပင် ဖြစ်ပါသည်။ ၎င်းတို့သည်
ထေရ၀ါဒပိဋကတ်တော်များနှင့် မျက်မှောက်ရှိ သမ္မုတိသံဃာများကို အရေအတွက် မပြုသူများပင်။

(ခ) ကျောက်သင်္ဘောဆရာတော် ဦးဆောင်ခဲ့သည့် အဓမ္မ၀ါဒ
ကျောက်သင်္ဘောဝါဒများသည်လည်း ပြန်လည်ကြီးထွားလာကြပါသည်။ ထို့ကြောင့်ပင်
ကျောက်သင်္ဘောဝါဒဖြင့် ထင်ရာရာတို့ကို ဟောပြောနေကြသူ မိုးညှင်းမြို့၊ သတိပဋ္ဌာန်ရိပ်သာဆရာတော် ဦးခေမိန္ဒနှင့်
မြစ်ကြီးနားမြို့ ဦးဝိစိတ္တသာရာဘိဝံသဆိုသူတို့ကို စောဒက ဆရာတော်နှစ်ပါးတို့က စောဒနာမှုပြုတော်မူခဲ့ကြပါသည်။
နိုင်ငံတော် ၀ိနည်းဓိုရ်ဆရာတော်များက ၁၃၆၈ ခုနှစ်၊ သီတင်းကျွတ်လတွင် ၀ိနိစ္ဆယချမှတ် ဆုံးဖြတ်ပေးခဲ့ကြပြီး
ယင်းတို့ကို တားမြစ်ပိတ်ပင်ခဲ့ကြရပါသည်။ အကျယ်သိလိုပါက အရှင်နာရဒ (ဟိုပင်)၏ ‘ဥပေက္ခာမရှိသော နှလုံးသား’
အမည်ရှိ ‘ဓမ္မ-အဓမ္မ ၀ိနိစ္ဆယ သာသန၀ိသုဒ္ဓိကထာ’ကို ရှာဖွေ၍ ဖတ်ရှုနိုင်ကြပါသည်။ ၂၀၀၇ ခုနှစ်တွင် နှလုံးလှ
စာပေတိုက်မှ ထုတ်ဝေထားလျက်ရှိပါသည်။ ထို့ပြင် ရန်ကုန်မြို့မှ ကြွရောက်လာသူ ဦးကောဝိဒဆိုသူက မကွေးတိုင်း၊
မကွေးမြို့နယ်၊ တည်ပင်ကုန်းရွာစသည်တို့တွင် ကျောက်သင်္ဘောတရားများကို တစ်ရွာလျှင် နှစ်ရက်မျိုးဖြင့် သင်ပုန်း
ထောင်၍ ရှင်းလင်းပြောဟောနေကြောင်း သိရပါသည်။ ကျောက်သင်္ဘောဝါဒကို ၁၉၈၁ ခုနှစ်ကပင် အဓမ္မ၀ါဒအဖြစ်
ဆုံးဖြတ်ထားပြီး ဖြစ်ပါသည်။

(ဂ) မြောက်ဥက္ကလာပ ကျောက်ပုံတောရ ဦးစီရင် ဦးဆောင်ခဲ့သည့် အဓမ္မ၀ါဒ
ဦးစံရင်၏ ပိဋကတ်တော်နှင့် မျက်မှောက်သံဃာတို့အပေါ်တွင် အမြင်စောင်းလျက် သူဟောသည်သာ
တရားဖြစ်ကြောင်း ၀ါဒသည်လည်း ပြန်လည်၍ ကြီးထွားလျက် ရှိပါသည်။ သို့သော် အသံလည်း မကျယ်သည့်အပြင် စာအုပ်များ
လည်း ဈေးကွက်အတွင်း မရောက်သေးပေ။ ဂိုဏ်းဝင်များအိမ်တွင်သာ တရားပြကြောင်းနှင့် ရန်ကုန်တွင်ပင် ပြုလုပ်နေကြကြောင်း
ကြားသိရပါသည်။

(ဃ) ဆူးလေဦးမြင့်သိန်း ဦးဆောင်ခဲ့သည့် ထေရ၀ါဒအမည်ခံ အဓမ္မ၀ါဒ
၎င်းဂိုဏ်းကြီး၏ ပြန်လည်ကြီးထွားလာပုံမှာကား ကြောက်ခမန်းလိလိပင် ဖြစ်နေကြပါသည်။
မိတ္တူများက တစ်မျိုးဖြစ်၍ အသွင်ပြောင်းထားသည်တို့ကလည်း တစ်မျိုးလုပ်ထားကြပါသည်။ နေပြည်တော်တွင် တောင်ပိုင်းရော၊
မြောက်ပိုင်းပါ မိတ္တူဈေးကွက် ဖြန့်ကြက်ထားကြပါသည်။ ၂၀၀၇ ခုနှစ်တွင် နေပြည်တော်သို့ ရောက်ရှိခိုက် ကိုယ်တိုင် ကြုံတွေ့
ခဲ့ရပါသည်။ ‘၀ိပဿနာညွန့်ပေါင်းကျမ်းကြီး’(တန်ဖိုး ကျပ် ၄၀၀၀)မှစ ၍ ၎င်းဂိုဏ်းထုတ် မိတ္တူစာအုပ်များကို ၀ယ်လိုလျှင်
စာရင်းပေးကြရကြောင်း လေ့လာသိရှိခဲ့ရပါသည်။ ဟောပြောစည်းရုံးသူများလည်းရှိ၍ စာရင်းပေးရန် လွယ်ကူသော အဆက်အသွယ
်ရှိကြောင်းလည်း သိခဲ့ရပါသည်။ ၎င်းဂိုဏ်းဝင်ဖြစ်သူ အမရပူရမြို့ဆရာကြိုင်ရေးသည့် ‘ဒွယနိဿိတပကာသနီကျမ်း’ တို့ကိုပင်
မိတ္တူများ ရနိုင်ပါသည်။ ထေရ၀ါဒသမ္မာပထ၀ိဘဇ္ဖ၀ါဒီဖြစ်သော ရန်ကုန်မြို့ ဆူးလေဓမ္မကထိဆရာကြီး ဦးမြင့်သိန်းဟောကြားတော်
မူအပ်သော သမ္မာပထ၀ိဘဇ္ဖအကြောင်းသတ် ထေရ၀ါဒတရားတော်များ အမှတ်စဉ် (၁) နိဗ္ဗာန်နှင့် သံသရာစာအုပ်မျိုး၊ အမှတ်စဉ်
(၂) ဂဟဏူပါဒါန်ဝါဒ ပဋိစ္စသမုပ္ပာဒ် သံသရာတရားတော်စာအုပ်မျိုး၊ ရွှေလရောင်ဓမ္မာစရိယ သင့်ဘ၀ဦးမြင့်သိန်းရေးသားသည့်
သောတာပန်အလင်းကျမ်း (ဒုတိယဆင့်) ပထမတွဲနှင့် ဒုတိယတွဲစာအုပ်မျိုးစသည်တို့ကိုလည်း မိတ္တူများ ရနိုင်ကြပါသည်။
၎င်းဂိုဏ်းကြီး၏ ဦးစီးဆရာတော်တစ်ပါးဖြစ်သူ မန္တလေးမြို့ ခင်မကန်တိုက်၊ အနန္တဂုဏ်ရည် စည်သာကျောင်း ဦးနာရဒရေးသားသည
့် ထေရ၀ါဒ၀ိဘဇ္ဖ၀ါဒ၀ိပဿနာကျမ်းကြီးကို ၂၀၀၄ ခုနှစ်တွင် ထုတ်ဝေထားကြပါသည်။ ယင်းကျမ်း၏ အမှားများကို ပြဆိုလျက်
ဆောင်းပါးရှင်အရှင်ဣန္ဒာစရိယာဘိဝံသက ဆောင်းပါး ၁၆ ပုဒ်တို့ကို ရေးသားတင်ပြခဲ့သော်လည်း အကြောင်းကြောင်းကြောင့်
မည်သူကမျှ ဖော်ပြရန် မစီစဉ်နိုင်ကြပေ။ ယခုအခါတွင် ဓမ္မရံသီမဂ္ဂဇင်းအယ်ဒီတာအဖွဲ့ကဖော်ပြထားပါသည်။ ၂၀၀၈ ခုနှစ်တွင်
သင်္ကန်းကျွန်း၌ နေသော ၎င်းဂိုဏ်းဝင်တစ်ပါး ရေးသားသည့် ဗျသနတရားငါးပါးအမည်ရှိ စာအုပ်တစ်အုပ်ကိုလည်း ဂိုဏ်းဝင်
အလှူရှင်များက အရုဏ်ဆွမ်းလောင်းအသင်းနှင့်တွဲ၍ လောင်းလှူကြကြောင်း သိရ၊ ဖတ်ရပါသည်။ ဦးနာရဒနှင့်အတူ ဂိုဏ်းဦး
ဆောင်တပည့်ကြီးလေးပါးတို့ကို ဦးမြင့်သိန်းက သာသနာပြုရန် ချန်ထားခဲ့ကြောင်း သိရပါသည်။ ထိုလေးပါးတို့တွင်
ဓမ္မစေတီဆရာတော် ဦးကောသလ္လ၏ဆရာဖြစ်သူ ဦးဥက္ကံသဗုဒ္ဓိလည်း တစ်ပါးပင်ဖြစ်ကြောင်း သိရပါသည်။

၎င်းဆရာတော်က မွေးထုတ်လိုက်သူ ဦးကောသလ္လသည်လည်း ၎င်းဂိုဏ်းတရားတို့ကိုပင် ဟောပြော
လျက်ရှိပါသည်။ တရားခွေပြန့်ပွားစေရေးအတွက် လူများကို အဖွဲ့များ ဖွဲ့စေလျက် တရားစိတ်ဝင်စားသော ချမ်းသာသူများကို
စုံစမ်းချဉ်းကပ်ပြီး တရားနာယူစေကာ ကြည်ညိုစေပြီးမှ တရားခွေတစ်စုံလျှင် ကျပ် ၄၀၀၀၀ စသည်ဖြင့် သာသနာပြုကြောင်းလည်း
သိရပါသည်။ စင်စစ်အားဖြင့် ဆူးလေဦးမြင့်သိန်းသည် အဓမ္မ၀ါဒဆုံးဖြတ်ခံရသူဖြစ်၍သာလျှင် ဦးမြင့်သိန်း၏ ထေရ၀ါဒအမည်ခံ
အဓမ္မ၀ါဒဟူ၍ မှတ်တမ်းတင်ရခြင်းသာ ဖြစ်ပါသည်။ အမှန်ကမူ ဂိုဏ်းဦးစီးခေါင်းဆောင်မှာ ဓမ္မစေတီဆရာတော်ကြီး
(ဒီပဲယင်းကျောက်စာတိုင်ဆရာတော်ကြီး)ဟူ၍ ရှိပါသေးသည်။ သိလိုပါက
‘၀ိပဿနာညွန့်ပေါင်းကျမ်းကြီး’တွင် လေ့လာကြည့်ကြပါကုန်။ ယင်းဆရာတော်ကြီးကို အကြောင်းပြု၍ ‘ဓမ္မစေတီဦးကောသလ္လ’
ဟု ဘွဲ့ခံထားကြောင်းလည်း သိရှိရပါသည်။ ၎င်းဂိုဏ်းကြီး၏ မူလနာမည်အပြည့်အစုံမှာ ‘ထေရ၀ါဒ ၀ိဘဇ္ဖ၀ါဒ သမ္မပထကြောင်း
သတ် ၀ိပဿနာဂိုဏ်း’ဟူ၍ ဖြစ်ပါသည်။ ယင်းကို ပြုပြင်လျက် အသွင်သစ်ဖြင့် နာမည်တပ်သောအခါတွင်ကား ‘ထေရ၀ါဒဒဿန
သမ္ပဒါနည်း’ ဟူ၍ ဖြစ်လာကြောင်းလည်း သိရပါသည်။ အဓမ္မ၀ါဒဖြစ်ကြောင်း ကြေငြာတားမြစ်ထားပြီးသည့် မိစ္ဆာဝါဒကြီးများတွင
် ဆူးလေဦးမြင့်သိန်းဂိုဏ်းဆိုရာ အဓမ္မ၀ါဒသည် အမှတ်(၆) အဖြစ် ပါဝင်ပါသည်။ ၎င်းအဓမ္မ၀ါဒဂိုဏ်းကြီးနှင့် အဓမ္မ၀ါဒတရားများ
အထူးတင်ပြဖွယ်မရှိပြီ။ ၁၉၈၂ ခုနှစ်ကပင် ဆူးလေဦးမြင့်သိန်းဝါဒရှိသူတို့ကို အဓမ္မ၀ါဒီအဖြစ် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း
သိရပါသည်။

( င ) ချစ်ငယ် (ဒဿန) (ဗုဒ္ဓစာပေဆု)၏ အဓမ္မ၀ါဒ
ချစ်ငယ် (ဒဿန) (ဗုဒ္ဓစာပေဆု)၏ ဂိုဏ်းကြီးသည်လည်း တစ်နေ့တစ်ခြား ကြီးထွားလာနေကြောင်း
သိရပါသည်။ ယင်းဂိုဏ်း၏ဌာနချုပ်မှာ အမရပူရမြို့ဟောင်းတွင် တည်ရှိပါသည်။ ၎င်းတို့သည် နိဗ္ဗာန်၊ ရဟန္တာ၊ ၀ိပဿနာစသည်
ဖြင့် နာမည်ကြီးကြီး စာလုံးကြီးကြီးများ တွင်တွင်သုံးလျက် သူတို့သည်သာလျှင် မြန်မာပြည်သာသနာတော်ကြီး၏ ဂုဏ်ဆောင်
အရိယာ ဆရာ၊ တပည့်များဖြစ်ကြောင်း တွင်တွင်ကြီး ကြေညာနေကြပါသည်။ သို့ရာတွင် ဆရာက မည်သူမည်ဝါဟူ၍ပင်
ဖော်ထုတ်နိုင်ခြင်းမရှိကြချေ။ အဘယ့်ကြောင့်နည်းဟူမူ အကြောင်းအခိုင်အမာရှိပါသည်။ ၎င်းတို့၏ စာအုပ်များကို အကြောင်းညီညွတ်
သောအခါတွင် ကြည့်ရှုသုံးသပ်ကြလိမ့်မည်သာ ဖြစ်ပါသည်။ ဆောင်းပါးတစ်ပုဒ်မျှကိုမူ ၂၀၀၇ ခုနှစ်၊ သြဂုတ်လထုတ်၊ ဓမ္မရံသီ
မဂ္ဂဇင်းတွင် ပြည်သူများ သတိထားနိုင်ကြရန် အမြည်းသဘောအဖြစ် တင်ပြပေးခဲ့ပြီး ဖြစ်ပါသည်။ ချစ်ငယ်(ဒဿန)သည် ၂၀၀၈
ခုနှစ်တွင် မြန်မာ့ရုပ်မြင်သံကြား MRTV-4 မှနေ၍ ဗုဒ္ဓစာပေဆိုင်ရာများကို ဟောပြောပြသသည်အထိ အောင်မြင်ပေါက်မြောက်ခဲ့
ပါသည်။ (ယခုအခါ ယင်းအစီအစဉ်များကို ထုတ်လွှင့်ခြင်းကို မတွေ့ရတော့ပေ။)


(စ) ဦးအေးမောင် (စာပေဗိမာန်) ဦးဆောင်ခဲ့သည့် အဓမ္မ၀ါဒ
ဦးအေးမောင်၏ ‘ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ’ အမည်ရှိစာအုပ်ကြီးသည် ပိဋကတ်သုံးပုံတို့ကို အကုန်နီးပါးမျှ ပယ်ချ
ထားသည့် စာအုပ်ကြီးဖြစ်၍ ၁၉၆၄ ခုနှစ်နောက်ပိုင်း တစ်လျှောက်လုံး အပိတ်ခံထားရပါသည်။ သို့သော်လည်း ၂၀၀၄ ခုနှစ်တွင်
ပါရမီစာပေမှ ပြန်လည်ထွက်ပေါ်လာရာ တစ်အုပ်လျှင် ကျပ် ၆၀၀၀ ဖြင့် ဈေးကွက်ဝင်လာပါသည်။ ယခုအထိ ရောင်းချနေဆဲပင်
ရှိပါသေးသည်။ ၎င်းစာအုပ်ကြီး၏ အကျိုးဆက်အနေဖြင့် ပိဋကတ်တော်တို့ကို တစ်အုပ်၊ တစ်သုတ် ပြည့်ပြည့်စုံစုံ မဖတ်ဖူးကြဘဲ
ပိဋကတ်တွေက အမှားတွေဖြစ်မှာပါဟု ပြောဆိုတတ်သူများ တိုးပွားလာကြပါသည်။ အဘိဓမ္မာပယ်ဝါဒများလည်း အားကြီးလာကြ
ပါသည်။ ၎င်းစာအုပ်ကြီး၏ ခေတ်အဆက်ဆက်သံဃာတော်တို့အား စော်ကားထားမှုတို့နှင့် မူလဗုဒ္ဓ၀င်ဒေသနာတော်ကို ဖျက်ဆီးထား
မှု၊ ပိဋကတ်တော်ကို ချေဖျက်ထားမှုစသည်တို့ကို အရှင်ကောဝိဒ(ယော)က ပြုစုစိစစ်ပြ၍ ‘ဗုဒ္ဓ၏ဗုဒ္ဓ’ စာအုပ်တွင် ဖော်ပြထားပါ
သည်။

(ဆ) လက်ပံတန်း ဦးမြတ်သိန်းထွန်း ဦးဆောင်ခဲ့သည့် ကာမဂုဏ်အရိယာအဓမ္မ၀ါဒ
၎င်းဂိုဏ်းကြီးကမူ ဂိုဏ်းဝင်များအနေဖြင့် အထင်အရှားရှိနေကြောင်း အလုံးလိုက်၊ အတွဲလိုက် မသိရပေ
။ သို့သော် ပစ္စုပ္ပန်ကမ္မ၀ါဒီဂိုဏ်းကြီးသည်ကား ထိုဂိုဏ်းအယူများနှင့် ကာမရာဂဆိုင်ရာအယူများ တူညီနေကြပါသည်။ လက်ပံတန်း
ဦးမြတ်သိန်းထွန်း၏ ၀ါဒကို ၁၉၈၂ ခုနှစ်တွင် အဓမ္မ၀ါဒအဖြစ် ဆုံးဖြတ်ကြေညာထားပါသည်။

(ဇ) ဆရာကြီးပါရဂူ၏ ဘာသာမဲ့ရုပ်ဝါဒ
စာရေးဆရာကြီးပါရဂူ၏ ဘာသာမဲ့ရုပ်ဝါဒသဘောများသည်ကား အထင်အရှားပင် ဆက်တိုက်ကြီးထွား
လာကြောင်း တွေ့ရပါသည်။ ယင်းတို့နှင့် စပ်လျဉ်း၍ ထေရ၀ါဒဗုဒ္ဓဘာသာဝင်များ သတိထားနိုင်စိမ့်သောငှာ ဆောင်းပါးရှင်
ပညာဏကာရီနှင့် သောတောဒကတို့က ဓမ္မရံသီ၊ ဓမ္မရတနာမဂ္ဂဇင်းတို့တွင် သိဒ္ဓတ္ထ၀တ္ထု(ဆောင်းပါးတစ်ပုဒ်)၊ စိတြလေခါ
(ဆောင်းပါးတစ်ပုဒ်)၊ ဗုဒ္ဓဒိုင်ယာရီ (ဆောင်းပါးလေးပုဒ်)၊ နိဗ္ဗာန်ဝတ္ထု (ဆောင်းပါးတစ်ပုဒ်)၊ ကံဝတ္ထု (ဆောင်းပါးတစ်ပုဒ်)၊
ဒိဗျာဝတ္ထု (ဆောင်းပါးတစ်ပုဒ်)တို့ဖြင့် ရှင်းလင်းတင်ပြခဲ့ကြောင်း တွေ့သိရပါသည်။ ဆရာပါရဂူ၏ ၀တ္ထုကြီးများတွင် ရုပ်ဝါဒလည်း
လွှမ်းမိုး၍ ဟိန္ဒူဝါဒ (အတ္တ-အတ္တမာ)လည်း လွှမ်းမိုးနေလေရာ ဗုဒ္ဓဘာသာလာ ကံနှင့်ကံ၏အကျိုးသဘောတို့နှင့် မညီပုံတို့ကို
ဇောင်းပေးတင်ပြထားကြောင်း သိရပါသည်။

(ဈ) တန့်ကြည်တောင်ဦးသောမဗုဒ္ဓိဦးဆောင်သည့် အဓမ္မ၀ါဒ
ပစ္စုပ္ပန်ကမ္မ၀ါဒဂိုဏ်း၏ အဘိဉာဏ်ဆိုင်ရာယူပုံတို့သည် တန့်ကြည်တောင် ဆရာတော်ဦးသောမဗုဒ္ဓိ၏
၂၀၀၁ ခုနှစ် ၀န်းကျင်က အမှုဖြစ်ခဲ့သော အဓမ္မ၀ါဒဟောင်းကြီးနှင့် တူညီနေကြပါသည်။ ယင်းဂိုဏ်းကြီးသည် ယခုအခါ
ပုဂံနယ်တွင် အလွန်စည်ပင်ကြီးထွားလျက်ရှိကြောင်း သိရပါသည်။

(ည) ဦးကျော်ဟိန်း၏ ဖြစ်လာတော့မည့် အဓမ္မ၀ါဒ
ပစ္စုပ္ပန်ကမ္မ၀ါဒီတို့သည် ဘုရားဟောဒေသနာတို့ကို ယူ၍ ဗုဒ္ဓဘာသာဝင်တို့အား လှည့်စားဖျက်ဆီးနေ
ကြသကဲ့သို့ ဗုဒ္ဓဘာသာယောင်ဆောင်လျက် ဗုဒ္ဓတရားယောင်ဖြင့် မိမိ၏၀ါဒသစ်ကို ထူထောင်စပြုနေသည့် ပုဂ္ဂိုလ်၊ အကြောင်းအရာ
တစ်ခုလည်း ယခုအခါတွင် စတင်ဖြစ်ပေါ်နေကြောင်း သိရပါသည်။ ယင်းပုဂ္ဂိုလ်သည်ကား ရုပ်ရှင်မင်းသားကြီး ဦးကျော်ဟိန်းပင်
ဖြစ်ပါသည်။ ရုပ်ရှင်မင်းသားကြီး ဦးကျော်ဟိန်းနှင့် ပတ်သက်၍ ဆောင်းပါးရှင် ဒေါက်တာခင်ဇော်လွင် (သုခချမ်းသာ)က
‘ဦးကျော် (သို့မဟုတ်) အ၀ိဇ္ဇာလောင်းရိပ်အောက်ကလူ’ ဆောင်းပါးကို ဓမ္မရံသီမဂ္ဂဇင်းတွင် ‘လောင်းရိပ်အောက်က ထွက်ခဲ့ပါ’
အမည်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ (မေတ္တာတံခွန်အသင်းက မူရင်းဆောင်းပါးကို ထေရ၀ါဒဓမ္မဒါနအဖြစ် ဖတ်ရှုလိုသူများကို
ဒါနပြုပါသည်။) ထို့ပြင် မေတ္တာတံခွန်အသင်းက ဦးကျော်ဟိန်းဝါဒနှင့်ပတ်သက်၍ စစ်ကိုင်းခင်မကန်ဆရာတော် အရှင်ခေမိန္ဒထံသို့
သွားရောက်လျှောက်ထားခဲ့ရာ ဆရာတော်က စာရေး၍ ဖြေကြားပေးသည့်အပြင် တရားပွဲများတွင်လည်း ‘သာသနာပြုမှာလား၊
သာသနာဖျက်မှာလား’ အမည်ဖြင့် လှည့်လည်ဟောပြောပေးခဲ့ပါသည်။


(ဋ) ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာဂိုဏ်း (သို့မဟုတ်) အဓမ္မ၀ါဒပေါင်းချုပ်ဂိုဏ်း
၁၃၄၄ ခုနှစ် (၁၉၈၂ ခုနှစ်ခန့်)က ဦးဉာဏနှင့် ဦးဂုဏတို့ကို ရဟန္တာမဖြစ်ဘဲ ဖြစ်သည်ဟု
ကြေညာခဲ့သည့်အတွက် စတုတ္ထပါရာဇိကသိက္ခာပုဒ်အရ လူဝတ်လဲစေပြီး အဓမ္မ၀ါဒအဖြစ် ဆုံးဖြတ်ခဲ့ကာ ထောင်ဒဏ်သုံးနှစ်လည်း
ချမှတ်ခဲ့ပါသည်။ ထောင်မှ လွတ်မြောက်သောအခါ အယူမစွန့်ဘဲ ပိုမိုကျယ်ပြန့်စွာ စည်းရုံးခဲ့သည့်အတွက် ၁၉၉၁ ခုနှစ်တွင်
ဦးဉာဏဦးဆောင်သော ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာဂိုဏ်း (သို့မဟုတ်) မိုးပြာဂိုဏ်းကို အဓမ္မ၀ါဒအဖြစ် ဆုံးဖြတ်ကာ ဦးဉာဏကို
လည်း ထောင်ဒဏ် ၁၀ နှစ်အထိ ပြစ်ဒဏ်ပေးခဲ့သည်။ သို့သော် ယနေ့တိုင်ပင် ယင်းဂိုဏ်းကြီးသည် ကြီးမားကျယ်ပြန့်စွာနှင့်
မြန်မာနိုင်ငံအနှံ့တွင် ရပ်တည်လျက်ရှိသည်ကို သိရပေသည်။
အထက်ပါတို့ကို လေ့လာကြည့်မိလျှင် လွန်ခဲ့သည့် ၂၅ နှစ်ကျော်က အဓမ္မ၀ါဒဟောင်းများသည်
ကြီးထွားလာရခြင်းမှာ အဓမ္မ၀ါဒဖြစ်ကြောင်း ရှင်းလင်းထားသည့် စာအုပ်များ မပျံ့နှံ့သောကြောင့် (သို့မဟုတ်) ထုတ်ဝေဖြန့်ချိ
ပေးထားသော်လည်း ထေရ၀ါဒဗုဒ္ဓဘာသာဝင်တို့က ၀ယ်ယူဖတ်မှတ်လေ့လာထားရကောင်းမှန်း မသိသောကြောင့် ဖြစ်နိုင်ပါသည်။
ငွေကုန်ကြေးကျမရှိမှ ဖတ်ချင်ကြသူများနေသည်ဖြစ်၍ အလကားပေးသူများ၏ ဖတ်နောကပေသည်။ အလကားပေးသူက
အစပိုင်းမျှသာ ပေးပါသည်။ နောက်ပိုင်းတွင် မပေးပါ။ နောက်တွင် ကြိုက်သွားသဖြင့် ကိုယ့်ဘာသာငွေသွင်း၍ ၀ယ်ကြရသည်သာ
ဖြစ်ပါသည်။ အပိုဟူ၍ မိစ္ဆာဒိဋ္ဌိဖြစ်ရခြင်းတစ်ခုကို တိတိကျကျရရှိကြပါသည်။ (ဘာသာခြားသာသနာပြုများကလည်း စာအုပ်များက
ို အလကားပေးတတ်ကြသည်။ အဓမ္မ၀ါဒီ မိစ္ဆာဂိုဏ်းများကလည်း စာအုပ်များနှင့် အခွေများကို အလကားပေးတတ်ကြပါသည်။
သတိထားကြကုန်ရာ၏။) (စောဒနာစာအုပ် စာမျက်နှာ ၉၈ မှ ကောက်နုတ်ချက်)


ပြုစုသူ - လက်ယာ (မေတ္တာတံခွန်)

ကိုးကားချက်
၁။ သနိဒါနမဟာစောဒနာ၊ စောဒကဆရာတော်များ။
၂။ နိုင်ငံတော်သို့ မိုးပြာဂိုဏ်းနှင့်ပတ်သက်၍ တိုင်ကြားစာ။
၃။ ဦးဉာဏိန္ဒာလင်္ကာရ၏ ပေးစာ။
၎။ ဓမ္မရံသီစာစောင်မှ ဆောင်းပါးနှစ်ပုဒ်။
၅။ မေတ္တာတံခွန်အသင်းက ကိုယ်တိုင် စုံစမ်းမေးမြန်းချက်များ။

သာသနာ့ရန်စွယ် အသွယ်သွယ်ကို ဖယ်ရှားလမ်းညွှန် မေတ္တာတံခွန်



ဆရာတောိအရှင်ဝရသာမိပို့ပေးထားသောမေးလ်ထဲမှ ဗုဒ္ဓဘာသာဝင်တို့ သာသနာသန့်ရှင်းရေးအတွက်ပြန်လည်မျှဝေလိုက်ခြင်း
ဖြစ်ပါသည်

ဝေမျှသူ...ကိုကိုးအိမ်

5 ယောက်ကစာမူခပေးသွားပါတယ်:

SHWE ZIN U said...

မိုးပြာဂိုဏ်း အကြောင်း စုံစုံ စေစေ သိသွားတဲ့ အတွက် ဝမ်းသာတယ်ဗျာ ကျနော် လည်း နဲနဲ သိခဲ့တယ် တချိန်ကြ ဖော်ပြချင်ပါတယ်
အခုတော့ မဖြစ်သေးဘူး

တော်တော်တော့ ကြောက်စရာကောင်းတယ်.. ဒါပေမဲ့ သူ့မှာ လူတွေကို စွဲဆောင်ထားတဲ့ တခြား ကောင်းတယ် လို့ ထင်ရတဲ့ အချက်တွေ ရှိသေးတယ် အဲဒါတွေကိုပါ ဖော်ပြပြီး သေချာ ရှင်းပြနိုင်ရင် ပိုကောင်းမယ်ထင်တယ်

ကျေးဇူးပါဗျာ

Anonymous said...

ဟားး တို့ဗုဒ္ဓဘာသာထဲမှာ ဒီလောက်များတဲ့ ကြွက်ချေးတွေရှိတာ အခုမှ သေသေချာချာသိရတော့တယ်။ သိပ်ကြောက်စရာကောင်းတဲ့ အတွေးအခေါ်တွေပဲဗျာ။ အယူအဆတွေက သိပ်အစွန်းရောက်လာပြီ။ အစ္စလာမ်အစွန်းရောက်တွေလိုပဲ နောင်တစ်ချိန်မှာ ဖြစ်လာဦးမလားမသိဘူး။ အချိန်မီတားဆီးဖို့လိုအပ်နေပြီပေါ့။

ခိုင်မာ K-M-A said...

မိုးပြာဂိုဏ်းအကြောင်းတွေပဲတင်နေကြတယ်နော်
အဲဒီအတွက်မသိသေးတဲ့သူတွေပိုပြီးသိလာကြတယ်
ကျေးဇူးတင်ပါတယ်
ဘုရား၊တရား၊သံဃာအစစ်ကိုမတွေ.ကြသေးတော့
ထင်တာတွေတင်ထားသမျှ ယုံနေကြမှာပါ။
အရင်ဆုံးသန်.ရမှာကထေရ၀ါဒပါ။

Anonymous said...

အလွယ်တကူ ယုံကြည် အလွယ်တကူ ဆန့်ကျင် တဲ့ အလေ့နဲ့တော့ ဘယ်တရားမှ မတွေ့နိင်ပါ။ တရားစစ်မှန်ဖို့ထက် ကိုယ့်ကိုယ်ကို ဆန်းစစ်ကြဖို့ပဲ တိုက်တွန်းချင်ပါတယ်။

Anonymous said...

အလွယ်တကူ ယုံကြည် အလွယ်တကူ ဆန့်ကျင် တဲ့ အလေ့နဲ့တော့ ဘယ်တရားမှ မတွေ့နိင်ပါ။ တရားစစ်မှန်ဖို့ထက် ကိုယ့်ကိုယ်ကို ဆန်းစစ်ကြဖို့ပဲ တိုက်တွန်းချင်ပါတယ်။

 

©2009 ကိုကိုးအိမ်(မန္တလေး) | Template Blue by TNB